21 November 2012 |By Popular News
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အတွက် ရည်ရွယ်ပြီး ရန်ပုံငွေဖျော်ဖြေပွဲ အတွက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ် တင်ဆက် တဲ့ ပြဇာတ် မှာ နေတိုးက ပါဝင် မှာဖြစ်ပါတယ်။
အရင်ခေတ်က အနုပညာရှင်ကြီးတွေ အကြောင်းကိုလည်း ပါဝင်တင်ဆက်မယ်လို့ဆိုတဲ့ နေတိုးက
“သဘင်ရော၊ ရုပ်ရှင်ရောအကုန်ပါမယ်။ ရုပ်ရှင်ကို အဖြူ အမည်း ရိုက်ကူးလာတဲ့ ခေတ်ကတည်းကရုပ်ရှင် သရုပ် ဆောင်ကြီးတွေရှိတယ်လေ။ သူတို့ရဲ့ဟန်အမူအရာတွေကို တချို့ကလည်း မသိသလို၊ မမြင်ဖူးတဲ့ သူတွေ လည်း ရှိတယ်။ ရုပ်ရှင်ရောဂီတရော နာမည်ကြီးတယ်။ ပရိသတ်တွေအား ပေးမှုရခဲ့တဲ့ ပညာရှင်ကြီးတွေရှိတယ်။ ကျွန်တော်တို့ presentation လုပ်တဲ့အခါမှာ ဒီဟာတွေ ကို လည်း ဖော်ထုတ် ချင်တယ်။ ရုပ်ရှင်ဘက်ကလည်း ကပြချင်တယ်။ အခုမရှိ တော့တဲ့ အနုပညာရှင်ကြီး တစ်ယောက်ရဲ့ ဝိညာဉ်ကဝင်ပူးပြီး သူတို့ခေတ် အနုပညာ အကြောင်း အရာကို ဒီဘက်ခေတ် အကြောင်းအရာတွေနဲ့ ပြောတာ၊ အဲဒါကို အတုယူစရာတွေ၊ ပညာပေးလေးတွေ၊ ဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ် အနုပညာကို မြင်တွေ့နိုင်အောင် presentation လုပ်ဖို့စဉ်းစားထားတာ။ လုပ် ချင်တဲ့အကြောင်းအရာကို ညှိနှိုင်းနေတုန်းပါပဲ” လို့ပြောပြပါတယ်။
နေတိုးက ပြဇာတ်မှာတွံတေးသိန်း တန်အဖြစ်လုပ်ရမှာဖြစ်တာကြောင့်လည်း ဘယ်လို စီစဉ်ဖြစ် လဲလို့မေးကြည့်တော့ “ဦးမျိုးကတော့ ကျွန်တော့်ကို ဦးသိန်းတန် အသံလုပ်တတ်တယ် ဆိုတော့ ဦးသိန်းတန် လုပ်ပါလားလို့ ပြောထားတာတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒါ တစ်ခု တည်းနဲ့ ထိထိရောက်ရောက်လုပ်နိုင်မယ်မထင်ဘူး။ ဒီထက်မက ပါဖောမန့်လေးတွေ လုပ်ချင် တယ်။ ကဏ္ဍလေးတွေ နည်းနည်း လောက် ညှိနှိုင်းဖို့ရှိတယ်။ အရင်တုန်းကတော့ ဦးသိန်းတန် အသံ လောက်တော့လုပ် ဖူးတယ်။အဓိကထူးခြားမှုက အသံပဲလေ။ အထွေ အထူးတော့မရှိပါဘူး။ သူငယ်ချင်းထဲမှာ ဦးသိန်းတန်ရဲ့ သီချင်းတွေကိုဆိုတယ်၊ စနောက်ကြ ရင်းနဲ့ပေါ့။ ဒီလောကထဲကို ဝင်လာတော့လည်း ဦးဗေတို့နဲ့ စရင်းပြော ရင်းနဲ့ ပြောတတ်သွားတာပေါ့။ ကျွန်တော်က အသံတုပြောရတာလည်း ဝါသနာပါတော့ ဦးမျိုးကလည်း လုပ်ခိုင်းတာထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။