လတ်တလော ကာရိုက်တာတွေ မျိုးစုံ သရုပ်ဆောင်ပြီး ပရိသတ် ကြိုက်တဲ့ သဘာဝ
မင်းသားလို့ တင်စားခြင်း ခံနေရတဲ့နေမင်းကို အောင်မြင်ခြင်း ဆိုတာနဲ့ပတ်သက် ပြီးမေးမြန်းဖြစ်ခဲ့တာ က ကျွန်တော် အောင်မြင်မှုဆိုတာနဲ့ ကြည်နူးမှုကို ဘယ်တုန်းကမှ မတိုင်းတာခဲ့ဖူးဘူး။ အခုအထိလည်း မတိုင်းတာပါဘူး။ သေတဲ့အထိ တောင်အကြီးမားဆုံး အောင်မြင်မှုလို့ သတ်မှတ်လို့မရဘူး။
တစ်ခါတလေ သူများတွေပျော်နေ တဲ့အရာကိုတောင် ကျွန်တော်ပျင်း နေတတ်တာမျိုးတွေ လည်းရှိတယ်။ သူများတွေ ပျင်းနေတဲ့ အချိန်မှာ ကျွန်တော်ပျော်နေတာ မျိုးလည်းရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ခံစားမှုရေချိန်ကို ကျွန်တော် မတိုင်းတာတတ်ဘူး။ ကား ရိုက်ရင်လည်း ကာရိုက်တာတိုင်းက ကျွန်တော်အမြဲတမ်း နေမင်းဖြစ် နေလို့မရပါဘူး။ တစ်ခါတလေ အပြင်မှာ တွေ့ရင်ကျွန်တော့်ကို ဂျက်မကားထဲက ဇာတ်ကောင် နာမည်ကို ခေါ်ကြတော့ ကျွန်တော် တောင်နည်းနည်း ကြောင်သွား တယ်။ အဲဒီလိုခေါ်လိုက်တဲ့ အချိန်မှာ ပရိသတ်က ကျွန်တော့်ကြိုးစားမှုကို အသိအမှတ်ပြုတယ် လို့လည်းထင်တယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။