Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 14, 2012

လူငယ်များ၏လက်တွေ့ဘ၀နှင့် လွဲချော်ခဲ့ရသည့် ပြည်ပ ပညာရေး


"၂၀ဝ၈ ခုနှစ်တုန်းက စင်္ကာပူမှာ Marina Bay Sands နဲ့ Integrated Resorts တွေဖွင့်ဖို့ အလုပ်သမား သိန်းဂဏန်းလ
ိုတယ်လို့ စင်္ကာပူကပြောစဉ်က အေးဂျင့် တစ်ချို့က Hospitality Tourism တက်ရင် သေချာပေါက် အလုပ်ရမယ်။ ပြီးရင် Internship ဆင်းလို့ ရတော့ ကျောင်းလခလည်း ကာမိတယ် ဆိုလို့သွားခဲ့ တဲ့မြန်မာတွေ မနည်းဘူး။ နောက် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း လည်းဖြစ် aရာ အလုပ်လည်းမရ၊ Internship လည်းမဆင်းခဲ့ရ ဘဲ ပြန်လာရသူတွေ ရှိခဲ့ တယ်"ဟု ၂၀ဝ၉ခုနှစ်တုန်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော သူမ၏ကိုယ်တွေ့ တွေ့ကြုံခဲ့သည့်ဖြစ်စဉ်ကို ပြန်လည်ေ ပောပြခဲ့သည်။
ထိုအချိန်က ယင်းဘာသာရပ်တက်ရန် မြန်မာကျပ်ငွေသိန်း ၆၀နီးပါး အကုန် အကျခံခဲ့သူများမှာ စင်္ကာပူ၌ မည်သည့်အလုပ်အကိုင် မျှမရဘဲ ဘာသာရပ် ပြောင်းခဲ့ကြရသည်။ ယင်းကြောင့် မလိုလားအပ်သောငွေများနှင့် အချိန်များ ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်များ၏ ဘဝတစ်ဆစ်ချိုးအတွက် နစ်နာမှုများ စွာရှိခဲ့ကြသည်။ "ဩစတေးလျမှာ ဆေးကျောင်းတက်လို့ရတယ်ဆိုလို့ ငွေရှိပြီး ချမ်းသာတဲ့ ကလေးတစ်ချို့သွားကြတယ်။ စာသင်နှစ်ဝက်ကျမှ နိုင်ငံ တကာ ကျောင်းသားတွေကို Internship မပေးတော့ဘူးဆိုပြီး ဩစတေးလျအစိုးရက ကြေညာလိုက်တဲ့အခါ အဲဒီမှာရှိတဲ့ မြန်မာကလေးတွေ ဘွဲ့လည်းမရဘဲ ပြန်လာခဲ့ရတယ်။ လူငယ်တွေရဲ့အနာဂတ်ကို သတင်းအချက်အလက်အလွဲတွေနဲ့ ရိုက်ချိုးခဲ့တာပဲ"ဟု အိုင်ဂျီစီ အက်စ်အီး (သင်္ချာ) နည်းပြဆရာတစ်ဦး ကပြောပြခဲ့ပါသည်။
နိုင်ငံကြီးတွေမှာ ဗီဇာရဖို့ခက်လာပြန်တော့ သွယ်ဝိုက်သောနည်း နဲ့လုပ်စားလာပြန်တဲ့ သူတို့တွေ ယခုအခါ စင်္ကာပူရှိ ပုဂ္ဂလိကကျောင်းများမှ ဩစတေးလျ၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်စသောတက္ကသိုလ် များ၏ တိုက်ရိုက်ဘွဲ့ပေးခြင်း၊ ထိုကျောင်းများနှင့် ဆက်သွယ်ချိတ် ဆက်ထားသည်ဟုဆို ကာ ဈေးကွက်ရှာဖွေမှုများရှိလာကြသည်။ သို့ ရာတွင် မိမိသည် ထိုတက္ကသိုလ်ကြီးများသို့ ကူးပြောင်းတက်ရောက် မည်၊ မိမိလက်ရှိတက်နေသော ကျောင်းနှင့် ကူးပြောင်းမည့်ကျောင်း သည် အမှန်တကယ် ချိတ်ဆက်ထားခြင်းရှိ၊ မရှိအား သေချာစွာမေး မြန်းစုံစမ်းပြီးမှ ကူးပြောင်းသင့်သည်ကို စင်္ကာပူ Kaplan ၌ Accounting ဘာသာရပ်လေ့လာနေသူ အမျိုးသမီးက အကြံပြုပြောပြ ခဲ့ပါသည်။
"အခု အင်္ဂလန်၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်စတဲ့ နိုင်ငံကြီးတွေမှာရှိတဲ့တက္ကသိုလ်တွေကိုဝင်ဖို့ ဗီဇာအခက်အခဲတွေရှိ နေတယ်။ ဒီတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့ အရှေ့တောင် အာရှကတက္ကသိုလ်တွေ၊ ကောလိပ်ပညာရေးအဖွဲ့အစည်းတွေက ဒီကအေးဂျင့်တွေနဲ့ပူးပေါင်းတယ်။ ပြီးတော့ သူတို့တက္ကသိုလ်၊ ကောလိပ်တွေက နိုင်ငံကြီးတွေနဲ့ affiliation လုပ်ထာတယ်။ Worldwide recongnize လုပ်ထားတယ်လို့ပြောတယ်။ ဟိုမှာမရှိတဲ့ ဘာသာ တွေကို ဒီမှာရှိသယောက်ယောင်နဲ့ ဟိုကတိုက်ရိုက်ဘွဲ့ပေးတယ်ဆို ပြီး လိမ်တာတွေကတော့ ကိုယ့်မြန်မာအချင်းချင်း ကိုယ်ချင်းစာ တရား နည်းလွန်းရာကျပါတယ်"ဟု လန်ဒန် ဟိုတယ်ဘာသာရပ် သင်ရန်ရောက်ရှိနေသော မြန်မာအမျိုးသမီးတစ်ဦးကဆိုသည်။
ဘယ်သူ တာဝန်ယူမှာလဲ......
ပညာရေးသည် စင်စစ်အားဖြင့် ထုတ်ကုန်တစ်ခုရောင်းချရ ခြင်းမျိုးမဟုတ်ဘဲ အချိန်နှင့်ငွေကြေးများစွာ ရင်းနှီးထားကြရခြင်းကြောင့် မလျော်ကန်သော နည်းလမ်းများဖြင့် ပညာရေးအား ခုတုံးလုပ်ကာ စီးပွားရှာနေသူများသည် ကျင့်ဝတ်သိက္ခာနှင့် လျော်ကန်မှုမရှိကြောင်း ကို ပညာရေးတက္ကသိုလ်မှ အငြိမ်းစားတက္ကသိုလ် ပါမောက္ခတစ်ဦးက ထောက်ပြပြောဆိုခဲ့ပါသည်။
"ဗြိတိန်နဲ့ နိုင်ငံကြီးအချို့မှာ ကျောင်းဝင်ခွင့်တွေရဖို့ သိသိသာ သာခက်လာတယ်။ ပြည်ဝင်ခွင့်စနစ်တွေဆို အင်္ဂလန်မှာ ခဏခဏ ပြောင်းနေတယ်။ ကျွန်တော်တို့က ဒီမှာရောက်နေတော့ ကိုယ့်မြန်မာ တွေဒုက္ခရောက်နေတာတွေ့လို့မေးလိုက်ရင် အေးဂျင့်တွေကြောင့်ပဲ ဖြစ်ရတယ်။ ခံရပြန်တော့လည်း ဒီကိစ္စကိုတရားစွဲဖို့ကခက်၊ တိုင်ဖို့ ကလည်း ဘယ်သူ့ဆီဘယ်လိုတိုင်ရမယ်ဆိုတာတွေက မလွယ်မှန်း သိလို့လုပ်စားနေတဲ့ အေးဂျင့်တွေ အခုထိရှိနေ တုန်းပဲ"ဟု ဗြိတိန်နိုင်ငံ ဝီဂန်၌ နေထိုင်သူတစ်ဦးကပြောပြခဲ့သည်။
သတင်းအမှန်တွေရဖို့ ဒီအချက်တွေလိုတယ်......
ပြည်ပနိုင်ငံအသီးသီးရှိ တက္ကသိုလ်များမှ နိုင်ငံရှိအေးဂျင့်များနဲ့ ချိတ်ဆက်ကာ ကျောင်းသားဈေးကွက် ရှာဖွေကြရာတွင် ၄င်းတို့ ပြောဆိုသည့် အချက် များမှာ အလုံးစုံမှန်ကန်မှုရှိ၊ မရှိကို အွန်လိုင်း များမှတဆင့် စုံစမ်းစစ်ဆေးနိုင်ကြခြင်းဖြင့်သတင်းအမှန်ရရှိနိုင်သည် ဟု နိုင်ငံတကာပညာရေး ကျွမ်းကျင် သူအချို့က အကြံပြုပြောဆို ကြသည်။
"အခု နိုင်ငံအတော်များများမှာ တက္ကသိုလ်၊ ကောလိပ်တွေ ကို အရည်အသွေး ထိန်းချုပ်တဲ့အနေနဲ့ စဉ်ဆက်မပြတ် အကဲခတ် တဲ့စနစ်တွေထားရှိ လာ ပြီ။ မမှန်ကန်တဲ့တက္ကသိုလ်၊ ကောလိပ်တွေ ဆိုရင်လည်း ကျောင်းပိတ်တဲ့အထိ အရေးယူတာတွေလုပ်လာခဲ့ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုခေတ်က အင်တာနက်ကနေတဆင့် လိုတဲ့အချက်အလက်တိုင်းကို ရှာဖွေနိုင်လို့ မသွားခင်သေချာစိစစ်ပြီးမှ သွားတာအကောင်းဆုံးပါ"ဟု ဗြိတိန်နိုင်ငံ ဝီဂန်၌ ရောက်ရှိနေသူ မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
နိုင်ငံခြားမှာပညာသင်ဖို့ ကိုယ့်ဘက်ကအဆင်သင့်ဖြစ်ရဲ့လား......
ယခုအခါ ရန်ကုန်ရှိပညာရေး အေဂျင်စီများမှ နယ်မြို့များသို့ တိုက်ရိုက်သွားကာ ပညာရေးပြပွဲများ ပြုလုပ်လာခဲ့ကြသည်။ ယင်း ကြောင့် နယ်မြို့များရှိ ငွေကြေးတတ်နိုင်သည့် မိသားစုများ၌ ပြည်ပသို့ ပညာသင်သွားခြင်းမှာ ဂုဏ်ဒြပ်တစ်ခုအနေဖြင့် အမြင်များပြောင်းလဲ လာကြသည်။ မည်သို့ပင်ဖြစ်စေ မိမိတို့သားသမီးများ၏ အရည်အသွေးပိုင်အား ဦးစွာစစ်ဆေးပြီးမှ နိုင်ငံခြား၌ပညာသင်ရန် စေလွှတ်သင့်ကြောင်းကို ဆရာဦးမိုးသူက ပြောပြခဲ့ပါသည်။ "ချမ်းသာတဲ့မိသားစုဝင်တွေဆို ကိုယ့်ကလေးကိုနိုင်ငံခြားပို့ပြီး ပညာသင်စေချင်ကြတယ်။ မြန်မာပြည်မှာ ဆေးတက္ကသိုလ်၊ အင် ဂျင်နီယာလိုင်းတောင် အမှတ်မမီတဲ့ကလေးကို မိဘကပိုက်ဆံချမ်း သာလို့ နိုင်ငံခြားကဆေးတက္ကသိုလ်ထားမယ်ဆိုရင် မိမိသားသမီးရဲ့ အရည်အချင်းမလိုက်နိုင်တဲ့အခါ နောင်မှာကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိလာနိုင်တယ်။ ဟိုက ဘာသာရပ်တစ်ခုသင်ဖို့ လိုက်နိုင် အောင် ကလေးရဲ့Óာဏ်ရည်Óာဏ်သွေးသာမက ဘာသာစကား ကျွမ်းကျင်မရှိမှသာ လိုက်နိုင်ပါလိမ့်မယ်"ဟု သင်္ချာနည်းပြဆရာ တစ်ဦးကပြောပြခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ ပြည်ပသို့ ပညာသင်ရန် နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ လူငယ်များထွက်ခွာခဲ့ကြသည်မှာ ဦးရေသိန်းဂဏန်းမကပင် ရှိခဲ့ကြပြီဖြစ် သည်။ သို့ရာတွင် အများစုမှာ ထိုနိုင်ငံများ၌ အခြေချ နေထိုင်သွားကြသည်က ပိုများကြသည်။ ထို့ပြင် ဝါသနာနှင့်မိမိငွေ ကြေးတတ်နိုင်မှု၊ အေးဂျင့်များ ၏ကျောင်းသားရရန် မက်လုံးပေးမဲ ဆွယ်မှုများကြောင့် ပညာရေးလမ်းကြောင်း လွဲချော်သည့်ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ကြဖူးသည်က များကြသည်။ ထို့ကြောင့် အမှန်တကယ် ထူးချွန်ပြီး အရည်အချင်းရှိသူများအနေဖြင့် နိုင်ငံရပ်ခြားသို့သွားရန် မည်သည့်အေးဂျင့်နှင့်မျှ ဆက်သွယ်သွားရန်ပင် မလိုအပ် ကြောင်း နိုင်ငံ ခြားပညာသင်ကဏ္ဍ၌ အတွေ့အကြုံရှိသော ဝါရင့်ဆရာကြီးများက ထောက်ပြပြောဆိုခဲ့ကြသည်။

အေးချမ်းမွန်မှ SHADE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :SHADE JOURNAL


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။