Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 21, 2012

ဆယ်လီဗြစ်တီ မောင်ဝါဝါ

by ရသစာပေအနုပညာဘလော့ဂ် on Friday, October 19, 2012 at 1:19am ·



ဆယ်လီဗြစ်တီ မောင်ဝါဝါ
- သူရဿဝါ -

ကျွန်ုပ်သည်ကား မြန်မာ့ အသံ၊ မြဝတီ၊ ချန်နယ် ဆဲဗင်း၊ အမ်မာတီဗွီ-ဖော အစရှိသည့် ရုပ်မြင် သံကြား လိုင်းပေါင်းစုံမှ ပြုလုပ်သမျှ အဆို ပြိုင်ပွဲ၊ အက ပြိုင်ပွဲ၊ အဆော့ ပြိုင်ပွဲ၊ ဥာဏ်ကြီးရှင် ပြိုင်ပွဲ၊ မူကြိုနှင့်ပြိုင် ဘယ်သူမှ မနိုင် အစရှိသည့် ပြိုင်ပွဲ ပေါင်းစုံကို အားအား ယားယား ဝင်ရောက် ယှဉ်ပြိုင်ပြီး သကာလ ပြိုင်ပွဲတိုင်း အနိုင် ရရှိကာ မြန်ပြည် တလွှား အမည် ကျော်ကြားကာ သောက်ကျိုးနဲ နာမည်ကြီး လာတော့ လေရာ ကျွန်ုပ်အား ချစ်ခင် အားပေး ကြသော ကောင်မလေးများ
အွန်လိုင်း၊ အော့ဖ်လိုင်း နှစ်လိုင်း စလုံးတွင် ဝိုင်းဝိုင်းလည် လျက် ရှိနေ သည်သာ ဖြစ်၍ လိုင်းပေါင်းစုံ မထသပင် အရှုံး ပေးရလောက်သည့် အဖက်ဖက် ချွန်သော ဆယ်လီဗြစ်တီ မောင်ဝါဝါ အမည်တွင်လျက် ရှိနေလေ တော့သည် တကား။

အထက်တွင် ပြောခဲ့သည့် အတိုင်း ကျွန်ုပ်၏ ပရိသတ် အများစုမှာ သည်းသည်းလှုပ် မိန်းကလေးများ ဖြစ်ကြသည့် အပြင် များစွာသော ပရိသတ် တို့မှာ အော့ဖ်လိုင်းထက် အွန်လိုင်းတွင် ပို၍ စုရုံး အားပေး ကြသည် ဖြစ်လေ၏။ ကျွန်ုပ်၏ ပြင်ပ လူနေမှု ဘဝတွင် ရှိသော ပရိသတ်မှာ အလွန်တရာ များလှသည် မဆိုနိုင် သော်လည်း အွန်လိုင်းရှိ ဖေ့စဘုတ် ခေါ်သော လူမှု ကွန်ယက် ဝက်ဘ်ဆိုက် အတွင်း၌ ကျွန်ုပ်ပင် မသိ လိုက်သည့် အချိန်ကလေး အတွင်းမှာပင် ဆယ်လီဗြစ်တီ မောင်ဝါဝါ၏ ဖန်ပေ့ခ်ျကို အားပေးသူ ပရိသတ် အပေါင်း သိန်းပေါင်း လေးသောင်း ငါးထောင်ခန့် ရှိလေသည် ဟူ၍ အားတက် ဖွယ်ရာ သတင်း တစ်ခု ရရှိခဲ့ လေ၏။ သို့နှင့် ကျွန်ုပ် ဆယ်လီဗြစ်တီ မောင်ဝါဝါ လည်း ပရိသတ် အပေါင်း မည်သို့ အားပေး ကြမည့် အကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် သိလို လှသည် ဖြစ်သဖြင့် အဆိုပါ ဖေ့စဘုတ် အတွင်းရှိ ကျွန်ုပ်၏ ဖန်ပေ့ခ်ျ အတွင်းသို့ ဝင်ရောက် စပ်စု မိလေသည် ဖြစ်ချေ၏။

အဆိုပါ ဖန်ပေ့ခ်ျ၏ နာမည်ကို မြင်ကတည်း ကပင် မောင်ဝါဝါမှာ ကြက်သီး မွေးညင်းများ ထသည် အထိ အံ့အား သင့်ရ လေတော့၏။ ပရိသတ်များ အမည်တပ် ထားသော ဖန်ပေ့ခ်ျ အမည်မှာ “မောင်ဝါဝါအား အသေရရ အရှင်ရရ လိုချင်သူများ အဖွဲ့” ဟူ၍ ဖြစ်လေ၏။ ဝင်ရောက် ကြည့်ရှု မိလေသော အခါတွင်မှ ကျွန်ုပ် ဆယ်လီဗြစ်တီ မောင်ဝါဝါမှာ အံ့သြ တုန်လှုပ် ရတော့သည် ဖြစ်လေ၏။ အဘယ်ကြောင့် ဆိုသော် မောင်ဝါဝါပင် မသိသော ဖန်ပေ့ခ်ျ အတွင်း၌ မောင်ဝါဝါ၏ အကြောင်းကို မသိသော ပရိသတ် တို့မှာ မောင်ဝါဝါနှင့် နို့စို့ဖက် ငယ်ပေါင်း ကြီးဖော်များ အလား မောင်ဝါဝါ၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အချစ်ရေး ကိစ္စ တို့ကို ပိုင်ပိုင် နိုင်နိုင် ပြောဆို နေကြ လေသည် ဖြစ်လေ၏။ ထိုထက် ပို၍ အံ့သြ ဖွယ်ရာ ကိစ္စမှာ ၄င်းတို့ ပြောဆို သမျှ တို့မှာလည်း မောင်ဝါဝါ၏ ပြင်ပ အခြေအနေနှင့် ကွာချင်တိုင်း ကွာခြား၍ နေသည်သာ ဖြစ်လေ၏။

“မောင်ဝါဝါက ဝင်ဒါမီယာ ရွှေတောင်ကြား ထဲမှာ သုံးဆယ့် ခြောက်ထပ် တိုက်နဲ့ နေတာ ဆိုပဲဟေ့” ဟူသည်က တစ်ဖုံ၊
“မောင်ဝါဝါ လက်ရှိ ကိုင်နေတာ ဖုန်းအလုံး သုံးဆယ် တစ်ပြိုင်တည်း ဆိုပဲ၊ တစ်လုံးမှလည်း ခေါ်မရဘူး၊ ပိတ်ထားတာ” ဆိုသည်က တစ်မျိုး၊
“မောင်ဝါဝါနဲ့ ဟိုမင်းသမီး ပေါက်စ လေးနဲ့က ချိတ်တိတ်တိတ်၊ ဒီမော်ဒယ် လေးနဲ့က ကလိတိတိ ဖြစ်နေ ကြတာ ဆိုပဲ .. သူ အဆုံးသတ် ဘယ်သူ့ကို ရွေးမလဲ မသိဘူးနော်” ဆိုသည်က တစ်ပါး .. မှားချင်တိုင်း မှား၍ နေကြသည် ဖြစ်လေ၏။

တကယ့် တကယ် တွင်တော့ မောင်ဝါဝါမှာ ပြိုင်ပွဲ ပေါင်းစုံ ဝင်ပြိုင် မိသည့် သကာလ ဖောင်ဖိုး၊ လမ်းစားရိတ်၊ ထမင်း စားရိတ် စသဖြင့် ထောင်းလမောင်း ကြေအောင် သုံးစွဲ မိလေရာ ယခုအခါ မောင်ဝါဝါ၏ အိမ်မှလည်း မောင်ဝါဝါ့ ဒဏ်ကို မခံနိုင် တော့သည် ဖြစ်သဖြင့် အိမ်မှပင် နှင်ချ ထားလေရာ မောင်ဝါဝါမှာ အဝတ်တစ်ထည် .. ကိုယ်ဝန်တစ်ခု . အဲလေ .. အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် သူငယ်ချင်း အိမ်၌ပင် ကပ်နေရ လေသည် ဖြစ်သဖြင့် ၄င်းတို့ ပြောသည့် ဝင်ဒါမီယာ တွေ၊ ထွက်ဒါမီယာ တွေတွင် သုံးဆယ့် ခြောက်ထပ် တိုက်နှင့် နေသည် ဆိုသည်မှာ မောင်ဝါဝါ အဖို့ အူတက် မတတ် ရယ်စရာ ကိစ္စပင် ဖြစ်၍ နေလေ၏။

လက်ကိုင်ဖုန်း အလုံး သုံးဆယ် မပြောနှင့် .. မောင်ဝါဝါမှာ ကယ်ကူလေတာ အစုတ်ပင် မဝယ်နိုင်သူ ဖြစ်လေရာ ဤသည်မှာလည်း မှား၍ နေလေသည် ဖြစ်လေ၏။ မောင်ဝါဝါ၏ ရုပ်ရည် ရူပကာ မှာလည်း ချင်ပန်ဇီပင် အိုပါး ခေါ်ရလောက်အောင် အသားမည်း၊ သွားကျဲ၊ နဖူးပြောင်၊ ဒူးချောင်၊ ရင်မောက်၊ တင်ကောက် ဖြစ်၍ နေသည် ဖြစ်သဖြင့် သူတို့ ပြောသလို မော်ဒယ်တွေ၊ မင်းသမီး တွေနှင့် ဇာတ်လမ်း ဖြစ်ဖို့ ဝေးစွ .. လမ်းထိပ်ရှိ မောင်ဝါဝါ ကြိုက်သော ကွမ်းယာသည် ကလေး မိဝင်း ကိုပင် ကွမ်းယာကြွေး မပေးနိုင် သေးသဖြင့် ရှောင်နေရ သည်နှင့် ဆက်၍ မပိုးနိုင် ဖြစ်နေ သော ဘဝကို ရောက်နေ လေရာ ဖန်ပေ့ခ်ျ အတွင်းရှိ ပရိသတ်များ ပြောဆို သမျှမှာ မအူပင် ကလပ်နှင့် ဂျူဗင်တပ် ကဲ့သို့ မှားချင်တိုင်း မှား၍ နေသည် ဖြစ်လေ၏။ ထို့ပြင် တဝ ဖန်ပေ့ခ်ျ အတွင်း၌ မောင်ဝါဝါကို အားပေး ထားကြသည့် စာများ မှာလည်း အလွန်တရာမှ ထူးခြား ပြောင်မြောက် လှသည် ဖြစ်လေရာ တချို့ တဝက်မှာ အောက်ပါ အတိုင်းပင် ဖြစ်လေ၏။

“မောင်ဝါဝါ ပြုံးတာက ပြီတီတီနဲ့ အသည်းယား စရာ .. တကယ့် ကြာကူလီကို ငါးရံ့ နှုတ်ခမ်းမွှေး တပ်ပေး ထားသလိုပဲနော် အဟိ အဟိ ခွိ”
“မောင်ဝါဝါ အကြိုက်ဆုံး အပျင်းပြေ သွားရေစာက လေမျိုးရှစ်ဆယ် လျက်ဆားတဲ့တော့ … သူ့အိမ်ကို ဖုန်းဆက် မေးလိုက်တာ .. တို့နဲ့ အကြိုက်ချင်း တူလိုက်တာ ဟယ် .. ခစ်ခစ်”
“ဟိုပြိုင်ပွဲမှာ မောင်ဝါဝါ ဆိုသွားတဲ့ သီချင်းလေးလေ အခုထိ နားထဲကကို မထွက်ဘူး .. မူရင်း အဆိုတော်တောင် မောင်ဝါဝါ လောက် သံသေးသံကြောင် မဆိုနိုင်ဘူးနော်”
“မရဘူး မရဘူး .. တို့ကတော့ ချစ်မှာပဲ .. မောင်ဝါဝါ့မှာ မိန်းမပဲ ရှိရှိ၊ ကလေးပဲ ရှိရှိ .. အို .. ယောကျာ်းပဲ ရှိရှိ ချစ်မှာ ..”
“ဟေ့ .. ကိုယ့်ဟာကိုယ် ချစ်စရာ ကောင်းလို့ မောင်ဝါဝါ့ကို ချစ်တာ .. မနာလို အတင်းပြောတဲ့ လူတွေက ရှိသေးတယ် .. ဘာဖြစ်သတုန်း .. ဒီမယ် .. မောင်ဝါဝါ့ကိုထိ ပိကျိပဲဟဲ့”

ထိုသို့ဖြင့် မောင်ဝါဝါမှာ အွန်လိုင်းတွင် ဖေ့ဘုတ်ကြီး တစ်ခုလုံး တစ်စစီ ကြေမွ သွားမတတ် သည်းသည်းလှုပ် အားပေး ချစ်ခင် ကြသော မိန်းကလေး ပရိသတ် အပေါင်းကို ကြည့်ကာ ကြက်သီး လည်းထ၊ အားလည်း ရ၍ ဝမ်းသာ မိသည် ဖြစ်သော်လည်း အပြင်သို့ ထွက်၍ တွေ့လိုက်လျှင် “အသေရရ အရှင်ရရ လိုချင်သူများ အဖွဲ့” ဟု ဆိုသည့် အတိုင်း မောင်ဝါဝါအား ရသည့် နေရာမှ၊ ရသလို ဝိုင်းဝန်း ဆွဲလွဲ အဖြစ်သည်း ကြမည့် ဘေးကို တွေးကာ တစ်စစီ ကျိုးပဲ့ကုန်ပြီ ဖြစ်သွားမည် စိုးသဖြင့် အပြင် မထွက်ရဲ၊ အွန်လိုင်း မတက်ရဲ ဖြစ်ကာ ရေသောက် ဗိုက်မှောက်၍ အိမ်ထဲ ၌ပင် ဖျာလိပ် ပတ်၍ ပုန်းရှောင် နေရသည့် အဖြစ်ကို ရောက်ရှိ သွားသည် ဖြစ်လေ သတည်း။

၅ - အောက်တိုဘာ - ၂၀၁၂
Net Guide Journal
Volume (2), Issue (56)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B