Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

ကျွန်တော့်ကြောင့် သူတို့တွေ ကိုရီးယားကို သိလာကြတယ် (Song Seung Heon)

Song Seung Heon

Song Seung Heon
Q. My Princess ဇာတ်ကားမှာ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ် ဇာတ်ဝင်ခန်းတွေက တကယ်ကို အသက်ဝင်ပါတယ်။ မင်းသမီး Kim Tae Hee နဲ့ တကယ်များ ကြိုက်နေလားလို့ ထင်ရလောက်အောင်ပေါ့။

A. အဲဒီလို တကယ်မြင်တာလား။ ဒါဆိုရင် ကျွန်တော်တို့ သရုပ်ဆောင်တာ ကောင်းတယ်လို့ ချီးကျူးရာရောက်ပါတယ်။ ကျွန်တော်တို့ သရုပ်ဆောင်ရတာ ပိုပြီး အသက်ဝင်စေဖို့ အပြင်မှာလည်း KimTaeHee နဲ့ တွဲဖြစ်ကြတယ်။ ချိန်းတွေ့ဖြစ်ကြတယ်။ ကျွန်တော်က My Princess ဇာတ်ကားမှာ Park Hae Young အဖြစ် သရုပ်ဆောင်ရတာလေ။ ဇာတ်ကောင် Park Hae Young ရဲ့ ကလေးဆန်တဲ့ အမူအကျင့်က ကျွန်တော်နဲ့အတော်ကို တူပါတယ်။ ဒါပေမဲ့ မတူတာက Park Hae Young က Lee Seol (Kim Tae Hee) ကို တကယ်ချစ်ရက်နဲ့ လက်ထပ်ဖို့ တုံ့ဆိုင်းနေတယ်လေ။ ဘာအတွက် အဲဒီလိုဖြစ်ရတာလဲ။ ကျွန်တော်သာဆို “ကိုယ်တို့ ထွက်ပြေးရအောင်”လို့ ပြောလိုက်မှာပဲ။
Q. အခုအချိန် ခင်ဗျားမှာ အောင်မြင်မှုက ရှိနေပြီ။ ခင်ဗျား ဖြတ်သန်းလာခဲ့သလောက် အခု အသက် ၃၅ နှစ်အရွယ်မှာ အသက် ၂၀ အရွယ်ကို ပြန်ကြည့်၊ ပြန်တွေးမိရင် နောင်တရတာမျိုးရှိလား။
A. အရိုးသားဆုံးဖြေရရင် နောင်တမရပါဘူး။ ကျွန်တော်ရဲ့ The Princess ဇာတ်ကားမှာ တွဲပြီး သရုပ်ဆောင်ရတဲ့ မင်းသား Lee Ki Kwang ဆို ၂၂ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော်နဲ့ အသက်ချင်း အရမ်း ကွာတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့ တက္ကသိုလ် ကျောင်းသားလို့ပဲ ထင်နေမိတယ်။ ဘာလို့လဲဆို ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အမြဲတွေ့ကြတယ်။ လျှောက်လည်ကြတယ်ဆိုတော့ ငယ်နေသလိုပဲ။ အသက်ကြီးလာမှန်း သိပ်မသိသာဘူး။
Q. အသက်အရွယ်အရ ခင်ဗျားဘ၀မှာ ဘယ်လိုအပြောင်းအလဲ တွေရှိလာလဲ။
A. သရုပ်ဆောင်တဲ့ပုံစံ ပြောင်းလာပါတယ်။ အဲဒါက ကျွန်တော် စစ်မှုထမ်းပြီး ပြန်လာကတည်းကပါပဲ။ ဇာတ်လမ်းဇာတ်ကွက်ကို ပိုပိုပြီး အလေးထားမိလာတယ်။ အရင်ကဆို ကျွန်တော့်လက်ထဲ ဇာတ်ညွှန်း ရောက်တာနဲ့ သရုပ်ဆောင်ကြည့်တယ်။ စက်ရုပ်တစ်ရုပ်လို ဖြစ်နေခဲ့တယ်လေ။ တကယ်က ဘယ်ကိစ္စမှာမဆို လိုက်လျောညီထွေရှိဖို့ သိပ်အရေးကြီးပါတယ်။ ပြည်ပက ကျွန်တော့်ပရိသတ်တွေဆီက စာတွေ ရောက်တယ်လေ။ ဘယ်လိုရေးသားထားလဲဆိုတော့ “ကျွန်တော့်ကြောင့် သူတို့တွေ ကိုရီးယားကို သိလာကြတယ်” ဆိုပြီး တော့ပေါ့။ အဲဒီလို အားပေးကြတော့ပိုပြီး အားရှိလာတယ်။ အလုပ်ကိုလည်း ပိုတန်ဖိုး ထားမိလာတယ်လေ။
Q. သရုပ်ဆောင်မလုပ်ဖြစ်ခင် ခင်ဗျားရဲ့ ရည်မှန်းချက်က . . .။
A. ငယ်ငယ်လေးတုန်းက ကျွန်တော့်ကိုယ်ကျွန်တော် သရုပ်ဆောင် ဖြစ်မယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး။ ကျွန်တော်က ရိုးရိုး သာမန် ကျောင်းသားလေးပါပဲ။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်မှာ မိတ်ဆွေတစ်ယောက်က ဖက်ရှင် Brand တစ်ခုအတွက် အချိန်ပိုင်းအလုပ်လုပ် ပေးဖို့ ပြောလာတာနဲ့ လုပ်ဖြစ်တယ်။ နောက်တော့ မော်ဒယ်လ်ပြိုင်ပွဲဝင်တယ်။ ကျွန်တော် အရွေးခံလိုက်ရတော့ မော်ဒယ်လ် ဖြစ်လာခဲ့တော့တာပေါ့။ တကယ်က Kim Sung Jae က အဓိက ကျွန်တော်နဲ့ So Ji Sub ကတော့ တက်သစ်စ သဘောပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ဘဲ Kim Sung Jae က ရုတ်တရက် ဆုံးသွားတော့ ကျွန်တော်နဲ့ So Ji Sub က အဓိက မော်ဒယ်လ် ဖြစ်ခဲ့တော့တာပေါ့။ ကျွန်တော် “Three Men , Three Women” ဇာတ်ကားရိုက်တုန်းက ဘာမှ ပြင်ဆင်မထားမိခဲ့ဘူး။ ဇာတ်ကောင်စရိုက်ကို စိတ်သွင်းလည်းမရခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်အတော်လေး ဝေဖန်ခံခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ အကောင်းဆုံး သရုပ်ဆောင်နေနိုင်ပါပြီ။ ကျွန်တော် အသက် ၂၀ လောက်ကတည်းက သရုပ်ဆောင် လုပ်ခဲ့တာပဲ။ အခုဆို ၁၀နှစ်ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ အင်အားနဲ့ အတွေ့အကြုံတွေ ရှိနေပြီလေ။
Q. ခင်ဗျားရဲ့ အောင်မြင်မှု ဆုံးရှုံးသွားမှာကို တွေးကြောက်မိလား။
A. ကျွန်တော် တက်သစ်စအရွယ်ကတော့ တွေးမိပါတယ်။ ကျွန်တော်က လူသားတစ်ယောက်ပဲလေ။ မအောင်မြင်ချင်တဲ့သူ ရှိပါ့မလား။ ပိုပိုပြီးလည်း အောင်မြင်ချင်ကြတာပေါ့။ ကျွန်တော်နဲ့ The Princess ဇာတ်ကားမှာ ကျွန်တော့်အဘိုးအဖြစ် သရုပ်ဆောင် တဲ့ Lee Soon Jae ဆို ဒီအသက်အရွယ်ထိ ပရိသတ်အင်အားရှိဆဲ၊ ဆွဲဆောင်နိုင်ဆဲပဲလေ။ ကျွန်တော် သူသရုပ်ဆောင်တာကိုကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်။ သူက သူရဲ့ လူငယ်ဘ၀တစ်ခုလုံးကို လေးလေးနက်နက်ကြီး သူ့ အနုပညာအတွက် ရင်းနှီးမြှုပ်နှံခဲ့တယ်လေ။ ကျွန်တော်က ငယ်ငယ်ကတည်းက ၀ါသနာပါတာမဟုတ်ဘဲ မထင်မှတ်ဘဲ သရုပ်ဆောင် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ငယ်ဘ၀မှာ အနုပညာနဲ့ပတ်သက်ပြီး လေ့လာတာ ဘာမှမရှိခဲ့ဘူး။ အဲဒါကို နောင်တရမိတယ်။
Q. ကိုယ်ပိုင်အချိန်၊ အားလပ်ချိန်တွေမှာ ခင်ဗျားဘာလုပ်လဲ။
A. သူငယ်ချင်းတွေနဲ့ လေ့ကျင့်ခန်း လုပ်တယ်။ Golf ရိုက်တယ်။ အခုတလော ကျွန်တော်တွေးမိတယ်။ ကျွန်တော့်ဘ၀နေထိုင်မှု ပုံစံက ပျင်းစရာကြီးလို့။
Q. လက်ထပ်ဖို့ကော စိတ်ကူးရှိပြီလား။
A. ကျွန်တော် မိသားစုဘ၀ကို တကယ်စတင်ချင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော့်မှာ ချစ်သူရည်းစားလည်း မရှိဘူးလေ။ ဒါပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ကို ချစ်မိပြီး လက်ထပ်ဖို့ထိ ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲလေ။
Song Seung Heon
Song Seung Heon
Sixty
The Chic Magazine (October 2011)
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။