ရိုဟင်အက်ကင်ဆန် ဆိုတဲ့ နာမည်ကို လူသိပ်မသိပေမယ့် မစ္စတာဘင်း(န်) ဆိုရင်တော့ အားလုံးအသိပါ။ ကမ္ဘာကျော် ဟာသ အနုပညာရှင် ရိုဟင်ကို ဗြိတိန်နိုင်ငံ အရှေ့မြောက် နယူးကာဆယ် အပ်ပေါင်ကိုင်းမြို့မှာ ၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ချမ်းသာ ကြွယ်ဝတဲ့ လယ်သမား မိသားစု မွေးမွားခဲ့ပြီး အစ်ကိုနှစ်ယောက်နဲ့အတူ လယ်ယာခြံမြေတွေမှာ ကြီးပြင်းခဲ့ပါတယ်။ နယူးကာဆယ်နဲ့ အောက်စဖို့ဒ် တက္ကသိုလ်တွေကနေ လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့ ရထားသူပါ။
တက္ကသိုလ် တက်နေစဉ် ဇာတ်ညွှန်းရေးတဲ့ ရစ်ချက်ကာတစ်နဲ့ တွေ့ဆုံပြီး ၁၉၇၉ ခုနှစ်မှာ Not the Nine o’clock News ကို ပူးတွဲရေးသားပြီး ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ အောင်မြင်မှုတွေ အကြီးအကျယ် ရခဲ့ပြီး နိုင်ငံတကာ အမ်မီဆုနဲ့ ဗြိတိသျှ အကယ်ဒမီဆုတွေ ရရှိခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ သရုပ်ဆောင်တဲ့ အကြောင်းပြောရာမှာ “စင်ပေါ်မှာ ကျွန်တော်က လူတွေကို ရယ်အောင် လုပ်နိုင်တယ်လို့ ထင်ကြတယ်။ ကျွန်တော်က တကယ်တော့ ခပ်အေးအေးနဲ့ ခပ်တုံးတုံး လူတစ်ယောက်ပေါ့ဗျာ။ အခြေအနေအရ ပရိသတ်ကို ဖျော်ဖြေသူ တစ်ယောက် ဖြစ်လာရတယ်။” The Black Adder (1982) အပါအဝင် တခြားရုပ်သံ ဇာတ်လမ်းတွဲ ရုပ်ရှင်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင် ခဲ့ပေမယ့် သူ့ကို ကမ္ဘာသိ ဖြစ်စေတာက Mr. Bean (၁၉၉ဝ) ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၄၅ နဲ့ လေကြောင်းလိုင်း ၅၀ ကျော်မှာ ရောင်းချခဲ့ရပြီး ကမ္ဘာတစ်ဝန်း စတာလင်ပေါင် ၁၅၂ သန်း ဝင်ငွေ ရရှိခဲ့ပြီးပါပြီ။
ဂျိမ်းဘွန်း ၀၀၇ ကို လှောင်ပြောင်ထားတဲ့ Johnny English ရုပ်ရှင်ဇာတ်ကားကလည်း သူ့ကိုထပ်ဆင့် အောင်မြင်စေခဲ့ပါတယ်။ ဒီကားအကြောင်း ပြောရာမှာ “ဒီကားက ဗြိတိသျှဟာသ ဇာတ်ကားမှာ အကောင်းဆုံး ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” အားလပ်ချိန် အကြောင်းကိုတော့ “ကျွန်တော် အနားယူတဲ့ နေရာမှာ သိပ်တော်တယ်။ တစ်နှစ်လုံးကို အနားယူလိုက်တာပဲ။ ၁၉၉၄ နဲ့ ၁၉၉၇ ခုနှစ်က တစ်နှစ်လုံးကို အနားယူလိုက်တယ်။ တခြားဘာမှ မလုပ်ဘဲနေတယ်။ နောက်ထပ်တစ်နှစ်လောက် အနားယူဦးမလားလို့ စဉ်းစားနေတယ်။ နောက်ပြီး Mr.Bean တစ်ကားလောက် ပြန်ရိုက်ချင်တယ်” သူကပြိုင်ကားတွေ ဝယ်ယူ စုဆောင်းရတာကို ဝါသနာပါပြီး မော်တော်ကားနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း ရေးနေပါတယ်။
သူကိုယ်ပိုင် အက်ရှတွန်မာတင် DB7 Vantage ကို ၂၀၀၃ ခုနှစ်က Jonny English မှာ ထည့်ပြီး ရိုက်ခဲ့ပါတယ်။ အဲဒီကားမှာ စတန့်လုပ်ခဲ့တဲ့ အကြောင်းပြောရာမှာ “ အခန်းတိုင်းလိုလိုမှာ ကံဆိုးစွာနဲ့ ကျွန်တော် ပါဝင်နေရပါတယ်။ ပြိုင်ကား စတန့်ကိုတော့ နည်းနည်းပဲ လုပ်ပါတယ်။ သရဖူကို ပြန်လုဖို့ ဓာတ်ကြိုးနဲ့ လွဲရတဲ့အခန်းမှာ ကိုယ်တိုင် လုပ်ပါတယ်။
8 Days Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။