Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 17, 2012

ဆယ်ကျော်သက် အိပ်မက် (သက်မွန်မြင့်)


သက်မွန်မြင့်
လူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘဝက ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ကြမယ် ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တချို့လည်း စိတ်ကူးနဲ့ ထပ်တူမကျတဲ့ လက်တွေ့ဘဝကို ရောက်နေကြရတာတွေ ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘဝက စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Q. သက်မွန် ဆယ်ကျော်သက် ဘဝက ဖြစ်ချင်တဲ့ အိပ်မက်က ဘာလဲ။
A. သက်မွန်ရဲ့ ဆယ်ကျော်သက်အရွယ် အိပ်မက်က ဆရာဝန် ဖြစ်ချင်ခဲ့တာပေါ့။ နယ်တွေမှာ ဆင်းရဲတဲ့ လူတွေကို မေတ္တာနဲ့ ကုပေး မယ်လို့ စိတ်ကူးယဉ်ခဲ့တာပါ။ ပရဟိတ အလုပ်တွေလည်း လုပ်ချင်ခဲ့တာပေါ့။
Q. ဒါဆို အစ်မက စာကြိုးစားတဲ့ အထဲမှာ ပါခဲ့တာပါလား။
A. ဟုတ်ကဲ့၊ စာကြိုးစားခဲ့ပါတယ်။ နှစ်တိုင်း ဆုတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်မမှီလို့ ဖြစ်ချင်တာ မဖြစ်ခဲ့ရဘူးလေ။
Q. အုပ်ထိန်းသူတွေရဲ့ လွှမ်းမိုးမှုကြောင့် အိပ်မက်တွေ စွန့်လွှတ်ခဲ့ရတာမျိုး ရှိလား။
A. အဲဒီလိုတော့ မရှိပါဘူး။ ကိုယ်လုပ်ချင်တာက မကောင်းတာ တစ်ခုမှ မရှိဘူးလေ။ ဆရာဝန် လုပ်ချင်တယ် ဆိုတော့ ဝမ်းသာကြတာပေါ့။ ဆရာဝန်လည်း ဖြစ်စေချင်ပါတယ်။ ကိုယ်သာ ကြိုးစားမှု လျော့တယ်လို့ပဲ ပြောရမလား၊ ဆရာဝန်ဖြစ်ဖို့ ကံမပါဘူးလို့ပဲ ပြောရမလား အမှတ်က မမီတော့ ဆရာဝန် မဖြစ်ခဲ့ရဘူးလေ။ ဒါပေမဲ့ သရုပ်ဆောင် ဖြစ်တော့လည်း ကျေနပ်ပါတယ်။
Q. ဒါဆို သက်မွန်က ဖြစ်ချင်တာကို မလုပ်ခဲ့ရဘဲ ဖြစ်သင့်တာကို လုပ်ခဲ့ရတာလား။
A. ဖြစ်သင့်တာကိုပဲ ရွေးချယ်ခဲ့တာပေါ့လေ။ ကိုယ်က မင်းသမီးလုပ်ဖို့ စိတ်ကူးလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ လမ်းကြောင်းက ဒီလို ဖြစ်လာတော့ ရွေးချယ်လိုက်တာပေါ့။
Q. ဆရာဝန် ဖြစ်ခဲ့ရင် ဒီအလုပ်ကို စွန့်လွှတ်လိုက်မှာလား။
A. ဆရာဝန် ဖြစ်ခဲ့ရင် ဒီအလုပ်ကို လုပ်စရာ အကြောင်း မရှိဘူးလေ။
Q. အခုချိန်မှာ ကိုယ်ဖြစ်ချင်တာကို ပြန်တွေးကြည့်ရင် ရယ်ရမလား၊ နောင်တရမလား။
A. အစပိုင်းတုန်းကတော့ ကြိုးစားမှု လျော့နည်းတယ်လို့ တွေးမိတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစား ကြည့်လိုက်တော့ အနုပညာရှင် တစ်ယောက် အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အင်အား ပိုများ ကြီးသလားပေါ့။ ဥပမာ ဆရာဝန်ဆိုရင် သူ့ရဲ့ ပတ်ဝန်းကျင် အတွင်းမှာပဲ သိတယ်။ အနုပညာ အလုပ်ကြတော့ တစ်နိုင်ငံလုံးက သိတော့ အနုပညာ အလုပ်က ပို အင်အားကြီးတာပေါ့။ ဒါကြောင့် ကျေနပ်မှု ရှိပါတယ်။ ဆရာဝန် မဖြစ်တာ နောင်တရစရာ မရှိပါဘူး။
Q. ဆယ်ကျော်သက် အရွယ်တုန်းက မိဘတွေ ထိန်းချုပ်တာ ခံခဲ့ရလား။
A. သက်မွန်က လိမ္မာတဲ့ အထဲမှာ ပါပြီး အနေအထိုင်လည်း အေးတော့ မိဘက သိပ်ပြီး မထိန်းချုပ်ပါဘူး။
Q. အခုခေတ် လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ။
A. ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် တစ်ခုကို အကောင်အထည် ဖော်နိုင်ရင် အကောင်းဆုံးပေါ့နော်။ နောက်ဆုံး အခွင့်အရေး မရဘဲ လွဲချော်သွားခဲ့ရင်တောင်မှ စိတ်ဓာတ်မကျဘဲ ဖြစ်သင့်တဲ့ နေရာတစ်ခုကို ရွေးချယ်ပြီး အကောင်းဆုံး ကြိုးစားမယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိမှာပါ။
Q. မိဘ အုပ်ထိန်းသူတွေကို ဘယ်လို အကြံပေးချင်ပါလဲ။
A. မိဘဆိုတာ သားသမီးကို အကောင်းဆုံးပဲ ဖြစ်စေချင်တာလေ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ပျက်စီးပါစေ ဆိုတဲ့ စိတ် မရှိဘူးလေ။ ညှိနှိုင်းလို့ ရရင်လည်း ညှိနှိုင်းပါ။ ညှိနှိုင်းလို့ မရရင်လည်း မိဘစကား နားထောင်တာ မမှားပါဘူး။ မိဘဆိုတာ ကိုယ့်ထက် အသိဉာဏ် ပိုရှိတဲ့အတွက် မိဘစကားကို နားထောင်သင့်ပါတယ်။
မြတ်သူအောင်
Ref : 8 Days Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။