Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 12, 2012

စိတ်စင်ကြယ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ

by Thatoe Thuzaraung on Sunday, November 11, 2012 at 4:50am


လွတ်တော်ထဲကသတင်းတွေ အမြဲမပြတ်နားစွင့်နေရင်းအရာရာကိုအချိန်နဲ့ကိုက်စွာ ပြုလုပ်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ အဆိုတင်သွင်းမလည်း၊ မည်သည့်အဆိုကိုတင်သွင်းမလဲဆိုသည်ကိုအမြဲသိချင်ခဲ့ပါသည်။ယနေ့တွင် မြန်မာ့ပညာရေးစနစ်နဲ့ ပတ်သက်၍ပညာရေးအဆင့်မြင့်တင်ရေး အဆိုတစ်ရပ်ကိုတင်သွင်းလိုက်ပါသည်။
အများမျှော်လင့်ထားသလိုပင် ဒေါ်အောင်ဆန်းစုကြည်၏အဆိုမှာ ထောက်ခံမဲမြောက်များစွာဖြင့် အနိုင်ရရှိသွားပါသည်။ယခုအဆိုမှာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် သွားနေသော မြန်မာနိုင်ငံပြည်သူ့လွှတ်တော်ကြီးမှာ နောင်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ အဆိုတင်သွင်းခြင်းများ၊ မဲခွဲရွေးချယ်မူ့များ ပြုလုပ်ကြပေလိမ့်မည်။


ဤနေရာတွင် ထောက်ပြလိုသည်မှာပညာရေးမြင့်တင်ရေးအဆိုပြုချက်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၆ ဦးရှိထဲမှ ကန့်ကွက်မဲ ၆၄ မဲကိစ္စပင်ဖြစ်သည်။ကန့်ကွက်မဲ နှင့် ကြားနေမဲပေါင်းလျှင် ၂၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုပါသည်။

ယခုတင်ပြမည့်အချက်များသည် ကန့်ကွက်မဲ နှင့် ကြားနေမဲ ထည့်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တော်ကြီးများဖတ်ရန် အဓိကရည်ရွယ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်အများစုသည်တစ်ပါတီစနစ်အောက်တွင် ကြီးပြင်းခဲ့ကြသူများပင် ဖြစ်သည်။
ကျွန်ုပ်တို့တစ်သက်တာတွင် ဆရာဗဟိုပြုပညာရေးစနစ်ဖြင့် သာကျင်လည်ခဲ့ကြရပါသည်။ ရာထူးမြှင့် အစိုးရ၀န်ထမ်းများ၊ ငွေကြေး နှင့် ပါဝါရှိသော မိသားစုမှ ပေါက်ဖွားလာသောသားသမီးများသာ နိုင်ငံရပ်ခြားကိုသွားသင်နိုင်ပြီး အဆိုပါ ပုဂ္ဂိုလ်များသာလျှင် နိုင်ငံတစ်ကာ အတွေ့အကြုံများမှတစ်ဆင့် ကျောင်းသားဗဟိုပြုပညာရေးစနစ်ကိုနားလည်ခွင့်ရခဲ့ကြသည်။

ဤသည်မှာလည်းလူဦးရေသန်းခြောက်ဆယ်နီးပါးရှိသော မြန်မာနိုင်ငံသားတို့ထဲမှ ၁ ရာခိုင်နှုန်းခန့်သာ ရှိပါလိမ့်မည်။ စနစ်သစ်ကောင်းနှင့်ပညာသင်ခွင့်ရရှိသော အဆိုပါရာခိုင်နှုန်းအနည်းအကျဉ်းထဲတွင် အဆိုပါ ကန့်ကွက်သူ နှင့် ကြားနေသူ လွှတ်တော်ကိုယ်စားလှယ် အများစုပါခွင့်ရရှိခဲ့မည်ဟုမထင်ပါ။
အကယ်၍ ပါဝင်ခွင့်ရရှိခဲ့သည်ဆိုပါက မိမိတို့ ၏ အသိပညာများကို ဖြန့်ဝေရမည့်အစား ကန့်ကွက်နေသည်ဆိုလျှင်
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းပြည်တွင် ပညာတက်လူငယ်များပေါ်ထွန်းလာမည်ကို မလိုလားသူများသာလျှင် ဖြစ်သည်ဟုသာ သုံးသပ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးသမားများဖြစ်ကြသည်။ နိုင်ငံရေးသမားဟူသည် နိုင်ငံနှင့်လူမျိုး၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်မည့်သူများဟုယေဘုယျ ဆိုထားသည်။ အဆိုပါ ပုဂ္ဂိုလ်များသည် အမှန်တကယ်တိုင်းပြည် နှင့် လူမျိုးကိုကာကွယ်စောင့်ရှောက်သည်မဟုတ်ပါက မိမိနှင့်မထိုက်တန်သောနေရာပင်ဖြစ်ပေလိမ့်မည်။
ပညာရေးမြှင့်တင့်ရေးအဆိုကိုဒေါ်အောင်ဆန်းစုကြည် တင်သွင်းသည်ဖြစ်စေ၊ အခြားမည်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးတင်သွင်းသည်ဖြစ်စေ၊ အဆိုပါ အဆိုကိုထောက်ခံမှု့မှာတိုင်းပြည် ၏ အနာဂတ်အတွက် အလွန်အရေးကြီးသည်ဆိုသည်မှာလွှတ်တော်ရှိ နိုင်ငံရေးနားလည်နေပြီဖြစ်သောကိုယ်စားလှယ်များကို မိချောင်းမင်းရေကင်းပြရန် လိုမည် မထင်ပါ။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောအဆိုပါ အဆိုပြုချက်များသည် ၁၀၀ ရာခိုင်နှုန်းထောက်ခံမူ့ဆိုသည်သာ ဖြစ်သင့်သည် မဟုတ်ပါလော။

သို့ဆိုလျှင် အဆိုပါကန့်ကွက်မဲနှင့် ကြားနေမဲများကို သင်တို့သည် မည်သည့်စိတ်နေသဘောထားဖြင့် ပေးပါသနည်း။
ပညာတက်မျိုးဆက်သစ်များသည် သင်တို့ ၏ ရန်သူများဖြစ်လာလိမ့်မည်ဟုသင်တို့ သတ်မှတ်ပါသလား။

အထူးသတိချပ်မိစေလိုသည်မှာထိုမျိုးဆက်သစ်များ ကြီးပြင်းလာသည့်အချိန်တွင် သင်တို့ရော၊ စာရေးသူပါ အသက်ထင်ရှားရှိလိမ့်မည် မဟုတ်ချေ။ ရှိနေခဲ့လျှင်လည်းဇရာ ၏ ပြယုာဂ်များ နှင့် အသိ နှင့် သတိမလွတ်အောင် ကြိုးပမ်းနေရချိန်သာ ဖြစ်ပါလိမ့်မည်။

ယနေ့ခေတ်အချိန်အခါတွင် မိမိ၏လွှတ်တော်ကိုယ်စားလှယ် နေရာကို တည်မြဲကြာရှည်စွာတည်ရှိရေးမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ ပြည်သူလူထုအပေါ်တွင်ထားရှိ သော စိတ်ထားပေါ်တွင်သာ မူတည်လိမ့်မည်ဟုသာ ယုံကြည်ထားသည်။

တိုင်းပြည် နှင့် လူမျိုးတစ်ခုလုံးနှင့် သက်ဆိုင်သောအဆိုတင်သွင်းသူမည်သူမဆိုကို ကိုးကွယ်သည့်ဘာသာမရွေး၊တောင်တန်း ပြည်မမရွေးပဲ ပါတီစွဲမထားပဲ ထောက်ခံမှသာ နှစ်ပေါင်းငါးဆယ်ကျော် နောက်ကျနေသော၊ ယိုယွင်းနေသော အမိမြန်မာနိုင်ငံတော်ကြီးရှေ့သို့ တိုးနိုင်မည်ကိုသတိပြုစေလိုပါသည်။

“ကျောင်းတံခါးတစ်ချပ်ဖွင့်ခြင်းသည် အကျဉ်းထောင်တံခါးတစ်ချပ်ပိတ်ခြင်းနှင့် ညီမျှသည်” ဆိုသည့် ဆိုရိုးစကားရှိပါသည်။

အဆိုပါ ကောင်းမွန် မှန်ကန်သောပညာရေးစနစ်သစ်ကိုသင်တို့ ၏ ဆွေမျိုးသားမြေးသားသမီးများ အပါအ၀င် စစ်ဘေးဒုက္ခခံနေရရှာသောခလေးငယ်များခံစားကြပါစေ။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှ ရေကိုသောက်ကြသူများပီပီ မြန်မာပြည်သူပြည်သားများအတွက် စိတ်ကောင်းစေတနာကောင်းထားနိုင်ကြပါစေ။
စင်ကြယ်သောစိတ်ဓါတ်များကိုမွေးမြူနိုင်ပြီးသမိုင်းတွင် အမည်ကောင်းများတင်ရစ်သူများ ဖြစ်နိုင်ကြပါစေဟုမုဒိတာအပြည့်ဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါ၏။

ယနေ့ အဆိုပြုချက်တစ်ခုအားမူတည်၍ သုံးသပ်မိသည်မှာ ခေတ်ဟောင်းအငွေ့အသက်များ ရှိနေသေးသော ပြည်သူ့လွှတ်တော်ကြီးတွင် နောင် ရွေးကောက်ပွဲ ၂၀၁၅ ခုနှစ်တွင် မိမိအတ္တကိုချိုးနှိမ်သော ပြည်သူအတွက် အမှန်တကယ်အကျိုးပြုသော ပြည်သူ့ကိုယ်စားလှယ်များ နေရာ ရရှိနိုင်ရန် ပြည်သူအားလုံးတွင် တာဝန်ရှိသည်ဟု ယူဆရင်း နိဂုံးချုပ်ပါသည်။

သတိုးသူဇာအောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။