By Moenge
Aung on Monday,
November 12, 2012 at 9:52am
ငလျင်မလှုပ်မီ ဆောင်ရွက်ရန်
- အခန်းတွင် ခိုင်ခံ့သော စားပွဲခုံ၊ အတွင်းနံရံ
သို့မဟုတ် တိုင် တံခါးဘောင်အောက်စသော လုံခြုံသော နေရာများကို သိအောင်
လုပ်ထားရန်
- ယင်းနေရာများအောက်သို့ အမြန်ဝင်၍
အကာအကွယ်ယူ၊ဆွဲကိုင်ရန်လေ့ကျင့်ထားရန်
- ပြတင်းပေါက်များ၊ မှန်များ၊ တွဲ
လောင်းချိတ်ထားသော ပစ္စည်းများ၊ ယိုင်လဲသော ပရိဘောဂများ စသည့် ပြိုလဲပျက်စီးနုင်သော
နေရာများကိုသိထားရန်
- အိမ်ပြင်ပတွင် သစ်ပင်များ၊ တံတားများ၊
အဆောက်အအုံများ၊ ဓာတ်တိုင်များစသော ပြိုကျပျက်စီးနိုင်သောအရာများနှင့် ဝေးသော
ကွက်လပ်၊ ကွင်းများကို သိအောင် လုပ်ထားရန်
- ထွက်ပြေးရန်နှင့် အရံထွက်လမ်း ကြောင်းများကို
သိထားရန်
- ရေ၊ ဓာတ်ငွေ့၊ လျှပ်စစ်မီးတို့ကို
အပေါ်ဖြတ်တောက်နိုင်အောင် လေ့ကျင့်လုပ်ကိုင်ထားရန်
- ရှေးဦးသူနာပြုစုနည်းများကို
လေ့လာထားရန်မိမိနေအိမ်ကို လုံခြုံအောင်ဆောက်ရွက်ရန်
- နံရံတွင် ကပ်ထားသော လေး လံသည့် ဗီရို၊
သေတ္တာစသည့် ပရိဘောဂများကို ယိုင်လဲပြီး မပြို လဲစေရန်၊ နံရံနှင့်
တွဲကပ်ထားရန်။
- ကြီးမားလေးလံသော ပစ္စည်း နှင့် ကွဲတတ်သော
ပစ္စည်းများကို အမြင့်တွင်မထားဘဲ၊ အနိမ့်တွင် သာထားရန်
- လောင်ကျွမ်းတတ်သော အရည် များကို
အိမ်အပြင်ဝေးရာတွင် လုံ ခြုံစွာထားရန် (ငလျင်ကြောင့် မီးလောင်ခြင်း၊
ပေါက်ကွဲခြင်းများ ဖြစ်တတ်သည်)
- ပန်းချီကား၊ မှန်များစသော လေး
လံကွဲရှတတ်သောအရာများကို အိပ်ရာ၊ ထိုင်ခုံရှည်စသော လူ လဲလျောင်းရာနေရာနှင့်
ဝေးဝေးထားရန်
- မီးလုံး၊ မီးဆိုင်းများကို ငလျင်လှုပ်လျှင်
ပြုတ်မကျစေရန် ခိုင်ခံ့စွာထားရန် ငလျင်လှုပ်စဉ် လုပ်ဆောင်ရန်များ
- အေးဆေးတည်ငြိမ်စွာ နေရန်၊
အဆောက်အအုံထဲတွင်ဖြစ်ကအထဲတွင်သာ နေရန်၊ ပြင်ပတွင် ဖြစ်က ပြင်ပတွင်သာ နေရန်(ထိ
ခိုက်မှုအများစုသည် ငလျင်လှုပ် စဉ် အဆောက်အအုံတွင်းမှ ထွက် ပြေးခြင်း၊
အတွင်းသို့ပြေးဝင်ခြင်း တို့ကြောင့် အဖြစ်များသည်)
- ပြတင်းပေါက်၊ တံခါး၊ ဘီရိုအမြင့်များ၊ ကွဲနိုင်၊
ပြုတ်ကျနိုင်သောပစ္စည်းများနှင့် ဝေးဝေးနေရန်
- ခိုင်ခံ့သည့် စားပွဲခုံ၊ တံခါးဘောင်
အောက်၊အတွင်းနံရံစသည့်တို့အောက်တွင် ၀ပ်နေရန်၊ အကာအ ကွယ်ယူရန်
- အဆောက်အအုံအတွင်းမှ ထွက် ခွာမည်ဆိုပါက အလောတကြီး
ထွက်ပြေးခြင်းမပြုဘဲ စနစ်တကျ ထွက်ခွာပါ။ ဓာတ်လှေကားများကို အသုံးမပြုပါရန်
- အဆောက်အအုံပြင်ပတွင် ဖြစ်ပါက သစ်ပင်များ၊
ဆိုင်းဘုတ်များ၊ အဆောက်အအုံများ၊ ဓာတ်ကြိုးများ နှင့်ဝေးသော
ကွင်းပြင်၊ကွက်လပ်နေရာများသို့ သွားနေပါ။ ငလျင်လှုပ်ပြီးသည်အထိ ခေါင်းငုံ့၍ကာ
ကွယ်ထားရန်
- ကားအတွင်းဖြစ်ပါက စက်ရပ်ပြီး
ငလျင်လှုပ်ပြီးသည်အထိ ကားအတွင်းနေရန်၊ အဆောက်အအုံများ၊ ခုံးကျော်တံတားများ၊ ဓာတ်
တိုင်များနှင့်မြေပြိုမှုဖြစ်နိုင်သော
နေရာများအနီးရှိလမ်းကိုရှောင်ရန်၊လမ်းပျက်စီးမှုများကိုသတိပြုရန်။
မြန်မာနိုင်ငံသားအားလုံး
ဘေးရန်ကင်းကွာကြပါစေ..အေးချမ်းကြပါစေ..။
မှတ်ချက်-အာရှသဘာဝဘေး
အန္တရာယ်လျော့ပါးရေးကော်မတီနှင့်မြန်မာနိုင်ငံ အင်ဂျင်နီယာ
အသင်းတို့ပူးပေါင်းထုတ်ဝေသော ငလျင်များနှင့်နေထိုင်ခြင်း စာအုပ်ပါ အချက်အလက်များကို
မှီငြမ်းသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။