Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 2, 2012

မီမီဝင်းဖေနှင့် တွေ့ဆုံခြင်း

အနုပညာရှင်တွေ အားနည်းချက်ရှိရင် ပြည်သူတွေက ထောက်ပြရမှာဖြစ်သလို ပြည်သူတွေမလုပ်သင့်တာတွေကိုလည်း အနုပညာရှင်တွေက ထောက်ပြရမှာပါ။

Posted on Sep 21 12 - 01:00 AM

 

အသံအေးအေးလေးနဲ့ သီချင်းအေးအေးလေးများစွာကို သီဆိုခဲ့တဲ့ မန္တလေးသူအဆိုတော် မီမီဝင်းဖေဟာ ဖခင်ဖြစ်သူ ပန်းချီဆရာ၊ ဒါရိုက်တာဦးဝင်းဖေနဲ့အတူ စက်တင်ဘာ ၈ ရက်က မြန်မာနိုင်ငံကို ခြောက်နှစ်အတွင်း ပထမဆုံး ပြန်လည်ရောက်ရှိလာပါတယ်။ မြန်မာနိုင်ငံနဲ့ ဝေးကွာနေတဲ့ ခြောက်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာနေထိုင်ရင်း Early Childhood Class ကို တက်ရောက်ခဲ့ရင်း တစ်ဖက်မှာလည်း အဝေးရောက်မြန်မာမိသားစုတွေကြား သူမရဲ့ သီချင်းသံစဉ်တွေနဲ့ ထိတွေ့ဖျော်ဖြေနေခဲ့သူလည်း ဖြစ်ပါတယ်။ မီမီဝင်းဖေဟာ ၁၉၈၅ ခုနှစ်မှာ ယင်းမာတင်ဆက်မှု အမှတ်(၁) တစ်ကိုယ်တော်စီးရီးနဲ့ ဂီတလောကကို စတင်ရောက်ရှိခဲ့ပြီး တစ်ကိုယ်တော်အယ်လ်ဘမ် ၁၅ ခွေနဲ့ အတွဲခွေပေါင်း ၄၀ ကျော် ထွက်ရှိထားသူဖြစ်ပါတယ်။ တေးရေးတေးဆို စံလင်းနှင့် 'သူမျှော်နေတော့မှာ' စီးရီးထွက်ရှိပြီး မကြာခင်မှာပဲ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားပြီး မမျှော်လင့်ဘဲ ခြောက်နှစ်ကြာနေထိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခု အပြန်ခရီးစဉ်မှာတော့ ဦးဝင်းဖေကသာ မြန်မာပြည်မှာ အချိန်ကြာကြာ နေထိုင်ဖွယ်ရှိနေပြီး အဆိုတော်မီမီဝင်းဖေကတော့ တစ်လခွဲလောက်သာနေထိုင်ကာ မိခင်ဖြစ်သူရှိတဲ့ မေရီလန်းပြည်နယ်ကို ပြန်မယ်လို့သိရပါတယ်။ အဆိုတော် မီမီဝင်းဖေနဲ့ ယနေ့ဂီတလောကအနေအထား၊ သူမရဲ့ ပြည်ပနေထိုင်မှု ဘ၀အတွေ့အကြုံတွေကို မေးမြန်းထားတာတွေထဲမှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။








မေး - မြန်မာနိုင်ငံ အပြန်ခရီးစဉ်က စိတ်လှုပ်ရှားဖို့ကောင်းလား။
ဖြေ - စိတ်လှုပ်ရှားတာထက် အပြန်ခရီးအတွက် ပြင်ဆင်နေကတည်းက ပျော်နေတာပေါ့။ ရောက်တော့လည်း ပိုပြီးတော့ပျော်တယ်။

မေး - လေဆိပ်မှာ လာကြိုနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
ဖြေ - ကျေနပ်သွားတယ်။ အရမ်းပဲ။ ဘန်ကောက်ကနေ လေယာဉ်ထွက်လာပြီး မြန်မာပြည်မြေပေါ် စဖြတ်ကတည်းက လယ်ကွင်းတွေ၊ တဲတွေကို တောက်လျှောက်ကြည့်လာခဲ့တာ။ မမီက ကိုယ့်နိုင်ငံကို သိပ်လွမ်းခဲ့တာလေ။ ပြန်လာရတာ သိပ်ပျော်ပါတယ်။

မေး - သွားတုန်းက ခုလောက်အထိ အကြာကြီးနေဖြစ်သွားဖို့ မျှော်လင့်ခဲ့လား။
ဖြေ - မမျှော်လင့်ခဲ့ပါဘူး။ မမီ မိဘတွေ အသက်ကြီးပြီဆိုတော့ မမီသွားတွေ့မယ်။ မေမေက ဒူးခွဲမယ်ဆိုတော့ မေမေ့ကို ပြုစုမယ်ဆိုပြီး ခြောက်လလောက်ပဲ မှန်းပြီးသွားခဲ့တာ။ ဒါပေမဲ့ ဒီခြောက်လအတွင်းမှာ ဒီကအခြေအနေလေးတွေအရ မပြန်ဖြစ်တော့ဘူး။ မေမေ့ဒူးနာကလည်း တော်တော်ဆိုးတော့ မေမေ့နားမှာ နေသင့်တယ်ဆိုပြီး နေခဲ့လိုက်တာပါ။

မေး - ပြည်ပမှာ နေထိုင်ခဲ့တဲ့အတွင်း ရုန်းကန်နေထိုင်ခဲ့တာလေးတွေလည်း ဝေမျှပါဦး။
ဖြေ - ညီမပြောတာ မှန်ပါတယ်။ ဒီကဘ၀နဲ့ ဟိုမှာနေရတဲ့ ဘ၀ အရမ်းကွာခြားပါတယ်။ ဒီမှာက မိုးလင်းတာနဲ့ အနုပညာအလုပ်တွေနဲ့ အချိန်ကုန်ရတာ။ အနုပညာသမား အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရတာ။ ဟိုမှာ မိုးလင်းတာနဲ့ ချက်ပြုတ်၊ မိဘတွေအတွက် ပြင်ဆင်ပေး။ အလုပ်ကတစ်ဖက်၊ Weekend မှာ ကျောင်းတက်လိုက်သေးတယ်။ အနုပညာနဲ့ မိုးလင်းတာတော့ မဟုတ်ဘူးပေါ့။

မေး - မေရီလန်းမှာနေတော့ ကမ္ဘာကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေနဲ့လည်း ထိတွေ့ခွင့် ရခဲ့မှာပေါ့။ ကိုယ်က ပရိသတ်နေရာရောက်သွားတဲ့ ဖျော်ဖြေပွဲကြည့် အတွေ့အကြုံလေး ပြောပါဦး။
ဖြေ - မမီက စလင်းဒီယွန်ကို အရမ်းကြိုက်တော့၊ အလုပ်မ၀င်ခင်လေးတင် စလင်းဒီယွန်က လပ်ဗေးဂတ်မှာ ဖျော်ဖြေပွဲလာလုပ်တော့ အပြေးလေးသွားကြည့်ခဲ့တယ်။ မမီနေတဲ့နေရာနဲ့ဆို မိုင်လေးငါးထောင်လောက်ဝေးပါ့။ ပထမတစ်ခေါက်က အင်္ဂလန်မှာ ကြည့်ခဲ့ဖူးသေးတယ်။ နောက်ပြီး မေရီလန်းမှာ အီးဂဲလ်တီးဝိုင်း လာဖျော်ဖြေတော့လည်း ကြည့်ဖြစ်တယ်။ မမီ အမေရိကမှာ ရောက်နေတုန်း ကိုယ့်တိုင်းပြည်မှာ မဟုတ်တဲ့အတွက် အရမ်းခံစားရတယ်။ ပွဲတွေ ကြည့်ရတာလေးနဲ့ စိတ်ဖြေသာရတယ်။

မေး - အခု မြန်မာ့ဂီတလောက အခြေအနေလေးကို မမီ ဘယ်လိုမြင်ပါသလဲ။
ဖြေ - အဆိုပြိုင်ပွဲတွေ အများကြီးပေါ်လာတယ်။ အသစ်ထွက်တဲ့ အဆိုတော်တွေထဲမှာဆို မိန်းကလေးတွေကအစ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတွေရှိလာတယ်။ အစ်မတို့တုန်းက ဒီလောက် မထွန်းကားသေးဘူး။

မေး - မေရီလန်းမှာနေတုန်း အမေရိကမှာရှိတဲ့ ဘယ်ပြည်နယ်တွေကို သွားဖြစ်ပါသေးလဲ။
ဖြေ - ပြည်နယ်တော်တော်များများ ရောက်ဖြစ်ပါတယ်။ ယူအက်စ်မှာ မြန်မာတွေ တော်တော်များများရှိတယ်။ မြန်မာတွေမှာ Stress တွေ သိပ်များကြတယ်။ ရုန်းကန်ကြရတယ်။ ကိုယ့်နိုင်ငံကို လွမ်းကြတယ်။ ဒီတော့ မြန်မာတွေက ပွဲလေးတွေလုပ်ပြီး စုဝေးကြတယ်။ အဲဒီပွဲလေးတွေကို မမီ သီချင်းသွားဆိုပေးတော့ သူတို့ ပျော်ကြတယ်၊ အလွမ်းပြေကြတယ်။ မြန်မာအသိုင်းအ၀ိုင်းက ဒီလို ရပ်တည်နေကြရတာကိုး။

မေး - ယူအက်စ်မှာ နေခဲ့တာကြောင့် ပြုပြင်ပြောင်းလဲသွားတဲ့ အမူအကျင့်လေးတွေ ရှိခဲ့ပါသလား။
ဖြေ - အများကြီးရှိခဲ့ပါတယ်။ ဒီမှာတော့ မမီတို့ကို ၀ိုင်းကူလုပ်ပေးမယ့် ကူဖော်လောင်ဖက်တွေ ရှိခဲ့တယ်။ ဟိုရောက်တော့ အစ်မမှာ ပြဿနာကြုံရတယ်။ ဒါပေမဲ့ ကောင်းတဲ့အကျင့်လေးတွေ ရသွားတာပေါ့။ ကိုယ့်အ၀တ်ကိုယ်လျှော်၊ ကိုယ်စားမယ့်ဟင်း ကိုယ်ချက်၊ ကိုယ့်ကားကိုယ်ဆေး၊ မောင်းရတော့ မမီနဲ့ အဲဒါကြီးက ဘာမှမဆိုင်သလိုပဲ။ ရောက်ရောက်ချင်း ဘယ်လိုအချိုးလဲဆိုပြီး အမြင်ကတ်ခံရပါတယ်။ ဒါပေမဲ့ မမီသိပါတယ်။ ဒီလောက် လူတွေ ကိုယ့်တာဝန်ကိုယ်ယူပြီး လုပ်နေကြတဲ့တိုင်းပြည်မှာ ဟိုလူလုပ်ပေးနိုးနိုး၊ ဒီလူလုပ်ပေးနိုးနိုးဖြစ်နေတဲ့ ကိုယ့်အဖြစ်ကိုပေါ့။ ခုတော့ စည်းကမ်းရှိတဲ့တိုင်းပြည်၊ လိုက်နာကြတဲ့တိုင်းပြည်မှာ နေလိုက်တော့ စည်းကမ်းတကျ နေတတ်ထိုင်တတ်သွားတယ်။

မေး - အခုမြန်မာပြည် အပြန်ခရီးစဉ်မှာ အကြမ်းဖျင်းစီစဉ်ထားတာလေးတွေ ပြောပြပေးပါ။
ဖြေ - မမီအဖေက ၁၈ နှစ်ခွဲခွာခဲ့တာဆိုတော့ ဖေဖေက လုပ်ချင်တာတွေ အရမ်းများတယ်။ စာရေးတာတို့၊ ပန်းချီဆွဲတာတို့၊ ရုပ်ရှင်ဇာတ်ညွှန်းကိစ္စတွေ၊ အခုအိမ်မှာနေတုန်း သူ့ရဲ့ကျန်းမာရေးနဲ့ စားရေးသောက်ရေးကိစ္စ ဒါတွေပဲရှိနေတယ်။ လာကတည်းက အဖေ့ကို အဖော်လုပ်ပြီး ပြုစုစောင့်ရှောက်ဖို့ဖြစ်လို့ အစ်မအတွက် ဘာမှမစဉ်းစားထားဘူး။ ဒါပေမဲ့ အခု တက္ကသိုလ်အနုပညာအသင်းပွဲမှာတော့ မမီ ၀င်ဆိုဖြစ်မှာပါ။ ကျန်တာတော့ ကြီးကြီးကျယ်ကျယ် ဘာမှမရှိဘူး။ ခရီးလည်း ဖေဖေသွားတဲ့နောက်ပဲ မမီလိုက်မှာ။ ဖေဖေက မန္တလေး အရမ်းသွားချင်တယ်။ ခုလောလောဆယ်တော့ မသွားဖြစ်သေးပါဘူး။ နားကြရဦးမှာပါ။

မေး - ဒီမှာ အစ်မရဲ့ဂီတမိတ်ဆွေတွေနဲ့တွေ့တော့ အများဆုံးပြောဖြစ်တဲ့ အကြောင်းက ဘာများလဲ။
ဖြေ - Right(ရပိုင်ခွင့်) တွေပါ။ မမီတို့ကိုယ်တိုင်လည်း ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့၊ နစ်နာခဲ့ရတဲ့ generation တွေပါ။ မမီတို့ကတော့ ထားပါတော့။ ရှေ့မျိုးဆက်သစ်တွေကိုတော့ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ မြန်မာပြည်ရဲ့ သဘာဝအရ၊ အလေ့အထအရ ဥပမာ တခြားတိုင်းပြည်မှာတောင် မရှိပါဘူး။ မင်္ဂလာဆောင်တွေမှာ ပတ်ဆိုတယ်ဆိုတာ(ရယ်လျက်)။ ကိုယ့်ရဲ့ ရပိုင်ခွင့်လေးတွေတော့ ညှိနှိုင်းပြီး အဖြေရှာကြရမှာပါ။

မေး - ခုဖြစ်နေတာကလည်း မူပိုင်ခွင့်ဆိုရင် အနုပညာရှင်တွေဘက်ကလည်း ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်းရှိတော့ မမီ ဘယ်လိုအကြံပေးချင်လဲ။
ဖြေ - မှန်ပါတယ်။ အနုပညာရှင်တွေဘက်က အားနည်းချက်ရှိရင်လည်း ပြည်သူတွေဘက်က ထောက်ပြရမှာဖြစ်သလို ပြည်သူတွေဘက်က မလုပ်သင့်တာတွေကိုလည်း အနုပညာရှင်တွေက ထောက်ပြရမှာပါ။ အနုပညာသမားတွေမှာလည်း ကိုယ်ပိုင်ပစ္စည်းပဲ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ကော်ပီဖြစ်နေရင်လည်း ဒီလူတွေရဲ့ ကြိုးစားအားထုတ်မှုလေးတော့ ရှိပါတယ်။ ပရိသတ်ကလည်း မဖြစ်သင့်ဘူး၊ ကော်ပီမို့ အားမပေးဘူးလို့မြင်ရင် ကိုယ်ပိုင်သံစဉ်သမားတွေကို သိသိသာသာ အားပေးပြလိုက်ပါ။ တစ်ဖက်နဲ့တစ်ဖက် ထောက်ပြဖို့လိုပါတယ်။ ပရိသတ်ထောက်ပြတာကိုလည်း လက်ခံပါတယ်။

ကျေးဇူးတင်ပါတယ်။

ရေးသားသူ - အေးသူစံ
Credit - 7DayNews, Vol(11) Issue(28)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။