Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 24, 2012

ဆောင်းရာသီတွင် ကျက်သရေရှိစွာ လှပပြီး တက်ကြွ ရွှင်လန်းနေစေရန်

24 November 2012 |By Good Health
ဆောင်းရာသီရဲ့ မနက်ခင်းက အေး ချမ်းပြီး မြူနှင်းတွေနဲ့ မှုန်မှိုင်းနေတာ ကြောင့် အိပ်ရာက မထင်ချင်ဖြစ်နေ ပါသလား။ ဆောင်းရာသီမှာ သင်ရဲ့ ပျင်းတွဲနေတဲ့ အမူအကျင့်တွေကို မပြင်ဆင်ပါက ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ကျက်သရေရှိစွာ လှပတင့်တယ် နေစေရန် ဆောင်းရာသီ မှာ သင့်အလှအပအတွက် အချိန်ပေး ဂရုမစိုက်ပါက တင့်တယ်လှပမှုတွေ မှေးမှိန်နိုင်ပါတယ်။
၁) နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

ဆောင်းရာသီမို့လို့ နေရောင်ကာ ခရင်မ်လိမ်းဖို့ မလိုဘူးလို့တော့ မထင် လိုက်ပါနဲ့။ မနက်ပိုင်းသာ အအေးဓာတ် အရှိန်ကြောင့် နေရောင်ခြည်နုနုရဲ့ အပူ ဒဏ်ကို သိပ်မခံစားရပေမယ့် နေလယ် ပိုင်းမှာတော့ နေရောင်ခြည်ရဲ့ဒဏ်ကို ထိ တွေ့ခံစားရနိုင်တာကြောင့် အိမ်အပြင် ထွက်တဲ့အခါ နေရောင်ကာခရင်မ်လိမ်း ပေးပါ။
၂) ရေဓာတ်ဖြည့်ပေးပါ
ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှုကို ပိုဖြစ်စေတတ်တာ ကြောင့် သင့်ခန္ဓာကိုယ်အတွင်းမှာ ရေ ဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းနေပါက သင့်အရေပြားမှာရှိတဲ့ ဆဲလ်တွေလည်း ခြောက်သွေ့နေတတ်ပါတယ်။ တစ်နေ့ ကို ရေရှစ်ခွက် သောက်သုံးပါ။
၃) ခြေထောက်စိမ်ပေးပါ
ဆောင်းတွင်းမှာ အများစုက ခြေဖ ဝါး ခြောက်သွေ့မှုကြောင့် ခြေဖနောင့်ကွဲ အက်တာ မဖြစ်အောင် ညအိပ်ခါနီးမှာ ခြေဖဝါးကို ကြက်သီးနွေးရေထဲ စိမ်ပေး ပါ။ ရေနွေးနွေးထဲကို ခြေဖဝါးအလှဆီ ထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပေးပါ။ ပြီးနောက် ခြေထောက်ကို ရေသုတ်ပြီး လိုးရှင်းလိမ်းပေးပါ။ အိပ်တဲ့အခါ ခြေ အိတ် စွပ်အိပ်ပါ။
၎) နှုတ်ခမ်းနီအဆီဆိုးပါ
နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပြီး နှုတ်ခမ်းသားနူးညံ့စေဖို့ သွား ပွတ်တံနုနုနဲ့ တစ်ပတ်တစ်ကြိမ် ညင်ညင် သာသာ ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးဖို့ နှုတ်ခမ်းဆိုးဆေး အဆီဆိုးပြီး နှုတ်ခမ်းကွဲတာ၊ ခြောက်သွေ့ ပြီး အဖတ်လန်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
၅) အိပ်ရာစောစောဝင်ပါ
မနက်ခင်းစောစောထပြီး လမ်း လျှောက်ဖို့အတွက် ညဘက်မှာ အိပ်ရာ စောစောဝင်ဖို့ လိုပါတယ်။ အိပ်ရေးပျက် များပါက သင့်အသားအရေလှပမှုနဲ့ ကိုယ်ခံစွမ်းအားအတွက် အနှောင့်အ ယှက်ဖြစ်စေပါတယ်။ တစ်နေ့ကို အိပ်ချိန် ရှစ်နာရီရအောင် ပုံမှန်အိပ်စက်ပေးပါ။
တက်ကြွ ရွှင်လန်းနေစေရန်
၁) မနက်စောစောအိပ်ရာထပြီး လေ ကောင်း လေသန့်ရှိုက်ရင်း လမ်းလျှောက် ပါ။
၂) အပြင်ထွက်ပြီး လေ့ကျင့်ခန်းမလုပ် နိုင်ပါက အိမ်တွင်းမှာပဲ ကိုယ်လက်လှုပ် ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။
၃) လေ့ကျင့်ခန်းအထောက်အကူပြု ပစ္စည်းတွေကို ဈေးကြီးပေးမဝယ်နိုင်ခဲ့ရင် ကြိုးခုန်တာ၊ ထိုင်ထလေ့ကျင့်တာ၊ အ သက်ရှူ လေ့ကျင့်တာမျိုးတွေ လုပ် ဆောင်နိုင်ပါတယ်။
၎) လေ့ကျင့်ခန်းကို နည်းလမ်းတကျ မလုပ်တတ်ပါက လေ့ကျင့်ခန်းနည်းပြတွေ ရဲ့ လုပ်ဆောင်မှုတွေ ပါဝင်တဲ့ လေ့ကျင့် ခန်းအခွေ ဖွင့်ကြည့်ပြီး လေ့ကျင့်ပါ။
၅) ရေကူးတာမျိုးတာက တခြားရာသီ ဥတုတွေမှာ လုပ်ဆောင်ဖို့ အကောင်းဆုံး ဖြစ်ပေမယ့် ဆောင်းရာသီမှာတော့ ဦးစား ပေး မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ရေကူးတာ ကြွကက်သားတွေကို သန်မာစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
ဆံသားခြောက်သွေ့ ခြင်းမှကာကွယ်ရန်
၁) သင့်ဆံပင်ရဲ့ ပျက်စီးနေတဲ့အဖျား တွေကို ဖြတ်ပေးပါ။ ကွန်ဒီရှင်နာကို သုံး ပေးတာက ဆံသားခြောက်သွေ့မှုကို သက်သာစေပြီး ဆံသားမှာ အစိုဓာတ် ထိန်းထားနိုင်ပါတယ်။ ဆောင်းရာသီမှာ တစ်လကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ပေါင်းတင်ပေးပါ။
၂) ခေါင်းလျှော်ပြီးတဲ့အခါ အစိုဓာတ် ထိန်းပေးတဲ့ ကွန်ဒီရှင်နာသုံးပေးပါ။ ဆံ ပင်ကို အခြောက်ခံတဲ့အခါ အပူချိန်ပြင်း ပြင်းနဲ့ အခြောက်ခံတာမျိုး၊ မကြာခဏ ခေါင်းလျှော်တာမျိုးတွေကို ရှောင်ပါ။
၃) စတိုင်ကျစေဖို့၊ ဆံသားကို ပုံစံသွင်းဖို့ အတွက် ဆံပင်ကို ဂျယ်လိမ်းပါ။ ဆံသား ကို ဆီလိမ်းပြီးတဲ့အခါ လက်ထိပ်လေး တွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။
၎) ခေါင်းလျှော်ပြီးတဲ့အခါ လေမှုတ်ပြီး အခြောက်ခံမယ့်အစား တဘက်နဲ့သေ ချာစွာ ရေသုတ်ပြီး သဘာဝအတိုင်းပဲ အခြောက်ခံပါ။
၅) ဦးရေပြားကို တစ်ပတ်တစ်ကြိမ် နှိပ် နယ်ပေးပါ။ ဦးရေပြားအတွင်း သွေး လှည့်ပတ်မှု ကောင်းစေပြီး အောက်ဆီ ဂျင်နဲ့ အစာအာဟာရတွေ ဆံရင်းကို ရောက်ရှိစေပါတယ်။
လက်သည်း၊ ခြေသည်း ပျက်စီးခြင်းမှ ကာကွယ်ရန်
ဆောင်းရာသီမှာ လက်သည်း၊ ခြေ သည်းတွေ ရှည်ထွက်မှုက နွေရာသီ လောက် မမြန်တတ်ပါဘူး။ ဒါ့အပြင် လက်သည်း၊ ခြေသည်း ခြောက်သွေ့ကြွပ် ဆတ်ပြီး ပျက်စီးတာ ဖြစ်လွယ်ပါတယ်။
၁) သင့်ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်း ခရင်မ် လိမ်းတဲ့အခါ ခြေချောင်း၊ လက် ချောင်းထိပ်ရှိ ခြေသည်း၊ လက်သည်း လေးတွေကို သေချာစွာ ပွတ်လိမ်းပေးပါ။ လက်ဆေး၊ ခြေဆေးပြီးတဲ့အခါတိုင်းမှာ လည်း လိုးရှင်းလိမ်းပေးပါ။
၂) သိပ်အေးတဲ့အချိန်တွေမှာ လက် အိတ်၊ ခြေအိတ်တွေ ဝတ်ထားပေးပါ။
၃) ပန်းကန်ဆေးတဲ့အခါ၊ အဝတ်လျှော် တဲ့ အခါတွေမှာ ရော်ဘာလက်အိတ်ဝတ် ဆင်ပြီး လုပ်ဆောင်ပါ။ လက်သည်း၊ ခြေ သည်းတွေက အရေပြားထက် ရေကို ပိုမို စုပ်ယူနိုင်ပြီး ရေခြောက်သွားတဲ့အခါ လက်သည်း၊ ခြေသည်းတွေကို ကျုံ့သွား ကာ ပျက်စီးစေတာကြောင့်ပါ။
၎) တစ်နေ့တာ စားသုံးတဲ့ အစားအစာ တွေထဲမှာ ပရိုတင်း ၆၀ဂရမ်နဲ့ ဘိုင်အို တင်၊ ဖောလစ်အက်စစ်တွေ ပါဝင် အောင် စားပေးပါ။
၅) တစ်နေ့ကို ရေရှစ်ဖန်ခွက် သောက်ပေးပါ
၆) လက်သည်း၊ ခြေသည်းကို အတိုညှပ်ပြီး သန့်ရှင်းစွာ ထားပါ။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Good Health

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။