by Myat Thi Ha on Thursday, October 18, 2012 at 5:10am ·
ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက်
စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့ 
စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ
ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ်
ဖတ်ရှုလာရ၊ ကြားနေရတယ်။တော်တော့်ကို စိတ်မချမ်းမြေ့ စရာပါ။
အဲဒါနဲ့ ကျူးကျော်သူဆိုတဲ့ စကားရပ် ရဲ့ 
အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားမိတယ်။ ကျွန်တော် တွေးမိသလောက် ကတော့
ကိုယ်မပိုင်ဆိုင်တဲ့ (သို့) ၀င်ထွက်သွားလာခွင့် မရှိတဲ့ အဆောက်အဦး၊ မြေယာ၊
နယ်နိမိတ် အပိုင်းအခြား၊ လုပ်ငန်းတစ်ခုကို တရားမ၀င်(သို့) မူလဌာနေ ပိုင်ရှင်
ဇာတိသားတို့ရဲ့ နှစ်လို လက်ခံမှု မရယူဘဲ ဝင်ရောက်နေထိုင်သူ၊ ဖြတ်သန်းသွါးလာ
အသုံးပြုသူလို့ အများအားဖြင့် သတ်မှတ်လေ့ ရှိကြတယ်။
ဒါပေမယ့် ထပ်ပြီးအငြင်းပွါးစရာက တရားဝင်မှု၊
မဝင်မှု၊ မူလ ပိုင်ရ၊ှင် မှန်မှု၊ မမှန်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ
ရှိလာတာပါပဲ။လက်ရှိတည်ဆဲ ဥပဒေတွေကိုလည်း မှန်ကန်မှု ရှိမရှိ၊ အများပြည်သူရဲ့
ကိုယ်ကျိုးကို ကိုယ်စားပြုမှု ရှိမရှိ၊ လူနည်းစု(သို့) လူတစ်ဦးချင်းစီရဲ့
လူဖြစ်တန်ဖိုးကို အသိအမှတ်ပြု၊ မပြု စတာတွေနဲ့ ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။
ဥပဒေဆိုတာ လူတြွေဲပဌာန်း ထားတာ ဖြစ်လို့ အခြေအနေနဲ့ မကိုက်ညီတော့ရင်
ပြုပြင်ပြောင်းလဲ ပစ်ကြရမှာပါ။
ကျူးကျော်သူနဲ့ ပတ်သက်ပြီး ရှေ့က စကားကို ဆက်ရရင်
နယ်မြေ ကျူးကျော်သူ၊ စစ်ရေး ကျူးကျော်သူ၊ စီးပွါးရေး ကျူးကျော်သူ၊ နိုင်ငံရေး
ကျူးကျော်သူ စသည်ဖြင့် အများအပြား ရှိပါတယ်။နိုင်ငံ တနိုင်ငံဟာ ကျူးကျော်သူ
ဖြစ်နိုင်သလို၊ ကျူးကျော် ခံရသူလဲ ဖြစ်နိုင်ပါတယ်။
ဖက်ဆစ်ဂျပန်၊ နယ်ချဲ့ ဗြိသျှ၊ တရုပ်
မန်ချူးရီးယား၊ မွန်ဂိုနဲ့ နန်ချောင်တွေဟာ မြန်မာ နိုင်ငံအတွက် ကျူးကျော်သူတွေ
ဖြစ်သလို၊ ဗမာက ထိုင်းကို အကြိမ်ကြိမ် ဝင်ရောက်သိမ်းပိုက်တာတွေ ရှိခဲ့တယ်။ မြန်မာ
ပြည်ထဲမှာတောင် ရခိုင်၊ရှမ်း၊မွန် စတဲ့ တိုင်းရင်းသား တွေအမြင်မှာ မြန်မာ(ဗမာ)
လူမျိုးဟာ ကျူးကျော်သူတွေ ဖြစ်ခဲ့ဖူးတာလို့ လူမျိုးလိုက် သမိုင်းမှာ သာဓကတွေနဲ့
ပြောဆိုကြတာ ရှိခဲ့ပါတယ်။ သမိုင်းကို ဖုံးကွယ်စရာ၊ လိမ်ညာ စရာ အကြေင်း
မရှိပါဘူး။
အဲဒီကျူးကျော်မှုတွေဟာ လက်နက်အားကိုးနဲ
့ကျူးကျော်မှု၊ အဓမ္မ ကျူးကျော်မှုတွေပါဘဲ။
--ဒါပေမယ့် အခု ကျူးကျော်သူလို့ စွပ်စွဲခံနေရတဲ့
ဆင်းရဲသား ပြည်သူများကတော့ စစ်အာဏာရှင်စနစ်ကြောင့် အထွေထွေ ချွတ်ခြုံ ကျမှု တွေနဲ့
ဆင်းရဲမွဲတေ ခဲ့ရတာကြောင့်၊ ပညာမသင်နိုင်ခြင်း၊ အခွင့် အလမ်းကောင်းများ ညီမျှစွာ
မခံစားရခြင်း၊ အကျိုးဆက်များစွာကို နှစ်ရှည်လများစွာ ခါးစီးခံခဲ့ရတဲ့ အပြင်
ခရိုနီကယ်ခေါ် စစ်တပ်နဲ့ အသိုင်း အဝိုင်း စီးပွါးရေး လုပ်ငန်းရှင် တွေရဲ့ မလိမ့်တပတ်
အနိုင်ကျင့်မှုတွေ၊ လူမိုက်ဆန်ဆန် စစ်တပ်နဲ့ ပေါင်းပြီး စာသင်ကျောင်း၊ လယ်ယာ
၊ခြံမြေတွေမှာ မှတ်တိုင်စိုက် ကျူးကျော် သိမ်းပိုက်မှု၊ ခေါင်းပုံဖြတ်မှု
တွေကြောင့် ပိုမိုဆင်းရဲပြီး မြေမဲ့ယာမဲ့၊ အိုးအိမ်မဲ့၊ အခြေအနေမဲ့ ဘဝ
ရောက်ရသူတွေပါ။
ဆင်းရဲသား ကျူးကျော်သူတွေထက် ပိုမို ဆိုးဝါးတဲ့
ကျူးကျော်မှုမှုတွေ အမြောက်အများ ရှိနေတာကို ထင်ရှားအောင် မီးမောင်း ထိုးပြ
ပြောပြချင်ပါတယ်။အဲဒါတွေက(၁) အာဏာအလွဲသုံးစားလုပ်ပြီး မြေယာအဆောက်အဦးများစွာကို
ကျူးကျော် ပိုင်ဆိုင်ထားသူများ( မြို့ ပြစီမံကိန်း၊ စက်မှု စီမံကိန်းတွေ
အကြောင်းပြပြီး ပြည်သူပိုင်နှင့် နိုင်ငံပိုင်မြေများ၊ ဘိုးမွေ ဘွားမွေပိုင်များကို
အာဏာသုံး သိမ်းပိုက် ခွဲယူထားမှုများ ဖြစ်သည်။)
(၂) အာဏာာပိုင်များ၊ ခရိုနီများနဲ့
ဆွေမျိုးတော်သူများမှ မျှတသော ပိုင်ဆိုင်မှု မဟုတ်ဘဲ၊ နိုင်ငံပိုင်စီးပွါးရေး
လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အလုပ်ရုံများ၊ လုပ်ကွက်များပြ ကျူးကျော်
လုပ်ကိုင်သူများ။
(၃)နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊
တရားစီရင်ရေး၊ အာဏာများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ လွှတ်တော်
ထိုင်ခုံနေရာများတွင် ပြည်ဆန္ဒ မပါဘဲ လိမ်လည်လှည့်ဖျားပြီး ကျူးကျော်
နေရာယူထားသူများ၊
(၄) ဘာအရည်အချင်းကိုမှ အခြေမခံဘဲ လက်လှမ်းသင့်ရာ
ခေါ်ယူခန့် ထားကြသည့် အစိုးရ အဖွဲ့ အစည်းအတွင်းမှ ရာထူး ဌာနများစွာကို ကျူးကျော်
ထားကြသူများ။
အထက်မှာဖော်ပြထားသည့် ပိုမို အပြစ်ကြီးလေးပြီး၊
တန်ဖိုးကြီးကျူးကျော်သူတွေကို မျက်ကွယ်ပြု ချန်လှပ်၍ အခြေအနေမဲ့ ဆင်းရဲသား ပြည်သူ
ကျူးကျော်သူများကို ကိုင်တွယ်ရာမှာ လူသားချင်း စာနာစိတ်နဲ့ ကိုင်တွယ် ဖြေရှင်း
သင့်ပါတယ်။
ဆင်းရဲသား ပြည်သူမိသားစု တချို့
ကျူးကျော်တာကျတော့ ရက်ရက်စက်စက် ဘူဒိုဇာနဲ့ တိုက်ပြီး သစ်စိမ်းချိုး ချိုး ဖယ်ရှား
ခဲ့ကြပေမယ့် ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး
ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။မလိမ့်တပတ် သိမ်းထားတဲ့
အစိုးရစီမံကိန်းအမည်ခံ လယ်သမားမြေတွေကို နိုင်ငံခြား ကုပ္မဏီတွေကို တဆင့်
ပြန်ရောင်းတာတွေ ဖုံးကွယ်ပြီး ရူးဟန်ဆောင်နေကြတယ်။
လယ်သမားတွေကို ၃ -နှစ်စာသာ လျှော်ကြေးပေးပြီး
နိုင်ငံခြား ကုပ္မဏီကို နှစ် ၆၀ ဒေါ်လာနဲ့ အငှားချတာကို တိုင်းပြည် အသိမခံဘဲ၊
စစ်ဗိုလ်ချုပ်ဟောင်ေးတွ၊ ခရိုနီတွေ ရိုက်စား လုပ်တာကို အာဏာနဲ့ အကာအကွယ်ပေးဖို့ 
ကြံနေကြတယ်။ အာဏာတွေ၊ မတရား ရထားတဲ့ ငွေတွေနဲ့ နိုင်ငံပိုင်၊ ပြည်သူပိုင်၊ လယ်သမား
တဦးချင်း ပိုင်တွေ မတရား ကျူးကျော် ပိုင်ဆိုင်တာကိုကျတော့ မတရားတဲ့ ဥပဒေတွေမှန်း
သိရက်နဲ့ ပြုပြင်ဖို့ လုပ်ငန်းမစ၊ စကား မစ နိုင်ကြပါဘူး။ ဒါဟာ ကောင်းမွန်သော အစိုးရ
တရပ်ရဲ့ ဂုဏ်အင်္ဂါတွေနဲ့ သွေဖီနေပါလိမ့်မယ်။
ပိုးဖောက်ပြီး သီးနှံထွက် ဆိုးဆိုးဝါးဝါး ကျနေတဲ့
စိုက်ခင်းကြီး တစ်ခုကို ပြန်ကောင်းမွန်အောင် ပြုပြင်ကြတဲ့ နေရာမှာ မအောင်တဲ့၊
ပိုးကျနေတဲ့ အပင်တွေ ရှင်းပစ်ရမှာ ဖြစ်သလို၊ အရင်းအမြစ် အခြေခံကျတဲ့ မြေဆီ၊မြေသား
ခမ်းခြောက်မှုတွေ ပြုပြင်ကြ ရပါမယ်။
ရေသွား ရေလာတွေမှန်ဖို့ ၊သန့် စင်တဲ့
မျိုးသီးနှံတွေ သုံးစွဲဖို့၊ စိုက်ပျိုးဖို့တွေနဲ့ သင့်တော်တဲ့ ပိုးမွှား ကာကွယ်ဆေး
သုံးစွဲဖို့ ၊ပိုမိုထိရောက်တဲ့ အကောင်အထည် ဖော်မှုတွေ ရှိရပါမယ်။ချိုင်ရမယ့်
အကိုင်းတွေ ချိုင်ရမှာ ဖြစ်သလို၊ လှန်သင့်တဲ့ အမြစ်တွေ လှန်ပစ်ရမှာပါ။
လောလောဆယ် မြန်မာ ပြည်ရဲ့ အပြောင်းအလဲကတော့
ကိုင်းဖျားတွေကို ချိုင်နေတာ များပါတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု
မြင်ရအောင် ပြရရင် ၀န်ကြီးနေရာ အပြောင်းအလဲလုပ်တာ၊ ဗိုလ်မှူးကြီး အောင်ဇေယျ အမိန်
့နဲ့ နာမည်ပျက် သိပ်မထွက်တဲ့ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို
စုံစမ်းနေတာတို့၊ပြီးခဲ့တဲ့ စက်တင်ဘာ (၁၈)ရက်နေ့ က သမ္မတ အမိန့် နဲ့ ဝန်ထမ်း အဖွဲ့
အစည်း အကြိးအမှူးပြောင်းအလဲ လုပ်တာတွေဟာ တကယ် ထိထိ ရောက်ရောက် ဆောင်ရွက်မှုတွေ
ဟုတ်မဟုတ် ဆိုတာ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစား ကြရတော့မှာပါ။
အစမ်းသပ်ခံကြရတော့မှာပါ။
အချုပ်အားဖြင့် ပြောရရင် ကျူးကျော်သူ အမျိုးမျိုး
အကြားမှာ အချို့သော ကျူးကျော်သူများဟာ ရွေးချယ်စရာ မရှိတော့လို့ ကျူးကျော်သူတွေ
ဖြစ်ခဲ့ရပေမယ့် တချို့ ကျူးကျော်သူတွေဟာ အာဏာနဲ့ ငွေကြေးအင်အား၊ ဓန အင်အား တွေ
နောက်ကွယ်မှာ ပုန်းကွယ် ရှောင်ရှားနေကြတယ် ဆိုတာရယ်၊ ကျုးကျော်သူနဲ့
အကျူးကျော်ခံရသူတွေ ကြားမှာ ရှိတဲ့ ပဋ္ဋိပက္ခ ဖြေရှင်းရာမှာ အကြမ်းနည်းသုံး
မဖြေရှင်းကြဖို့ ၊တည်ဆဲ ဥပဒေတွေနဲ့ ချည်း ကိုင်ပေါက်ပြီး မဖြေရှင်းကြဖို့၊
လူသားချင်း စာနာစိတ်နဲ့ ဖေးကူ ဖြေရှင်းကြဖို့ ၊ ဒီမိုကရေစီကို အခြေခံတဲ့
နည်းလမ်းတွေနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။
မင်းကောင်းချစ်
၁၆။၁၀။၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။