Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 20, 2012

အကယ်ဒမီ ပွဲတက် ဖက်ရှင် က မြန်မာ ဝတ်စုံ ဆိုရင် ကျက်သရေ အရှိဆုံးပဲ စိုးမြတ်သူဇာ

20 November 2012 |By Popular News
စိုးမြတ်သူဇာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက်ကူးတဲ့ ‘၂၁ရာစု သားတရားစီရင်ခန်း’ ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေဇင်၊ ဆုရွှန်းလဲ့တို့နဲ့ သရုပ်ဆောင်နေပါ တယ်။
ဒီဇာတ်ကားလေးက တရုတ်ဇာတ်ကား တစ်ကားကို ပြန်ရိုက်တာဖြစ်ပြီး ကလေးမရတဲ့အတွက် ကိုယ်ဝန်အငှားဆောင်ခိုင်းတဲ့ ဇာတ်လမ်းမျိုးဖြစ်ကြောင်း စိုးမြတ် သူဇာက ပြောပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ ပီပီအိုက်တင်လည်း ကောင်းသလို၊ အပေးအယူ မျှစွာသရုပ်ဆောင်နိုင်တဲ့အတွက် ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာ တို့ကို ပရိသတ်တွေက သဘောကျတဲ့အကြောင်း မေးတော့
”သူနဲ့က ငယ်ငယ်ကတည်းက ဇာတ်ကားတွေ တော်တော်များများကို အတူတူ တွဲရိုက်လာကြတာပါပဲ။ တစ်ယောက် နဲ့ တစ်ယောက် တည့်ကြတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရိုက်တော့လည်းရိုက်နေရတာပဲ။ သူနဲ့ ရိုက်တဲ့ ဇာတ်ကားတော်တော်များများက ရန်တွေဖြစ်ကြတာ၊ သတ်ကြဖြတ်ကြတာ ဆိုတော့ ပရိသတ်ကလည်း ကြိုက်ကြတယ်။ ပရိသတ်က ကြိုက်တယ် ဆိုတော့လည်း စိတ်ချမ်းသာပါတယ်”လို့ပြောပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ဘယ်သရုပ် ဆောင်နဲ့မဆိုရိုက်ကူးဖြစ်ပြီး ဇာတ်လမ်းပိုင်းကတော့ ရွေးဖြစ်ကြောင်းကို ”ရုပ်ရှင်လောကက လူတွေက နည်းနည်းလေးရှိတယ်။ ဇာတ်ပို့ဇာတ်ရံကအစ လက်ချိုးရေးလို့ရတယ်ဆိုတော့ ဒီလူတွေနဲ့ပဲ သိုက်သိုက်ဝန်းဝန်း ရိုက်ကူးနေရတာဆိုတော့ ကျွန်မကတော့ ဘယ်သူနဲ့မဆို ရိုက်တာပါပဲ။ ဇာတ်လမ်း ကတော့ ရွေးတာပေါ့။ ဒီအသက်အရွယ်မှာ ပိုတောင် ရွေးချယ်ရဦးမယ်။ ခက်တာက ဒီအချိန်မှာ သိပ်ရွေးချယ်ဖို့တောင် သိပ်မရှိဘူး။ ကောင်းတဲ့ ဇာတ်လမ်းတွေပဲ လာတာ များပါတယ်။ အခု အချိန်မှာလည်း ဇာတ်ကားတစ်ကားရိုက်ဖို့ သိပ်မလွယ်တဲ့ အခါကျတော့ ရိုက်မယ်ဆိုတဲ့ လူတွေအားလုံးကလည်း ပရိသတ်ကြိုက်မယ့် ဇာတ်ကား မျိုး ရွေးချယ်နေကြတော့ ကျွန်မတို့အနေနဲ့ သိပ်ထွေထွေထူးထူး ရွေးချယ်စရာ မလိုတော့ပါဘူး”လို့ ပြောပါတယ်။ ပွင့်လင်းတဲ့ ခေတ်တစ်လျှောက်ရုပ်ရှင်ဘက်ကကော ဘယ်လောက်ထိ ပွင့်လင်းလာသလဲ၊ ဘယ်လောက်ထိ ရိုက်ပြနိုင်လာသလဲလို့ မေးတော့ စိုးမြတ်သူဇာက
”ဒီလိုဇာတ်လမ်းမျိုးပေါ့။ ဒါဆို အရင်တုန်းက ရိုက်ပြလို့ မရဘူးလေ။ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ကိုယ်ဝန် အငှားဆောင်တာ မရှိဘူးလေ။ ဒါမျိုးပုံသဏ္ဌာန်က အပြင် လောကမှာလည်း ရှိတတ်တာပဲ။ လင်မယားတွေ ကလေးမရလို့ ဖန်ပြွန်သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင်တာ၊ ဒါမျိုးတွေက ဖောက်ပြန်ကြတာလည်း မဟုတ်ဘူးလေ။ အဲဒီလိုရိုက်ခွင့် ရလာတာတွေက ကောင်း တာပေါ့”လို့ ပြောပါတယ်။ စိုးမြတ်သူဇာက သူ့အနေနဲ့ဖန်တီးချင်တဲ့ အနုပညာတွေကလည်း အများကြီးပဲ ဖြစ်ပြီး ဗီဒီယိုလောကကလည်း လှုပ်တုပ်လှုပ်တုပ်အခြေအနေ အနေဖြစ်တာကြောင့် အကောင်းဆုံးဖြစ်အောင် နည်းနည်းနဲ့ အကျဉ်းရုံးလုပ်နေရတဲ့ အခြေအနေမှာ သူလုပ်ချင်တာတွေကိုတော့ မလုပ်နိုင်သေးကြောင်း ပြောပါတယ်။ အကယ်ဒမီပွဲ အတွက် ဝတ်စုံကိုတာ့ နကစ့သမငကေ စပွန်ဆာပေးမှာဖြစ်ပြီး ဝတ်စုံဒီဇိုင်းကိုလည်း Euphoriau စီစဉ်ပေးတဲ့ အတိုင်းပဲ ဝတ်မှာဖြစ်ကြောင်း ပြောပါတယ်။ အကယ်ဒမီဖက်ရှင်နဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာက ”ကျွန်မဝတ်တာတော့ရိုးရိုးပဲ။ မြန်မာပုံစံပဲ။ မနှစ်က ဝတ်တာကတော့ ဇာနဲ့ပိုးနဲ့ဆက်ချုပ်ထားတာ။ ဇာကအပွင့်တွေ တစ်ပွင့်ချင်းကို ပိုးမှာ လိုက်ကပ်ထားတယ်။ ပိုးကိုကျတော့ ဇာပုံစံထိုးထားတယ်။ မြန်မာပြည်မှာလုပ်တဲ့ ပွဲတစ်ပွဲဖြစ်တဲ့အတွက် မြန်မာဝတ်စုံနဲ့ တက်ရင်တော့ လှမယ် ထင်တာပဲလေ။ ကိုယ့်ရုပ်ရှင်လောက က ထူးချွန်ဆုပေးပွဲ ဖြစ်တဲ့အတွက် ချိတ်လုံချည်လေးနဲ့ မြန်မာဝတ်စုံလေးနဲ့က ကျက်သရေအရှိဆုံးပဲပေါ့”လို့ ပြောပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။