Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, November 18, 2012

ပြင်မရ ဖျက်မရ ဖတ်စာ

By Nay Zaw on Sunday, November 18, 2012 at 9:27am ·



အောင်မြင်သူတို့ရဲ့သမိုင်းကို ဘယ်လိုတံတိုင်းနဲ့ကာကာ ရာဇ၀င်ရိုးသွားရိုး ထုံးစံမရှိပါဘူး။ ဆယ်စုနှစ် နှစ်စုကျော်သွားပေမယ့် ကိုးဆယ်ခုနှစ် ( ၁၉၉၀ ) အဖြေဟာ လူထုနဲ့ နောက်မျိုးဆက်တွေရဲ့ကြားမှာ ပျောက်ဆုံးမသွားခဲ့ဘူး။ ဘယ်တော့မှ လဲပြိုမသွားတဲ့ စိတ်ဓာတ်ခွန်အားက တစ်မျိုးသားလုံးရဲ့ လူနေမှု ဘ၀ ပြီးပြည့်စုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပေးဆပ်နေရတာလား အမေ . . .။

အမေ . . .၊ အစွန်းရောက်သမားနဲ့အာဏာ ဒွန်တွဲနေတဲ့အခါ တိုင်းပြည်ကနွံနစ်၊ ပြည်သူက လောကဓံကျွှန်ဖြစ်နေသမျှ ဘယ်လိုတင့်တယ်မလဲ။ ကောင်းသောအမူအကျင့်နဲ့ ဖြောင့်မတ်တဲ့ ခေါင်းဆောင်မှုမရှိတဲ့ ခေါင်းဆောင်ဆိုတာ ကျွှန်တော်တို့ကို အန္တရာယ်ပေးမယ့် သားကောင်ပါ။ နားထောင်ရတဲ့စကားလုံးတွေက ကျွှန်တော်တို့ အနာဂတ်ကို ဆေးမတိုးတော့တဲ့ စကားလုံးတွေပါ။ ဆင်းရဲတဲ့ ဝေဒနာကို ၀ိုင်းအုံခံစားနေရတာ လူအတုတွေမဟုတ်ပါဘဘူး။ အမေ . . . ။

ကျွှန်တော်တို့ဟာ နှစ်ငါးဆယ်နေ့ရက်များစွာ ကျီးလန့်စာစားနေရတဲ့ဘ
ဝ၊ အာဏာရှင်တွေရဲ့ လက်အောက်မှာ နိုင်ငံရေးခ၀ါချမှုတွေနဲ့ ထောင်ဆိုတဲ့အဓိပ္ပယ် ဘယ်အရာကိုရွေးမလဲလို့ မေးတဲ့အခါ၊ အမှန်တရားအတွက် အသက်ကိုစတေး၊ အရိုးဆွေးတဲ့အထိ တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဟာ ဒီမိုကရေစီရဲ့ သယံဇာတပစ္စည်းတွေ
လား။ အမြင်မတော်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ ထောင်ကို ခြင်ထောင်လုပ်၊ အဖြေထုတ်ကြည့်တော့ နိုင်ငံရေးကို လူတွေမလုပ်ရဘူးဆိုရင် ဘယ်သူတွေလုပ်မှာလဲ အမေ . . ။

ကျေနပ်ပါတယ် အမေ…၊ ရွှေထက်ရှားတဲ့ မေတ္တာတရားဆိုတာ သူတော်ကောင်းတရားနဲ့ညီတဲ့ ခေါင်းဆောင်ကောင်းမျိုးတွေမှာသာရှိတာပါ။ အလူးအလဲခံရတဲ့အချိန်ကာလများစွာမှာအမေတို့လိုဦးဆောင်သူတွေမရှိဘူးဆိုရင်ဘယ်အခြေအနေထိ အလိမ်ခံနေရဦးမလဲဆိုတာ အဖြေရှာမရပါဘူး။ မစွန့်လွှတ်သေးတဲ့ ၀ါဒဆိုးတွေနဲ့ သားသတ်သမားကို ဘုရားတကာ ကျောင်းတကာလို့ ကမ္မည်းထိုး၊ လောလောဆယ် ငရဲအိုးက ဒေ၀ဒတ်လိုလူမျိုးတွေအတွက်ဆိုတာ သေချာပါတယ် အမေ…။
အဖြေရှာကြည့်တော့ တိုင်းပြည်နဲ့လူထုဟာ နှစ်ပေါင်းငါးဆယ်ဝန်းကျင် အာဏာရှင်ခံတွင်းထဲမှာ ဗုန်းဗုန်းလဲ၊ လွတ်လပ်ရေးရဲ့အာသီသကို အကောက်ကြံခဲ့တာ ဘယ်သူတွေလဲ၊ သမိုင်းစာမျက်နှာတွေလှန်ကြည့်ရင် ဗိုင်းကောင်းကျောက်ဖိ လွတ်လပ်ရေးကို ပျက်စီးသွားအောင် ၀ိုင်းပြီးကျင့်ကြံလိုက်တာ ဘယ်သူတွေလဲ။ စည်းလုံးခဲ့တဲ့ ညီညွတ်မှုတရားလေးကို ကာယိနြေ္ဒပျက်အောင် စော်ကားလိုက်တာ ဘယ်သူတွေလဲ။ အဘိုးပြောသွားတဲ့ စကားလိုပဲလား “အလွန်မွန်မြတ်တဲ့နိုင်ငံရေးထဲမှာ တစ်ခါတစ်ရံ လူယုတ်မာတွေ ပါလာကောင်းပါလာမယ်၊ လူယုတ်မာတွေ ပါလာကောင်း ပါလာလို့ နိုင်ငံရေးကို မကောင်းဘူးလို့ ဆိုရတော့မှာလား၊ ဒါကြောင့် နိုင်ငံရေးဟာလည်းဒီလိုပဲ၊ အင်မတန်မွန်မြတ်ပါတယ်၊ ဒီအဆောက်အဦးကြီးပေါ်မှာ ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေးလောကထဲ ၀င်လာတတ်ပါတယ်၊ အဲဒီလိုဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမား စစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြေမပြတ် ဟန့်တားဝိုင်းပယ်မှသာ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ် မွန်မြတ်လာလိမ့်မယ်” တဲ့ အမေ….။ ဟိုတုန်းကတည်းက နိုင်ငံရေးမသမာသူတွေဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစား၊ မျက်မှောက်ခေတ်ကာလအထိ လူထုအပေါ် ခြစားနေတဲ့ ကျိုင်းကောင်းတွေလား။ ပြိတ္တာတွေက အဂတိတရားကို မြိန်ရေယှက်ရေစားသုံးနေကြတယ် အမေ…။
အဲဒါကြောင့် မကောင်းဆိုးဝါးနဲ့ ဒီမိုကရေစီ၊ တစ္ဆေတရဲနဲ့ လူ့အခွင့်အရေး၊ နာနာဘာဝနဲ့ တရားမျှတမှု၊ ယောင်ဝါးဝါးပြိတ္တာတွေနဲ့ လွတ်လပ်ခြင်းဆိုတာ ဘုရားဟောတဲ့ တရားသဘောနဲ့ ဒေ၀ဒတ်ရဲ့ သဘောမနောလိုကွာခြားတော့ ဘယ်သူက ဒီမိုကရေစီကို ကိုးကွယ်ချင်ပ့ါမလဲ။ ရိုးတွင်းခြင်ဆီထဲစွဲနေတဲ့ အယူအဆနဲ့ ကျွန်တော်တို့ဘ၀ကို ကောင်းစားနေပါပြီလို့ပြောတာ နတ်သံနှောထားတဲ့ နတ်ကတော်လေသံနဲ့ပါ။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာလေးကို သွေးသွင်းကုသနေရတာ ဒေါင်းယောင်ဆောင်ချင်တဲ့ကျီးကို ထုံးသုတ်ပေးလိုက်ရတာပဲ မဟုတ်ဘူးလား။ လူထုဘ၀တိုးတက်ရေးအတွက် အကျိုးမပြုနိုင်တော့တဲ့ ၀ါဒကို ခွဲစိတ်ကုသရင်း သမိုင်းနဲ့ချီမှားသွားတဲ့ ကမ္ဘာ့အာဏာရှင်တွေဟာ မေတ္တာတရား ဘယ်လောက်လှမှာလဲ အမေ…။
ပြုပြင်ပြောင်းလဲရေးသမားတွေဟာ နိုင်ငံတော်ဖျက်ဆီးလိုသူတွေလား၊ သဘောမတူဘူး အမေ၊ ဟော့ဒီလူထုဟာ အစိုးရရန်သူမဟုတ်ဘူး။ ဟော့ဒီလူထုဟာ ခေတ်ဆိုး စနစ်ဆိုးတစ်ခုကို ဖန်တီးနေတဲ့ ဒုစရိုက်ကောင်တွေမဟုတ်ဘူး၊ ဟော့ဒီလူထုဟာ တိုင်းပြည်ပျက်စီးစေဖို့ ရာဇ၀တ်မှုကျူးလွန်နေတာမဟုတ်ဘူး၊ ယုံကြည်မှုအတွက် မျှော်လင့်ချက်ကြီးမားစွာနဲ့ တိုက်ပွဲဝင်နေတဲ့ လောကဓံအကျဉ်းသားတွေပါ၊ အသက်နဲ့ရင်းပြီးတိုက်ယူခဲ့တဲ့ လွတ်လပ်ရေးဟာ လူနည်းစု ကောင်းစားရေးအတွက် လူအများစုက ယူပေးခဲ့ရတာလား၊ လူထုအပေါ် တစ်ခါလောက် ရိုးသားကြည့်စမ်းပါလို့ပြောလိုက်ပါ အမေ….။
မနောကုသိုလ်စရိုက်နဲ့ တည်ဆောက်တဲ့မူဝါဒကြောင့် ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့လူမျိုးဟာ ကမ္ဘာ့လူတန်းစားထဲမှာ အရည်မရ အဖတ်မရဖြစ်ခဲ့ရတာလား၊ မြန်မာဆို ကမ္ဘာကမကြည်ဖြူအောင် ဘယ်သူအမှောင်ချတာလဲ၊ ဘယ်သူ့ပယောဂကြောင့် အောက်တန်းကျခဲ့ရတာလဲ၊ ဘယ်လိုဝါဒကြောင့် နောက်တန်းရောက်ခဲ့ရသလဲဆိုတာ ရာဇ၀င်သမိုင်းစစ်စစ်တွေကို လှန်ကြည့်ရင်တွေ့ရမှာပါ။ အဖြေရှာမရသေးတဲ့ ပြည်တွင်းစစ်မီးအတွက် နိုင်ငံတကာ မီးသတ်သမားဘယ်နှယောက်၊ မီးသတ်ကား ဘယ်နှစီးလိုမလဲ၊ အစွန်းရောက်သမားတွေလက်ထဲမှာ အစွန်းရောက်တရားရှိတာ မဆန်းပါဘူး၊ နိုင်ငံရေးမသမာသူတွေလက်ထဲမှာ နိုင်ငံရေးမသမာမှုတရားရှိနေတာ မဆန်းပါဘူး အမေ…။
နောက်ထပ် တရားဝင်သုံးစွဲရမယ့်နေ့တွေသာ အမှောင်မဖုံးလွှမ်းဖို့ ဆုတောင်းပွဲတွေပြုလုပ်ရမှာပါ။ နေ၀င်ပြီဆို ဒုက္ခသည်စခန်းမှာ ငြိမ်းချမ်းရေးတရားကို ငံ့လင့်နေမယ့် အဘိုးအဘွားနဲ့ သားသည်မိခင်၊ ကလေးငယ်တွေရဲ့ အနာဂတ်ရှင်သန်ရေးကို နိုင်ငံတကာဘောလုံးပွဲလောက် ဘယ်သူကစိတ်ဝင်စားမှာလဲ။ တကယ်တော့ငြိမ်းချမ်းရေးတရားဆိုတာ သွေးသွင်းကုသရမယ့် ရောဂါမျိုးမဟုတ်ဘူး။ တကယ်တော့ ငြိမ်းချမ်းရေးတရားဆိုတာ တစ်ဖက်သတ်မူဝါဒတွေနဲ့ ကိုယ်လိုချင်တာကို အဓမ္မပြဌာန်းရတာမဟုတ်ဘူး။ တကယ်တော့ လူထုအတွက် အကျိုးမရှိတဲ့ စနစ်မျိုးဆိုတာ ကိုယ့်အတွက်လည်း အကျိုးယုတ်စေတာပဲ မဟုတ်ဘူးလား အမေ….။
လူတစ်ယောက်ရဲ့ အမှောင်မိုက်မီးက တစ်မျိုးသားလုံးရဲ့ အရေပြားပေး စွဲငြိလောင်ကျွမ်း၊ ဖောက်ပြန်မှုတရားနဲ့ နှစ်ကာလများ ကျောသတ်ခံထားရတာ အသိုက်ဖျက်ခံရမှာ ဆိုးလို့တဲ့လား သသက်တမ်းရင့်ဝါဒဆိုးကြီးထဲမှာ ငါးပွက်ရာငါးစာချနေတဲ့ လူတန်းစားတွေသာ အရောင်ပြောင်းသွားကြတာပါ။ စနစ်သစ် ၀ါဒသစ် ဖွားဖက်တော်မူခန်းထဲမှာ နိုင်ငံရေးလှုပ်ရှားသူတွေကို စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေတဲ့လား။ ဆေးမတိုးတော့တဲ့ စီးပွားရေးကျဆုံးခန်းထဲမှာ ရမ်းကုနေရတဲ့ နိုင်ငံတော်စီးပွားရေးမူက ပြည်သူတွေဖြူခါပြာခါဖြစ်သွားရတဲ့ ဇာတ်ဝင်ခန်းပါ။ မဟာဗျူဟာမြောက်ဆင်းရဲမွဲတေမှုဆိုတာ လူထုအတွက် အရှင်လတ်လတ်ငရဲပဲ မဟုတ်ဘူးလား အမေ…။
မမြဲတဲ့တရားနဲ့ တည်ဆောက်ထားတဲ့ကမ္ဘာ၊ နိုင်ငံရေးဆိုတာ အစိုးရဆုပ်ကိုင်ထားတဲ့ တရားသေ၀ါဒအောက်က လမ်းညွှန်ဆိုင်းဘုတ်ကလေးနဲ့ ငါအာဏာတည်မြဲရေးအတွက်လား။ ပဒေသရာဇ်အာဏာကို အမွေစား အမွေခံလူတန်းစားက ရေလိုသုံးစွဲနေခဲ့လို့ မြန်မာ့သမိုင်းဟာ ကမ္ဘာ့သမိုင်းရာဇ၀င်ထဲမှာ အရိုင်းစိုင်းဆုံးကာလကို ဖြတ်သန်းခဲ့ရတယ်။ ပြည်သူတွေမှာလည်း ထွက်ပေါက်မရှိတဲ့ တံတိုင်းနောက်မှာ လူတန်းစားနောက်ကျ အလင်းမဲ့ခဲ့ရတယ် အမေ….။
အရင်းအနှီးမဲ့ပြည်သူကို လူ့အခွင့်အရေးပေးတယ်ဆိုတာ အပြန်အလှန် လေးစားမှုအတွက် ကာကွယ်ဆေးပဲမဟုတ်ဘူးလား။ အစိုးရထုတ်ကုန်ဆိုတာလည်း တိုင်းပြည်အတွက် စေတနာမှန်တဲ့မူပဲ မဖြစ်သင့်ဘူးလား။ ရိုးသားကြည့်စမ်းပါ… လူသားဆန်တဲ့ ခံစားမှုစိတ်နဲ့ ရိုးသားကြည့်စမ်းပါ။ တိုင်းပြည် ကျန်းမာရေးကောင်းလာပြီို လူထုဟာစီးပွားရေးနာလန်ထလေး ဖြစ်လာမယ်၊ ပြည်သူတွေဘ၀အရောင်ပြောင်းသွားရင် အစိုးရကောင်းတစ်ခုရဲ့ စေတနာကောင်းတစ်ခုက သမိုင်းတွင်မှာပေါ့ အမေ…။
ပြောရတာ မောတယ် အမေ..။ လူမိုက်တို့အလှတရားက လူထုအတွက် ဘယ်လောက်သန့်စင်မှာလဲ၊ ဒီမိုကရေစီဆိုတာ အနောက်တိုင်းရဲ့ ရောဂါဆိုးကြီးလို့ ပဒေသရာဇ်လက်ကျန်တွေက ယူဆထား၊ ဒါကို ပြည်တွင်းပြည်ပ အဖျက်သမားတဲ့လား။ စားဝတ်နေရေးကျပ်တည်းနေတဲ့ မြောက်ကိုရီးယားနဲ့ ဖွံ့ဖြိုးလာတဲ့ တောင်ကိုရီးယားဟာ လူချင်းတူပြီး မူချင်းမတူလို့ ပြည်သူတွေက ဆိုရှယ်လစ်ဘေးဥပါဒ်ဝေဒနာကို ခံစားနေရတာလား အမေ..။
ကိုယ်ချင်းစာပါတယ် အမေ…။ အာဖရိကဒေသတွင်းမှာ သူတစ်မူ ငါတစ်မင်း၊ စစ်ခင်းနေတဲ့ကြားထဲက ပြည်သူတွေကို ကိုယ်ချင်းစာပါတယ်။ အသက်ထက် အာဏာတည်မြဲရေးကို အလေးထားသွားတဲ့ ဆက်ဒမ်ဟူစိန်ထက် အီရတ်နိုင်ငံပြိုကွဲသွားခြင်းနဲ့ ပြည်သူကိုကိုယ်ချင်းစာပါတယ်။ အာရပ်ကမ္ဘာမှာ နွေဦးတော်လှန်ရေးကာလ လူ့အသက်ပေါင်းများစွာကို စတေးခဲ့ရတဲ့ အာဏာရှင်ပြိုကွဲရေးမူကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကို မြေဇာပင်အဖြစ်ခံသွားရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာပါတယ်။ ကဒါဖီရဲ့နေ၀င်ချိန်ကို ကိုယ်ချင်းစာပါတယ်။ ဘာရှာအာဆတ်ရဲ့ နောက်ဆုံးနေ့တစ်နေ့ကို ကိုယ်ချင်းစာပါတယ် အမေ…။
အမေ . . .။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပူပူနွေးနွေးကလေးအပေါ်မှာ ဗြဟ္မစိုရ်တရားလေးဆမ်းလိုက်ရင် ငြိမ်းချမ်းတဲ့အရသာကို ခံစားရမယ်။ တန်းစီပြီးစောင့်နေတဲ့ အနာဂတ်ပြသာ
နာတွေက စီတန်းပြီးလျှောက်ရတော့မယ့် လူတန်းစားအတွက် ဘယ်လိုအ
ဖြေပေးမလဲ။ ဒုလ္လဘလောကမှာ နိုင်ငံရေးမဟာဗျူဟာ အခင်းအကျင်းတွေ
ကို ကျည်ဆံတွေနဲ့ ဖြေရှင်းလို့မရတော့ဘူး။ ကလဲ့စားချေခြင်းအဃာတ
ထားခြင်း၊ ရန်လိုမုန်းတီးခြင်း နိုင်ငံရေးစီးချင်းဆိုတာ ကိုယ်ပိုင်ဝါဒနဲ့ တည်
ဆောက် နင်းမိုင်းပဲမဟုတ်လား အမေ . . .။
ကွယ်လွန်သွားတဲ့ ကျွှန်တော်တို့အဘိုးအဘွားတွေဟာ လွတ်လပ်ရေး
ရပြီးကတည်းက အသားတန်းထဲမှာ ဒီမိုကရေစီ သွားဝယ်ခဲ့ပေမယ့် နိုင့်
ထက်စီးနင်းဝေဒနာတွေ ထိုးရောင်းခံခဲ့ရတယ်။ မောင်းဖြုတ်လွှတ်လိုက်တဲ့ တစ်ချက်လွတ်အမိန့်မှာ ရေငုံနှုတ်ပိတ်ဆိတ်ဆိတ်နေခဲ့ရတဲ့ခောတ်၊ ကိုယ်
ပိုင်အစိုးရလက်ထဲမှာ ဘေးဥပါဒ်ဖြစ်ခဲ့ရတဲ့ ကျွှန်တော်တို့ဘိုးဘွားတွေဟာ
လူ့အခွင့်အရေးမဲ့ လူ့အခွင့်အရေးတွေသာ ပိုင်ဆိုင်ခဲ့ရတယ်။ အနိုင်ရဖို့
သူရဲကောင်းကို မွေးဖွားရမယ့်ခောတ်၊ စနစ်တစ်ခုရဲ့တောင်းဆိုမှုအရ လူ
ထုအတွက် စီးဆင်းပေးနေရတဲ့ ဧရာဝတီမြစ်ဟာ အမေဖြစ်နေမလား အ
မေ . .။
ကျွှန်တော်တို့ရင်မှာ ဘယ်တော့မှ မသေတဲ့ အမေ . .။ သမိုင်းမှာ ပြိုင်ဘက်ကောင်းတွေကို မေတ္တာတရားနဲ့ အနိုင်ယူခဲ့တဲ့ အမေ . . ။ တစ်ပါတီအာဏာရှင်စနစ်ကို မျက်နှာဖုံးခွာခဲ့တဲ့ အမေ . .။ အမေ . . အမေ . .၊ နိုဘယ်ဆုဆိုတာ စိတ်ဓာတ်အတုနဲ့ လူထုမလေးစားတဲ့ခေါင်းဆောင်မျိုးကို ပေးတာမဟုတ်ဘူးဆိုတာ ကျွှန်တော်ယုံတယ် အမေ . .။
စိတ်ဓာတ်အခြေခံကောင်းမှ လုပ်ဆောင်မှုကောင်းမယ်။ ဘီလူးခေါင်းဆောင်းထားပြီး လူယောင်ဆောင်ထားတဲ့ ဒသာဂီရိလိုလူဟာ
(၂၁)ရာစုရဲ့ နိုဘယ်ဆုရှင်ဖြစ်သင့်သလား။ အရိုင်းခောတ်ကနေ ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာတဲ့ခောတ်။ သမိုင်းဆိုတာ ဘီယာဘူးခွံလို သောက်ပြီးလွှင့်ပစ်လို့ရမလား။ ဥာဏ်ရည်ဥာဏ်သွေး နည်းပါးလာတဲ့ လူတွေရဲ့စိတ်ဟာ နိုင်ငံရေးကုထုံးသစ်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး အမေ . .။
တကယ်တော့ ပစ္စုပ္ပန်ရှေ့တည့်တည့်မှာ ပစ္စည်းမဲ့သတ္တ၀ါတစ်ကောင်ရဲ့ ရက်ရာဇာက ရေမျောကမ်းတင်ပါ၊ လမ်းမြင်အောင် ခေါ်ဆောင်နေတဲ့အမေ့ကို လူတစ်ချို့က အချောင်းသမားဝါဒနဲ့ စိဉ္ဖမာနာလိုမြင်၊ အာဏာရှင်ခရီးမှာ အမေက လူထုကို ဒီမိုကရေစီဆေးဝါးနဲ့ ကုသပေးတာ ဖောက်ပြန်ရေးသမားတွေအတွက်တော့ အန္တရာယ်ပေါ့ အမေ…။
ကြောင်ခံတွင်းပျက်တွေအတွက် ဇရပ်တောင်ပံမကျိုးပေးနိုင်တာ၊ ဘုန်းကြီးရူးအတွက် လှေလူးမပေးနိုင်တာ၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ခွင့်မပေးခဲ့တာ အတ္တ၀ါဒီတွေအတွက် နိုင်ငံရေး အနုတ်လက္ခဏာဆိုတာသိတော့ အဇ္ဈတ္တမြေမြုပ်မိုင်းတွေနဲ့ ထောင်ချောက်ဆင်ခဲ့တာပေါ့ အမေ…။ အမှန်တရားကို အိမ်ဦးခန်းမှာ ဘယ်သူက ချိတ်ဆွဲချင်ငါ့မလဲ။ နောင်တနဲ့ဝေးတဲ့ မာရ်နတ်ကို ဘုရားရှင်တောင် လက်လျော့သွားမယ် အမေ…။
အဘိုးရဲ့ကျေးဇူးကို ခြေနဲ့နင်းဖို့ကြိုးစားတဲ့လူတွေဟာ အာဏာရှင်အလိုတော်ရိတွေလား။ ဆေးဆိုးပန်းရိုက်ဝါဒတွေက ပသေသရာဇ်အာဏာစက်မလွတ်သေးတာလား။ ဒေသတွင်း သက်ဦးဆံပိုင်စနစ် အမြစ်တွယ်ဖို့ မသမာသူတွေ ရေသောက်ဆင်းတာ ဆန်းတော့မဆန်းပါဘူး။ ဒီမိုကရေစီ ခ၀ါချမှုဆိုတာ ပြည်သူတွေဘ၀ လေဘေးသင့်တာနဲ့ မတူဘူးလား။ လူထုမကြည်ဖြူရင် ဘာမဆို ဘာမဆို ပြုပြင်ယူရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ကလေး ခန်းခြောက်နေတာ သွေးဆုံးရောဂါရှိတဲ့ ယောက်ျားတွေမို့လို့ပါ အမေ….။
မိချောင်းမင်း ရေခင်းပြနေရတာ၊ ကျွဲပါးစောင်းတီးပြနေရတာ၊ နွားပလာတာကျွေးနေရတာ ခြေကုန်လက်ပမ်းကျတယ်။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်သွားတဲ့ ခေတ်၊ အဂတိလိုက်စားမှုတွေ ထူပြောခဲ့တာ ဘယ်သူ့လက်ထက်မှာလဲ။ ပြည်သူကိုချစ်လို့ အဂတိတွေလိုက်စားကြတယ်၊ တိုင်းပြည်ကိုချစ်လို့ အဂတိတွေလိုက်စားကြတယ်၊ ခေါင်းဆောင်ကောင်းမရှိလို့ အဂတိတွေလိုက်စားကြတယ်၊ ပြည်ထောင်စုပြိုကွဲမှာစိုးလို့ အဂတိတွေလိုက်စားကြတယ်၊ ငြိမ်းချမ်းရေးအတွက် အဂတိတွေလိုက်စားကြတယ်။ အဂတိတွေ….အဂတိတွေ လိုက်စားနေကြတယ် အမေ….။
ဒါနဲ့ပဲ တိုင်းပြည်ဟာ ဝေလေလေယောင်စိန်ဘ၀နဲ့ သောင်ပြင်မှာလွှတတ်တဲ့ ဟိုအကောင်လို ဖွံ့ဖြိုးမှုမဲ့ခဲ့ရတယ်။ တစ်လမ်းမောင်းဝါဒနဲ့ နိုင်ငံရေးဟွန်းမတီးရ ကြေညာချက်တွေ ပြဌာန်းထား
တယ်။ တစ်ဖက်စောင်းနင်းအယူအဆနဲ့ အရေးပေါ်ဥပဒေတွေ ထုတ်ပြန်
တယ်။ အာမခံချက်မရှိတဲ့စနစ်နဲ့ ငြိမ်းချမ်းရေးက အမြဲတမ်းငိုက်မျဉ်းနေတယ်။ မတရားစီရင်တဲ့ တရားစီရင်မှုမျိုးထဲမှာ အမေပါ သားကောင်ဖြစ်ခဲ့ရတယ်။ အဲဒီနောက် မြန်မာ့နိုင်ငံရေးလောကဟာ သွေးသွင်းကုသခဲ့ရတာပဲ မဟုတ်လား အမေ . . ။
တကယ်လို့သာ ( ၁၉၄၈ )ခုနှစ်နောက် နိုင်ငံရေးမဂ္ဂါဝပ်တစ်သိန်းခွဲ( ၁၅၀၀၀၀ )လောက်သာ ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် လွတ်လပ်ခြင်းနဲ့ တရားမျှတမှုက ဈေးကွက်ဝင်မယ်။ ကျည်ဆံတွေက ငြိမ်းချမ်းရေးအင်္ကျီ
ဝတ်ပြီးလာမယ်၊ ဘိုးဘွားပိုင်လွတ်လပ်ရေးဟာ သွေးလွန်တုပ်ကွေးရောဂါ ဒါမှမဟုတ် ( H1 N1 )ရောဂါမျိုး ကူးစက်ခံရမှာမျိုး မဟုတ်သလို အမျိုးသားပြည်လည်သင့်မြတ်ရေးဟာလည်း တန်းဆင်ဇုံထဲရောက်သွားမှာမ
ဟုတ်ဘူး အမေ . . ။
အဲဒါပဲ အမေ . . ။ အခွံနွာကြည့်ရင် ဘာမှမရှိတဲ့ဘ၀ကို ဘယ်အပေါင်ဆိုင်က လက်ခံမှာလဲ။ မနက်ဖြန်ဆို ခံတွင်းစိုဖို့ ဖောက်ပြန်မှု
တရားတွေ သန့်စင်ဖို့လိုမယ်။ သွေးစုပ်ခြယ်လှယ် ဖိနှိပ်မှုတွေပြောင်းလဲသွားမှ ပစ္စည်းမဲ့ဘ၀တွေ အသက်ရှုချောင်မယ်။ ခောတ်နောက်ကျတဲ့ စနစ်တွေထဲမှာ ရှင်သန်နေထိုင်ရတဲ့ နိုင်ငံနဲ့လူမျိုးဟာ သမိုင်းအောင်ပွဲဆိုတာ ဘယ်မှာရှိမှာလဲ အမေ . .။
ကျစ်လျစ်ခိုင်မာတဲ့ ပြည်ထောင်စုစနစ်လိုချင်ရင် တန်းတူရည်တူအခွင့်အရေးက သာတူညီမျှဖြစ်ရမယ်။ အဆိုးဆုံးကာလကို
အကောင်းဆုံးဝါဒနဲ့ အစားထိုးကုရမယ်။ တရားသေ၀ါဒနဲ့ အငြင်းပွားမှုတွေကို အဆုံးသတ်ရမယ်။ ဆရာစားအတွက် တပည့်မွေး နိုင်
ငံရေးအယူအဆတွေ စွန့်ရမယ်။ လက်တွေ့ကျင့်သုံးနေတဲ့ ငြိမ်းချမ်းရေးခရီးမှာ အလုံးစုံရိုးသားသန့်စင့်ရမယ် အမေ . .။

နေဘုန်းဝေ
၁၃ - ၄ -၂၀၁၂
ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ် ( ၄၇ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။