Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, July 11, 2017

Facebook ဘာအတွက် အသုံးပြုပါသလဲ ?

Facebook ဘာအတွက် အသုံးပြုပါသလဲ ?
**************************
မိနစ်အနည်းငယ် အချိန်ပေးပါ !

သင့်အတွက် အကျိုးပြုစေမယ့်စာသားတစ်ချို့ကို
ရေးသားထားပါသည် !

ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ
70 % က ဖုန်းကိုင်နိုင်ကြပါတယ် !

ဖုန်းကိုင်နိုင်သူ 80 % ဟာလည်း facebook ကို
အသုံးပြုနေကြပါတယ် !

အသုံးပြုသူ 90 % က
အကျိုးမဲ့စွာ အသုံးချနေကြပါတယ် !
ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည် !

သင် ဖိနပ်စီးပါလိမ့်မည် #
ဘာအတွက် စီးပါသလဲ #

လှချင်လို့လား
ဆူးညှောင့်ခလုတ်ကို ကြောက်လို့လား #
ဒီလိုလေးတွေ မိမိကိုယ်ကို မေးဖူးပါသလား ?

အခု facebook သုံးနေတယ် !
ဘာအတွက် အသုံးပြုတာလဲ ?
ပုံတင်ပြီး လှကြောင်းကြွားဖို့လား #

အီစီကလီ လုပ်ဖို့လား #
ရည်းစားနဲ့ကဲနေတာတွေ ကြေငြာဖို့လား #
ချမ်းသာတာကို အများသိစေချင်လို့လား #

ဘာအတွက် အသုံးပြုနေတာလဲ ?
အကောင်း အဆိုး ကွဲဖို့လိုပါလိမ့်မည် !

facebook ကိုဘယ်လိုအကျိုးရှိအောင်
သုံးကြမလဲ ?

မိတ်ဆွေကောင်း ရှာပါ !
နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ပါ !
မိတ်ဆွေများကို ပြန် share ပေးပါ !

အသိပညာတိုးပွားစေမယ့် ပို့စ်တွေရှာဖွေဖတ်ပါ !

လေ့လာထားသမျှလေးတွေ ကျင့်သုံးပါ !
********************************
ကျန်းမာရေးအသိပေးစာတွေ ရှာဖတ်ပါ !
ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ !
သင်သိသမျှ ကုသိုလ်အချို့
ဗဟုသုတအချို့ကို အားလုံးသိရန် !
ပို့စ်တင်ခြင်း share ခြင်းဖြင့်မျှဝေပါ !

ဘဝအတွက်
အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး !
အစဉ်လေ့လာပါ !

မိတ်ဆွေကောင်း / ပညာရှိများနဲ့ အချိန်ရလျှင်
စကား စမြည်ဟြေဆိုပါ !

မှတ်သားထိုက်သော စကားများကို မှတ်သားပါ !
ဒီလိုလေးတွေအတွက် အသုံးပြုတယ်ဆိုရင် !
သင်နှင့်သင့်မိတ်ဆွေအားလုံး အကျိုးရှိပါလိမ့်မည် !

ဘယ်အရာမဆို သုံးတက်လျှင်ဆေးကောင်းပါ !
မသုံးတက်လျှင် ဘေးဖြစ်စေပါလိမ့်မည် !

( ဥပမာ ) ပုံလှလှတွေတင်ဖို့ facebook သုံးသူ
တစ်ချို့ဟာ sexy page လုပ်ခံရသလိုပေါ့ !

ဒါဟာ မသုံးတက်တော့ အရှက်ကွဲစေတာပေါ့ !
တိုင်လို့ရပါတယ် ဒါပေမယ့် နာမည်ကပျက်ခဲ့ပြီ !

နာမည်ပျက်ပြီဆို ဆုံးရှုံးမှုတွေအရမ်းများပါမည် !
ဒီလို အဖြစ်မျိုးတွေ နေ့စဉ်ဒုနဲ့ဒေးပဲ !

ကျွန်တော်ဆိုလိုသည်က
အကျိုးရှိစွာအသုံးချစေဖို့ပါ !

အသုံးပြုပုံ မှန်ကန်စေချင်ပါသည် !

မိမိကိုယ်ကိုယ် ဆန်းစစ်ပါ !
ငါ ဘာအတွက်အသုံးပြုနေတာလဲ ?
ငါ့အတွက် ဘာအကျိုးရှိစေလဲ ?

အကျိုးရှိစွာဖြင့် အသုံးချတက်ပါစေ …
မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏ !


Credit Original Uploader.

U Soe Myint Oo မှ။
___________________________________________________

တ ကယ် တော့
facebook ဆို တာ စိတ် ထား ညံ သူ
သ ဘော ထား မ ကြီး မား သူ
အ သိ ဉာဏ် နိမ့် သူ
မ နာ လို စိတ် အား ကြီး သူ .....ဒီ လို လူ တွေ မ သုံး
သင့် ပါ။
ခြုံ ပြီး ပြော ရ လျှင် ....facebook ဆို တာ
Social Network လူမှူရေးဝဒ်ဆိုက်တစ်ခုပါ။
လူ မှူ ရေး ဝဒ် ဆိုဒ် ဖြစ် လို့ ....
သူ ၏ ပုံ တစ် နေ့ အ ကြိမ် ၁၀၀ ပဲ တင် တင်
သူ ၏ မိ သား စု အ ကြောင်း ပဲ တင် တင်
သူ့ စီး ပွား ရေး လုပ် ငန်း အ ကြောင်း ပဲ တင် တင်
ချမ်း သာ သည့် အ ကြောင်း ပဲ တင် တင်
ပ ညာ တတ် ကြောင်း ပဲ ကြွား ကြွား
ရာ ထူး ရှိ ကြောင်း ပဲ ကြွား ကြွား
Supermarket သွား တာ ပဲ ကြွား ကြွား
စား နိုင် သောက် နိုင် ကြောင်း ပဲ ကြွား ကြွား
ထို သူ ၏ ဖေ့ ဘုတ် ၌ ထို သူ တင် ချင် တာ တင်
လူ မျိုး ရေး....ကိ စ္စ မ ဟုတ် လျှင်
ဘာ သာ ရေး....ကိ စ္စ မ ဟုတ် လျှင်
ပု ဂ္ဂိုလ် ရေး ......ကိ စ္စ မ ဟုတ် လျှင် .....
အ နေ သာ ကြီး ပါ။မ ကြည့် ချင် လျှင် ကျော် သွား
ထို ထက် မ ကြည့် ချင် လျှင် unfriends လုပ် ပစ်
ထို ထက် မ ကြည့် ချင် လျှင် block လုပ် ပစ် ပေါ့.....
စိတ် ထား မူ မ မှန် ကြောင်း
သက် သေ ပြ သည့် comment မျိုး.....
မ နာ လို စိတ် အား ကြီး နေ ကြောင်း
ပေါ် လွင် သည့် comment မျိုး
အ သိ ညဏ် မ မှီ သည့် comment မျိုး
စိတ် ဓာတ် နိမ့် ကျ ကြောင်း
ပေါ် လွင် နေ သည့် comment မျိုး
ကိုယ့် ထက် သာ ....အ လ ကား ပါ ကွာ ဟူ သည့်
အောက် တန်း စား comment မျိုး......
ဒါ မျိုး တွေ သ တိ ထား ထိန်း နိုင် မှ
မိမိ၏ သိ က္ခာ ....မိမိ၏ အ ဆင့်....ထိန်းသူဖြစ်မှာပါ။
အ မျိုး ကောင်း သား /သ မီးတို့ သည် .....
မိမိ၏ တိုးတက်ရာ တိုးတက်ကြောင်း
ဘ ဝ တိုးတက်ရာ တိုးတက်ကြောင်း အ တွက်
လူ အ ချင်း ချင်း လူလိုသိသော လူလိုကျင့်သော
လူမှူရေးဖြင့် ဘဝ တိုးတက်ရာ တိုးတက်ကြောင်း
တည် ဆောက် ပြီး မိမိအတွက် အ ကျိုး မ ရှိ...
သူ တ ပါး အ တွက် အ ကျိုး မ ရှိ သော
လုပ် ရပ် -စိတ် ဓာတ် ကို မ ကျင့် သုံး ကြ ပါ။
..................
27,1,2016

Credit - original uploader.

_____________________________________________________

သင်တို့ရဲ့ Facebook ကိုနေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Facebook ဆိုတာ - မိမိတို့ လွတ်လပ်စွာ ဖွင့်ဟလို့ရတဲ့ နေရာလေးတစ်ခု ။

Facebook ဆိုတာ - မိမိတို့ ခဏတာ အပန်းဖြေနိုင်တဲ့ ပျော်စရာ နေရာလေးတစ်ခု ။

Facebook ဆိုတာ - အသိပညာ ၊ ဗဟုသုတပေါင်းစုံတဲ့ ကမ္ဘာလေးတစ်ခု ။

Facebook ဆိုတာ - မိမိတို့ရဲ့ စာသင်ခန်းလေးတစ်ခုဖြစ်သလို ကျောင်းတော်ကြီးတစ်ခုလည်း ဖြစ်တယ် ။

Facebook ဆိုတာ - အသုံးပြုတတ်သူအတွက် ကောင်းကျိုးတွေရရှိနိုင်သလို ၊ အသုံးမပြုတတ်သူအတွက် ဆိုးကျိုးတွေလည်း အများကြီးရရှိနိုင်တယ် ။

အခုတလော Facebook ပေါ်မှာ ကြုံတွေ့နေရတာတစ်ခုက လူငယ်တွေ စကားမပီကြတော့တဲ့ ပြဿနာပါ ။ ( သယ်ရင်း ၊ တား ၊ ဆမီး ဘိုယဲ လှယား ကျောကျိကျိ ၊ တစ်ထုထုကျောတွားလေ ) ဆိုပြီး သတ်ပုံတွေကို သတ်နေကြတယ် ။ ဒီလိုမျိုးတွေ မပီတပီပြောနေကြမယ့်အစား မိမိရဲ့အတွေးတစ်ခု စာလေးတစ်ကြောင်းဖြစ်ဖြစ် အဓိပ္ပါယ်ရှိရှိ မျှဝေခဲ့သင့်တယ် ။

လူတစ်ယောက်ရဲ့ စိတ်နေသဘောထားဆိုတာ အသက်အရွယ်ကြောင့်လဲ ပြောင်းလဲတတ်သလို
၊ သူငယ်ချင်းအပေါင်းအသင်းကြောင့်လည်း ပြောင်းလဲသွားနိုင်တယ် ။ ဥပမာ - တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ကိုယ့်ရဲ့ Facebook Friend အယောက် 100 ထဲမှာ 50 လောက်ရဲ့ Post တွေက စကားမပီတဲ့ post တွေဖြစ်နေလို့ ကိုယ်လည်း ရောယောင်မိပြီးအတုမယူကြဖို့နဲ့ ၊ တစ်ချို့သူတွေရဲ့ အဓိပ္ပါယ်ရှိတဲ့ စာလေးတစ်ကြောင်း အတွေးလေးတစ်ခု ကိုဖတ်မိလို့ သူတို့တောင် ဒီလိုမျိုးတွေးနိုင် ရေးနိုင်သေးတာပဲ ငါက ဘာလို့ မတွေးနိုင် မရေးနိုင်ရမှာလည်း ဆိုတဲ့အတွေးမျိုးတွေကို တွေးမိကြဖို့လိုတယ် ။

Facebook ပေါ်မှာ တစ်စုံတစ်ယောက်က မိတ်ဖွဲ့လာခဲ့လို့ရှိရင် ၊ အများစုကတော့ သူ့ရဲ့Wall ထဲဝင်ကြည့်ပြီးမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်တတ်ကြတယ် ။ Friend တစ်ယောက်ယောက်က Negative ဆန်တဲ့ ၊ မကောင်းတဲ့ Post တစ်ခုကို Tag တွဲထားတာကို ကိုယ်က မသိလို့ Tag မဖြုတ်သေးတာပဲဖြစ်ဖြစ် ၊ လုပ်ငန်းခွင် သူငယ်ချင်း အပေါင်းအသင်းတွေကြား စိတ်အခန့်မသင့်တဲ့အချိန် လတ်တလောစိတ်ခံစားမှုကို ဦးစားပေးပြီး တင်လိုက်မိတဲ့ Post တစ်ခုခုဖြစ်ဖြစ် အဲဒီလို Post မျိုးတွေကို ကိုယ့်ရဲ့ Wall ပေါ်မှာ ကြာကြာမထားသင့်ဘူး ။ အဲလို post မျိုးတွေက ကိုယ့်အတွက် လူအထင်သေးစရာ ၊ သိက္ခာကျစရာ ၊ မျက်နှာပျက်စရာတွေဖြစ်လာနိုင်တယ် ။ ကိုယ့် Wall ပေါ်ရှိနေတဲ့ Post တစ်ခုတိုင်းစီက ကိုယ့်ကိုတစ်စိတ်တစ်ဒေသကို ဖော်ညွှန်းနေတတ်တယ် ။ ဥပမာ - သင်ဒေါသတကြီးတင်လိုက်မိတဲ့ Post တစ်ခုခုကို Friend တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် သင်ရဲ့ စိတ်က ဒီလိုမျိုးပါလား ဆိုတဲ့ အတွေး ဝင်သွားနိုင်တယ် ။ သင့်ရဲ့Status တစ်ကြောင်းချင်းစီမှာ အဓိပ္ပါယ်တစ်ခုစီရှိနေတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ Wall ကို ပြန်စစ်ပြီး ဖျက်သင့်တဲ့ Post ဆိုရင်လည်း ဖျက်လိုက်ပါ ။

စာဖတ်ဝါသနာရှင်တွေ ၊ နိုင်ငံရဲ့သားကောင်း ရတနာလောင်းလေးတွေကိုလည်း သတိတစ်ခု ပေးချင်တယ် ။ တစ်ချို့ စာရေးသူတွေဆိုရင် တစ်ဖက်သတ် အရမ်းဆန်လွန်းအားကြီးတယ် ။ ဒီလို ရေးတင်တဲ့သူတွေရဲ့ Post တစ်ခုကိုလည်း အချိန်ပေးပြီး ကြာကြာဆက်ပြီးဖတ်မနေသင့်ဘူး ။ တစ်ခါဖတ်ဖူးရုံနဲ့ သူ့ရဲ့ အရည်အချင်းနဲ့ အတွေးအခေါ်ကို ကောင်းကောင်းနားလည်သင့်တယ် ။ မကောင်းတဲ့စာတွေကို အဖတ်များရင် မကောင်းတဲ့ ခံယူချက်တွေ အတွေးအခေါ်တွေ အနည်းနဲ့ အများဆိုသလို လွှမ်းမိုးလာတတ်တယ် ။

အဓိပ္ပါယ်မရှိတဲ့ Post မျိုးတွေကို အချိန်အကုန်ခံဖတ်နေမယ့်အစား ကိုယ့်အတွက်အကျိုးတစ်စုံတရာပေးနိုင်တဲ့ စာမျိုးကိုပဲ အချိန်ပေးပြီးဖတ်လိုက်ပါ ။ မိမိရဲ့ Wall ကိုလည်း သန့်ရှင်းရေးပုံမှန်လုပ်ပေးကြပါ ။

ဒီဆောင်းပါးလေးကို ကျွန်တော်နှင့် ကျွန်တော့်ရဲ့ ချစ်ညီမလေး အတွေးနှစ်ခု ပေါင်းစပ်ပြီး ရေးသားတင်ပြလိုက်ပါတယ် ။

Like , Share လေးလုပ်ပြီး ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကို အတွေးမျှဝေလိုက်ကြရအောင် ။

Credit : မောင်မောင်ဇော်လင်း
#ဘဝရဲ့_စာမျက်နှာများ

___________________________________________________

Facebook သုံးရင် ပိုက်ဆံ မကုန်ကြစေနဲ့
********************************
တစ်ခါက ရွာတစ်ရွာမှာ သမီးအဖနှစ်ယောက် ရှိကြသတဲ့။ တစ်နေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို စကားလေးတစ်ခွန်း မှာခဲ့တယ်
* သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ကောင်းကောင်းမွန်မွန် ချက်ကျွေးလိုက်ပါ ဒါပေမဲ့ သမီးရယ် ဆန်တော့ မကုန်ပါစေနဲ့* လို့ မှာခဲ့သတဲ့။
သမီးလည်း အဖေဖြစ်သူ စကားကို ကြားရတော့ အနက်အဓိပ္ပါယ်နားမလည်သဖြင့်
*ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့ အဖေရဲ့*လို့ပြန်ပြောလိုက်သတဲ့။
ဖခင်ဖြစ်သူလည်း
*ဩော် သမီးရယ် ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့ ဒါပေမဲ့သမီး စေတနာထားပြီး ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ် စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ်လည်းမရဘူး ဆန်လည်းကုန်သေးတယ် ဒါ့ကြောင့် စေတနာထားပြီး ချက်ကျွေးပါလို့ ပြောတာသမီး *လို့ ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားသတဲ့။
အဲဒီအခါကြမှ သမီးဖြစ်သူလည်း *ဟုတ်ကဲ့ပါ ဖေဖေ ဧည့်သည်လာလို့ ထမင်းချက်ကျွေးရင် ဆန်မကုန်စေရပါဘူး*ပြန်ပြောလိုက်သတဲ့
ကဲ. Fbသုံးနေကြတဲ့ ညီငယ်/ညီမငယ်များလည်း Facebookသုံးရင် ပိုက်ဆံတွေ မကုန်ကြပါစေနဲ့
ကုန်သွားတဲ့ ပိုက်ဆံတန်ကြေးထက် အဆပေါင်း မြောက်များစွာ တန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတတွေကို ပြန်လည်ရယူနိုင်ကြပါစေလို့ ရေးသားတိုက်တွန်းလိုက်ရပါကြောင်း

credit =MTMZM
မကွေးသားလေးမောင်ဇွဲမာန်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။