Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 16, 2012

လူငယ်များသို့  အတ္ထုပ္ပတ္တိစာပေ (၁) Lady Gaga

 


လူငယ်တွေ အတ္ထုပ္ပတ္တိစာပေ မဖတ်ချင်ဘူး။ လူတစ်ယောက်အကြောင်းပါပဲ။
သူ့ကိုအထင်မကြီးပါဘူး။ သူ့အကြောင်း သိလို့ရော ဘာထူးမှာလဲ။ အချိန်ကုန်တယ်ဆိုပြီး ကိုရီးယားကားလောက်ကို ကြည့်သူတွေ အများကြီးပါ ဒါပေမဲ့ လူတစ်ယောက်ရဲ့ဘဝကို လိုက် ကြည့်ပြီးကြည့်ပါ။ သူရဲ့အမှားတွေကို ရှောင်နိုင်တယ်။ အမှန်တွေကို ဆောင်နိုင်တယ်။ အမှားအမှန် သိရှိဆင်ခြင်ပြီး မိမိဘဝနဲ့နှိုင်းယှဉ် လေ့လာလို့ရတယ်။ ဒီအတွက် မြန်မာလူငယ်တွေ မြည်းစမ်းနိုင်ဖို့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးရဲ့ အတ္ထုပ္ပတ္တိကောက်နုတ်ချက် Introduction ကို ဒီဆောင်းပါးမှာ ရေးသားထားတာပါ။

အချိန်သိပ်များများတော့ ပေးစရာမလိုပါဘူး။ အရုပ်တွေကိုကြည့်သလို ကာတွန်းတွေကို ဖတ်သလိုတော့ မရဘူး။ ဒါတွေကို ဖတ်ပြီးအတွေး Critical Thinking တွေ တွေးရမယ်။ Critical Thinking ဆိုတာသိတယ်မဟုတ်လား။ အကြောင်းအရာတစ်ခုကနေ တစ်ခု ဆင့်ကဲဆင့်ကဲဖြာထွက်တွေးတာပဲပေါ့။ ဥပမာ-သူ မြို့ကျောင်းနေ တယ်ဆိုရင် အင်္ဂလိပ်စာတော့ တော်မှာပဲ။ သူ တောကျောင်းနေ တယ်လို့ပြောရင် သဘာဝတွေကိုတော့ သူသိမှာပါပဲ စသဖြင့် တွေး တယ်။ မြို့ကျောင်းနေရင် သိမ်မွေ့ မယ်။ တောကျောင်းနေရင် ဖျတ် လတ်သွက်လက်မယ် စတာကို ဆက်တွေးနိုင်တယ်။ တောနဲ့ မြို့ အားသာချက် အားနည်းချက်တွေကို တွေးတာမျိုးတွေမျိုးပေါ့။ ဖြာထွက်တွေးခြင်းလို့လည်း ခေါ်ပါတယ်။ တကယ်တော့ ပညာသင် တာဟာလည်း ဖြာထွက်တွေးတာကို အဓိကသင်ပေးတာပါ။ ခေါင်းစဉ် တစ်ခုပေးထားပြီး အဲဒီခေါင်းစဉ်ကို မှီတည်စာရေးတာပဲပေါ့။ ဥပမာ-ခေါင်းစဉ်က ”တို့ကျေးရွာ”ဆိုရင် စာစီစာကုံးရဲ့ ထုံးစံအတိုင်း နိဒါန်း တွေ စာကိုယ်တွေ၊ နိဂုံးတွေတော့ပါတာပေါ့။ ကျေးရွာလေးအကြောင်း ရေးရတာပေါ့။ ဆရာတွေက Outline ပေးထားရင် အဲဒါကို အခြေခံရေး နိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် အတွေးကနေရေးရတာပေါ့။ ဒါပေမဲ့ ck ခေတ်မှာ ကျောင်းသားတွေဟာ အမှတ်များများရဖို့ အကောင်းဆုံးဖြစ် အောင် စံပြရေးထားတဲ့စာစီစာကုံးတွေကို အလွတ်ကျက်ကာ ရေး တော့တာပဲ။ ”စာစီစာကုံး လေးငါးဆယ်ခုအလွတ်ကျက်ထား ဝင်တိုး တာပါပဲ”လို့ ဆရာတွေ ကိုယ်တိုင်က ပြောတာကို တွေ့ဖူးပါတယ်။ ဒီလိုလုပ်တော့ ”တိုး”တော့ တိုးတတ်ပါတယ်။ တိုးတာတွေကြောင့် အမှတ်များတတ်ပါတယ်။ ဒါပေမဲ့ မတွေးတတ် မရေးတတ်တော့ဘူး။ ကိုယ်ပိုင်အရည်အသွေးတွေ ကျဆင်းတယ်။ လူငယ်တွေအနေနဲ့ နှစ်ခုကြားက သွားသင့်ပါတယ်။ ကျက်တော့ ကျက်ပေါ့။ တွေးတတ်ရေး တတ်အောင်လည်း လုပ်ဖို့လိုတယ်။ ဒီတော့ စာတွေကို ဖတ်ပါတွေးပါ။ အထူးသဖြင့် အတ္ထုပ္ပတ္တိစာပေတွေကို ဖတ်ဖို့လိုတယ်။ အောင်မြင်မှု ကို ဦးတည်သွားနိုင်မယ်လို့ ယူဆပါတယ်။ အတ္ထုပ္ပတ္တိစာပေနဲ့ အောင် မြင်မှု ဘာဆိုင်လဲ။ ခုရေးပြမယ့်လူတွေဟာ ကမ္ဘာမှာ အောင်မြင်သူ တွေပဲ။ ဒါကြောင့် သူတို့တစ်တွေ အောင်မြင်မှုရတာ ဘာကြောင့်လဲ ဆိုတာကို တွေးနိုင်ရာက အောင်မြင်နိုင်တာပေါ့။ လူငယ်တွေ မှတ်ထား ဖို့က ”တို့တစ်တွေအားလုံး အတူတူပဲ”ဆိုတာပါပဲ။ ဘယ်သူ့ကိုမှ အထင်သေးစရာမလိုသလို အထင်ကြီးစရာမလိုဘူး။ အောင်မြင်သူ တွေဟာ မိမိအတွေးတွေ၊ စိတ်ထားတွေပေါ့လေ။ အဲ့ဒီကနေ ကြိုးစား လေ့ကျင့်ယူရာက ကမ္ဘာကျော်ခဲ့တာပါ။
လေဒီဂါဂါ
သူမ ကမ္ဘာကျော်ခဲ့တာ သိပ်တော့မကြာသေးဘူး။ ၂ဝဝ၈ ခုနှစ် ကမှ သူမရဲ့ဓာတ်ပြား The Fame ဆိုတာ နာမည်ကြီးခဲ့တာပါ။ ပထမ ဆုံးဓာတ်ပြားပါ။ ဓာတ်ပြားအချပ် ၁၄ သန်း ရောင်းခဲ့ရတယ်။ နောက် တော့ သီချင်းအဆိုကျော်တွေတောင့်တတဲ့ ဂရမ်မီဆု (Grammy Award) ကို ရရှိခဲ့တယ်။ ဒါက နိဒါန်းအချီးစကားပါ။ လေဒီဂါဂါအ ကြောင်း ဖတ်သင့်တယ်လို့ ဆိုချင်တာပါ။ (မိတ်ဆွေတွေနဲ့လည်း ဆွေးနွေးပေါ့ . . .)

Tisch School of the Arts
ခရီးအစ
ဒီမိန်းကလေးအကြောင်းကတော့ ထွေထွေထူးထူးတော့ မရှိပါ ဘူး။ ၁၉၈၆ ခုနှစ် မတ်လ ၂၈ ရက်နေ့က မွေးဖွားသူဖြစ်တယ်။ အမည်ရင်းက Stefani Joanne Angelina Germanotta ဖြစ်တယ်။ လေဒီဂါဂါ ဒါမှမဟုတ် ဂါဂါလို့ပဲ ခေါ်လို့ရပါတယ်။ အီတလီ-ဂျာမနီ မိဘတွေက ဆင်းသက်တဲ့ကပြားပါ။ မွေးတာကတော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မှာပါ။ ပေါ့ပ်သီချင်းရေးသူနဲ့ သီချင်းဆိုသူ အဖြစ် ထင်ရှားတယ်လို့ ကမ္ဘာ့စွယ်စုံကျမ်း ဝီကီပီးဒီးယားက သူမ အကြောင်းကို ဖွင့်ဆိုထားတယ်။ ငယ်ငယ်က နယူးယောက်က Convent of the Sacred Heart မှာ ကျောင်းတက်ခဲ့တယ်။ တက္ကသိုလ် ကတော့ နယူးယောက်တက္ကသိုလ်ပါပဲ။ အဲ့ဒီမှာ Tisch School of the Arts ဆိုတာကို တက်တာပါ။ နယူးယောက်တက္ကသိုလ် အနုပညာ ကျောင်းခွဲပေါ့။
၂ဝဝ၃ ခုနှစ်က ဒီလိုတက္ကသိုလ်မှာ ဝင်ရောက်ခဲ့ပြီးနောက် နယူး ယောက် Lower East Side မှာ ရော့ခ်သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တယ်။ သူမဟာ သီချင်းတွေဆို၊ သီချင်းတွေရေး၊ အဖွဲ့ တွေနဲ့ လုပ်ကိုင်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူမဟာ ၁၇ နှစ်နဲ့ တက္ကသိုလ်က လက်ခံခဲ့ သူတစ်ယောက်ဖြစ်လို့ ဖခင်ကြီးက အင်မတန်အထင်ကြီးခဲ့တယ်။ ဒါပေမဲ့ ဂီတလောကမှာ ကျက်စားရင်း မူးယစ်ဆေးစွဲခဲ့ပါတယ်။ ဖခင်ကြီးဟာ သမီးဒီလိုဖြစ်တော့ အတော်လေး အံ့သြသွားတယ်။ အနု ပညာလောကကို ကြောက်သွားတယ်။
အနုပညာလောက
သူမဟာ ၂ဝဝ၃ ခုနှစ်က ကျောင်းကို ရောက်တယ်။ အနုပညာ လောကထဲကို ဝင်တယ်။ ဒါပေမဲ့ သူမရဲ့အောင်မြင်မှုအတိုင်းအတာ ဟာ အင်မတန်နည်းတယ်။ ၂ဝဝ၆ ခုနှစ်က သူမကို ကန်ထရိုက်စာချုပ် တစ်ခုချုပ်ခဲ့ပေမယ့် သုံးလနဲ့ ပျက်ပြယ်သွားတယ်။ ဒါကြောင့် သူမ ဆေးစွဲတာပဲတဲ့။ အဲဒီနောက် Streamline Records ဆိုတဲ့ ဓာတ်ပြား ကုမ္ပဏီတစ်ခုနဲ့ ကန်ထရိုက်လက်မှတ်ထိုးခဲ့တယ်။ အဲဒီမှာ ဂါဂါဟာ နာမည်ရပြီးသားဖြစ်တဲ့အဆိုတော်တွေအတွက် သီချင်းရေးပေးခဲ့ရ တယ်။ သူမရေးပေးတဲ့သူတွေထဲမှာ ဘရစ်နီစပီးယား Britney Spears,New Kids on the Block, Fergie နဲ့ Pussycat Doll တို့တစ်တွေ လည်း ပါဝင်ခဲ့တယ်။ ဒီအလုပ်ကိုလုပ်နေတဲ့ အချိန်မှာပဲ Akon ဆိုတဲ့ အဆိုကျော်က သူမရဲ့ဆိုပေါက်ကို သဘောကျတယ်။ ဒီအတွက် Akon ဟာ သူရဲ့ဖျော်ဖြေမှုအစီအစဉ် Kon Live Distribution မှာ ပါဝင်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ခဲ့ပြန်တယ်။ ၂ဝဝ၇ ခုနှစ်အရောက်မှာ သူမဟာ အရင်ကုမ္ပဏီက Redone ဆိုတဲ့အဖွဲ့ နဲ့  မိတ်ဆက်ပေးတယ်။ အဲဒီမှာ သီချင်းအချိုရေးတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာပါဝင်ခဲ့ တယ်။
၂ဝဝ၈ က စအောင်မြင်
တကယ်တော့ ၂ဝဝ၈ ရောက်တဲ့အခါကစပြီး သူမရဲ့ အမည်ကျော် ကြားမှုစတယ်လို့ ဆိုရမယ်။ ၂ဝဝ၈ မှာ သူမဟာ လော့စ်အန်ဂျလိစ် ကို ပြောင်းသွားခဲ့တယ်။ အဲ့ဒီမှာ သူမရဲ့ဓာတ်ပြားအယ်လဘမ် The Fame ကို ကြိုးစားထုတ်လုပ်ခဲ့တယ်။ The Fame ဟာ ယူကေ၊ ကနေဒါ၊ သြစထရီးယား၊ ဂျာမနီနဲ့ ဆွစ်ဇာလန်တို့မှာ နံပါတ်တစ် စွဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စုလိုနိုင်ငံ ၁၅ နိုင်ငံမှာတော့ ပဉ္စမ ရတယ်။ စုစုပေါင်း အချပ်ရေ ၁၄ သန်းရောင်းရတယ်။ နောက်တစ် ချပ်။ ဒါကတော့ တစ်ပုဒ်တည်းပေါ့။ Single ပါ။ ခြောက်နိုင်ငံမှာ နံပါတ်တစ်ရတယ်။ နောက် ဂရမ်မီဆုအတွက် စာရင်းတို့ခြင်းခံရတယ်။
နောက်တော့ နောက်တော့ သီချင်းတွေ၊ ဖက်ရှင်တွေ၊ ပါဖောမင်း (Performance) တွေနဲ့ သီချင်းဗီဒီယို (Music Video တွေဟာ အလှျိုအလှျိုထွက်လာလေတယ်။ ထွက်လာတိုင်း ကောင်းနေတယ်။ လူတွေ သူ့ကိုသဘောကျလာကြတယ်။ ထူးထူးခြားခြားဂရမ်မီဆု Grammy Awards ငါးခုကို ရတယ်။ ဒီအတွက် သူမဟာ ကမ္ဘာ့စံချိန် စံညွှန်း Guinness World Records မှာ နှစ်ကြိမ်ပါဝင်သွားတယ်။ သူမရဲ့ အယ်လ်ဘမ် ၁၃ သန်းရောင်းရပြီး Single ကတော့ ၅၁ သန်း ရောင်းရတယ်။ ကမ္ဘာမှာ အရောင်းရဆုံးစာရင်းထဲ ဝင်သွားပါတယ်။ သူမဟာ ၂ဝဝဝ ပြည့်နှစ်ရဲ့ ဆယ်စုထဲမှာ ၇၃ ယောက်မြောက်အဆို တော်ဖြစ်တယ်။ Time ရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး လူသားတစ်ရာထဲမှာ ပါဝင်လာပြီး Forbes မဂ္ဂဇင်းထဲမှာ စာရင်းဝင်လာတယ်။

Gaga & Madonna
ချစ်ခင်အားကျသူများ
သူမဟာ ရော့ခ်သီချင်းဆိုသူတွေကို ချစ်ခင်လေးစားသဘောကျ ပါတယ်။ ဒေးဗစ်ဘောင်ဝီ၊ ဖရက်ဒီမာကျူရီတို့ကို အားကျတယ်။ မက်ဒေါနားနဲ့ မိုက်ကယ်ဂျက်ဆင်တို့ကို အတုယူတယ်။ သူမရဲ့ ဟန်ပန်တွေဟာ မက်ဒေါနားနဲ့ အတော်လေးတူတယ်။ ”ကျွန်မဟာ မက်ဒေါနားရဲ့ Fan အစစ်”လို့ သူမက ပြောပါတယ်။ အဆိုကျော် Queen ရဲ့ သီချင်းဖြစ်တဲ့ Radio Gaga ကနေသူမဟာ Lady Gaga ဖြစ်လာတာပါ။ သူချစ်ခင်တဲ့ အခြားသူတွေကတော့ Whitney Houston.Brithey Spears, Grace Jones နဲ့ Debbie Harry တို့ပါပဲ။
စေတနာရှင်
သူမရဲ့ အောင်မြင်မှုတွေကြားမှာ ထူးခြားတဲ့အချက်တစ်ခုကတော့ သူမဟာ ပရဟိတအလှူရှင်တစ်ဦး Philanthropist ဖြစ်ပြီး လူငယ် တွေကို အားပေးစကားပြောတတ်သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ လေဒီဂါဂါဟာ လူငယ်တွေအကြိုက်အများဆုံးလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အော်ပရာဝင်းဖရီးဆီ က စကားတွေ ငှားသုံးတယ်လို့ဆိုရင်မမှားပါဘူး။ အပြောအဟော ကောင်းတဲ့အော်ပရာဟာ ၂ဝ၁ဝ ပြည့် မှာ အနားယူသွားတယ်။ သူမကို တီဗီဖန်သားပေါ်မှာ အပတ်စဉ်လူသန်းချီကြည့်ကြတယ်။ သူမဟာ ဟောပြောတာတစ်ခုတည်းနဲ့ သန်း ကြွယ်သူဌေးကြီးဖြစ်ခဲ့ပါတယ်။ အော်ပရာရဲ့စကားတွေဟာ Heart ထိတဲ့စကားတွေဖြစ်တယ်။ ဒါပေမဲ့ ပြောရုံသက်သက်နဲ့တော့ ဘယ်ရမလဲ။ လုပ်လည်း လုပ်ပြရပါ တယ်။ ဒီတော့ လေဒီဂါဂါဟာ သူပြောတဲ့အတိုင်းလုပ်ပြတာကို လေလာတွေ့ ရှိနိုင်တယ်။ မတ်လ ၁၁ ရက်နေ့က ဂျပန်ပြည်မှာ ငလျင်လှုပ် ကာ ဆူနာမီဝင်တာကိုကြားတော့ နာရီပိုင်းအတွင်း မှာ လေဒီဂါဂါဟာ လက်ပတ်ကြိုး (Bracelet) အလှူရန်ပုံငွေအတွက် ရောင်းပွဲကိုကျင်းပ တယ်။ ဒီအတွက် ရောင်းရငွေ ဒေါ်လာ ၁ ဒသမ ၁၅ သန်းကို ဂျပန် ကို လှူခဲ့တယ်။ ဇွန်လမှာ ဂျပန်ရဲ့ ကြက်ခြေနီအဖွဲ့ အတွက် စတိတ် ရှိုးပွဲကို သွားရောက်ဖျော်ဖြေခဲ့တယ်။ ၂ဝ၁ဝ ပြည့်နှစ်က ဟေတီ ငလျင်အတွက် နယူးယောက်က Radiocity Music Hall က ပွဲ တစ်ခုလုပ်ခဲ့တယ်။ နောက်သူမနဲ့ပတ်သက်တဲ့ပစ္စည်း (ဓာတ်ပုံ၊ တီရှပ် စသည်) တစ်နေ့ တာရောင်းရငွေကိုပါပေါင်းပြီး အလှူပြုလုပ်ခဲ့တယ်။ ရန်ပုံငွေဒေါ်လာငါးသိန်းကို လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့တယ်။ သူမ HIV, AIDSအတွက်လည်း အကူအညီများစွာ ပေးခဲ့ပါတယ်။
ကိုယ်ပိုင်လားအငှားလား
လေဒီဂါဂါကို အများက ပြောနေကြတယ်။ မက်ဒေါနားရဲ့ ဟန်ပန်တွေအားလုံး ဆိုပေါက်တွေအားလုံး ယူထားတယ်။ မက်ဒေါနား ကတောင် သာသေးတယ်တဲ့။ ဒါပေမဲ့ သူမရဲ့ ဓာတ်ပြားတွေကတော့ အရောင်းစွံနေဆဲပါပဲ။ သူမက နံပါတ်တစ်လေ။ ဘာကြောင့် ဒီ လောက်တောင်အောင်မြင်ရတာလဲလို့ Newsweek မဂ္ဂဇင်းက ဝေဖန် ထားတာကတော့ သူမဟာ သူ့ကိုယ်သူလက်ခံပြီး သူများကိုဆွဲတင် တဲ့ကလေးမဖြစ်လို့ပဲတဲ့။ အသက် ၂၅ နှစ်သာရှိသေးတဲ့ သူမကို လူငယ်တွေက နတ်သမီးလေးလို တင်စားမြင်ထားကြသတဲ့။ ‘ရုပ်ဆိုး လား၊ ဘာမှစိတ်ပျက်စရာမရှိဘူး။ ကျွန်မငယ်ငယ်က ကျောင်းမှာ အရမ်းရုပ်ဆိုးတယ်လို့ ပြောခံထိတယ်။ ကြည့်စမ်းပါ။ ကျွန်မနှာခေါင်း က အကြီးကြီး၊ သွားကလည်း ခေါသေး။ နောက် ပါးရိုးက ငေါထွက် နေတယ်။ အဲဒါဘာဖြစ်လဲ။ အမေပေးတဲ့အတိုင်းပေါ့။ ကျွန်မဟာ ကျွန်မပဲ။
နောက်ကျွန်မနဲ့တူတဲ့ လူအစစ်အမှန်ဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူးလေ။ လူငယ်တွေလည်း ဒီလိုပဲ။ ကိုယ်ရထားတာကို လက်ခံလိုက်ပါ’ ”ရထားတာကို လက်ခံတယ်ဆိုပြီးမှ ပလတ်စတစ် ဆာဂျရီ (Plastic Surgery) မလုပ်ပါဘူး။ ကျွန်မဟာ ကျွန်မပဲပေါ့” ဒါမျိုးတွေကို သူမ စတိတ်ခ်ျ စင်တွေပေါ်ကပြောတော့ လူငယ်တွေ အားပေးလိုက်တာ အရမ်းကို အရမ်းကိုပါပဲ။ ‘အားလုံးကိုမှာချင်တာ မိမိကိုယ်မိမိ လုံခြုံမှုမရှိဘူးဆိုတာမျိုး ဘယ်တော့မှ မခံစားပါနဲ့’ ‘မင်းကို လက်မခံတဲ့လူတွေရှိတယ်ဆိုတာကို စာရင်းကနေ ပယ်လိုက် ပါ။ သူတို့ လက်မခံတာ သူတို့ မင်းကိုနားမလည်လို့ပါ”
နောက်ဆုံးစကားလက်ဆောင်
လေဒီဂါဂါရဲ့ ခေတ်သစ်ယဉ်ကျေးမှုမှာ လွှမ်းမိုးပြီး သူမဟာ ကမ္ဘာ လုံးဆိုင်ရာကျော်ကြားမှုကိုရခဲ့တာကို University of South Carolina က လူမှုရေးပညာရှင် Mathieu Deflem က လေ့လာလျက်ရှိ ကြောင်း တင်ပြထားတာရှိတယ်။ သူမရဲ့ လူမှုရေးစိတ်ဓာတ်ဟာ ဂီတ၊ ဗီဒီယိုဖက်ရှင်နဲ့ အနုပညာရလဒ်တွေရဲ့ ကြိုးပမ်းမှုအကြောင်းကို ၂ဝ၁၁ ခုနှစ်မှာ အဲဒီတက္ကသိုလ်မှာ “Lady Gaga and the Sociology of the Fame” ခေါင်းစဉ်နဲ့ ဆွေးနွေးကာ စာတမ်းပြုစုနေပါတယ်။ ကဲ သူမရဲ့နောက်ဆုံးစကားလေး လက်ဆောင်ပေးပါရစေ။ “Connect, embrace, liberate, love somebody” ”လူတွေနဲ့ ထိတွေ့ ဆက်ဆံပါ။ နွေးထွေးစွာ ဆက်ဆံပါ။ ဘဝမှာ လွတ်မြောက်တဲ့ဘဝမှာ ရှိရပါမယ်။ နောက်တစ်ယောက်ယောက်ကို ချစ်ပေါ့”. . . တဲ့။

ဒေါက်တာခင်မောင်ညို
The Chic Magazine

1 comment:

  1. ချိုးငှက်ရေ..လေဒီဂါဂါအကြောင်းဖတ်ပြီးဗဟုသုတယူသွားပါတယ်နော်..
    အားလုံးအဆင်ပြေပါစေ...

    ခင်မင်စွာဖြင့်...
    ရွှေဝန်းရတနာ..

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။