Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

““သမ္မတလုပ်ရတဲ့ဒုက္ခ””

၁။



““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်လာသည်။ လှမ်းကြည့်တော့လိုက် သူအားကိုးရသော ဌာနအရာရှိကြီးတစ်ဦးကို တွေ့ရ၏။
လက်ပြရင်း ၀င်ခဲ့ဖို့ပြောလိုက်တော့ သူ့စားပွဲပေါ်ကို ဖိုင်တစ်ထပ်လာချပေးသည်။
““ဘာဖိုင်တွေတုန်း””
““ဆန္ဒပြခွင့်တောင်းခံစာတွေပါ အဘ””
သူ စိတ်သေးသေးလေးညစ်ရသည်။ သူက ဒီနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်းဟူသည့် စကားပုံအရ သူ့အောက်မှ ဌာနအကြီးအကဲများ ပေါက်ကရလုပ်သမျှ သူ့ခေါင်းပေါ် စုပြုံကျရသည်။ ဒါတင်မကသေး။ အရင်က သူ့ဆရာတွေလုပ်ထားခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင် ကလည်း သူ့ခေါင်းပေါ်ကျ လာခဲ့သည်။ ဒါကတော့ ဆရာမကောင်းတပည့်ခေါင်းဟု ဆိုရမည်။ အခုတော့ သူ့ခေါင်းမှာ ထင်ပေါ်တာဆိုလို့ နဖူးပဲကျန်တော့သည်။

ဒီမိုကရေစီရခဲ့ပြီ။ သူ့ဆရာထားခဲ့သော စာအုပ်စိမ်းကြီးကိုကိုင်၍ သူအလုပ်တွေဆက်လုပ်ရသည်။ တိုင်းပြည်ကောင်းစားစေချင်သည့် စေတနာကလည်း သူ့မှာရှိသည်။ ဒီစိတ်တစ်ခုတည်းနဲ့ပင် သူ့ရဲ့ နှလုံးရောဂါကိုလည်း ဘေးဖယ်ထားခဲ့သည်။ သူ့စေတနာတွေက ရောင်ပြန်ဟပ်လိမ့်မည်။ ဒီလိုပဲ သူတွေးသည်။

၂။

““ဘာအကြောင်းတွေတုန်း””
အရာရှိကြီးကိုကြည့်ရတာလည်း စိတ်တွေဂယောင်ခြောက်ခြားဖြစ်နေတဲ့ စတိုင်တွေ့ရသည်။ အင်း... ဒီအရာရှိလည်း နဖူးနည်းနည်းပြောင်စပြုလာပြီ... ဟု သူတွေးမိလိုက်သေး၏။
““တစ်ခုက လယ်သမားအရေး””
““အင်း””
““တစ်ခုက အလုပ်သမားအရေး””
““အိမ်း””
““တစ်ခုက ကျောင်းသားအရေး””
““အွန်း””
““တစ်ခုက လက်လုပ်လက်စားအရေး””
““အိ””
““တစ်ခုက ကုန်ဈေးနှုန်းကျဆင်းရေး””
““အမ်””
““တစ်ခုက လွှတ်တော်အမတ်ဖြုတ်ချရေး””
““အွင်””
““တစ်ခုက မီးမလာလို့””
““အဲ””
““တစ်ခုက ရေမလာလို့””

အရာရှိကြီးဖတ်ပြနေသည့် စာရွက်တစ်ထပ်ကြီး မြန်မြန်ကုန်ပါစေဟု ဆုတောင်းရင်း နဖူးလေးပေါ်မှ ချွေးစို့များကို လက်ဖြင့်ဘတ်ခနဲသုတ်လိုက်၏။
နားထင်မှ ချွေးစက်များက ကြမ်းပြင်ပေါ်သို့ ပလောက်ခနဲကျသွား၏။ ဆက်ဖတ်နေသည့် အသံကို သူ့နားထဲမကြားတော့။ အရာရှိကြီးလက်မှ စာရွက်တွေကလည်း မကုန်နိုင်။

၃။

““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်နေတဲ့ အရာရှိကြီးကိုမြင်တော့ သူဒိတ်ခနဲရင်ခုန်သွားသည်။ ဘယ်နားပြေးပုန်းရကောင်းမလဲ တစ်ချက်ကြည့်လိုက်ပြီးမှ
ပုန်းစရာမတွေ့သဖြင့် ၀င်ခဲ့ရန်ခေါ်လိုက်ရသည်။
““... ဘာ... ဘာ... ဘာဖိုင်တွေတုန်းဟင်””
““ထုံးစံအတိုင်း ဆန္ဒပြခွင့်တောင်းခံစာတွေပါ အဘ””
““ဟင့်.... ””
မျက်ဝန်းထဲမှာ မျက်ရည်တစ်စ တွဲခိုသွားသည်။ ““ပြည်သူ့ဆန္ဒ... ပြည်သူ့ဆန္ဒ... ပြည်သူ့ဆန္ဒ””ဟူ၍ အတတ်နိုင်ဆုံး နှလုံးသွင်းထားလိုက်၏။
စိတ်ငြိမ်စပြုကာမှ အရာရှိကြီးကို အချက်ပြလိုက်သည်။
““ဖတ်””
““တစ်ခုက ၀န်ကြီးဖြုတ်ချရေး””
““..... ””
““တစ်ခုက မီဒီယာသမားအရေး””
““..... ””
““တစ်ခုက လယ်သမားအရေး””
““..... ””
““တစ်ခုက စီမံကိန်းရပ်တန့်ရေး””
““..... ””
““တစ်ခုက စက်ရုံတည်ဆောက်မှုရပ်တန့်ရေး””
““..... ””
““တစ်ခုက ကျုးကျော်သူများအရေး””
““..... ””
““တစ်ခုက ရခိုင်အရေး””
““တစ်ခုက ကချင်အရေး””
““တစ်ခုက ကုလားအရေး””
““တစ်ခုက တရုတ်အရေး””

““တော်.... ပါ... တော့.... ကွယ်။ တိုင်းပြည်အခြေအနေမှန်ကို အဘသိပါပြီကွယ်... ဟင့်””

၎။

““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်လာပြန်သည်။ အဘဆိုတဲ့ ထိုအရာရှိရဲ့ အာလုပ်သံကြီးကိုကြားတိုင်း သူ့နဖူးပေါ်က ချွေးတစ်စက် ပလောက်ခနဲကျသွားမြဲ။
ဒီအရာရှိကို အလုပ်ဖြုတ်ဖို့တောင် စဉ်းစားမိတဲ့အထိ သူကြောက်နေမိသည်။ သို့သော်လည်း ငယ်ဆရာ ငယ်တပည့်ဖြစ်နေတာမို့ မလုပ်ရက်။
““၀င်ခဲ့.... ဆန္ဒပြပြန်ပီလား””
““ဟုတ်... တစ်ခုက ဘုန်းကြီးအရေးပါ””
““တစ်ခုက ရပ်ကွက်လူကြီးကို မကျေနပ်တာပါ””
““တစ်ခုက သမ္မတကြီးကို ထောက်ခံတာပါ””
““ငှင်... နာ့ကို ထောက်ခံတာတောင် ဆန္ဒပြကြသေးတာလား””
““ဟုတ်... ဒီမိုကရေစီဖက်ရှင်ပါအဘ””
““ငှင်... ဖက်ရှင်... ””

၅။

““အဘ.... ””
““ဟေ့ကောင်... မင်း ငါ့ရုံးခန်းနားကို တစ်လက်မမှကပ်မလာနဲ့။ ရုံးအရိပ်တောင်မနင်းနဲ့ကွာ။ သွား... ထွက်သွား.... ””
““ဂျာ... ””

၆။

ရုံးတက်ချိန်တွင် နိုင်ငံတော်အကြီးအကဲရုံးက ၀န်ထမ်းများအားလုံး ပျာယာခတ်နေကြသည်။ မျက်စိမျက်နှာပျက်ပျက်ဖြင့် ရေးကြီးသုတ်ပြာ သွားလာနေကြသည်။
အရာရှိကြီးများ၏ မျက်နှာတွင်လည်း သွေးမရှိတော့။ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆူပူမာန်မဲခံနေရသည်။ ခုမှရုံးရောက်လာကြသူများက စောရောက်နေသူများကို
မေးနေသည်။
““ဘာဖြစ်တာလဲဟဲ့””
““သမ္မတကြီးပျောက်သွားလို့ဟဲ့””
““ဟယ်... ဒုက္ခပါဘဲ””
တံခါးပေါက်ကို မှီငိုသူကငိုကြသည်။ ရင်ဘတ်စည်တီးသူက တီးကြသည်။ ရှာသူကရှာကြဆဲ။ သို့သော်လည်း နေ့လည်စာစားချိန်အထိ ရှာမတွေ့ကြ။
ကာကွယ်ရေးဖက်မှ အရာရှိများသာမက လွှတ်တော်နှစ်ရပ်မှ လူကြီးမင်းများလည်း ပီးပေါ်.. ပီးပေါ် အော်၍ ရောက်လာကြသည်။ အားလုံး၏မျက်နှာများငယ်နေကြသည်။
သူတို့အားလုံး သမ္မတကိုချစ်ကြ၏။

၇။

““တွေ့ပီ... တွေ့ပီ... သူဘဲ.. သူဘဲ””
နေ့လည်စာစားချိန်မရောက်ခင်မှာ ရုံးထဲသို့ အမောတကောပြေးဝင်လာသော ရုံးပြာတာလေး၏ အော်သံကြောင့် အားလုံး လှုပ်ရှားသွားကြသည်။
““ဘယ်မှာလဲ.. ဘယ်မှာလဲ... ဒို့သမ္မတကြီး ဘယ်မလဲဟဲ့””
““ဘယ်မှာမှမဟုတ်ဘူး။ ရုံးရှေ့ကိုရောက်လာတော့မယ်။ သူ့အိမ်တော်ကနေ လမ်းလျှောက်ထွက်လာတာ””
““ဟင်... ””
ရှိသမျှလူအားလုံး ရုံးရှေ့လမ်းမကြီးပေါ် ပြေးထွက်သွားကြသည်။ လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ လမ်းမအလယ်ခေါင်က တစ်ယောက်တည်းလမ်းလျှောက်လာနေသော
သူ့ကိုတွေ့လိုက်ကြရ၏။
““ဟုတ်တယ်.. အဲဒါ သူပဲ။ နဖူးလေးက နေရောင်အောက်မှာ လက်ခနဲလက်ခနဲတွေ့တယ်မလား။ သူပါပဲ””
ဝမ်းသာအားရနှင့် တစ်ယောက်ကိုတစ်ယောက်ပြေးဖက်ကြသည်။ အရာရှိကြီးများ၊ လူကြီးမင်းများ သက်ပြင်းချကြ၏။
တဖြည်းဖြည်းနှင့် သူ နီးကပ်လာချေပြီ။
နေပူကျဲတဲတွင် သူနေထိုင်သော အိမ်တော်မှ ရုံးခန်းအထိ တစ်ယောက်တည်းလမ်းလျှောက်လာနေသော သူ့ကို အားလုံးတွေ့နေရပါပြီ။
သူ့လက်ထဲမှာ ကတ်ထူပြားတစ်ခုကို မြှောက်ကိုင်ထား၏။ ထိုကဒ်ထူပြားပေါ်မှာ ဆော့ပင်ဖြင့် ခုလိုရေးသားထားသည်ကို မြင်လိုက်ကြရလေသည်။

““ဆန္ဒပြမှုများ အမြန်ဆုံးရပ်၊
သမ္မတကိုနှိပ်စက်ခြင်း ကင်းဝေးကြပါစေ၊
ပြည်သူများဖြစ်ချင်တာ ဖြစ်စေရမည်၊
ဆန္ဒပြမှုများ ရပ်တန့်ရေး... တို့အရေး...... တို့အရေး... တို့အရေး...... ””
by facebook.com


ကိုတင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။