Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, November 15, 2012

“မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ မန္တလေးရဲ့ အရိပ်အငွေ့၊ ရှမ်းတောင်တန်းတွေရဲ့ ကြီးမားလေးနက်မှုတွေကို ပုံဖော်ချင်တာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ” ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် တွေ့ဆုံခြင်း

 

ရုပ်ရှင်ချစ်ပရိသတ်များ ရင်ခုန်ကြရသည့် အကယ်ဒမီပွဲကျင်းပမည့်အချိန်က နီးကပ်လို့လာခဲ့ပြီ။ ၂၀၁၁ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီအတွက် ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၁၅ ကားရှိသည့်အနက် တစ်ကားအပါအ၀င်ဖြစ်သည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားသည် အကယ်ဒမီ ရင်ခုန်သံအတွက် ပရိသတ်များကြား ရေပန်းစားသော ဇာတ်ကားတစ်ကားပင် ဖြစ်သည်။ ခင်ခင်ထူး၏၀တ္ထုကို ပုံဖော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အထင်ကရနေရာများစွာကို နောက်ခံထားကာ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ဖြတ်သန်းမှုမှသည် ဘ၀ကိုယ်စီ ရှင်သန်နေထိုင်ကြသည်အထိ ခေတ်ပုံရိပ် သုံးခုကို ရိုက်ကူးထားခြင်းဖြစ်သည်။ နန်နင်းရုပ်ရှင်ပွဲတော်၊ ထိုင်းနိုင်ငံရှိ မဟာချိုင်၊ ဖူးခက်၊ ဘန်ကောက်၊ စင်ကာပူနိုင်ငံများတွင် ပြသလျက်ရှိသည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကား၏ ဖန်တီးသူ ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် ဖန်တီးခဲ့သည့် အတွေ့အကြုံနှင့် အကယ်ဒမီအကြိုခံစားမှုများကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး ။ အခုနှစ် အကယ်ဒမီအတွက် ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကားက ရေပန်းအစားဆုံး ဇာတ်ကားတစ်ကား ဖြစ်နေပါတယ်။ အဲဒီအပေါ် ခံစားချက်လေး အရင်ပြောပြပေးပါလား။
ဖြေ ။ အဲဒီဇာတ်ကားရဲ့တင်ပြပုံက ထူးခြားတယ်။ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းဆိုရင်လည်း အသံပိုင်း၊ ရုပ်ပိုင်း၊ edit ပိုင်းတွေက တော်တော်လေးကောင်းတယ်။ မြန်မာပြည်ကို ကမ္ဘာကစိတ်ဝင်စားအောင် မြန်မာ ပြည်ရဲ့ အထင်ကရနေရာတွေကို ထည့်ရိုက်ထားတယ်။ ပုဂံ၊ မင်းကွန်း၊ ရှမ်းပြည် စသဖြင့်ပေါ့။ လူဆိုတာက တက္ကသိုလ်ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြရတယ်လေ။ တက္ကသိုလ်ဘ၀ အမှတ်တရအနေနဲ့ မန္တလေး တက္ကသိုလ်ကြီးမှာ ရိုက်ခွင့်ရခဲ့တယ်။ အကယ်ဒမီရင်ခုန်သံမှာ ကျွန်တော့်ဇာတ်ကားကို အားပေးကြတဲ့အတွက် ၀မ်းသာသလို ကျွန်တော်လည်း ရင်ခုန်နေပါတယ်။
မေး ။ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကားကို ကိုယ်တိုင်အကဲဖြတ်မယ်ဆိုရင်ရော ဘယ်အရာတွေကို အားရလဲ။
ဖြေ ။ နံပါတ်တစ်အားအရဆုံးက အသံပါ။ ပြီးတော့ မင်းသား မင်းသမီး။ ကင်မရာပိုင်းကိုလည်း အားရတယ်။ editing ကိုလည်း အားရပါတယ်။
မေး ။ အကယ်ဒမီဆိုတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုခံယူထားပါသလဲ။
ဖြေ ။ ကျွန်တော်တို့ ရုပ်ရှင်သမားတိုင်းက အကယ်ဒမီဆိုတာ နီးလာရင် ရင်ခုန်ကြရတယ်။ တန်ဖိုးထား ကြရတယ်။ ကျွန်တော့်အတွက်တော့ အကယ်ဒမီဆိုတာ အထွတ်အမြတ်ထားရတဲ့ အရာတစ်ခုပါ။
မေး ။ အခုနှစ် အကယ်ဒမီ စိစစ်အကဲဖြတ်တဲ့ အဖွဲ့အဆင့်ဆင့်မှာ အနုပညာရှင် အတတ်ပညာ ရှင်တွေ ပါဝင်လာပါတယ်။ အဲဒီအပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့လေးစားရတဲ့ ဒါရိုက်တာဦးအောင်မြင့်မြတ်တို့ ဦးဝင်းဖေတို့ ပါဝင်စိစစ်အကဲဖြတ်တယ်ဆိုတာ တကယ့်ကိုတန်ဖိုးရှိပါတယ်။
မေး ။ ပန်းကြာဝတ်မှုန် ဇာတ်ကားက ခေတ်စနစ်သုံးခုကို ရိုက်ကူးပုံဖော်ခဲ့တာနော်။ ဒီကားကို ရိုက်ကူးပုံဖော်ခဲ့ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို လည်းသိချင်ပါတယ်။
ဖြေ ။ ကျွန်တော်က မန္တလေးကို သိပ်ချစ်ပါတယ်။ မန္တလေးကို အခြေခံထားတဲ့ ဇာတ်ကားတစ်ကားကို ခိုင်ခိုင်မာမာရိုက်ချင်တယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ မန္တလေးရဲ့ အရိပ်အငွေ့၊ ရှမ်းတောင်တန်းတွေရဲ့ ကြီးမားလေးနက်မှုတွေကို ပုံဖော်ချင်တာကြောင့် ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာပါ။
မေး ။ တက္ကသိုလ်တို့ ဆေးရုံတို့ရိုက်ကူးခွင့်ဆိုတာ ခက်ခဲနေဆဲပဲလို့ ရုပ်ရှင်လောကသားတချို့ ပြောနေကြချိန်မှာ မန္တလေးတက္ကသိုလ်မှာ ရိုက်ကူးခွင့်ရခဲ့တာကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ကျွန်တော်မန္တလေးတက္ကသိုလ်မှာ ရိုက်ကူးခွင့်ရဖို့အတွက် ပြင်ဆင်ချိန်ရှစ်လကြာခဲ့ပါတယ်။ ဇာတ် လမ်းတစ်ခုလုံးရဲ့story board ကို သေချာပြင်ဆင်ပြီးခါမှ တင်ပြခဲ့တာပါ။ ဒီတော့ တကယ်သာရိုက်ကူး ချင်တယ်ဆိုရင် ပြည့်ပြည့်စုံစုံသာတင်ပြတယ်ဆိုရင် ရိုက်ကူးခွင့်ရပါတယ်။
မေး ။ ထိုင်းနိုင်ငံ မဟာချိုင်မှာ ဒီဇာတ်ကားကို သွားရောက်ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေလေးလည်း သိချင်ပါတယ်။
ဖြေ ။ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ မြန်မာလုပ်သား အများစုရှိပါတယ်။ ကျွန်တော်ဒီဇာတ်ကားကို သွားပြသခဲ့ တဲ့ အဓိကရည်ရွယ်ချက်က မြန်မာလုပ်သားတွေအနေနဲ့ ဒီဇာတ်ကားကို ကြည့်ဖြစ်ခြင်းအားဖြင့် မြန်မာအစား အစာတွေ၊ ပုဂံ၊ မင်းကွန်း၊ ရှမ်း တောင်တန်း၊ စစ်ကိုင်းစတဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို ခဏတာအိပ်မက်မက်ခွင့် ရစေချင်တာပါ။ အဲဒီအိပ်မက်တွေကမှတစ်ဆင့် သူတို့ချစ်တဲ့ မြန်မာနိုင်ငံကို ပြန်လာစေနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ တကယ်တမ်း သွားရောက်ပြသတဲ့အခါမှာလည်း မြန်မာပရိသတ်တွေက တကယ်ကို အားပေးခဲ့ကြပါတယ်။ ဖူးခက်နဲ့ ဘန်ကောက်မှာလည်း ပြသဦးမှာပါ။
                                                              
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။