စောင်းကြိုးရှိက်သံ - ခင်မောင်တိုးhttp://www.ringtonematcher.com/go/?sid=AEDWros&search=
ဝေးခဲ
ပြီပန်းခရမ်းပြာ ခင်မောင်တိုးhttp://www.ringtonematcher.com/go/?sid=AEDWros&search=
စတီရီယိုခေတ်ဦးမှသည်
ယနေ့တိုင် ကိုယ်ပိုင်သံစဉ် တေးသီချင်းများနှင့် ရှင်သန်နေသော ခင်မောင်တိုး၏
ငယ်ဘ၀ဖြတ်သန်းရာ Thursday, 09 December 2010 12:45
စကားနည်းပြီး ဘ၀ကိုအေးအေးဆေးဆေးနဲ့
ကိုယ်တွေးချင်ရာကို လွတ်လပ်စွာ တွေးတောလုပ်ကိုင်ခွင့်ရတဲ့ဘ၀ကို နှစ်သက်တဲ့
ခင်မောင်တိုးဆိုတဲ့ ဂီတငွေကြယ်ပွင့်တစ်ပွင့်ကို ၁၉၅၀ ပြည့်နှစ် ဧပြီလ ၁ ရက်
နေ့ကစစ်ကိုင်းတိုင်း မော်လိုက်မြို့မှာ အရေးပိုင်မင်း ဦးခင်မောင်နဲ့ ဇနီး ဖြစ်သူ
ဒေါ်ခင်လှတို့က မွေးဖွားခဲ့ပါ တယ်။ သူက မောင်နှမဆယ့်သုံးယောက် ရှိတဲ့အထဲမှာ
သုံးယောက်မြောက်သားအဖြစ် မွေးဖွားခဲ့ခြင်းပါ။
ပညာရေးကို နံပါတ်တစ်နေရာမှာထားပြီး
ပညာအမွေကိုသာ အဓိကပေးချင်ခဲ့တဲ့ မိသားစုထဲမှာ ခင်မောင်တိုးရဲ့ ငယ်ဘ၀ခရီးကလည်း
ပညာရေးသည်သာ ပထမဆိုတဲ့ အသိစိတ်နဲ့ ဖြတ်သန်း ကြီးပြင်းလာခဲ့သူပေါ့။ ဖခင်ဖြစ်သူ
အရေးပိုင်မင်းပြောင်းရွှေ့ရာမြို့တွေမှာ လိုက်လံနေထိုင်ခဲ့ရတဲ့ ခင်မောင်တိုးက
သူငယ်တန်းကနေ ဆဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းနဲ့ အဌမတန်းပညာကို စစ်တွေမြို့နဲ့
အထက်တန်း ပညာအောင်သည် အထိကိုတော့ သထုံမြို့မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။
၁၉၆၅ ခုနှစ်မှာဆယ်တန်း အောင်မြင်ခဲ့တဲ့
ခင်မောင်တိုးက ၁၉၆၆ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး သူ့ဘ၀ကို
အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ဖို့ဆုံးဖြတ် ထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်
တက္ကသိုလ်ရပ်ဝန်းကို ရောက်ရှိချိန်မှာကြုံတွေ့ရတဲ့ လူငယ်တွေရဲ့ သဘာဝအတိုင်း
ခင်မောင်တိုးလည်း တက္ကသိုလ်က သူငယ်ချင်းတွေနဲ့အတူ ဂီတဘက်မှာ လိုက်စားခဲ့တာကြောင့်
ပညာရေးမှာ အားနည်းခဲ့ပါတယ်။ ဂီတရပ်ဝန်းထဲကို ခြေချဖို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း တွေကိုခင်မောင်တိုးက ...
လူတွေက မွေးပြီးသေသွားမယ့် သူတွေဖြစ်ပေမယ့်
ကြားထဲမှာသံသရာ ဆိုတာရှိတယ်။ ဒီဘ၀မှာ လုပ်နေတဲ့အလုပ်တွေ အကုန်လုံးက
သံသရာတစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ်ဆိုတော့ ရိုးရိုးသား
သားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့်ဘ၀အတွက် အင်မတန်သင့်တော်ပါတယ် ...
" RIT ရောက်တော့ အချိန်တန်ရင်
အင်ဂျင်နီယာဖြစ်သွားမယ်လို့ပဲ တွက်ခဲ့တာ။ဒုတိယနှစ်မှာအဆောင် နေတာဆိုတော့
သူငယ်ချင်းတွေနဲ့ ဂီတပိုးကထလာပြီး ဂီတလုပ်တဲ့အ ချိန်ကပိုများလာတယ်။ စတီရီယို
သီချင်းတွေပေါ်လာတော့ လုပ်စရာ တွေပေါလာပြီး ဂီတာလိုင်းဘက် ကူးဖြစ်တယ်။
အဲဒီမှာကိုယ့်ပုံစံတစ် ခုမွေးဖွားဖို့အကြောင်းပေါ်လာတယ်။ အဲဒီတုန်းက RIT မှာ
ကိုရဲလွင်နဲ့တွဲပြီး စမ်းသပ်လုပ်ကြည့်လို့ ရလာတယ်။ ကျောင်းက ထွက်ပြီးတဲ့နောက်မှာ
ရပ်တည်စရာတစ်ခုကို ရှာမယ်ဆိုတော့ တကယ်ယုံကြည်စိတ်ရှိတဲ့ ဂီတကိုအသက်မွေးဝမ်းကြောင်း
တစ်ခုအနေနဲ့ မဟုတ်ပေမယ့် ဘာမှလုပ်စရာမရှိတဲ့ အချိန်မှာ ဂီတထဲမှာပဲ
အသိုင်းအ၀ိုင်းနဲ့နေပြီး ခိုင်မာအောင် လုပ်ဖို့များသွားတာပေါ့" လို့
ဖွင့်ဟခဲ့ပါတယ်။
အဲဒီလို ဖြတ်သန်းမှုတွေရှိခဲ့တဲ့ ခင်မောင်တိုးက
၁၉၇၃ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးအဖြစ် 'ကျေးဇူးတင်တယ်
ကမ္ဘာကြီးရယ်' တေးစီးရီးကိုထွက်ရှိ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ရင်ခုန်နေတဲ့
အိပ်မက်များ' ဒုတိယစီရီးထွက်ရှိ ခဲ့ပါတယ်။ ၁၉၇၉ခုနှစ်မှာ ကိုရဲလွင်၊
ကိုဇော်မျိုးထွဋ်၊ ကိုမောင်မောင်၊ ကိုနေ၀င်းတို့နဲ့အတူ 'လိစ္ဆ၀ီ' ဆိုတဲ့
တေးဂီတ၀ိုင်းကို ဖွဲ့စည်းခဲ့ပါတယ်။ တေးစီးရီးဖြန့်ချိစကနေ မျက်သွယ်
တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေး သီချင်းများ ရောယှက်မှုရှိနေခဲ့တဲ့ ခင်မောင်တိုးက
၁၉၇၉ ခုနှစ်မှာထွက်ရှိတဲ့ 'အဉ္ဇလီအတွက် ဂီတအဉ္ဇလီ' တေးစီးရီးကို တော့
ကိုယ်ပိုင်တီးဝိုင်းနဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများအဖြစ်
ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ 'လိစ္ဆ၀ီ' တီးဝိုင်းကို
'မဇ္ဇျိမလှိုင်း'လို့ အမည်ပြောင်းလိုက်ပါတယ်။၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဂီတရပ်ဝန်းထဲ
စတင်ခြေချခဲ့သူ ခင်မောင်တိုးက ဂီတခရီး၃၇နှစ်အတွင်း မှာ ဂီတအလုပ်များကို
ပုံမှန်လုပ်ကိုင် ရင်းလက်ရှိအချိန်ထိ တေးစီးရီး ၂၅ ခွေဝန်းကျင်
ကိုထွက်ရှိပြီးဖြစ်ပါတယ်။
"ကျွန်တော်ရဲ့ပထမဆုံး ထွက် ရှိတဲ့ စီးရီးနဲ့
ဒုတိယစီးရီးက ကော်ပီ တွေပေါ့။ စီရီးဖြန့်ချိမှုပုံစံကလည်း
ဆိုင်တွေကိုကိုယ်ကိုယ်တိုင်စာအုပ် ကြီးကိုင်ပြီး လိုက်ရောင်းရတာ။
ကျွန်တော်မှတ်မိနေတာက သွင်းတဲ့စနစ်က အခုခေတ်လို စက်ပိုင်းဆိုင်ရာ ခေတ်မမီသေးတော့
တစ်ပြိုင်တည်း အသံသွင်းရတာလေ။ တစ်ယောက်မှားရင် အကုန်ပြန်သွင်းရတော့ ပင်ပန်းတယ်။
တချို့အမှားတွေလည်း လွှတ်လိုက်ရတာရှိတယ်"လို့ ခင်မောင်တိုးက ဆိုပါတယ်။
ခင်မောင်တိုးက ၀ိုင်းရဲ့ဆည်းဆာ
တေးစီးရီးနဲ့ပရိသတ် အသိအမှတ် ပြုမှုကိုရရှိခဲ့ပြီး မဟာဆန်သူ တေးစီး ရီးမှာတော့
အောင်မြင်မှုပိုမိုခိုင်မာခဲ့ သူဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တာ ကို လွတ်လပ်စွာ
လုပ်ပိုင်ခွင့်ရှိဖို့ကိုယ် ပိုင်သံစဉ်လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုလာသူ
ခင်မောင်တိုးပြောပြတဲ့သူ့ဘ၀ခရီးနဲ့ လမ်းမှား၊ လမ်းမှန် လျှောက်လှမ်းနိုင်မှု
ဆိုတာကတော့. .
"ဖြတ်သန်းခဲ့ခရီးကို ပြန်သုံးသပ်ရင်
တက္ကသိုလ်ပြီးတဲ့နောက်ပိုင်း တစ်လျှောက်လုံးက ဂီတကိုနံပါတ် တစ်ထားတာဖြစ်တဲ့အတွက်
ကျန်တဲ့ဖြတ်သန်းမှုက သမားရိုးကျပါပဲ။ ဂီတနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ်
ပြုပြင်ပြောင်းလဲလာခဲ့တာ သက်တမ်း တစ်လျှောက်လုံး မှားတယ်လို့ မတွက်မိဘူး။
တစ်ခုလုပ်လိုက်တိုင်း အတွေ့အကြုံတွေ အများကြီးရတယ်။ အဲဒါတွေကို
အခြေခံပြီးပုံစံသစ်တွေနဲ့ သင်ယူရတဲ့သဘော ရှိပါတယ်။ ကျွန်တော့်အမြင်က
ဂီတကြောင့်လူတွေဟာ လောကအမြင်မှန်နဲ့ နီးစပ်တယ်လို့ထင်တယ်။ ကျွန်တော်ဘဝ
ဖြတ်သန်းချင်တဲ့ပုံစံက မြတ်စွာဘုရား ဟောကြားသလိုလူတွေက မွေးပြီး သေသွားမယ့်သူတွေ
ဖြစ်ပေမယ့် ကြားထဲမှာ သံသရာဆိုတာရှိတယ်။ ဒီဘ၀လုပ်နေတဲ့ အလုပ်တွေအကုန်လုံးက
သံသရာတစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ်ဆိုတော့
ရိုးရိုးသားသားနေလို့ရတဲ့ ဂီတအလုပ်က ကျွန်တော့်ဘ၀အတွက် အင်မတန်သင့်တော်ပါ တယ်" လို့
သုံးသပ်ပြောပြခဲ့ပါတယ်။
ပထမဆုံးတေးစီးရီး မဖြန့်ချိခင်မှာ
ဒေါ်ဝေေ၀ခိုင်နဲ့လက်ထပ်ခဲ့တဲ့ ခင်မောင်တိုးက လက်ရှိအချိန်မှာတော့ သားကြီးမင်းမင်းဦး၊
သားလတ် အောင်ပန်းဦးနဲ့ သမီးငယ် ဝေနှင်းခိုင်ဆိုတဲ့ သားသမီးသုံးဦးရဲ့ဖခင် အဖြစ်
တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်ပြီး ဂီတအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေတယ်ဆိုတာကို
ဖော်ပြရင်း ရပ်နားလိုက်ပါတယ်။
ချစ်ဦးညို
သင့်ဘ၀မဂ္ဂဇင်း၊ အမှတ် (၃)၊ ၁၉၉၇
'ကြိုးကြာသံ' ဟူသော သီချင်းခေါင်းစီး အမည်ကို
တွေ့လိုက်သောအခါ 'ကြိုးကြာကရ၀ိတ်၊ တောလုံးတိတ်မျှ၊ ညိတ်ညိတ်တွန်ထူး' ဆိုသည့်၊
ရှေးခေတ်စာဆိုတဦး၏ အဖွဲ့အရ၊ ကြိုးကြာငှက်၏ သာယာသော အသံနှင့်အတူ ကြိုးကြာဖိုမတို့၏
ရာသက်ပန် သစ္စာတိုင်အချစ်ကို ကြားရတော့မည်ဟု ထင်ခဲ့မိ၏။ မဟုတ်ပါ။
ကိုမောင်မောင် နှင့် ခင်မောင်တိုးတို့သည်
ကြိုးကြာ၏အလှကို အသံတွင်မရှာ၊ အသံတွင် မယူဘဲ 'ပျံသန်းမှု' ဖြင့် ရေးဖွဲ့
သီဆိုလိုက်ကြပါသည်။
'မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ်
ဖြတ်ပျံရင်း......'
ခင်မောင်တိုးသည် သူ၏ ချိုသော ပင်ကိုယ်သံကို
အကွန့်အမြူး၊ အလူးအလွန့် မလုပ်ဘဲ (အသံပရိယာယ် တန်ဆာမဆင်ဘဲ) ရိုးရိုး အေးအေးလေးဖြင့်
စဖွင့်လိုက်၏။ ကျွန်တော့် အာရုံထဲတွင် ညို့သော ကောင်းကင်ပြင်ကြီးတခုလုံး
ကြိုးကြာငှက်တို့၏ တောင်ပံများဖြင့် ဖွေးဖွေးဖြူသွားသည်။
' ဖြတ်ပျံရင်း.......' စာသားနောက်မှာ တယောသံ (ဟု
ကျွန်တော်ကြားသည်) တချက် လွန့်လူး ကပ်ပါလာသည်။ ကြိုးကြာတို့၏ အတောင်ပံ ခတ်သံလား...၊
လေစီးကြောင်း၏ ဆန့်ကျင် အော်မြည်သံ လား....။
' မြောက်ဖက်ကို ဦးတည်လှည့်ကာ
သားဖောက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်(ပျံ)လေပြီ.........'
သီချင်းစာအုပ်များ၌ (ပြန်လေပြီ) ဟူ၍ (ပြန်)
စာလုံးကို သုံးပြထားပါသည်။ သီချင်းနားထောင် ရသူ အဖို့မှာမူ ပြန် (Return) ရော၊ ပျံ
(Fly) နှစ်မျိုးစလုံး ခံစားရ၏။
မြောက်ဖက်......ဘယ်အထိနည်း.....။ သားဖောက်ရာ
အရပ်ဆီ....... မိုင်ပေါင်းထောင်ချီ ပျံသန်း ကြလေကုန်သည်တဲ့။ တယောသံလေးက '
ပြန်လေပြီ' စာသားနောက်မှာ ကပ်ပါလာပြန်သည်။
'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ
ခရီးစဉ်'
ပထမပိုဒ် ဤတွင် ပြီးထားပါသည်။ တေးသွား၊ စာသား၊
ခင်မောင်တိုး၏ဆိုဟန် တို့နှင့်အတူ ကျွန်တော် မိုင်ထောင်ချီခရီးစဉ်ထဲသို့ လိုက်ပါ
ပျံသန်း သွားခဲ့သည်။ (ကျွန်တော် ကြိုးကြာငှက်တကောင် ဖြစ်သွားသည်။)
ဒုတိယအပိုဒ်တွင်-
' မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန်
ရွေးချယ်ခြင်း..........'
အတူလိုက်ပါ ပျံသန်းရင်းမှ
(ကြိုးကြာငှက်တကောင်ဖြစ်နေရင်းမှ) ကျွန်တော်သည် သီချင်း နားထောင်သူ အဖြစ်ကိုပါ
ရရှိနေပြန်၏။ ပထမအပိုဒ်နှင့် သံစဉ်တူ ဤ 'မျိုးဆက်ရဲ့  အားမာန်တခုပါ' ဒုတိယပိုဒ်သည်
ပျံသန်းခြင်း ခရီးစဉ်နှင့်အတူ ပျံသန်းခြင်းသေနင်္ဂဗျူဟာနှင့် ပျံသန်းခြင်း သဘောတရား
တခုကို ဖော်ထုတ်လာသည်။
' လမ်းကြောင်းမှန် ရွေးချယ်ခြင်း'
လေစီးကြောင်း၊ တူရူပျံသန်းရမည့်ဒေသ၊ မနားမနေ
လှုပ်ရှားနေရသည့် တောင်ပံများ၊ ဟိုး အောက်ဖက်တွင် တောင်တန်းများ၊ သစ်တောများ၊
ပင်လယ်သမုဒ္ဒရာများ၊ မြက်ခင်းပြင်များ၊ လွင်တီး ခေါင် ကန္တာရများ။
' ........အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ
ပျံနေရင်း........'
တယောသံလေး ၀င်လာပြန်ပြီ။
'....ကြိုးကြာငှက်တချို့လေ ချီလာစဉ်
ကျန်ရစ်ပြီ......'
အထောင်အသောင်း အုပ်စုကြီးထဲမှ အချို့
ကြိုးကြာတို့၏ တောင်ပံများသည် စွင့်စွင့်ကားကား ထက်အောက်လှုပ်ရှား နေရာမှ
ယွင်းပြိုသွားကြသည်။ ပျံသန်းမှုပုံစံ ပျက်သွားသည်။ ထို့နောက်.....
သူတို့ သမုဒ္ဒရာထဲသို့၊ တောင်တန်း
တောအုပ်များထဲသို့ ထိုးစိုက် ကျဆင်းသွားကြ၏။ တကောင်......၊ နောက်တကောင်.....၊
နောက်တကောင်.... အများနည်းတူ သက်လုံ မကောင်းကြ ရှာသူ တွေ၊ ကျန်ရစ်ပြီ။
သက်လုံကောင်းသော ကြိုးကြာတွေကတော့ ဆက်၍ ပျံဆဲ ပျံမြဲ။
xxxx xxxx xxxx xxxx xxxx
သံစဉ်တူသော ပထမပိုဒ် နှင့် ဒုတိယပိုဒ်တို့ကို
နားထောင်နေရင်း၊ ရင်ထဲမှာ ကြေကွဲလာသည်။ ပထမပိုဒ်ကို နားထောင်စဉ်က ရရှိသော
ခံစားမှုသည် သံစဉ်တူ ဒုတိယပိုဒ် အဆုံးတွင် ပြောင်းလဲ သွား၏။ ကျန်ရစ်ခဲ့သော
ကြိုးကြာတို့ကို ပျံသန်းဆဲ ပျံမြဲ ကြိုးကြာတို့ ကယ်တင်မနေအားနိုင်ကြ။ မိမိတို့၏
တောင်ပံများကို တချက်ကလေးမှ မနား၊ လှုပ်ရှားပေးနေကြရသည်။
'သက်လုံမကောင်းသူတို့' ကျန်ရစ်ခဲ့ ကြပေတော့ကွယ်။
ဆက်ပျံသော ကြိုးကြာတို့၏ အတောင် ပံ အောက်က နှလုံးသားထဲတွင် ကျန်ရစ်သူတို့အတွက်
ကြေကွဲစွာ နှုတ်ဆက်ခြင်းဖြင့်ပင် မလျော့နိုင် သော အားမာန်ကို
အစားဖြည့်လိုက်ကြရ၏။
ကိုမောင်မောင် နှင့် ခင်မောင်တိုး တို့သည်
ကြိုးကြာငှက်တို့၏ ပျံသန်းမှုခရီးစဉ်ကို ဤမျှဖြင့် ရပ်နားပြီးဆုံး မထားအပ်ကြောင်း
ကောင်းစွာသိကြသော အနုပညာရှင်များ ဖြစ်ကြပါသည်။
ကျန်ရစ်ခဲ့သော ကြိုးကြာငှက်တို့အတွက် ကြေကွဲရသည့်
ကျွန်တော့်ကို chorus ပိုဒ်ဖြင့် ပုတ်နှိုး သတိပေးပါသည်။
'ဆုံးဖြတ်ချက် တခုကျမယ့်
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.... ဟန်နိုင်မှ'
ဒရမ်ချက် (Drum beat) ပြောင်းသွားသည်။
'ဆုံးဖြတ်ချက်တခုကျမယ့်' နှင့် 'ရှိသင့်တဲ့အားနဲ့ မာန်' တို့သည် စကားလုံး
အရေအတွက်ချင်း မတူကြပါ။ (တခုက ခုနှစ်လုံး၊ တခုက ခြောက်လုံး) သို့သော် အချက်ချင်း
အတူတူ ဖြစ်သည်။ ခြောက်ခါ။
ထိုခြောက်ခါ၊ ခြောက်နေရာစလုံးမှာ ဒရမ်က
ခြောက်ချက်တိုင်တိုင် ၀င်ပေးသည်။ ဂီတဗေဒ အရ ဒါကို ဘာခေါ်သလဲ ကျွန်တော်မသိပါ။
စကားလုံးတိုင်းမှာ ဒရမ်တချက်ဖြင့် ခြောက်လုံးခြောက်ခါ ခြောက်နေရာစလုံး 'ထပ်'
ပေးလိုက်ခြင်းသည် သောတ အာရုံမှ သောကဒယကို နိုးနိုးကြားကြား ဖြစ်အောင် လှုံ့ 
ဆော်ရာရောက်သည်။ ခံစားမှုအားဖြင့်ဆိုလျင် ကျန်ရစ်ခဲ့သော ကြိုးကြာတို့အတွက်
ကြေကွဲမှုသည် လျော့ပါးသက်သာသွားကာ တက်ကြွသော ဝေဒနာဖြင့်သို့
ကူးပြောင်းသွားလေသည်။
Chorus အပိုဒ် အဆုံးတွင် 'ဟန်နိုင်မှ' သည်
အင်အားကြီးသော အရှိန်တခုကို ထုတ်လွှင့်ပေး လိုက်သည်။ 'မှ' တွင် အသံ တက်ထားသည်။
ပြန်မချ။ Bb7 အသံ အတိုင်းထားသည်။ တချိန်လုံး ချိုမြအေးဆေးစွာ သီဆိုခဲ့သော
ခင်မောင်တိုးသည်လည်း 'ဟန်နိုင်မှ' တွင်၊ အသံပေါက်ရော၊ လေပါ အားထည့် လိုက်သည်။
ဒီအချိန်မှာ ကြိုးကြာငှက်တို့ကလည်း ရိုးမ၏
အမြင့်ဆုံးကို ဖြတ်ကျော်နေကြပြီ။
xxxx xxxx xxxx xxxx
'ရိုးမပေါ် ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်း ၀င်ရောက်လာ ပြီးရင်
အားစိုက် မျှောလိုက်နဲ့
မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ'
တတိယအပိုဒ်သည်လည်း ပထမ၊ ဒုတိယပိုဒ်များနှင့်
သံစဉ်တူပင် ဖြစ်သည်။ သို့သော် အရသာချင်း မတူတော့ပါ။ စာသား အပြောင်းအလဲကြောင့်
ဖြစ်မည်။ Chorus အပိုဒ်ခုခံပြီးတာကြောင့် လည်းဖြစ်မည်။
'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ
ခရီးစဉ်.........'
ဤ အချပိုဒ်ပြီးလျှင် 'ဆုံးဖြတ်ချက်တခုကျမယ့်'
အဆိုပြန်ဝင်ပြီး အတီးပိုဒ်ဝင်သည်။ တီးပိုဒ်က အဆိုစာသားပိုဒ် သံစဉ်အတိုင်း
လိုက်လျောသော တီးပိုဒ် မဟုတ်ပါ။ တေးရေး ကိုမောင်မောင် အနေဖြင့် ဤနေရာမှာ
တီးပိုဒ်ကို ဘယ်လို ရည်ရွယ်ချက်နှင့် ထည့်သလဲတော့ ကျွန်တော် မသိနိုင်ပါ။ သို့သော်
ကျွန်တော့် အဖို့မူ အလွန်အဆင်ပြေသော တီးပိုဒ် နေရာချထားမှုဟု မြင်သည်။
'ရှိသင့်သော အားမာန်' တို့နှင့် ဟန်ချက်ညီအောင်
ထိမ်းသိမ်းထားရင်း၊ ကြိုးကြာတို့ ဆက်ပျံ နေကြသည့် ခရီးကာလ အပိုင်းအခြားတခုကို
တီးပိုဒ်က နိမိတ်ဆောင်ပြသည်ဟု ကျွန်တော် ခံစား ရသည်။
တီးပိုဒ်ပြီးတော့ တတိယပိုဒ် 'ရိုးမအပေါ်
ဖြတ်ကျော်လွှားချိန်' ပြန်ဆိုသည်။ အဆိုထဲမှာ တယောသံ(?) က လူးလှိမ့်၍ ၀င်သည်။
ထို့နောက် ' ဆုံးဖြတ်ချက်တခု ကျမယ့်' ကိုးရပ်စ် ဆက်ဆို သည်။ 'ဟန်နိုင်မှ' စာသားကို
အဆိုဖြင့် တင်ထားခဲ့သည်။ အီးဖလက်၊ စီမိုင်နာ၊ ဘီဖလက်၊ စီမိုင်နာ ကော့ဒ်များဖြင့်
ဖွဲ့စည်းသော အတီးသံက တစတစ မှိန်ပျောက်(Fade Out) ဖြင့် ဆုံးသွားသည်။
ကြိုးကြာတို့ ရိုးမပေါ် ဖြတ်ကျော်သွားကြပြီ။
ဟိုး..... မိုးကုပ်စက်ဝိုင်းဆီတွင် တစတစ ဝေးသွားသော ကြိုးကြာတို့ကို ကျွန်တော်
မျက်စိတဆုံး မြင်နေရသည်။ အဖြူရောင် ကောင်းကင်ကြီး တဖြည်းဖြည်း သေးငယ်သွားသည်။
သူတို့ ဆက်ပျံသွားကြပြီ။
===================
ငှက်တို့သည် 'ဟူလို' အမည်ရှိသော ယင်းတို့၏
ခေါင်းဆောင်ကြီးအား "အသင်ခေါင်း ဆောင်ကြီး ငါတို့အား ဘုန်းတန်ခိုးကြီးတော်မူသော
အရှင်သခင် ငှက်ဘုရင် 'စီမောင်တော်' ထံသို့ ခေါ်ဆောင် ပေးလော့" ဟု
တောင်းပန်တိုးလျှိးကြကုန်၏။ ငှက်ခေါင်းဆောင် 'ဟူလို' ကလည်း ငှက်အပေါင်းအား
ယင်းတို့ ချီတက်ဖြတ်သန်းရမည့် ခရီးကန္တာရ၏ ဒုက္ခဆင်းရဲ အထွေထွေ၊ ကြောက် မက်ဖွယ်
အပြားပြားတို့ကို ရှည်လျားစွာ ရှင်းလင်းဖော်ပြ၏။ ပျံသန်းကျော်လွန်ရမည့် ခုနှစ်ဆင့်၊
ခုနှစ်တန်သော ချိုင့်ဝှမ်းကြီးများ အကြောင်းကို 'ဟူလို' သည် ဥပမာအမြောက်အများ၊
ဆင်ခြင် သုံးသပ်ဖွယ် အပြားပြားနှင့် ရောပေါင်းယှက်ထွေ ဆာဆာဝေေ၀ ပြောပြလေသည်။
ငှက်တို့ ပျံသန်းကျော်လွန်ရမည့်
ချိုင့်ဝှမ်းအစဉ်သည်ကား-
ပထမ- ရှာဖွေခြင်းချိုင့်ဝှမ်း
ဒုတိယ- ချစ်ခြင်းချိုင့်ဝှမ်း
တတိယ- နားလည်ခြင်းချိုင့်ဝှမ်း
စတုတ္ထ- လွတ်လပ်ခြင်းနှင့် အတွယ်လွတ်ခြင်း
ချိုင့်ဝှမ်း
ပဉ္စမ-သန့်စင်စွာ တပေါင်းတစည်းတည်း ဖြစ်ခြင်း
ချိုင့်ဝှမ်း
ဆဌမ- အံ့သြခြင်း ချိုင့်ဝှမ်း
သတ္တမ- ပစ္စည်းဥစ္စာဆင်းရဲခြင်းနှင့်
ပလာဟင်းဖြစ်ခြင်း ချိုင့်ဝှမ်းတို့ ပေတည်း။
[၁၃ ရာစု စာဆို Fard Aladin Attar ၏ The
Conference of the Birds ပျို့ ကြီးမှ]
ဘသန်း(ဓမ္မိက) မြန်မာပြန်သော ယောနသံစင်ရော်
(သတ္တမအကြိမ်ထုတ်) စာအုပ် နောက်ပိုင်းတွင် ဒဿနပုံဆောင်ဝတ္ထု ၃ပုဒ်ပါရှိခဲ့ရာ အထက်ပါ
ဖရာစီ စာဆို ဖရ်ဒ် အာလာဒင် အတ္တား၏ (ငှက်ညီလာခံ) သည် တပုဒ် အပါအ၀င် ဖြစ်၏။
ဒဿနပုံဆောင် ၀တ္ထုသဖွယ်ဖြစ်သော ထိုပျို့ကြီး၌ အထောင်အသောင်းသော ငှက်တို့သည်
သမုဒ္ဒရာများ၊ တောင်တန်းများ၊ ကန္တာရများကို ပျံသန်းကျော် ဖြတ်ခဲ့ကြရာ နောက်ဆုံး
ငှက်သုံးကျိပ်သာလျင် ခရီးပန်းတိုင်အဆုံးသို့ ရောက်ခဲ့ကြသည်ဟု ဆိုပါသည်။
ကိုမောင်မောင်နှင့် ခင်မောင်တိုး၏ ' ကြိုးကြာသံ '
ကို နားထောင်တိုင်း ကျွန်တော်သည် ဖရ်ဒ် အာလာဒင်အတ္တား၏ ငှက်ညီလာခံပျို့ကြီးမှ ထို
ဇာတ်ကွက်ကို အောက်မေ့ဆင်ခြင် နေမိပါသည်။
သီချင်းရေးဆရာနှင့် သီးချင်းသီဆိုသူ အယူအဆနှင့်
လေ့ကျင့်မှုကို ကျွန်တော် ဂုဏ်ပြုပါသည်။ ဒါပေမယ့် ခင်မောင်တိုးရဲ့ ကြိုးကြာလေးကို
ကျွန်တော် ပိုမို လေးစားချစ်ခင်နေသည်။
ဘာကြောင့်လည်းဆိုတော့ သူက ကြိုးကြာဌက်
ဖြစ်နေလို့ပင်။
ဂါရ၀ပြုဦးညွှတ်လိုက်ပါသည်...သီးချင်းတွေ ထဲ
ကခံစားမှုရသ...အားမာန်တွေ ပေးခဲ့ တြ့ အသိသညာတွေ ပေးခဲ့ သော ဦးခင်မောင်တိုး
(အဆိုတော်ခင်မောင်တိုး)..ကောင်းရာသုဂတိလားပါစေ
လေးစားသော
ရွှေအိမ်စည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။