21 November 2012 |By Popular News
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ “မူရင်းနဲ့ မိတ္တူ” ဇာတ်ကားကို ဟိန်းဝေယံ၊ စိုးမြတ်နန္ဒာ၊ ဆုပန်ထွာတို့နဲ့ အတူ စံရတီမိုးမြင့်က သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲ မှာ ဟိန်းဝေယံရဲ့ ချစ်သူအဖြစ် ပါဝင် သရုပ်ဆောင်နေ ပါတယ်။
ဒီဇာတ်ကားထဲမှာ စိုးမြတ်နန္ဒာနဲ့တွဲပြီး သရုပ်ဆောင်နေတာ ကြောင့် စံရတီ မိုးမြင့်က ဓစိုးမြတ်နန္ဒာရဲ့ သရုပ်ဆောင်မှုကို အားကျသလို ပညာ လည်းရတယ်။ မစိုးမြတ်နန္ဒာနဲ့ စံရတီနဲ့က တအားလည်းခင်တယ်။ မဒါကလည်း ကားရိုက်ရင်းနဲ့ သင်ပေးတယ်။ ဒီဇာတ်ကား မရိုက်ခင် အရင်ဇာတ်ကားတွေမှာ ကတည်းက လူကြီးခန်း၊ အမေခန်းတွေပါ ပြီဆိုရင် မဒါနဲ့ တွဲပြီးရိုက် ဖြစ်တယ်။ စံရတီအတွက် ပညာလည်း ရပါတယ်။ မဒါတို့ကျတော့ စံရတီတို့လို ကာရိုက်တာတစ်ခုကို သိပ်ပြီးတော့ စိတ်ဖိစီးမှု ဖြစ် မနေဘူး။ ပေါ့ပေါ့ပါးပါးလေးပဲ လုပ်သွားနိုင်တယ်။ အဲဒီလို မျိုးလေးတွေကို စံရတီ တအားသဘောကျတယ်” လို့ ပြော ပါတယ်။ ဇာတ်ကား ထွက်တိုင်းမှာလည်း ကိုယ့်ရဲ့ဇာတ်ကားကို ပြန်ပြီးတော့ ဝေဖန် သုံးသပ်ဖြစ်သလို ကြော်ငြာရိုက်ရတာနဲ့ ဇာတ်ကားရိုက်တဲ့အခါ ဘယ်လို အခက်အခဲ တွေရှိလဲလို့ မေးကြည့်တဲ့အခါ စံရတီမိုးမြင့် က “ကြော်ငြာ ရိုက်ရတာကတော့ အဆင်ပြေပါတယ်။
သိပ်ပြီးတော့ အခက်အခဲ မရှိတော့ဘူး။ ကားရိုက်ကတော့ စံရတီအတွက် အခက်အခဲ ရှိနေသေးတယ်။ ကာရိုက်တာတစ်ခုရဲ့ ဇာတ်ကောင် နေရာမှာ သရုပ်ဆောင်တဲ့အခါ စိတ်ကို သိပ်ပြီးတော့ မထည့်နိုင် သေးဘူး။ နောက်ပိုင်း မှာတော့ အရင် စရိုက်တုန်းကနဲ့ စာရင် ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ပညာသင်ယူဖို့လည်း မကုန်နိုင်သေးပါဘူး” လို့ ပြောပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။