Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

ဂီတစစ်မျက်နှာကို မာတိကာဖွင့်ပြီး တိုက်ခဲ့သူ အောင်လ နှင့် တွေ့ဆုံခြင်း


မြန်မာနိုင်ငံ ဂီတလောကမှာ ကိုယ်ပိုင်သံစဉ်ကို အဓိကအားပြု မောင်းနှင်နေကြတဲ့ လူငယ်မျိုးဆက်သစ် အဖွဲ့တွေ မှိုလိုပေါက်လာကြတာ ဂုဏ်ယူစရာတစ်ခုပါပဲ။ ပြည်ပ Show တွေမှာ ကိုယ်ပိုင်သံစဉ်မရှိတဲ့ အဆိုတော်တွေ မျက်နှာငယ်ကြရတယ်။ အခု နောက်ထပ် အဆိုတော်တွေကတော့ Own Tune ကို တန်ဖိုးထား ဖန်တီးလာကြပါပြီ။ ဂီတနယ်ပယ်အစုံလို့ ပြောရင်လည်း ရပါတယ်။

 Rock သမားတွေရော Hip Hop သမားတွေရော အားလုံးဟာ Own Creation ကို ဦးတည်နေကြတဲ့အတွက် နောင်တစ်ချိန် မူပိုင်ခွင့်ဥပဒေ ပေါ်လာခဲ့ရင် မိမိဘက်က Safe ဖြစ်ပြီးသား ဖြစ်နေပါတယ်။ အဲဒီမျိုးဆက်သစ် အဖွဲ့တွေထဲကမှ ဂီတစစ်မျက်နှာကို မာတိကာဖွင့်ပြီး တိုက်မယ့် အဖွဲ့တစ်ဖွဲ့ တွေ့ထားပါတယ်။ S.I.R Group ရဲ့ ပင်တိုင်အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်တယ်။ အဲဒီအဖွဲ့ရဲ့ Vocal သမားကတော့ အပြင်းစား ဂီတတွေကို ကြိုက်ပြီး အနုလေးတွေ ဆိုတဲ့သူပါ။ သူတို့အဖွဲ့ဟာ အကြောင်းပြချက်တွေ အများကြီးနဲ့ ချီတက်လာတာပါ။ Undergroud စစ်မြေပြင်ရဲ့ ခက်ခဲတဲ့ ခရီးကြမ်းကိုလည်း သူတို့ ဖြတ်သန်းခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ အဲဒီ Reason အဖွဲ့ရဲ့ Vocal သမား အောင်လကို ပရိသတ်တွေက တညီတညွှတ်တည်း လက်ခံလိုက်ပါပြီ။
ဂီတာနဲ့ အကျွမ်းတ၀င်ဖြစ်တာ ဘယ်အရွယ်လောက်မှာလဲ။
ကျွန်တော်က နှစ်တညန်းကတည်းက ဂီတာ တီးနေပြီဗျ။ လူကြီးတွေ တီးတဲ့ ဂီတာကြီးနဲ့ တီးတာ၊ Round Cord ကတော့ တော်တော်လေးကို တီးနိုင်နေပြီ။ အဲဒီတုန်းကဆို စံလင်းတို့၊ လေးဖြူတို့၊ ဦးညီထွဋ်၊ ထူးအိမ်သင် အစုံပါပဲ၊ အဲဒီ သီချင်းတွေနဲ့ တီးနေတာ နေ့တိုင်းပဲ။
သီချင်းစရေးတာကတော့၊
၁၀တန်းလောက် ဖြစ်မယ်။ Copy သီချင်းတွေ စရေးနေတာလေ၊ Training သဘောမျိုးပေါ့။ Red Hot Chili Peppers တို့ Nirvana တို့ သီချင်းတွေကိုတောင် နားထောင်နေပြီ။ ကျွန်တော် ငယ်ငယ်ကတည်းက Deep Purple တို့ Ac-Dc တို့ နားထောင်ခဲ့ရတာ။ အဖေကလည်း အဲဒီသီချင်းတွေကို အမြဲတမ်းဖွင့်နေတော့ တဖြည်းဖြည်း နားရည်ဝလာ တာလည်း ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးပြီးသား Music တွေလို့ ပြောရင် ရတယ်။
အထက်တန်းကျောင်းသားဘ၀ကတည်းက သူငယ်ချင်းတွေကို ချပြခဲ့တဲ့ သီချင်းတွေ အကြောင်း မှတ်မိလား။
သူငယ်ချင်းတွေ အရမ်းအားပေးကြတယ်။ ကျွန်တော်က သူငယ်ချင်းတွေကို ဂီတာတီးကျွမ်းလာပြီ ဆိုတာကို သိအောင် အမြဲ တီးပြတတ်တယ်။ ကျွန်တော် Show တက်တော့ အောက်က အမာခံ အားပေးတဲ့ ပရိသတ်က ကျွန်တော့် ဘော်ဒါချည်းပဲ။ မှတ်မှတ်ရရ ကျွန်တော် ငါးတန်းလောက်မှာ ၁၀ တန်းကျောင်းသား အစ်ကိုကြီးတွေက အမျိုးသမီးဘော်ဒါဆောင်ရှေ့မှာ သီချင်းသွားဆိုဖို့ ခေါ်တယ်လေ။ ကျွန်တော်က ဂီတာတီးပေးရတာ။ သူတို့ သီချင်းသွားဆိုဖို့အတွက် ကျွန်တော်က ပါရမီ ဖြည့်ရတာပေါ့။ ကျွန်တော်လည်း ဘယ်ရမလဲ။ မမကြီးတွေရှေ့မှာ ရေရေလည်လည်ကို တီးပစ်လိုက်တယ်။
အောင်လ ဆိုပြီး တကယ်တမ်း Main Strean ပေါ်ရောက်ခဲ့တဲ့ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေအကြောင်း ရှင်းပြပါဦး။
တကယ် Main Stream ပေါ်ရောက်တာက တက္ကသိုလ် တက်နေပြီဗျ။ ပထမနှစ်မှာ ထင်တယ်။ မဟုတ်ဘူးဗျ။ ပထမနှစ်နှစ်မြောက် အချိန်လို့ ပြောရင် ရတယ်။ ဟား . . ဟား . . ဘာလာလာထဲက `မှားနေ´ တို့၊ ကိုဂျီလတ်ရဲ့ `ဝေးပြီးတဲ့နောက်´ တို့ ဘာတို့ ရေးနေပြီလေ။ ကိုကမ္ဘာဆိုလည်း သီချင်းရေး အရမ်းကောင်းတယ်။ သူရဲ့ Idea လေးတွေ Sense လေးတွေက သူများနဲ့ မတူဘူး။
ဂျီလတ်ကို ရေးပေးတဲ့ `ဝေးပြီးတဲ့နောက်´ သီချင်းက ဂျီလတ်က ကြိုက်လို့ ယူဆိုခဲ့တာလား။
ဒါက ဒီလိုဗျ၊ ကိုဂျီလတ်နဲ့ ကျွန်တော်နဲ့က ရှေ့လမ်း နောက်လမ်း နေတာလေ။ ကိုဂျီလတ်တို့ဆီ အားတာနဲ့ သွားတာပဲ။ ကျွန်တော် သီချင်းအသစ်လေးတွေ ရေးပြီးပြီဆိုရင် သူတို့ဆီသွားပြီး သွားသွား ကြွားတယ်လေ။ သူတို့ကို သီချင်းတွေ ဆိုပြပေါ့ဗျာ။ အဲဒီလိုမျိုး ဆိုပြတဲ့အထဲကမှ ကိုဂျီလတ်က အဲဒီသီချင်းလေးကို ကြိုက်တယ်ဆိုပြီး ယူဆိုလိုက်တာပါ။
ကမ္ဘာရေးထားတဲ့ `အချိန်လွန်ငှက်´ က အောင်လ ရင်ထဲ တောင်ပံဖြန့်ပြီး ၀င်လာခဲ့တာလား။
အဲဒီသီချင်းလေးက ကိုကမ္ဘာ ကျွန်တော့်ရှေ့မှာ ရေးတာဗျ။ သူက ကျွန်တော့်အတွက် တည်ပြီး ရေးတာလေ။ နောက် ဘာလာလာထဲမှာ ဒီသီချင်းကို သုံးမယ်။ အဓိက ကျွန်တော့်အတွက်ပေါ့။ သူ ရေးတဲ့ သီချင်းက သူများအတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်တော့ အရမ်း ဆိုလို့ ကောင်းပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်လည်း Funk Music ကို ရူးနေတဲ့အချိန်လေ။ ကိုကမ္ဘာရေးတဲ့ သီချင်းဆိုလို့ ကျွန်တော်ဆိုတာ အဲဒီတစ်ပုဒ်ပါပဲ။
NC-13 က ထွက်ပြီး Reason ကို ဖွဲ့ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပါဦး။
၂၀၀၇ ခုနှစ်မှာပေါ့။ NC-13 က ထွက်လိုက်တယ်။ အဲဒီအချိန် ကျွန်တော်လည်း Band ပျောက်နေတယ်။ Band မရှိဘူးပေါ့။ Band လက်မဲ့ဖြစ်နေတာပေါ့။ ကျွန်တော်လည်း လိုက်ရှာ လိုကရှာနဲ့ ၀ီလျံတို့ အော်စီတို့နဲ့ သွားတွေ့တယ်။ သူတို့ကလည်း တီးချင်လွန်းလို့ Band လိုက်ရှာနေကြတာ ဆိုတော့ ကွက်တိဖြစ်သွားတယ်။ အဲဒါနဲ့ ၂၀၀၇ မှာ Reason ကို စထောင်ဖြစ်ခဲ့တယ်။ Reason ဆိုတဲ့ နာမည်ကလည်း အဓိပာယ်ရှိတယ်၊ ကျွန်တော်ကလည်း Band မရှိလို့ Band လိုက်ရှာနေတဲ့ အကြောင်းအချက်ရှိတယ်။ သူတို့ကလည်း Band လိုချင်လို့ ဆိုတဲ့ အကြောင်းပြချက် ရှိနေတယ်။ အဲဒါကြောင့် Reason ဆိုပြီး ပေးလိုက်တာပါ။
အောင်လရဲ့ သီချင်းတွေကို ဈေးကွက်မှာ ဘယ်လိုပုံစံမျိုးနဲ့ ရောင်းချနေလဲ။ Copy တွေနဲ့ Own ဈေး တူညီတဲ့ အပေါ် ဘယ်လိုမြင်သလဲ။
ကျွန်တော်ကတော့ Copy နဲ့ Own ဈေးတူတာကို ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် သီချင်းဝယ်တဲ့အခါမှာ ကျွန်တော် အမုန်းဆုံးကတော့ ဈေးဆစ်တာပဲ။ Music သမားအစစ်က ဘယ်တော့မှ ဈေးမဆစ်ဘူးဗျ။ ကျွန်တော့်ကိုလာပြီး ဈေးဆစ်တာက အဆိုတော်အသစ်တွေ မဟုတ်ဘူး။ နာမည်ကြီးပြီးသား စီနီယာအဆိုတော်တွေ၊ ကျွန်တော်တော်တော် စိတ်လေသွားတယ်။ ကျွန်တော် မထင်ထားတဲ့ လူတွေလေ။ အသစ်တွေ မဆစ်ဘူးဗျ။ ကျွန်တော်က Own သီချင်းတစ်ပုဒ်ကို နှစ်သိန်းပဲ တောင်းတာပါ။ ဒါကိုတော့ မဆစ်သင့်ပါဘူးဗျာ။ အမှန်က သူများကို ရေးပေးတယ်ဆိုတဲ့ သီချင်းတွေက ကျွန်တော်ကိုယ်တိုင် ဆိုလို့ရပါတယ်။ သူတို့ကို ရောင်းမှ မဟုတ်ပါဘူး။ နောက် ကျွန်တော် အလကားပေးလိုက်တဲ့ သီချင်းတွေလည်း ရှိတယ်ဗျ။ စေတနာပါရင် အလကားပေးလိုက်တယ်။ ကျွန်တော်က သီချင်းတွေကို ဗန်းထဲထည့်ပြီး ချရောင်းနေတာမှ မဟုတ်တာ။ ကျွန်တော့်သီချင်းဝယ်ပြီး မဆိုဖြစ်တာကိုလည်း စိတ်မဆိုးဘူး။ ဒါပေမယ့် ကျွန်တော့်သီချင်းကို တန်ဖိုးထား မြတ်နိုးရင် ကျေနပ်ပါပြီဗျာ။
အောင်လရှေ့က စီနီယာ Own သမားတွေဟာ အချိန်တွေ ကြာလာတဲ့အခါ Melody Flow တစ်ခုရဲ့ လောင်းရိပ်အောက်ကို ရောက်သွားတတ်ကြတယ်။ အောင်လလည်း အဲဒီလို လောင်းရိပ်မမိအောင် ရေရှည်မှာ ကြိုးစားရလိမ့်မယ် ထင်တယ်။
ကျွန်တော်က သီချင်းကို ပုံစံမျိုးစုံ နားထောင်တယ်။ ကျွန်တော်ပြောမယ်ဆိုရင် Hip Hop တောင်နားထောင်တယ်။ သီချင်းတစ်ပုဒ် ရေးနေတဲ့အချိန် Melody Flow ထပ်ပြီဆိုရင် အဲဒီသီချင်းကို ဆက်မရေးတော့ဘူး။ ခြောက်လလောက် ပစ်ထားလိုက်တယ်။ ပြီးတော့ ဂိမ်းဆော့တယ်။ ခရီးထွက်တယ်။ ဘော်ဒါတွေနဲ့ လျှောက်သွားပစ်လိုက်တယ်။ အဲဒီလိုနေပြီး ခံစားချက်အသစ်တွေ ပြန်ရမှ ခုနက ပစ်ထားတဲ့ သီချင်းကို ပြန်ရေးဖြစ်တယ်။ အမှတ်တရ တစ်ခု ပြောရဦးမယ်။ ကျွန်တော့်ကို ကိုအဲလက်စ် သီချင်းတစ်ပုဒ် အပ်ထားတယ်ဗျ။ အခု သူနောက်ဆုံး ထွက်တဲ့ အခွေအတွက်ပေါ့။ သူ့အခွေထွက်သာ ထွက်လာတယ်။ ကျွန်တော့် သီချင်း ပါမသွားဘူး။ ကျွန်တော်ကလည်း သူ Final Mixing ဆိုပြီးတဲ့ အချိန်လောက်မှ သွားပေးတာကို။ ကိုပြူး (အဲလက်စ်)က ပြောပါတယ်။ နောက်အခွေကျရင်တော့ အဲဒီသီချင်းကို သုံးမယ်တဲ့။ အဲဒီသီချင်းကို သူကိုယ်တိုင်ကြိုက်သလို ကျွန်တော်လည်း ကြိုက်တယ်။ တကယ်လို့များ သူမဆိုဖြစ်ခဲ့ရင် ကျွန်တော့်ဘာသာ ကျွန်တော် ဆိုမယ်ဗျာ။ ဒါပေမယ့် သူလည်း အဲဒီသီချင်းကို အရမ်းကြိုက်ပါတယ်။ သူနဲ့လည်း လိုက်တယ်။ ကိုပြူးရဲ့ အခွေနာမည်က `နောက်ကျနေတဲ့ငါ´ လေ။ အဲဒီအခွေမှာ နောက်အကျဆုံးသီချင်းက ကျွန်တော့်သီချင်း ဖြစ်သွားတာပေါ့ဗျာ။ ဟား . . ဟား . .
အောင်လရဲ့ အသံနဲ့က အချိုလေးတွေပဲလိုက်တယ်။ အချိုလေးတွေ ဆိုသင့်တယ်လို့ ထင်တယ်။ အကြိုက်နဲ့ လက်တွေ့ နည်းနည်းတော့ ကွာမှာပဲ။
တကယ် ကျွန်တော်ကြိုက်တာဟာ အကြမ်းကြီးတွေဗျ။ Metal Core ပုံစံတွေကို အရမ်းကြိုက်တာ။ ဒါပေမယ့် ဆိုဖြစ်တော့ Soft လေးတွေ များတယ်။ ပြီးတော့ ကျွန်တော့်မှာ ငယ်ငယ်လေးကတည်းက အဆွေးဓာတ်ခံ ရှိတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က တစ်ဦးတည်းသော သားလေ။ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ သီချင်းတွေ နားထောင် သီချင်းတွေ ဆိုပေါ့ဗျာ။
ဒါဆိုရင် Mr Big ပုံစံမျိုးလောက်တော့ လုပ်ပေါ့။
ဟုတ်တယ် ဟုတ်တယ်။ အဲဒီလောက်တော့ လုပ်မှာပေါ့။ နောက် ကျွန်တော်က Incubus ကို အရမ်းကြိုက်တယ်ဗျ။ Incubus ကျ နောက်ဆုံးထွက်တဲ့ အခွေဆိုရင် အပြင်းစားတွေ မပါသလောက် နည်းသွားတယ်။ အေးအေးလေးတွေချည်းပဲ။ ဒါပေမယ့် Music ပုံစံကို ကြည့်လိုက်၊ လုံးဝ Quality ပဲ။ ကျွန်တော်တို့ ဖန်တီးတဲ့ Music က အခွေလည်း ဖြစ်မယ်။ အကြမ်းလည်း ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ Music ဟာ Quality ဖြစ်နေရမယ်။ ပြီးတော့ ကျွန်တော့်သီချင်းကို ကျွန်တော် တာဝန်ယူရဲတယ်။
S.I.R Tour ထွက်ဖို့ ပြင်ဆင်နေကြပြီဆို . . .
ဟုတ်ပါတယ်။ နောက်ပြီး ဒီနှစ်ထဲမှာပဲ S.I.R Group ရဲ့ အခွေ ထွက်လာဦးမှာပါ။ S.I.R မှာ Big Bag, Reason, Wanted, Idiots Band လေးခု ပါဝင်ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လာရင် ခဏခဏ အမှားတွေ လုပ်မိလား။
ဟာ ကိုသတိုးကလည်း မလုပ်ပါဘူး။ ဘာဖြစ်လို့လဲ . . .
`တောင်းပန်ပါတယ်´ ဆိုတော့လေ
ဟား . . ဟား . . ဟား . . . ဒီသီချင်းမျိုးက ဒီတစ်ပုဒ်ပဲ ရှိပါတယ်ဗျ။ နောက်ထပ်တစ်ပုဒ်ကျရင် အကြောင်းအရာ ပြောင်းသွားမှာပါ။
သတိုးလွင်
The Chic Magazine
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။