Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 3, 2012

ဖေ့စ်ဘွတ်ခ်အကောင့် ၈၃ သန်းခန့်ကို ပွားထားသည်များနှင့် အတုများဟု သတ်မှတ်ပြီး ပိတ်ပစ်ရန် ဖေ့စ်ဘွတ် စီစဉ်




အမည်အတု (သို့မဟုတ်) အမည်ဝှက်ဖြင့် ပြုလုပ်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်၊ မိမိ၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်အတွက် ပြုလုပ်ထားသည့်အကောင့်၊ အခြားဆိုက်များကိုဝင်ရန်အတွက် သီးသန့် ဖန်တီးထားသည့် နောက်ထပ်အကောင့် များမှာ ခန့်မှန်းချေအားဖြင့် ၈၃ ဒသမ ၀၉ သန်းခန့် ရှိနေကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။ သြဂုတ်
၁ ရက်နေ့တွင် အသစ်ပြင်ဆင်ခဲ့သည့် စည်းမျဉ်းများအရ ပုံမှန်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် အကောင့်ပေါင်း ၉၉၅ သန်းအနက် ၈ ဒသမ ၇ ရာခိုင်နှုန်းကို ပွားထားသည့်အကောင့်နှင့်...အကောင့်အတုများအဖြစ် ဖေ့စ်ဘွတ်ခ်က သတ်မှတ်ခဲ့ပြီး ပိတ်ပစ်ရန် လိုလားနေကြောင်း သိရသည်။

 



''ဖေ့စ်ဘွတ်ခ်မှာ အကောင့်အတုတွေကို ရှာဖွေပြီး ဖျက်ပစ်ဖို့ ကျွန်တော်တို့ ယေဘုယျအားဖြင့် ရည် ရွယ်ထားပါတယ်။ ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်က အမည်စစ်စစ်မှန်မှန်နဲ့ သုံးတဲ့သူတွေအတွက်ဆိုတဲ့ အခြေခံမူနဲ့ ဖန်တီးထားတာပါ''ဟု ဖေ့စ်ဘွတ်ခ် လုံခြုံရေးအရာရှိချုပ် ဂျိုးဆူလေဗန်က စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။
ယင်းသို့ အကောင့်အတုဟု သတ်မှတ်ထားသည့် အကောင့်များကို ဖေ့စ်ဘွတ်ခ်က သုံးမျိုးခွဲခြား သတ်မှတ်ထားသည်။
ပွားထားသည့် အကောင့်များ၊ ကဏ္ဍမှားပြီးဖွင့်ထား သည့်အကောင့်များနှင့် မလိုလားအပ်သော အကောင့်များဟူ၍ဖြစ်သည်။ ပွားထားသည့် အကောင့်အရေအတွက်မှာ ဖေ့စ်ဘွတ်ခ် ပုံမှန်သုံးစွဲသူအားလုံး၏ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး ၄၅ ဒသမ ၈ သန်းမျှ ရှိနေသည်။ ပုံမှန်သုံးစွဲသူဆိုသူမှာ လစဉ် အနည်းဆုံးတစ်ကြိမ်ထက်မနည်း ၀င်ရောက်သုံးစွဲသည့်အကောင့်များဖြစ်သည်။ ဖေ့စ်ဘွတ်ခ်၏ စည်းမျဉ်းအရ အသုံးပြုသူတစ်ဦးလျှင် ကိုယ်ရေး အကောင့်တစ်ခုထက် ပိုမရှိရသလို အခြားသူများကိုယ်စား အကောင့် ဖန်တီးခြင်းကိုလည်း ခွင့်မပြုထားပေ။ ကလေးများအတွက် မိဘက လုပ်ပေးထားသော အကောင့်များသည် အသက် ၁၃ နှစ်အောက်များ သုံးစွဲခြင်းကို ခွင့်မပြုဆိုသော စည်းမျဉ်းကိုပါ ချိုးဖောက်ရာရောက်နေသည်။
ကဏ္ဍမှားပြီး ဖွင့်ထားသော အကောင့်များဆိုသည်မှာ ကုမ္ပဏီများ၊ အဖွဲ့များ၊ တိရစ္ဆာန်များအတွက် အကောင့်ဖန်တီးရာတွင် ပုံမှန်သုံးစွဲသူအဖြစ် ကဏ္ဍမှား ဖွင့်ထားခြင်းကို ဆိုလိုသည်။ ယင်းသို့သော အကောင့်များကို Pages ဟုသတ်မှတ်ပြီး သီး ခြား ဖွင့်ခွင့်ပေးထားသည်။ သို့ရာတွင် ပုံမှန်လူသုံး ကိုယ်ရေးစာမျက်နှာအဖြစ် ကဏ္ဍမှားဖွင့်ထားသည့် အကောင့်မှာ ၂၂ ဒသမ ၉ သန်းမျှ ရှိနေပြီး ယင်းတို့ကို အချက်အလက်များ မဆုံးရှုံးစေဘဲ Pages အဖြစ် ပြောင်းဖွင့်ခွင့်ပြုထားသည်

တတိယအုပ်စုမှာ အနည်းဆုံးဖြစ်သော်လည်း ပြဿနာအကြီးဆုံး ဖြစ်သည်။ ၁၄ ဒသမ ၃ သန်းမျှသော အကောင့်များသည် ကုမ္ပဏီ၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိရှိဖြင့် အနှောင့်အယှက်ပေးရန် ဖွင့်ထား သည့်အကောင့်များဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်က တွေ့ရှိထားသည်။ဖေ့စ်ဘွတ်ခ်သည် မည်သည့်အကောင့်ကိုမဆို အတုဟု ယူဆပါက ဖျက်ပစ်မည်ဖြစ်ပြီး ယင်းအကောင့်မှ အချက်အလက်များအားလုံးကို အများမြင်တွေ့နိုင်ခြင်းမရှိတော့ရန် ဖယ်ရှားပစ်မည်ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် ဆာဗာများတွင်မူ ယင်းအချက်အ လက်များကို သိမ်းဆည်းထားမည်ဖြစ်သည်။

တာရာမောင်ငယ်
မီးအိမ်ရှင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။