Glee ဇာတ်လမ်းတွဲနဲ့ အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်၊ တေးသံရှင် Lea Michele ရဲ့ ဘ၀ဖြတ်သန်းမှု ပုံစံအကြောင်းပါ။
မင်းရဲ့ဇာတိကို ပြောပါဦး။ မင်းကြီးပြင်းခဲ့ရတဲ့ ဒေသပေါ့။
Tenafly, နယူးဂျာစီနဲ့ နယူးယောက်မြို့
မင်းဟာ ထူးချွန်တဲ့ကျောင်းသူတစ်ဦး လား။
အဲဒီလို ထင်ရတာပဲ။ တစ်ခါတစ်ရံ ပေါ့။
ငယ်ငယ်က မင်းရဲ့ရည်မှန်းချက်က ဘာလဲ . . .။
အကယ်၍များ Broadway မလုပ်ဖြစ်ခဲ့ ဘူးဆိုရင် Bat Mitzvah အင်္ကျီဆိုင်မှာ စင်ဒရဲလားလို အမြဲ သန့်ရှင်းရေး လုပ်တာမျိုး၊ ဖုန်စုပ်တာမျိုး လုပ်နေလောက်ပြီ။
ကျောင်းနေစဉ်အရွယ်က ဘယ်လို အ၀တ်အစားပုံစံတွေကို မင်းသဘောတွေ့ခဲ့လဲ။
လျှာထိုးဦးထုပ် ဆောင်းရတာကိုပေါ့။
ငယ်ငယ်တုန်းက မင်းစိတ်ကူးယဉ်အိပ်မက်က ဘာလဲ ။
ကျွန်မ ရှစ်နှစ်သမီးအရွယ်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်မှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့တယ်။
မင်း ၁၇ နှစ်အရွယ်တုန်းက ဘယ်လိုဖက်ရှင်ကို သဘောတွေ့ခဲ့တာလဲ။
Juicy Couture တံဆိပ်ကို အရင်က ကျွန်မသဘောကျခဲ့ဖူးတယ်။
ကိုယ်သဘောကျတဲ့ အမျိုးသားတစ်ယောက် သတိပြုမိလာအောင် ဘယ်လောက်ထိ မိုက်ရူးရဲ ဆန်ခဲ့ဖူးလဲ။
အဲဒီလိုမျိုး မရှိပါဘူး။ ရည်းစားကိုတောင် အထက်တန်းရောက်မှ ထားဖူးတာပါ။
အရင်တုန်းက မင်း ဘာဝါသနာပါလဲ။အခုကော။
အခုချိန်မှာတော့ ဟင်းချက်ဖို့နဲ့ မုန့်ဖုတ်ဖို့ကို ပိုဝါသနာပါလာတယ်။
ဘယ်လိုအဖြစ်အပျက်တွေအတွက် အထိတ်တလန့်ဖြစ်ခဲ့ရဖူးလဲ။
ကျွန်မကို လူတွေကြိုက်ပါတော့မလား။ အားပေးလက်ခံပါတော့မလား ဆိုပြီးတော့ တွေးပူတတ်တယ်။ ဒါပေမဲ့ အခုကျွန်မ အဲဒီပူပန်တတ်တဲ့စိတ်ကို ကြိုးစားပြီး မေ့ဖျောက်တယ်။ ပျော်ရွှင်ဖို့ကိုပဲ ဦးတည်တယ်။
ကျောင်းသူဘ၀မှာ မင်းရဲ့အသာလွန်ဆုံး အရည်အချင်းက . . ။
ကျွန်မငယ်ငယ်တုန်းက ခပ်အေးအေးနေတတ်တဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မက ဘယ်သူနဲ့မဆို အလွယ်တကူ ပေါင်းသင်းတတ်ပါတယ်။ အခုချိန်မှာတော့ Glee အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေပြီလေ။
ငယ်ငယ်က အဖွဲ့ကျခဲ့တဲ့ သူငယ်ချင်းတွေကကော . . . ။
Danielle Press က ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါပဲ။ ဒါပေမဲ့ Jonathan Groff ကတော့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းပါ။
စိတ်ပျော်ရွှင်ဖို့ ဘာတွေလုပ်ဖြစ်လဲ။
ဈေးဝယ်ထွက်မယ်။ မှတ်တမ်းမှတ်ရာတွေကို စုမယ်။ ပြီးတော့ ကျွန်မက Runyon လျှိုမြောင်မှာ တောင်တက်ရတာကို ကြိုက်တယ်။
မင်း အသက်၁၇ နှစ်အရွယ်မှာ မိဘတွေက ဘာအကြံတွေ ပေးကြသလဲ။
စိတ်ပျော်ရွှင်အောင်နေဖို့ပဲ အကြံပေးကြပါတယ်။ အခုထိပဲ ဆိုပါတော့။
မင်းမြတ်နိုးတန်ဖိုးထားတဲ့သူတွေက . .။
ကျွန်မရဲ့ အမေပေါ့။
၁၇ နှစ်အရွယ် Lea Michele ကို ပြန်လှည့်ကြည့်ပြီး မင်း ဘာတွေများပြောချင်မလဲ။
အသက် ၁၇ နှစ်အရွယ်ဆိုတာ ဘယ်သူမဆို ဂုဏ်ယူတတ်ကြွလေ့ရှိပါတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်အတွက်မှ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့။ ကောင်လေးတွေနဲ့ သူငယ်ချင်းတွေက ထပ်ပေါ်လာဦးမှာပါ။ ကျောင်းသင်ခန်းစာတွေနဲ့ အနာဂတ်အတွက်ကိုပဲ စဉ်းစားပါလို့။
The Chic Magazine
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။