တကယ်လို့များ ကောင်းမြတ်စံကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ပို့လိုက်မယ်ဆိုရင် ဘာတွေ ယူသွားချင်လဲ။
ကျွန်းပေါ်ကို တစ်ခါမှ မရောက်ဖူးတဲ့အတွက် တစ်ကျွန်းလုံးကို ပတ်ကြည့်ဖို့အတွက် ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် ယူသွားချင်တယ်။
တကယ်လို့များ ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည်ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လိုခံစားမိလဲ။
အဲဒီဆိုင်ထဲကို ကျွန်တော်ပါ ၀င်ထိုင်ပြီး ကြည့်မှာပါ။ လက်ဖက်ရည် သောက်ရင်းနဲ့ပေါ့။
တကယ်လို့များ ကိုယ့်နာမည်နဲ့ လမ်းနာမည် ရှိခဲ့မယ်ဆိုရင်
အဲဒီ လမ်းဆိုင်းဘုတ်လေးအောက်မှာ သွားပြီး ဓာတ်ပုံရိုက်မယ်။ ပြီးရင် ဒါငါ့နာမည်နဲ့ တူတဲ့ လမ်းကွ ဆိုပြီး Facebook ပေါ် တင်ပြီး ကြွားဖို့ပါ။
တကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်နဲ့ အလုပ်အတူတူ တွဲလုပ်ရမယ်ဆိုရင်
သူ့ဆီက ကျွန်တော်မသိသေးတဲ့ ပညာတွေ သင်ယူမယ်။
တကယ်လို့များ ကိုယ်မုန်းတဲ့သူတစ်ယောက်နဲ့ ဓာတ်လှေကားတစ်ခုထဲမှာ အတူတူ ပိတ်မိနေမယ်ဆိုရင်
ဘာမှလုပ်ဖြစ်မှာမဟုတ်ဘူး။
တကယ်လို့များ တစ်ရက်သာ အသက်ရှင်ရတော့မယ်ဆိုရင် ဘာတွေလုပ်ချင်လဲ။
ဘုရားစင်ရှေ့ကနေ လုံးဝမခွာဘဲ ပုတီးကိုတစ်နေကုန် စိပ်နေမှာပါ။ ကောင်းရာဘုံရောက်ပါစေ ဆိုပြီးတော့..
တကယ်လို့များ ကောင်းမြတ်စံကို နံပါတ်တွေနဲ့ ပတ်သက်ပြီး အယူသီးမှု ရှိလားလို့ မေးလာခဲ့ရင်
နံပါတ်တွေထဲမှာ ၁၂ကို ကျွန်တော် Crazy ဖြစ်တယ်။ Lucky နံပါတ်လို့လည်း ပြောလို့ရတယ်။ ပြိုင်ပွဲတစ်ပွဲ ၀င်ပြိုင်တုန်းက ခါးနံပါတ် ၁၂နဲ့ ပထမရခဲ့တယ်။ အခု ၂၀၁၂ထဲမှာ အနုပညာလောကမှာ နေရာလေးတစ်နေရာ ရလာတဲ့အတွက် ၁၂ကိုတော့ ကြိုက်တယ်။
Ref: 8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။