ဆောင်းပါးရှင်။ ဗိုလ်မှူး
ကျော်ကျော်ခိုင်
မြန်မာ အိပ်က်စ်ပရက်စ် web site မှာ ပေးစာ ၁၇၇
ပြည့်တန်ဆာတန်းတရားဝင်ရှိသင့် သလား ဆိုတာကိုဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း
ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် ရရေးဆိုပြီး ပြည့်တန်ဆာဥက္ကဋ္ဌ
ဒေါ်နှင်းနှင်းယု နဲ့ ပျိုးပင် အဖွဲ့မှဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ်
လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။
သူတပါးနိုင်ငံတခုကို ဟိုနိုင်ငံပြောပြောပြီး
ကိုယ့်နိုင်ငံကို အလိုလိုနေယင်း ဟိုနိုင်ငံဖြစ်ဖို့အကြံပေးချင်
မိမိနိုင်ငံဟာ ညစ်ညမ်းမှုကင်း၍
ပြည့်တန်ဆာကင်းရှင်းတဲ့ နိုင်ငံတခုဖြစ်တော့ မကောင်းဘူးလား၊
ကမ္ဘာနဲ့ရင်ဘောင်မတန်းနိုင်တော့ ဘူးလား ခေတ်များနောက်ကျနေပြီလား။ ဒါဟာ
ပြည့်တန်ဆာ လုပ်ငန်းစီးပွားရေး သမားတွေရဲ့ လိုလားချက် ဖြစ်ဟန်ရှိပါတယ်။ လက်ရှိ
နိုင်ငံတိုးတက်ကြီးပွားရေးကို အရေးတကြီးဆောင်ရွက်နေတဲ့အချိန် အရေးကြီး
ကိစ္စတွေပြဿနာတွေ ကို လွှတ်တော်ကစဉ်းစား လုပ်ဆောင်နေရတဲ့ အချိန်မှာ ဒါဟာ
ရှေ့တန်းဦးစားပေးရ မယ့်ပြဿနာမဟုတ်ပါ ဘူး။ နိုင်ငံတော်ရှေ့ရေးဟာ အစကောင်းမှအနှောင်း
သေချာမှာပါ။ ယဉ်ကျေးမှုကြောင့် လက်မခံမှာတောင်စိုးတယ်ဆိုပဲ။ ပေးစာ ၁၇၇ ရေးသူရဲ့
အာဘော်ကိုတော့ သဘောကျပါတယ်။ တိုတိုရှင်းရှင်းပဲ တင်ပြချင်ပါတယ်။
အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံဒီလို တရားဝင်ဖွင့်ထားသလည်းဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ ယှဉ်တဲ့ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရားချမှတ်ပေးခဲ့ တဲ့ ဝိနည်းစည်းကမ်းတွေ
ရှေး ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်တွေ က ဆင်းသက်လာတာပါ။ အချို့က
ယဉ်ကျေးမှုကူးစက်ခြင်းကို အကြောင်းပြပြီး ပြောကြပါတယ်။ သူများယဉ်ကျေးမှုကို
မပြောလိုပါဘူး။ မြန်မာယဉ်ကျေးမှုမှာ ဘာမကောင်းတာရှိပါသလည်းလို့ အရင် မေးချင်ပါတယ်။
ယဉ်ကျေးမှုနဲ့ ထုံးစံ ဓလေ့ အမူအကျင့် သဘာဝဆိုတာတွေကိုလည်း ခွဲခြားသိမြင်တတ်ဖို့
လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ( ဒေါက်တာ
)ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ တရားတပုဒ်မှာ ဒီလို နာကြားခဲ့ရပါတယ်။
အာရှမှာ ကမ္ဘာမှာ ဘယ်နှစ်နိုင်ငံဒီလို တရားဝင်ဖွင့်ထားသလည်းဆိုတာကို အရင်ပြန်တွေးပါ။ ဗုဒ္ဓဘာသာနဲ့ ယှဉ်တဲ့ယဉ်ကျေးမှုကို နားလည်ပါ။ မြန်မာ့ယဉ်ကျေးမှုဟာ ထမင်းစား ရေသောက် အိမ်သာတက်တာတောင် ရှင်တော်မြတ်ဘုရားချမှတ်ပေးခဲ့
ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ နိုင်ငံခြားသားတစု မြန်မာနိုင်ငံကိုလာလည်ပါတယ်။ စေတီတခုမှာ အမျိုးသမီးများ မတက်ရဆိုတဲ့ ဆိုင်းဘုတ်တခုတွေ့တော့ နိုင်ငံခြားသူအမျိုးသမီးတယောက်က ဒါလားဗုဒ္ဓဘာသာ၊ အမျိုးသမီးတွေကို ခွဲခွဲခြားခြား လုပ်တာလားလို့ မေးပါတယ်။ ဆရာတော်က This is not a religion. This is a tradition. အဲဒါက ဘာသာတရားအရ မဟုတ်ပါဘူး၊ ထုံးစံအစဉ်အလာတခုပဲ ဖြစ်ပါတယ်တဲ့။ ဆရာတော်အဖြေတတ်ပြီး ဖြေဆိုပုံလည်းကောင်းလို့တာပါ။ အဖြေမတတ်ရင်လည်း နားလည်မှုလွဲသွားနိုင်ပါတယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ အမူအကျင့် အလေ့အထတွေကို ခွဲခြားနားလည်ကြရမှာပါ။ မြန်မာယဉ်ကျေးမှုကို တန်းဖိုးထားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။
အတုမြင်အတတ်သင်ဆိုတဲ့ စကားကိုလည်း သဘောပေါက်သင့်ပါတယ်။ လူတချို့က ကိုရီးယားဇာတ်ကားတွေက အမူအကျင့်တွေ ကူးစက်ခံနေရတာကိုပြောတော့ သူများသွားမပြောပါနဲ့ဆိုပြီး လက်မခံချင်ကြဘူး။ မှန်ပါတယ် ကိုယ့်ကိုကိုယ် ကိုယ့်လူမျိုးကိုယ် အပြစ်တင်ပါ။ ဒါပေမယ့် အတုမြင်အတတ်သင်မို့ ပါတ်ဝန်းကျင်အရေးကြီးပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ တရုတ် ကိုရီးယားဇာတ်ကားများ ဝင်ရောက်လာပါတယ်။ တရုတ်ကတော့ သိုင်းကားကထိုးဖေါက်ပြီး ကိုရီးယားက ဒရမ်မာဇာတ်ကားတွေ ထိုးဖေါက်ပါတယ်။ မိန်းကလေးအရက်မူးပြတာတွေ မိန်းကလေးကစပြီး ချစ်ကြိုက်စကားပြောတာတွေက ဇာတ်ကားတိုင်းမှာပါ ပါတယ်။ အဲဒီအချိန်က ၃-၄ နှစ်ကလေးတွေဟာ လူကြီးတွေစွဲလန်းကြည့်ရှုမူနဲ့
အဲဒါကြောင့် စာရေးသူ ယခင်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို အပြစ်ကြီးကြီးပေး အရေးယူသင့်ကြောင်း တင်ပြခဲ့ဘူးပါတယ်။ မြန်မာဆိုရိုးစကား အတုမြင်အတတ်သင် နော်။ ယခုဆို အဋ္ဌမတန်းကျောင်းသူလေး ၁၃ နှစ်သမီးရည်းစားနဲ့ ကျောင်းမတက်ပဲတည်းခိုခန်းသွားတာ ၃ ကြိမ်မြောက်မှမိဘသိလို့ တရားစွဲရတယ်။ ဒီလိုပြဿနာတွေဟာ အရင်းခံက အတုမြင်အတတ်သင်တာပါ။ လူ့အခွင့်အရေးမဟုတ်ဘူးနော်။ စည်းကမ်းမဲ့တဲ့ တည်းခိုခန်းကိုလည်း အရေးယူသင့်ပါတယ်။
မဆလခေတ်ကဆိုရင် ရန်ကုန်က လူ ရန်ကုန်မှာ ပြန်တည်းခိုလို့မရတဲ့အတွက် အဲဒီလိုပြဿနာတွေမကင်းပေမယ့် အတော်လေးရှားပါးပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု လူမှုရေး ဘာသာရေး စာရိတ္တပိုင်းကိုယ်ကျင့်တရားပို
ဒီလိုအခြေအနေ အန္တရာယ်အကြားထဲမှာ ကို ပြည့်တန်ဆာ ဥက္ကဋ္ဌကြီး နှင်းနှင်းယုနဲ့မျိုးလွင်က အူကြောင်ကြောင် ထပြော တာ မြန်မာတစ်ယောက်အတွက်တော့ အတော်လေးကို ဒေါသဖြစ်စရာ ပါပဲ။ မြန်မာတိုင်းရင်းသူအမျိုးကောင်း
နောက်တခုက လိင်မှ တစ်ဆင့် ကူးစက် တတ်သော ရောဂါများ ထိန်းချုပ် ရာတွင် ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ဆိုပြီး အကြောင်းပြလာပါတယ်။ တားမြစ်ထားတာကို နိုင်ငံသားအခွင့်အရေးဆုံးရှုံး
ကျောင်းတွေ ရပ်ကွက်တွေ မြို့နယ်တွေမှာ ကျန်းမာရေးဟောပြောမှုတွေ မီဒီယာတွေပေါ်မှ ပညာပေးအစီအစဉ်တွေနဲ့ နှစ်စဉ် လူတိုင်း ကျန်းမာရေးအခမဲ့ စစ်ဆေးပေးရေးအစီအစဉ်တွေ စသည်ဖြင့် တိတိကျကျလုပ်ဖို့ပဲလိုတာပါ။ ရာဂမှာမျက်စိမရှိသူတွေကတော့ ဘယ်လိုပဲပညာပေးပေး ဂရုမစိုက်ပါဘူး။ ပေးစာ ၁၇၇ ကတော့ ဒီလိုပြောပါတယ်။ “ နိုင်ငံတကာ ပြည့်တန်ဆာတန်းရဲ့နောက် ကွယ်မှာ တရားမ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း ကပ်ညှိပါလာတတ်လို့ပါ ... နောက်ပြီး မုဒိန်းမှုတွေ ပိုပေါလာမှာ စိုးရွံ့မိပါတယ် .. လက်တွေ့ ကွင်းဆင်းပြီးဖြစ်လို့ အပြင်မှာ လက်တဲ့စမ်းမှာ မလို့ပါ .. လက်ရှိအနေ အထား မှာတောင် များပြားနေတဲ့ မုဒိန်းမှုတွေရဲ့ တရားခံက အမြင်သက်သက် ခံစားမှု ပေးစွမ်းထား တဲ့ အတုမြင်အတတ်သင်စေတဲ့ တရားမ၀င် ဆင်ဆာညစ်ညမ်းခွေတွေကြောင့်လို့ သုံးသပ်ထားတာမလို့ပါ ... နောက်ဆက်တွဲအနေနဲ့ တရားဝင် ပြည့်တန်ဆာတန်း ဖြစ်သွား တာနဲ့ ရောဂါဘယ ကင်းတယ်ဆိုတာ သေချာနိုင်မလား.. လိင်မှတဆင့် ကူးစက်စေနိုင်တဲ့ ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV .. အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါဘယတွေကို ဘယ်လောက်များ လုံခြုံမှု ပေးနိုင်မလဲ .. ဆိုကြပါစို့ ... လက်ရှိဆေးပညာအရ အသည်းရောင်အသားဝါ A-B-C ပိုး... TB... ဆစ်ပလစ်.. စတာတွေကို မကူးဆက်အောင် ကာကွယ်ဆေးတွေ ထိုးလို့ ရတယ်ပဲထား ...ဘယ်လောက်ထိများ အလေးထားပြီး ဆောင်ရွက်ပေးနိုင်ကြမှာလဲ .... ကုရာနတ္ထိ ဆေးမရှိသေးတဲ့ HIV ကို ဘယ်လို ကျော်ဖြတ်မလဲ ..... HIV ရဲ့ သဘာဝကိုက ရောဂါဝင်ပြီး (၆)လနေမှ HIV ပိုး ရှိ/မရှိ ကို အသေအချာ စစ်လို့ရနိုင်တာ မလို့ပါ .. လူကထွက်တဲ့ အရည်မှန်သမျှ နဲ့ ကူးစက်နိုင်တာ .. အခန့်မသင့်ရင် kissing အနမ်းပေးရင်း.. xx စို့ရင်းနဲ့လဲ ကူးစက်သွားနိုင်တာ .... ၀ါသနာပါတယ်ဆိုတဲ့ လူကြီး လူငယ် မရွေး ပုရိသယောက်ျားများတွေကို ဘယ်လောက်ထိများ စိတ်ချလုံခြုံစေနိုင်မလဲ .... ပိုက်ဆံဆိုတာ လူ့ကျင့်ဝတ် သိက္ခာလောက် တန်ဘိုး မရှိနိုင်တာမလို့ ... တန်ရာတန်ကြေး ရခြင်း/မရခြင်းကို သမာအာဇီဝ အလုပ်ဟု မဆိုထိုက်သည့်အတွက် ဝေဖန်ချက်မပေးလိုတော့ပါ ... လက်ရှိ လမ်းပေါ်မှာ ကျင်လည်ကျက်စားနေတဲ့ မိန်းကလေးတွေအားလုံး တရားဝင် ပြည့်တန်ဆာတန်းကို ရောက် သွားပြီလို့ ဆိုနိုင်မလား ... လမ်းပေါ် မှာ မရှိနိုင်တော့ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ .. တရားမ၀င် ပြည့်တန်ဆာ ပပျောက်သွားနိုင်မလား ... စားဝတ်နေရေးကြောင့် တရားဝင်သွားပြီဟေ့ .. ငွေရလွယ်ကူတဲ့ .. ဘာအရင်းအနှီး.. ဘာ ပညာမှ တတ်စရာမလိုတဲ့ .. အမေပေးတဲ့ လယ်တစ်ကွက်နဲ့ ငါတို့ ဒီအလုပ်ပဲ လုပ်မယ်လို့ မိန်းကလေး အများစု က ဆုံးဖြတ်ခဲ့ရင်ကော ဘယ်လို လုပ်ကြမလဲ... အရေအတွက် အကန့် အသတ် နဲ့ လုပ်ကြမှာလား... သေချာတယ်နော် ... ငယ်ရွယ် နုပျိုစဉ်တုန်းတော့ တရားဝင်ပေါ့ .. လူဆိုတာလည်း ဒီတိုင်းနေလို့ မရဘူးလေ... ပျို ပြီးရင် မလွဲမသွေ အိုရမှာ ... အဲ .. အရွယ်လည်း နည်းနည်း ဟိုင်းလာတော့ တရား မ၀င် တာတွေ ဘယ်လောက်များ များနိုင်မလဲ... တရားဝင် ပြည့်တန်ဆာ များ ရဲ့ မျိုးဆက်ကကော ဘာတွေ ဖြစ်နိုင်မလဲ ... အဲဒီ အသိုက်အမြုံကို ဘယ်လို ထိမ်းချုပ်နိုင်မလဲ ... တရားဝင်ဖြစ်လေလေ ကျယ်ပြန့်လေလေဆိုတာ သဘာဝပါ.... ”” အချို့နိုင်ငံတွေမှာဆို လူသုံးပစ္စည်းအလှအပအသစ်အဆန်းတွေ မက်မောပြီးလောဘနောက်လိုက်လို့ ငယ်ငယ်ရွယ်ရွယ် ကျောင်းသူတွေတောင် ပါဝင်နေတာပါ။ ဥပဒေအတော်တင်းကြပ်တဲ့နိုင်ငံမှာ
မြန်မာနိုင်ငံလို အစစ တင်းတင်းကြပ်ကြပ်စီစီစစ်စစ်
မလုပ်နိုင်တဲ့နိုင်ငံမှာ လိုင်စင်တွေဘာတွေနဲ့လုပ်လည်း လုပ်တာပဲရှိမှာပါ။
အသဲရောင်အသည်းဝါစီပိုးဆိုရင် ချောင်းဆိုးရင် အနီးကပ်အတူနေရင်တောင်
ကူးစက်လွယ်တဲ့ရောဂါမျိုးပါ။ တချိန်က နို်င်ငံတခှုမှာ နိုင်ငံဥသျှောင်ကြီးက
ပြည့်တန်ဆာမတယောက် အမေအိုကြီးကိုလုပ်ကျွေးနေလို့ဆိုပြီး
အားပေးလိုက်တာနဲ့ သူ့ကိုကြည်ညိုကြတဲ့ပြည်သူတွေ
မိဘကိုဒီအလုပ်နဲ့လုပ်ကျွေးရတြာ မတ်တယ်ဆိုပြီး လိုက်လုပ်လိုက်ကြတာ
ဟိုနိုင်ငံလို့နာမည်တွင်ရောမ ဟုတ်လား။ သူ့နိုင်ငံနယ်စပ်ကဒေသတွေအထိ ရိုက်ခတ်ခဲ့ပါ
တယ်။ နောင်တော့လည်း ပါတ်ဝန်းကျင်ဆင်းရဲတဲ့နိုင်ငံေ တွက
အမျိုးသမီးတွေရောက် သွားကြတယ်။ လူကုန်ကူးခံရပြီး အရောင်းစားခံရကာ ဘဝပျက်ကြရတာတောင်
မကြာခဏကြားကြ ရမှာပါ။
မြန်မာမိန်ကလေးတော်တော် များများဟာ စားဝတ်နေရေးကြပ်တည်းလွန်းတဲ့ အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာတပ်မက်တဲ့လောဘ တခုကြောင့်နဲ့ ဝါသနာပါလို့လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာအမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလန်းတွေပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာပါ။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေးချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလန်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေးကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီး အသင်းအဖွဲ့များဖြစ်ပါတယ်။ မကြာခင်ကပဲ WLC လို့ခေါ်တဲ့ အမျိုးသမီးများလေ့လာသင်ယူမှုစင် တာ
ဆိုတာပေါ်လာတာတွေ့ရပါတယ်။
ဒီမှာဖတ်ကြည့်ပါ။ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။ ပြည့်တန်ဆာလုံးဝကင်းစင်ပပျောက် ဖို့ မရည်ရွယ်နိုင်ပေမယ့် အတော်အတန်
ပပျောက်သွားမှာပါ။ ပျော်ပါးချင်သူတွေက ငွေတောင်ပေါနေမှတော့
အဲဒီရှိတဲ့နိုင်ငံသွားလည်ပေါ့ဗျာ။ နီးပါတယ်။
လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာ ပြီပဲ။ ဆရာကြီး လူထုစိန်ဝင်း
သတိပေးခဲ့တာလေးကိုလည်း တင်ပြချင်ပါတယ်။ ဆရာကြီးရှိစဉ်က နို်င်ငံခြားသူတယောက်လာပြီး
ဆရာကြီးကို View ပါတယ်။ မြန်မာပြည်မှာဂေးတွေကို ဘာကြောင့်လက်မခံသလည်း ဆိုတာကိုပါ။
ဆရာကြီးက အခု အရေးကြီးတာ ဒီမိုကရေစီအရေးပါ။ ဒီမိုကရေစီကို
လမ်းလွဲအောင်မလုပ်ပါနှင့် ပြောလိုက်ပါတယ်။ ဒီမိုကရေစီဆိုတာကိုတောင်
အဓိပ္ပါယ်ပေါ်အောင် နားမလည်နိုင်ကြသေးပဲ မဟုတ်တာကစပြီး စင်ပေါ်တင်ချင်နေတာကိုက မူမမှန်
လမ်းကြောင်းမမှန်တာပါ။ လာခဲ့ပါလား မြန်မာနိုင်ငံကြီးပွားတိုးတက်ေ ရးအတွက်
နည်းပညာတွေ အထောက်အကူပစ္စည်းတွေ စေတနာသက်သက်နဲ့ထောက်ပံ့ကူညီမှုေ တွ။
တင်ပြပြီးတဲ့ကိစ္စတွေကို ခြုံပြီးတင်ပြချင်တာက အဓိကနဲ့သာမညခွဲကြပါ။
နိုင်ငံနဲ့လူမျိုတိုးတက်ကြီးပွားရာကြီးပွားကြောင်း အကြံကောင်းတွေပဲ
အရင်ပေးကြပါဦး။ မဟုတ်တာတွေကို စင်ပေါ်မတင်ချင်ပါနဲ့။ ပြည့်တန်ဆာ ဂေးနဲ့ပါတ်သက်တဲ့
ရောဂါတွေကူးစက်မှာ ဘန်းပြနေတာထက်စာရင် ကျန်းမားရေး လူမူရေး ဘာသာရေး ရှုထောင့်တွေက
ကျယ်ကျယ်ပြန့်ပြန့် ပညာပေးကြရပါမယ်။ ရှုံ့ချနေတာ မဟုတ်ပါဘူး။ ပြည်တန်ဆာဆိုတာက မရှိလေ
ကောင်းလေပါပဲ။ ဘုရားလက်ထက်ကတောင် ရှိတယ်ဆိုပြီး ပြောနေတဲ့သူတွေကို ပြောချင်ပါတယ်။
ဘုရားက လောဘ ဒေါသ မောဟ ရာဂ ကိလေသာ လောက်မြိုက်ခြင်းက ကင်းအောင် အကုသိုလ်တရားတွေ
ကင်းအောင် ဟောကြားနေ တာပါ။ ကောင်းသောမှန်ကန်သော အသက်မွေး ဝမ်းကြောင်းမှု
ကိုလုပ်ကိုင်ခြင်းလို့ ဘုရားဟောတာ ဒီလို ကိလေသာရာဂလောင်မြိုက်တဲ့အလုပ် မပါ
ပါဘူး။
မြန်မာမိန်ကလေးတော်တော် များများဟာ စားဝတ်နေရေးကြပ်တည်းလွန်းတဲ့ အတွက် ဤလုပ်ငန်းကို မလုပ်ချင်ပဲ လုပ်နေကြရတာပါ။ အလှအပ ပစ္စည်းတန်ဆာတပ်မက်တဲ့လောဘ တခုကြောင့်နဲ့ ဝါသနာပါလို့လုပ်စားသူကတော့ ရှားပါတယ်။ အဓိက က မြန်မာအမျိုးသမီးများ စားဝတ်နေရေး အဆင်ပြေအောင် ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ကောင်းမွန်တဲ့အလုပ်အကိုင် အခွင့်အလန်းတွေပေါ်ထွက်လာအောင် အစိုးရက ကြိုးပမ်းပေးရမှာပါ။ စီးပွားရေးပြေလည်နေရင် စားဝတ်နေရေးချောင်လည်နေရင် ဒီအလုပ်မျိုး မြန်မာမိန်းကလေးမှန်သမျှ ဘယ်သူမှမလုပ်ချင်ကြပါဘူး။ အဓိက ဖြေရှင်းပေးရမှာက ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလန်းနဲ့ စားဝတ်နေရေးပါ။ လူမှုရေးကူညီစောင့်ရှောက်မူ အမျိုးဘာသာ ယဉ်ကျေးမူကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မယ့် နိုင်ငံရေးမပါသော မမှန်ကန်တဲ့ခေါင်းစဉ်များမပါသော လူမှုရေးအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် အမျိုးသမီး အသင်းအဖွဲ့များဖြစ်ပါတယ်။ မကြာခင်ကပဲ WLC လို့ခေါ်တဲ့ အမျိုးသမီးများလေ့လာသင်ယူမှုစင်
ဒီမှာဖတ်ကြည့်ပါ။ အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် အသက်မွေးမှု အတတ်ပညာများကို အခမဲ့ သင်ကြားပေးလျက်ရှိရာ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း အမျိုးသမီးများ လေ့လာသင်ယူမှု စင်တာ (WLC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမှုကို အမျိုးသမီးများအတွက် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ပန်းအလှထိုးခြင်း၊ အခြေခံမိတ်ကပ်လိမ်းခြယ် နည်းပညာများ၊ အိမ်တွင်းအလှဆင်ခြင်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းများ၊ ဥရောပအစားအစာ၊ တိုင်းရင်းသားအစားအစာ ချက်ပြုတ်နည်းများကို သင်ကြားပေးလျက် ရှိသလို အင်္ဂလိပ်စာ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းကာလ အတွင်း ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောမှုများလည်း လုပ်ဆောင်လျက်ရှိသည်။ ဗဟုသုတ အသိပညာပေးကာ ဗီဒီယိုဖြင့်ပြသခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စာကြည့်တိုက် စီစဉ်ပေးခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းမှ ရှင်းပြသည်။ စိတ်ပါဝင်စားသော မည်သည့်ဒေသမှ အမျိုးသမီးများမဆို ခွဲခြားခြင်းမပြုဘဲ လက်ခံသင်ကြားပေးခြင်း ဖြစ်သည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း မဟာသုခိတာလမ်း၊ အမှတ်(၄၁၀)ရှိ အမျိုးသမီးများ လေ့လာသင်ယူမှုစင်တာ (WLC) ၌ စာရင်းပေးသွင်း နိုင်ကြောင်း သိရှိရသည်။ ပြည့်တန်ဆာလုံးဝကင်းစင်ပပျောက်
မြန်မာအမျိုးကောင်းသမီးများကို လမ်းမ လွဲစေသင့်ပါဘူး။အချို့က ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ဆက် စပ်ပြီးပြောပါတယ်။ စာရေးသူတို့ဖြစ်ဖြစ် အခြားပုဂ္ဂိုလ်များစွာဖြစ်ဖြစ် နိုင်ငံခြားမှာ သွားတာဟာ ပြည့်တန်ဆာ ရှာ ဖို့မဟုတ်ပါဘူး။ ပြီးတော့ အဲဒီနိုင်ငံက နိုင်ငံရဲ့သာ ယာလှပတဲ့သဘာ ၀နေရာတွေ ရိုးရာထူးခြားတဲ့အစားအသောက်တွေ အဲဒီလူမျိုးတွေရဲ့ ရှေးအစဉ် အလာတွေ ယဉ်ကျေးမူတွေ ရှေးဟောင်းနေရာအဆောက်အဦ ရိုးရာဝတ်စားဆင်ယင်မှုတွေ ရှေးပစ္စည်း အသုံးအဆောင် စတာတွေကို စိတ်ဝင်တစားကြည့်ကြတာပါ။ ဒါကတော့ မြန်မာပြည်ကိုလာကြတဲ့သူ တချို့စကားလေးတွေပါ။ “ မြန်မာ ဝတ်စုံ ဝတ်ရတဲ့အတွက် တအားကြီး စိတ်လှုပ်ရှားပြီးပျော်ပါတယ်။ အခု ဒီကားကို ထဘီ ဝတ်ပြီး ရိုက်မယ်။ ပြီးရင် ယိုးဒယား ပြန်ရင်လည်း ထဘီ ဝတ်ပြီးပြန်မယ်။’’“မြန်မာနိုင်
ဒါတောင် မြန်မာတချို့က မကောင်းမှုပြုရာမှာကို ရှက်ခြင်း၊ကြောက်ခြင်းဆိုတဲ့ မူလအဓိပ္ပါယ်ကိုသာ ကောက်ယူပြီး မကောင်းမှုမလုပ်ရင်ပြီးတာပဲ အပြုအမှု အနေအထိုင် အဝတ်အစား တွေမှာတော့ ဟီရိသြတ္တပ္ပဆိုတာ မလိုဘူးဆိုပြီး အရှက်အကြောက်ကင်းမဲ့ရေး စကားလမ်းကြောင်းသွားနေပါတယ်။ အများသုံးဝေါ ဟာရကိုလည်း နားလည်ကြရပါမယ်။ အကုသိုလ်လုပ်ရမှာ ပြောရမှာ မရှက်မကြောက် တာကိုလည်း ဆိုလိုပါတယ်။ ( သတ္တိကြောင်ပြီး မပြောရဲမဆိုရဲမို့ ရှက်တာကြောက်တာကိုတော့ ဟိရိသြတ္တပ္ပကိုမသုံးပါဘူးတဲ့။ ပါမောက္ခချုပ် ( ဒေါက်တာ )ဘဒ္ဒန္တ နန္ဒမာလာဘိဝံသရဲ့ ကမ္ဘာဦးကလူသားများ၊ ယနေ့ ကမ္ဘာရဲ့မနက်ဖြန်တရားများ နာကြည့်ပါ။
( http://www.dhammadownload.com/ Dr-Nandamalabhivamsa-mp3- myanmar.htm )လူသားများ
သက်တမ်းအနှစ်ရှစ်သောင်းတမ်းမှ အသက်တရာတမ်းသို့ ကျဆင်းလာပုံကို နာကြရမှာပါ။ ဗုဒ္ဓသည်
နှိမ်ခြင်းခွဲခြားခြင်းမရှိ တခွန်းတည်းသော ပြောင်းလဲစရာမလိုသော ထာဝရမှန်ကန်သော
စကားကိုသာ ဟောကြားခဲ့ပါတယ်။ ဝိသမလောဘနဲ့ မိစ္ဆာရာဂ အဓမ္မရာဂ အကုသိုလ်အလုပ်
များကြောင့် သက်တမ်းကျလာပါတယ်။ လိင်တူဆက်ဆံခြင်းတွေက အနှစ်ငါးရာတမ်းလောက် မှာ
ပေါ်လာပြီး သက်တမ်းထပ်ကျ သွားပါတယ်။ မိစ္ဆာရာဂ အဖေနဲ့သမီး အမေနဲ့သား မှားယွင်း စွာ
ဖေါက်ပြန်မှုတွေ ကလည်း သက်တမ်းကျခြင်းထဲ ပါဝင်ပါတယ်။ တဆက်တည်း ပြည့်တန်ဆာဆန်တဲ့ ဂေး(
gay ) နဲ့ပါတ်သက်လို့တင်ပြချင်တာက ( မွေးကတည်းက ဟိုမုန်းပြောင်းလဲခြင်းကြောင့်
မိန်းမ စိတ် ယောက်ကျာ်းစိတ် ပါလာတာဟာ ရှက်စရာမဟုတ်သလို ရှုတ်ချစရာလည်း မဟုတ်ပါဘူး။
မြန်မာပြည်မှာ အများအားဖြင့် ဘယ်သူမှ မနှိမ်ကြပါဘူး။ ဒါပေမယ့် ) လိင်တူ
ဆက်ဆံခြင်းကိစ္စကိုတော့ လက်မခံကြပါဘူး။
တလောက ဟိုတယ်ကြီးတခုမှာ လွှတ်တော် အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတခု သတင်းမှာ မြန်မာနိုင်ငံ ဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန်လမ်းမမှန် သဘာဝမကျ တဲ့အပြု အမူတွေကိုလည်း လူမှုရေး ကျန်းမာရေး ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆို လာတော့လာမှသေချာပါတယ်။
တလောက ဟိုတယ်ကြီးတခုမှာ လွှတ်တော် အမတ်တွေတောင် တက်ရောက်တဲ့ လိင်တူချစ်သူတွေရဲ့ အခမ်းအနားတခု သတင်းမှာ မြန်မာနိုင်ငံ ဥပဒေတွေထဲက မှောင်ရိပ်ခိုမှုဟာ သူတို့ကို နှိမ်ထားတာပါတဲ့။ ဒီတော့ သူတို့လိုချင်တာ ဘာလည်း သိသာပါတယ်။ တကယ်တော့ နိုင်ငံရေးသမားတွေက အဲဒီဥပဒေဟာ မဆလခေတ်က သူတို့အတွက် ထုတ်ပြန်ခဲ့တာပါလို့ ပြောထားခဲ့ကြပါတယ်။ ဒီလို လိင်တူချစ်သူဆိုတဲ့ နည်းမမှန်လမ်းမမှန် သဘာဝမကျ တဲ့အပြု အမူတွေကိုလည်း လူမှုရေး ကျန်းမာရေး ဘာသာရေး နည်းလမ်းများနဲ့ ထိန်းသိမ်းပေးဖို့လိုပါတယ်။ နောင်မှာ သူတို့ဟာလည်း တောင်းဆို လာတော့လာမှသေချာပါတယ်။
ဆရာတော် အရှင်နန္ဒမာလာကို နိုင်ငံခြားအဘိဓမ္မာသင်တန်းတ ခုမှာ ဂေးများက သူတို့ရဲ့လိင်တူချစ်သူဟာ သူတို့နိုင်ငံမှာ ခွင့်ပြုထားကြောင်း တရားဝင်ကြောင်းပြောပြီး စကားစပါတယ်။ ဒါပေမယ့် ဆရာတော်က ဒါဟာ ( Wroung practice ) မှားယွင်းတဲ့အပြုအမူ မိစ္ဆာရာဂ လို့ အခိုင်အမာ ဖြေကြားခဲ့ရပါတယ်။အဲဒီတော့ ပြည့်တန်ဆာများရော လိင်တူချစ်သူတွေရော အတွက် မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ကြောင်းကျိုးဆက်သဘောအချက်များ ဘာကြောင့် ဆိုတဲ့ မောင်သွေး ချွန်ရေးစာအုပ်ကို ဖတ်ရှုပြီး မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါေ
စိတ်ကစားတိုင်းလည်း သွားရောက်ပြီး ကြိုက် ဖျက်ဆီးမှုကို တယောက်ရိုးတယောက်ကူးနဲ့ လွန်ကျူးလေ့ရှိမယ်ဆိုရင် လူပြန်ဖြစ်တဲ့ဘဝမှာ ပုံစံကယောက်ကျာ်း စိတ်ထားကမိန်းမ ဖြစ်လာပြီး မိန်းမလျာဖြစ်ရော။ဒီဘဝမိန်းမအြ
ဖြားယောင်းလေ့ရှိတဲ့ မိန်းမများလည်းပဲ နောက်တခါလာတဲ့ ဘဝ ယောက်ျားလျာ ပဲပေါ့။ ဒီနှစ်မျိုးစလုံး စိတ်အာရုံခံစားစဉ်မှာ သူ့ဘက်က စိတ်သွင်းအာရုံခံစားတတ်သူတွေ။ ပြည့်တန်ဆာ။
တစ်ဖန် အာရုံခံစားစဉ်မှာရော အာရုံယူရှာဖွေစဉ်မှာပါ သူ့ဘက်မှာချည်း စိတ်ပို့လွှတ်ထားသူတွေကတော့ သွားလေပေါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သေလွန်ပြီးနောက်တခေါက် လူ့ပြည်ရောက်လာတော့ မိန်းမအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ယောက်ကျားတကာတို့ရဲ့ အသုံးတော်ခံ “ ပြည့်တန်ဆာ “ ။ ဇိမ်ခေါင်း ( ဖါခေါင်း )။ တဖက်ရှိ မိန်းမများကလည်း နောက်တစ်ခါ လူအဖြစ်ရောက်လာလျှင် ယောက်ကျားအသွင် ပေါ့ပျက်ပျက် အပြင်အဆင်များနဲ့ ဇိမ်ခေါင်းဘဝ၊ပြည့်တန်ဆာထိန်း၊ သည်နှစ်မျိုးစလုံး သူ့ပစ္စည်းယူပြီး သူ့အကြွေးဆပ်ရသူတွေပါပဲ။ သားတို့ သမီးတို့ သံဝေဂယူတတ်ကြပါစေ။ မိန်းမမဟုတ် ယောက်ကျားမဟုတ် ။ အာရုံခံစားစဉ်မှာ သူ့ဘက်လည်းစိတ်မပေါက် ကိုယ့်ဘက်လည်း စိတ်မရောက်တတ်ပဲ အတွေ့မှာသာ မျောနေပြီး ခံစားနေတတ်သူတွေ ၊ တခါတရံ သူ့ဘက်တလှည့် ကိုယ့်ဘက်တလှည့်နဲ့ အတက်အကျလိုက်ပြီး ခံစားနေသူတွေကတော့ မိန်းမမဟုတ်၊ ယောက်ကျာ်းမဟုတ် ဖြစ်တတ်တယ်။ အပူရှိန်လွန်ကဲပြီး မိုးတစ်ကကလေးမှ မကျပဲ သရောခိုင်းနေတယ် ဆိုတာမျိုးပေါ့။ ယောက်ကျာ်းတလှည့် မိန်းမတလှည့်။ အချိုးကျ ပြိုင်တူပေါ်နေလေရဲ့၊ ရေတရက်ချိုးမှား မိန်းမ၊ လေတရက်မျိုးကျ ယောက်ကျား။ ဒါမှမဟုတ် တက်စိတ်ပေါ်လာလျင် ယောက်ကျား၊ ကျစိတ်ပေါ်လာလျင် မိန်းမ။ သည်အားလုံးပဲ သူ့ပစ္စည်းချေးငှါးစားပြီး သူ့ပစ္စည်းအတိုင်းပဲ အကြွေးပြန်ဆပ်ရပုံမျိုးပဲ။ကာမဂု
“ ကာမခံစားတုန်းက ကျူးလွန်ပြီးနောက် တစိမ့်စိမ့်တွေး တရေးရေးပေါ်လာပြီး သာယာနေတဲ့အကျိုးဆက်များအဖြစ် မိန်းမတန်ဆာစွဲ သေတဲ့ဘဝမို့ လာခဲ့ မိန်းမ ဘဝ၊ ယောက်ကျားတန်ဆာစွဲ သေတဲ့ဘဝမို့ သွားတော့ ပြည့်တန်ဆာ ဘဝ။ ယောက်ကျာ်းကမိန်းမ စွဲသေရင်တော့ ယောက်ကျားဘဝနဲ့မိန်းမစိတ်ပေါ်ေ
ဒီလိုသင်တန်းပေးရင်းနဲ့ ဆရာကြီးဟာ စိတ်ညို့အိပ်မွေ့ချနိုင်တဲ့စွမ်
ဒါကြောင့် ဆရာတော်ကြီး ဟောကြားဆုံးမတော်မူတဲ့
ကြောင်းကျိုးဆက်သဘောအရ ယခုဘဝမှာ အထက်ဖေါ်ပြပါ အကုသိုလ်မကောင်းမှုတွေကို
စိတ်ထဲစွဲစွဲမြဲမြဲ နေ့စဉ်ပြုနေကြမယ် ဆိုရင်ဖြင့် နောင်ဘဝမှာ ပြည့်တန်ဆာလား
ဇိမ်ခေါင်းလား လိင်တူချစ်သူလား တခုခုတော့ သေချာနေ ပါတယ်။ ဗုဒ္ဓဘာသာဝင်
မြန်မာများအနေနှင့် ကံနှင့်ကံအကျိုးကိုယုံကြည်ကြတဲ့ အလျောက်
အကုသိုလ်ကံများ မကောင်း တဲ့ အမြင်အကြားစိတ်အစွဲများ မဖြစ်ပေါ်ဖို့ သတိနဲ့
မိမိတို့ကိုယ်ကို စောင့်ရှောက် သင့်ကြပါတယ်။
ဒါ့အပြင် သမာအာဇီဝ မဟုတ်တဲ့ မမှန်မကန် မတရားသောနည်းလမ်းများနဲ့ အသက်မွေးဝမ်းကြောင်းခြင်း ကိုလည်း ရှောင်ကျဉ်သင့်ကြ ပါတယ်။ ဘဝသံသရာဆိုတာ ရှိပါတယ်။ မြန်မာအမျိုးသားများက လည်း ရေနစ်သူဝါးကူမနှစ်ပဲ မိမိတို့ မြန်မာအမျိုးကောင်း သမီးများ ကို စောင့်ရှောက်ခြင်း၊ မြန်မာ အမျိုးသမီးများ ကလည်း အမျိုးကောင်းသမီးပီသအောင် မိမိတို့ကိုယ်ကို သတိနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းမျာ
အဲဒီပြောင်းမယ့်ပုံစံဟာ ကျောင်းသားမိဘတွေ
ကျောင်းသူကျောင်းသားတွေအတွက် ပညာရေး စီးပွားရေး လူမှုရေးပြဿနာအရှုပ်အထွေးတွေ
ရှိလာလိမ့်မယ်။ ကိုယ်တွေ့တော့ မပြောချင်တော့ပါဘူး။ စစ်တပ်က လူအချင်းချင်း
ဒီလောက်ရှင်းပြရင် နားလည်နို်င်ပါလိမ့်မယ်။ လက်ရှိမှာ စီးပွားရေးကောင်းမွန်ဖို့ဟာ
အဓိကကျနေပါတယ်။ အခမဲ့ပညာရေးစံနစ်ကို
အလယ်တန်းအထိမြှင့်ပေးနိုင်ရင်ပိုမိုကောင်းမွန်ပါမယ်။ ထူးချွန်သူတွေကို
ပညာသင်စရိတ်ပေးတာ ဆင်းရဲတဲ့သူတွေကို စရိတ်စကကင်းလွတ် ခွင့်ပေးတာ ထောက်ပံ့ပေးတာတွေ
လုပ်ပေးစေချင်ပါတယ်။ အခုဆိုလိုတာက ယခုဆောင်းပါးပါ အချက်နဲ့ပါတ်သက်နေတဲ့အတွက်
စဉ်းစားနိုင်အောင်စာကြွင်းအဖြစ် တင်ပြပါတယ်။ )
ဓာတ်ပုံ...DVB
ဓာတ်ပုံ...DVB
Source...http://www.lubo601.com/2012/10/blog-post_6777.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။