အနုပညာရှင်တွေရဲ့ ခံစားမှု တွေကို ပရိသတ်က ထပ်တူခံစား ချင်ကြတာသဘာဝပါပဲ။
ဒါပေမယ့် အနုပညာရှင်တွေလည်း ဝါသနာ အလျှောက် မီးဖိုဆောင်ဝင်ပြီးချက် ကြပြုတ်ကြ ကြော်ကြလှော်ကြနဲ့ အလုပ်ရှုပ် တတ်ကြတယ်။ သူတို့ရဲ့ ဟင်းချက်တဲ့ အရသာကိုတော့ ပရိသတ်တွေ မြည်းစမ်းကြည့်ခွင့်မရ နိုင်ပါဘူး။ ဒါပေမယ့် အရသာတွေ့ စရာ ဟင်းလျာတွေကို ဘယ်လိုစီမံ ပုံဖော်သလဲဆိုတာ သိရဖို့ ဒီကဏ္ဍ လေးကို တင်ဆက်လိုက်ရပါတယ်။ မိုင်လေးက အစားအသောက် ကြေးမများဘူး။ ဘာပဲဖြစ်ဖြစ် စားလိုက် တာပဲ။ ဒါပေမဲ့ မိုင်လေးက ဆိုင် ထမင်းဟင်းထက်၊ အိမ်ထမင်းဟင်း ကိုပိုကြိုက်တယ်။ မေမေချက်ကျွေး တဲ့ ထမင်းဟင်းကို စားရတာ မိုင် လေးအရမ်းကံကောင်းတယ်။ မေမေ က ထမင်းဟင်းချက်တာကောင်း တယ်လေ။
ဒီနေ့ မိုင်လေး recording သွင်းဖို့လည်းမရှိဘူး။ ရှုတင်လည်း မရှိဘူးဆိုတော့ ဘယ်အချိန် စားစား မိုင်လေး အရမ်းကြိုက်တဲ့ အမြဲခံတွင်းတွေ့တဲ့ကြက်သားအာ လူးဆီပြန်ဟင်းကိုချက်ထားတယ်။ အဲဒီဟင်းက ချက်ရတာလည်း မခဲယဉ်းဘူး။ ပါဝင်တဲ့အမယ်တွေ လည်းမများဘူး။ မီးဖိုချောင်မှာ သုံးရတဲ့ ပစ္စည်းတွေပဲ အရင်ဆုံးကြက် သားကို ကိုယ်လိုချင်တဲ့အရွယ်အစား လေးတွေတုံးပြီး ရေ၊ ဆားနဲ့ သေချာ ပွတ်တိုက်ဆေးရမယ်။ ဟင်းခပ်မှုန့်၊ ဆား၊ ကြာညို့နဲ့နှယ်ပြီး ခဏနှပ် ထားလိုက်၊ ပြီးရင် ကြက်သွန်ဖြူ၊ နီနဲ့ ချင်းကိုရောထောင်းပြီး ဆီသတ်၊ ဟင်းဆိုတာ အရောင်လေးလှမှ စားချင်စိတ်ပိုဖြစ်တာဆိုတော့ အရောင်လှအောင် ငရုတ်သီး အပွ အနီကိုကြော်၊ အဲဒါပြီးရင် ကြက်သား ထည့်လုံးပြီးရေနွေးနည်းနည်းထည့် အုပ်ထား၊ နောက်ကြက်သား လေးတွေနူးပြီဆိုတော့မှအခွံသင်ပြီး ဆားဟင်းခပ်မှုန့်နဲ့ နယ်ထားတဲ့ အာ လူးကို ထည့်လိုက်၊ ခဏကြာရင် အရမ်းစားလို့ကောင်းတဲ့ ကြက်သား အာလူးဆီပြန်ဟင်းတစ်ခွက်ကို စိတ် ကြိုက်သုံးဆောင်လို့ရပြီပေါ့။ ဘယ် သူမဆို အစားအသောက်ကောင်း တွေစားရင် ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်တယ်နော်။ အခု ပရိ သတ်ကြီးလည်း မိုင်လေးနဲ့အတူ လာစားပါဦးလား။ ပရိသတ်ကြီး တော့မသိဘူး။ မိုင်လေးက အစပ် အရမ်းကြိုက်တယ်။ တချို့အဆို တော်တွေက အစပ်ကိုရှောင်ကြပေ မယ့် မိုင်လေးက အစပ်ကို မရှောင် ဖြစ်ဘူး။ စားချင်တဲ့စိတ်ရှိရင်စား လိုက်တာပဲ။ မိုင်လေးအလုပ်နားတဲ့ အချိန်ကျရင် မိသားစုအတွက် မီးဖို ချောင်ကို ကိုယ်တိုင်ဝင်ပြီးချက်တတ် တယ်။ မိသားစုက မိုင်လေးချက်တဲ့ ဟင်းတွေကို အားရပါးရစားပြီး၊ ကောင်းတယ်လို့ ချီးကျူးတဲ့အသံ ကြားရင် ပင်ပန်းသမျှအားလုံးပြေ ပျောက်ပြီး အရမ်းဝမ်းသာမိတာ ပေါ့။ ဒါကြောင့် မိုင်လေးအားလပ် တဲ့ရက်မျိုးတွေဆိုရင် မိသားစု အတွက် ချက်ကျွေးတတ်တယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။