Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 20, 2012

သမိုင်းထဲက ဆရာဝန်များ (ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ဆာအာသာကိုနန်ဒွိုင်း၊ Health Digest ဂျာနယ် အတွဲ ၉၊ အမှတ် ၇)




ရှားလော့ဟုမ်းကို မွေးဖွားခဲ့သူ (သို့မဟုတ်)ဆာအာသာကိုနန်ဒွှိုင်း(Arthur Conan Doyle )
စုံထောက်ကြီး ရှားလော့ဟုမ်းကို ဖန်တီးခဲ့သူ ကိုနန်ဒွိုင်းကို ၁၈၅၉ခုနှစ်၊မေလ ၂၂ရက်နေ့တွင် ယူကေနိုင်ငံ၊ စကော့တလန်နယ်၊အက်ဒင်ဘာရာမြို့၌ မွေးဖွားသည်။ မွေးချင်း ၁၀ယောက်အနက် တတိယမြောက်ဖြစ်သော ကိုနန်ဒွိုင်းသည် စကော့နှင့် အိုင်းရစ်သွေးများရောနှောနေသည့် မိဘနှစ်ပါးမှ ပေါက်ဖွားလာခဲ့သည်။
မှုခင်းဝတ္တုများ၏ ပြိုင်ဘက်ကင်း စုံထောက်ကြီးရှားလောဟုမ်းဝတ္တုများကို ဖန်တီးနိုင်ခဲ့ရုံမျှမက စိတ်ကူးယဉ်သိပံ္ပဇာတ်လမ်းများ၊ပြဇာတ်များ၊အချစ်ဝတ္တုများ၊ ကဗျာများ၊သမိုင်းဝတ္တု များနှင့် ဟာသဇာတ်လမ်းများ ဖန်တီးနိုင်ခဲ့သူဖြစ်သဖြင့် စာအလွန်ရေးနိုင်သူအဖြစ်ထင်ရှားသည်။
ဒွိုင်းသည် အက်ဒင်ဘာရာတက္ကသိုလ်တွင် ၁၈၇၆ခုနှစ်မှ ၁၈၈၁ခုနှစ်အထိ ဆေးပညာသင်ယူ ခဲ့သည်။ဆေးကျောင်းသားဘ၀ကပင် ၀တ္တုတိုများစတင်ရေးသားပြီး အသက်၂၀အရွယ်တွင် ပထမဆုံးသော ၀တ္တုတိုကို ချိန်ဘာအက်ဒင်ဘာရာ ဂျာနယ်၌ဖော်ပြခြင်းခံရသည်။ ဆေးကျောင်းမှ အောင်မြင်သည့်အခါ အာဖရိကအနောက်ဘက်ကမ်းခြေသို့သွားသည့် SS Mayumba သင်္ဘောတွင်သင်္ဘောဆရာဝန်လုပ်ခဲ့ သည်။ ၁၈၈၅ခုနှစ်တွင် ဆစ်ဖလစ်ကာလသားရောဂါတွင် ဖြစ်ပွားသည့် အကြောသေရောဂါဆိုင်ရာ စာတမ်းဖြင့် ဆရာဝန်ဘွဲ့ကိုရခဲ့သည်။
ဆေးကျောင်းပြီးခါစ ဆရာဝန်ပေါက်စတို့ထုံးစံအတိုင်း ကိုယ်ပိုင်ဆေးခန်းလေးဖွင့်ရာတွင် ဒွိုင်းမအောင်မြင်ခဲ့။ ထိုသို့ ဆေးခန်းလူနာမလာခြင်းသည်ပင်လျှင် စာရေးဆရာဖြစ်လာမည့် ဒွိုင်းအတွက် လူနာစောင့်ရင်း စာရေးဖို့အကြောင်းဖန်လာသည်။ ရှားလော့ဟုမ်းဇာတ်လမ်းများကို လူနာစောင့်ဆိုင်း ရင်းနှင့် ရေးဖြစ်ခဲ့သည်ဟု ဒွိုင်းကဆိုပါသည်။
၁၈၉၀တွင် ၊သြစတြီးယားနိုင်ငံ၊ဗီယင်နာမြို့၌ မျက်စိအထူးကုသင်တန်းတက်ပြီး တစ်နှစ်အကြာ လန်ဒန်မြို့သို့ပြန်လာခဲ့ပြီး မျက်စိအထူးကုအဖြစ် ဆေးခန်းပြန်ဖွင့်သည်။ ဒွိုင်းက စာရေးဆရာဖြစ်ဖို့ ကံပိုပါသည်။ ဆရာဝန်ဘ၀နှင့် အကျိုးမပေး။ ထိုအချိန်အထိ လူနာမရှိ။ သူ၏ကိုယ်တိုင်ရေးအတ္တုပတ္တိ စာအုပ်တွင် လူနာလာဖို့နေနေသာသာ၊ ဆေးခန်းရှေ့မှဖြတ်လျှောက်မည့်သူမရှိ ဟုပင်ရေးခဲ့ဖူးသည်။ ထိုအချိန်မှာ သူ့ဇာတ်ဆောင် ရှားလော့ဟုမ်းက အရှိန်ရနေပြီ။
ဒွိုင်းက သမိုင်းဆိုင်ရာဝတ္တုကြီးတွေ ရေးချင်သည်။ ထိုဝတ္တုများက သူ့အတွက် ပိုအရေးကြီးသည်ဟု ယူဆသည်။တဘက်မှာ ရှားလော့ဟုမ်းကလည်း နာမည်အလွန်ကြီးနေပြီ။ သည်တော့ ၁၈၉၃တွင် ဒွိုင်းကသူ့ဇာတ်ဆောင်ရှားလော့ဟုမ်းကို သတ်ပစ်လိုက်သည်။ “နောက်ဆုံးအမှု” အမည်ရ ဇာတ်လမ်းထဲမှာ ရှားလော့ဟုမ်းနှင့် ပရော်ဖက်ဆာမော်ရိုင်ရာတီ တို့နှစ်ဦးကို ရေတံခွန်ထဲပြုတ် ကျပြီး သေကြလေပြီဟု ရေးလိုက်သည်။
ဆေးခန်းမှာသာ လူနာမလာပေမယ့် ဒွိုင်း၏စာဖတ်ပရိသတ်ကတော့ အတော်အင်အားတောင့် သည်။ ရှားလော့ဟုမ်းသေသည်ကို မကျေနပ်ကြသဖြင့် ၁၉၀၁ခုနှစ်တွင် ရှားလော့ဟုမ်းဝတ္တုတစ် ပုဒ်ပြန်ရေးပြီး ရှားလော့ဟုမ်းမသေသေးကြောင်း၊ ပရော်ဖက်ဆာမော်ရိုင်ရာတီသာ သေဆုံးခြင်းဖြစ်ကြောင်း၊ ရှားလော့ဟုမ်းတွင် ရန်သူတော်ကြီးများ ကျန်နေသေးပြီး ထိုသူများအား လှည့်စားလိုသည့် သဘောဖြင့် သေပြီဟု သတင်းလွှင့်ရခြင်းဖြစ်ကြောင်း ပြန်ရေးရသည်။ စာရေးဆရာ
၏ ကလောင်တန်ခိုးက အတော်ထက်သည်။ စာရေးဆရာ ဘာရေးရေး ပရိသတ်ကလက်ခံသည်။ သည်လိုနှင့် ဒွိုင်းသည်စုံထောက်ကြီး ရှားလော့ဟုမ်းကို ၀တ္တုတို ၅၆ပုဒ်နှင့် ၀တ္တုတို ၄ပုဒ်တို့တွင် ထည့်သွင်းအသုံးတော်ခံခဲ့လေသည်။
၂၀ရာစုအ၀င်တွင် အာဖရိက၌ ဘိုးဝါးစစ်ပွဲဖြစ်ပွားသည်။ ဒွိုင်းကထိုစစ်ပွဲနှင့် ပတ်သတ်ပြီး အမိယူကေနိုင်ငံ၏ ရပ်တည်မှုကို ဖော်ပြသည့် တောင်အာဖရိကမှ စစ်ပွဲ၊ အကြောင်းနှင့်အကျိုး သက်ရောက်မှုများ အမည်ရ လက်ကမ်းစာစောင်ကို ဖြန့်ချီခဲ့ရာ ဘာသာပေါင်းများစွာသို့ ပြန်ဆိုဖော်ပြခြင်းခံရသည်။ ၁၉၀၀ပြည့်နှစ် မတ်လမှ ဇွန်လအထိ စစ်မြေပြင်စစ်ဆေး
ရုံတစ်ရုံတွင် လုပ်အားပေးဆရာဝန်လုပ်ခဲ့သည်။ ထိုလက်ကမ်းစာစောင်ကြောင့် ၁၉၀၂ခုနှစ်တွင် သူကောင်းပြုခြင်းခံရခြင်း(ဆာဘွဲ့အပ်နှင်းခံရခြင်း) ဖြစ်သည်ဟု ဒွိုင်းက အမြဲပြောလေ့၇ှိသည်။ ၁၉၀၀ပြည့်နှစ်တွင်ပင် ဘိုးဝါးစစ်ပွဲကြီးစာအုပ်ကိုရေးခဲ့သည်။
ဒွိုင်းသည် နိုင်ငံရေးလောကမှာလည်း ပါဝင်လှုပ်ရှားခဲ့ဖူးသည်။ ၂၀ရာစုအစောပိုင်းတွင် လစ်ဘရယ်ပါတီဝင်တစ်ဦးအဖြစ် လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုက်သင့်သလောက် မဲရရှိခဲ့သော်လည်း ပါလီမန်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းတော့ မ၇ှိခဲ့ပါ။ ကွန်ဂိုနိုင်ငံ လွတ်မြောက်ရေးလှုပ်ရှားမှုများတွင်လည်း မိတ်ဆွေနှစ်ဦးနှင့်အတူပါဝင်ခဲ့ပြီး ၁၉၀၉တွင် “ကွန်ဂိုမှ ရာဇ၀တ်မှု” အမည်ရ စာတမ်းရှည်တစ်စောင်ရေးခဲ့သည်။ ထိုလှုပ်ရှားမှုတွင် ကြုံတွေ့
သိမြင်ခဲ့ရသည့် လူ့စရိုက်များကို အမှီပြုပြီး ၁၉၁၂တွင် “ပျောက်ဆုံးနေသော ကမ္ဘာ”ကို ရေးခဲ့သည်။
၁၉၀၆တွင် ဇနီးဖြစ်သူ လူဝီစာ ဆုံးသည်။ သားဖြစ်သူကလည်း ပထမကမ္ဘာစစ်မပြီးခင်လေးမှာ ကွယ်လွန်ခဲ့သည်။သည်တင်မက အစ်ကိုနှစ်ဦး၊ယောက်ဖနှစ်ဦးနှင့် တူတော်မောင်နှစ်ဦးသည်လည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကြပြန်သဖြင့် ဒွိုင်းတစ်ယောက် စိတ်ကျဝေဒနာ ခံစားလာရသည်။ ဒွိုင်း၏ ဖခင်သည်လည်း နာတာရှည်စိတ်ဝေဒဒနာဖြင့် ဆုံးခဲ့ရသူဖြစ်သည်။ သည်နောက်ပိုင်းမှာ ဒွိုင်းသည် စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာများကို စိတ်ဝင်စားလိုက်စားလာခဲ့သည်။ နာမည်ကြီး သရဲကလပ်အမည်ရ အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာသည်။ သူ၏နောက်ပိုင်းစာအုပ်များတွင် စိတ်ဝိဥာဉ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သော
အယူအဆများစွာ လွှမ်းမိုးနေသည်ဟု ဝေဖန်ရေးဆရာအချို့ကဆိုသည်။
ဆာအာသာကိုနန်ဒွိုင်းသည် အသက်၇၁နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ ဟမ်ရှိုင်းယားရှိ သူ၏အုတ်ဂူတွင် သူကောင်းမျိုး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ဆရာဝန်ကြီးနှင့် စာပေပညာရှင်ကြီးစ သည်ဖြင့် သူ၏ဂုဏ်ပုဒ်များစွာကို ရေးသားထားသည်ကို တွေ့ကြရမည်။ အက်ဒင်ဘာရာရှိ သူမွေးဖွားခဲ့ရာ အိမ်ဘေးတွင် သူ၏နာမည်ကျော် ဇာတ်ဆောင် ရှားလော့ဟုမ်း၏ ရုပ်တုကို စိုက်ထူဂုဏ်ပြုထားလေသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။