Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, May 11, 2017

ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ


Aung Ko U - UMK added 3 new photos.

တတိယ အကြိမ် ပြန်လည် ထုတ်ဝေထားတဲ့
"အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ" စိတ်ဓါတ်ခွန်အားဖြည့် စာစုများ
စာအုပ်ထဲက စာစု တစ်ခုကို စာဖတ်သူများ အတွက် တင်ပေးလိုက်ပါတယ်။
ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ
==================
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါ ဖြစ်တဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ် လို့ လူတွေပြောလေ့ရှိကြတဲ့ စကားတစ်ခွန်းရှိပါတယ် … တကယ်တော့ ဒီစကားဟာ ထင်သလောက်တော့ မလွယ်ပါဘူး၊ မလုပ်ချင်တဲ့ကိစ္စတစ်ခုကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ကိုယ်မလုပ်ချင်တဲ့ ကိစ္စဆိုရင် သေးသေးလေးက အစ ကြာရှည်မလုပ်ချင်တတ်ကြတာ သဘာဝပါ … တကယ်လို့ မလုပ်မဖြစ်လို့ လုပ်ရတယ်ဆိုရင်လည်း တာဝန်ကျေရုံလောက်ပဲ အာရုံစိုက်ကြပါတယ် … ။

ဒါကြောင့် ဖြစ်နေတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက် ပါတယ်။
Julio Mellara က Do You Have Time for SUCCESS? စာအုပ်ထဲမှာ ပြောထားတဲ့ စကား တစ်ခွန်းကို အရမ်းကြိုက်ပါတယ် … ဒီဆောင်းပါးနဲ့လည်း ဆက်စပ်နေပါတယ် … ။ “No one ever drowns because they fall in the water. They drown because they stay in the water.” “ဘယ်သူမှ အမြဲတမ်း ရေနစ်မနေပါဘူး … ရေနစ်နေတဲ့သူတွေကလည်း ရေထဲမှာ နေလို့ပါ” လို့ Julio Mellara က ပြောပါတယ်။ တစ်ခါ တစ်လေ လုပ်တော့ လုပ်နေကြတယ် … ဘာမှ ပြောင်းလဲမလာဘူး … တိုးတက် မလာဘူး .. လို့ခံစားနေရ တဲ့အခါ ဘာကြောင့်ဒီနေရာမှာ ဆက်နေတာလဲ … ဆိုတာကို စဉ်းစားကြည့်ဖို့ လိုပါတယ် … ရုန်းထွက်နိုင်ဖို့ ကြိုးစားကြရပါလိမ့်မယ် … ။ ဘာကြောင့် ရုန်းမထွက်နိုင်တာလဲ … ? ဖြစ်နိုင်တာတစ်ခုက ရုန်းထွက်နိုင်တဲ့ အင်အား တနည်းပြောရင် အရည်အချင်းမရှိလို့လည်း ဖြစ်နိုင်ပါတယ် … နောက်တစ်ခုက comfort zone လို့ပြောနိုင်တဲ့ သက်တောင့်သက်တာ နေရတာကို သာယာနေမိ လို့လည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက တက်လမ်းတော့ မရှိဘူး … ဒါပေမယ့် ဒီမှာလုပ်နေရတာက သက်တောင့် သက်တာဖြစ်တယ် … ဟိုဘက်ရွေ့လိုက် ဒီဘက်ရွေ့လိုက်နဲ့ အချိန်ဆွဲရင်း လကုန်ရင် လစာ ထုတ်လို့ရတယ် … ဆိုတာမျိုးပါ။ မိသားစုထဲမှာလည်း ဒါမျိုးတွေ ဖြစ်နိုင်ပါတယ် … တစ်ချို့ဆို အသက်ကြီး နေပြီ ဘာမှဟုတ်တိပတ်တိ မလုပ်သေးတာမျိုးတွေ တွေ့ဖူးကြမှာပါ။ ဒါမျိုးက comfort zone မှာ သာယာ နေတာပါ … ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားဖို့ တွေးလိုက်ရင် ပင်ပန်းမှာ အခက်အခဲတွေ တွေ့မှာကို မရင် ဆိုင်ချင်တာပါ။
ဒါက ထားလိုက်ပါတော့ အလုပ်နဲ့ပတ်သက်တာ ဆက်ပြောပါမယ်။
အလုပ်တစ်ခုကိုလုပ်တဲ့အခါ ကိုယ့်အတွက် … တနည်းပြောရင် အနာဂတ်အတွက် … ရေရှည် အတွက် ဘာတွေအကျိုးရှိမလဲ … ဘယ်လိုအကျိုးရှိမလဲ .. ဘယ်လောက် အကျိုးရှိလဲ … ဒါကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ် … ။ စာရေးသူကတော့ စံနှုန်း ၃-ခု ထားပါတယ် … ပထမတစ်ချက်က ပညာပါ … ဒီအလုပ်မှာ ကိုယ်ကလုပ်နေတဲ့အချိန်မှာ လစာမကောင်းပေမယ့် နောင်တစ်ချိန်မှာ ကိုယ်တိုင် အသက်မွေး ဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တစ်ခုခု ရမယ် ဆိုရင် ဒီအလုပ်ကို ရေရှည် လုပ်ထိုက်ပါတယ်။ ဒုတိယ တစ်ချက်က ဝင်ငွေပါ … ကိုယ့်အတွက် စုမိဆောင်းမိနိုင်တဲ့ ဝင်ငွေရမယ် … တစ်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်း လေးတစ်ခုလောက် စတင် နိုင်မယ့်ဝင်ငွေမျိုး ရနိုင်တယ်ဆိုရင်လည်း လုပ်ထိုက်ပါတယ် … (စာရေးသူတို့ နိုင်ငံရဲ့ လစာနှုန်းထားနဲ့တော့ ဒီအချက်ကို ထောက်ပံ့ပေးနိုင်တဲ့ အလုပ်မျိုးက ရှိတော့ရှိတယ် ရှားတယ် ဆိုတဲ့ အုပ်စုထဲမှာ ပါဝင်လိမ့်မယ် ထင်ပါတယ်)။ တတိယတစ်ချက်က အခြားခံစားခွင့်ပါ … လစာသိပ် မကောင်းပေမယ့် ရှေရှည်မှာ နေရာ/ထိုင်ခင်း စီစဉ်ပေးတာမျိုး …. ကျန်မာရေး စောင့်ရှောက်မှုပေးတာမျိုး စတဲ့ ကိစ္စမျိုးတွေ ကောင်းတယ် ဆိုရင်လည်း ရေရှည် လုပ်ထိုက်ပါတယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်က အဲဒီအချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူး ဆိုရင်တော့ ရုန်းထွက်ဖို့ ကြိုးစားရပါတော့မယ်။
ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက မင်္ဂလသုတ်မှာ ဟောကြားတော်မူထားပါတယ် … “ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။” “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာ ဒေသ အမြဲနေ” အစချီတဲ့ မင်္ဂလာကဗျာလေးကို သိကြပြီးသားပါ … လက်တွေ့ကျင့်သုံး ကြဖို့ အရေးကြီးပါတယ်။ ဒီလိုရုန်းထွက်ဖို့ ကြိုးစားတဲ့အခါ … ဘာတွေရင်ဆိုင်ရနိုင်လဲ … ဘာတွေဆုံးရှုံးနိုင်လဲ …. ဒါတွေကိုလည်း ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။ အဲဒီလို ရုန်းထွက်ဖို့ ကြိုးစား တဲ့အခါ တစ်ချို့တွေက ကိုယ့်မှာ ရုန်းထွက်နိုင်တဲ့ အရည်အချင်းမရှိတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မယုံမရဲ ဖြစ်နေတာမျိုးတွေလည်း ရှိတတ်ပါတယ် … နောက်တစ်ချက်က ဒီအလုပ်ကထွက်လိုက်ရင် ကြုံလာမယ့် risk ကို စိုးရိမ်ကြောင့်ကြတာလည်း ပါပါတယ်။ အဲဒီ risk ကို စိုးရိမ်ကြောင့်ကြနေတယ် ဆိုတာကိုက comfort zone ကို သာယာနေတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ risk ကို ကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အရည်အချင်းက ဘာတွေလိုအပ်လဲ …. အချိန်ဘယ်လောက် ယူဖို့လိုအပ်လဲ … ဒါတွေကို ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ် … ။ အရည်အချင်းဖြည့်ဖို့အတွက် လက်ရှိအလုပ်ထဲကပဲ … အချိန်ယူမလား … အလုပ်ကို တစ်ခါတည်းထွက်ပြီး အချိန်အပြည့်အဝ ယူမလား ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ် … ။ risk အတွက် စဉ်းစားတွက်ချက်ပြီးရင် နောက်ထပ် ဆက်လုပ်မယ့် အလုပ်အတွက် ဆက်ပြီး အစီအစဉ်ချဖို့လိုပါတယ် … ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲ … ဘာကို လိုချင်တာလဲ … ဘာကြောင့်လိုချင်တာလဲ … ဘယ်လောက်လိုချင်တာလဲ … ဘယ်အချိန်မှာ လိုချင်တာလဲ … ဒီအကြောင်းတွေ ဆက်တွေးကြည့်ပါ … သေသေချာချာ သိပြီဆိုရင် အသေးစိတ် အစီအစဉ် ချမှတ်ပါ … ။
ဒါတွေအာလုံး စဉ်းစား တွက်ချက်၊ အစီအစဉ်ချပြီးသွားတဲ့ အခါ … အထက်မှာပြောခဲ့တဲ့ အချက် ၃-ချက်မှာ တစ်ချက်မှ မကိုက်ညီဘူးဆိုရင် … ဘုရားဟော်ဒေသနာတော်နဲ့လည်း မကိုက်ညီတဲ့ “ပတိရူပ ဒေသ၀ါသော စ၊” မဟုတ်တဲ့အခါ …. ရုန်းထွက်နိုင်ဖို့ ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ် … ။
အောင်ကိုဦး(UMK)
Be The Best !
ပထမအကြိမ်၊ ဒုတိယအကြိမ် ထုတ်ဝေစဉ်က အရောင်းရဆုံး စာရင်းဝင်ခဲ့သလို
အခု တတိယအကြိမ်မှာလည်း အရောင်းရဆုံး စာရင်းဝင်အောင် အားပေးကြတဲ့ စာဖတ်သူများကို ကျေးဇူး အထူး (အထူး) တင်ရှိပါတယ်ဗျာ ....
ကြိုးစားရေးသားလျှက်ပါ ...
++++++++++++++++++++++++++++++++++++++
"အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ" စာအုပ်ကို
စာအုပ်ဆိုင်များမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။
တန်ဖိုးက ၂၀၀၀ကျပ်ပါ။
*စာအုပ် ရရှိနိုင်သော နေရာများ *
ရန်ကုန်မြို့မှာဆိုရင်တော့....
🔰City Mart ဈေးဝယ်စင်တာနဲ့
အိုရှင်း ဈေးဝယ်စင်တာတို့မှာရှိတဲ့
စာအုပ်စင်များအားလုံး
🔰စာပေလောက (၂) (ပန်းဆိုးတန်း)
🔰စာပေနန်းတော် (ပန်းဆိုးတန်း)
🔰အင်းဝ စာပေ ( ပန်းဆိုးတန်းနှင့် လှည်းတန်း)
🔰ရာပြည့် စာပေ ( ပန်းဆိုးတန်းနှင့် လှည်းတန်း)
🔰Tab Book ဆိုင်ခွဲများ
( တော်ဝင်စင်တာ၊ ပြည်သူ့ရင်ပြင်၊ လှည်းတန်းစင်တာ)
🔰Book Shop (မြောက်ဥက္ကလာ)
🔰နင်္ဂါးနီ စာပေ ( စမ်းချောင်းဆိုင်နှင့် သင်္ကန်းကျွန်းဆိုင်)
🔰တူဒေး စာအုပ်ဆိုင်ခွဲများ
(ဂမုန်းပွင့် ကုန်တိုက်များရှိ တူဒေး ဆိုင်ခွဲများအားလုံး)
🔰INNWA Book & Cafe
(မြန်မာပလာဇာ ဒုတိယထပ်)
🔰စာပေဗိမာန် (ကုန်သည်လမ်း)
🔰သံဈေး ငါးလွှာမှာ ဖွင့်လှစ်ထားတဲ့
🔰Yangon book plaza က
ကောင်းဆုသာ စာပေတို့မှာလည်း ဝယ်ယူလို့ ရပါပြီ။
မန္တလေးမှာ ဆိုရင်တော့
🔰နင်္ဂါး စာပေ
🔰ထွန်းဦး စာပေ
🔰စိတ်ကူးချိုချို (၇၇လမ်း)
🔰စိတ်ကူးချိုချို (၂၆ လမ်း)
နယ်မြို့ စာအုပ်များကတော့..
🔰နေစေး စာပေ (ပြည်)
🔰သုခ စာပေ ( ပြည်)
🔰နေစေး (တောင်ကြီး)
🔰ကျော်ကျော် စာပေ (မော်လမြိုင်)တို့မှာ လွယ်ကူစွာ ဝယ်ယူနိုင်ပါပြီ။
အခြားနယ်မြို့များကိုတော့....
🔰စောဦး စာပေ
🔰ကိုလတ် စာပေ
🔰နေစေး စာပေတို့မှတစ်ဆင့် ထပ်မံ ဖြန့်ချိပေးထားပါတယ်။
မြန်မာပြည် အရပ်ရပ်က စာအုပ်များ တိုက်ရိုက် ဝယ်ယူမရနိုင်သည့် နယ်မြို့များအတွက်
အထူး ဝန်ဆောင်မှုအနေဖြင့်
မှာယူသူ၏ နယ်မြို့အရောက်ကို စာတိုက်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ကနေ ထွက်ခွာသော
အဝေးပြေးကားများဖြင့် လည်းကောင်း ပို့ဆောင်ပေးပါမယ်။
စာအုပ် မှာယူလိုပါက
'' ကောင်းဆုသာ စာပေ ''
ဝ၉ ၄၂ဝဝ ၈၃၄၈၂ ကို ဖုန်းဆက်ပြီး 📲
တိုက်ရိုက် မှာကြားနိုင်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။