Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, May 12, 2017

ဂျပန်မှာ အိမ်ငှားမည်ဆိုလျှင်

 
 
ဂျပန်မှာ အိမ်ငှားမည်ဆိုလျှင်

ဂျပန်ရောက်တာကြာပြီး ဂျပန်မှာအသားကျလာတဲ့အခါ မိမိနာမည်ဖြင့်အိမ်ခန်းငှားနေထိုင်ကြခြင်းဟာ ပိုမိုအဆင်ပြေလိမ့်မယ်လို့ထင်မိပါတယ်။
ဂျပန်ရောက်ကာစလူတွေအတွက်ကတော့ မိမိနာမည်ဖြင့် အိမ်ငှားနေတာထက်၊ အသိရဲ့အိမ်မှာ(သို့)အဆောင်မှာ လခပေးပြီး ဝင်ရောက်နေထိုင်ခြင်းက ပိုအဆင်ပြေပါလိမ့်မယ်။

ဂျပန်မှာ အိမ်ခန်းငှားကြတဲ့အခါ မြန်မာနိုင်ငံနဲ့မတူတဲ့ အချက်တွေရှိပါတယ်။ ကျွန်တော်တို့တွေ လေ့လာကြည့်ကြရအောင်။

၁။ အိမ်ခန်းရှာဖွေခြင်း
ဂျပန်မှာအိမ်ငှားကြတဲ့အခါ အိမ်ပိုင်ရှင်နဲ့အိမ်ငှား တိုက်ရိုက်ငှားရမ်းကြတာ အလွန်ရှားပါးပါတယ်။
မြန်မာအခေါ်အိမ်ပွဲစားလို့ခေါ်တဲ့ အိမ်အကျိုးဆောင်ကုမ္ပဏီတွေကနေတစ်ဆင့် ငှားကြရပါတယ်။

သင်အိမ်ခန်းလိုချင်ပြီဆိုလျှင် အိမ်ပွဲစားရုံးခန်းကို သွားပြီး၊ သင်လိုချင်တဲ့ အခန်းအရေအတွက်(အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း)၊ အကျယ်အဝန်း၊ ဘူတာနဲ့အနီးအဝေး၊ လစဉ်သုံးနိုင်မယ့် အိမ်လခ စတဲ့ အချက်အလက်တွေကို ဖြည့်စွက်ရပါတယ်။
အိမ်ပွဲစားရုံးခန်းက သင်နဲ့ကိုက်ညီမယ့်အိမ်ခန်းကို ရှာဖွေပေးပါလိမ့်မယ်။

သင်ရှာခိုင်းတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ အခန်းကိုတွေ့လျှင်၊
အိမ်ပွဲစားရုံးခန်းက ဆက်သွယ်အကြောင်းကြားပြီး သင့်ကို အခန်းလိုက်ပြပါလိမ့်မယ်။ သင့်စိတ်ကြိုက်အိမ်ခန်း တွေ့ရှိသည်အထိ ရှာဖွေမိတ်ဆက်ပေးပါလိမ့်မယ်။(အချို့အိမ်ပိုင်ရှင်တွေ နိုင်ငံခြားသားဆို မငှားကြပါဘူး)

သူတို့လိုက်ပြတဲ့အခန်းကို သင်သဘောကျပြီဆိုတော့မှ စာချုပ်ချုပ်ဆိုရပါလိမ့်မယ်

၂။ စာချုပ်ချုပ်ဆိုခြင်း
ဂျပန်မှာ စာချုပ်ချုပ်တဲ့အခါ ပုံမှန်အားဖြင့်၂နှစ်စာချုပ်ချုပ်ရပါတယ်။ ၂နှစ်ပြည့်လျှင် နောက်တစ်ခါ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
၂နှစ်မပြည့်သေးပေမယ့် သင်အိမ်ပြန်အပ်ချင်တဲ့အခါမှာလည်း တစ်လကြိုပြောပြီး ပြန်အပ်လို့ရပါတယ်။
အိမ်ရှင်ကလည်း သင့်ကိုမငှားချင်တော့ဘူးဆိုလျှင် တစ်လကြိုပြောပါလိမ့်မယ်။

စာချုပ်ချုပ်ဖို့အတွက် ဂျပန်နိုင်ငံသားတစ်ယောက်က အာမခံပေးရပါတယ်။ အာမခံပေးမယ့် ဂျပန်နိုင်ငံသားမရှိလျှင် အာမခံကုမ္ပဏီကို ဝန်ဆောင်ခပေးပြီး အာမခံခိုင်းလို့လဲရပါတယ်။ ယန်း၃သောင်းခွဲ၊ ၄သောင်းလောက်ပေးရပါလိမ့်မယ်

၃။ ကုန်ကျစရိတ်
မြန်မာနိုင်ငံမှာ အိမ်ငှားကြတဲ့အခါ
စပေါ်ကိုသိန်း၅၀၊ ၁၀၀ပေးပြီး လခနည်းနည်းနဲ့ငှားတာနဲ့၊ စပေါ်မပါပဲ လခပိုပေးပြီးငှားတာဆိုပြီး ၂မျိုးရှိပါတယ်။
စပေါ်ပေးထားတဲ့လူဆိုရင် အိမ်လခကို တစ်လတစ်ခါပေးရပါတယ်။ စပေါ်မပေးနိုင်တဲ့လူဆိုလျှင် အိမ်လခကကို ၆လစာ၊ တနှစ်စာဆိုပြီး အပြတ်ပေးပြီး စာချုပ်ချုပ်ကြရပါတယ်။

ဂျပန်မှာကတော့ အိမ်လခရဲ့တစ်လစာကိုပဲ စပေါ်အနေနဲ့ပေးထားရပါတယ်။ အိမ်လခကိုလည်း တစ်လတစ်ခါသွင်းရပါတယ်။ စပေါ်ငွေကို ဂျပန်လို敷金(shikikin) လို့ခေါ်ပြီး၊ အိမ်ပြန်အပ်တဲ့အခါ စပေါ်ငွေပြန်ပေးပေမယ့်၊ အကုန် ပြန်မရပါဘူး။ အိမ်ပျက်စီးတဲ့ဟာတွေအတွက် ပြင်ဆင်ခနှုတ်ယူပြီး ပိုမှ သင့်ကိုပြန်ပေးပါတယ်။

နောက်ပြီး ထူးခြားတာတစ်ခုကတော့ 礼金(reikin) ဆိုတာပါပဲ။ သင်နေမယ့်အိမ်ပိုင်ရှင်ကို သူ့အိမ်မှာ နေခွင့်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးရတဲ့ငွေပါ။
ဒီငွေဟာလည်း အိမ်လခရဲ့ တစ်လစာ အနည်းဆုံးပေးရပါတယ်။ ပြန်မရတဲ့ ကုန်ကျမှုတစ်ခုပါပဲ။

ပြီးတော့ သင့်ကိုအိမ်ခန်းရှာပေးတဲ့ အိမ်ပွဲစားရုံးခန်းကိုလည်း အိမ်လခရဲ့တစ်လစာနဲ့ညီမျှတဲ့ ဝန်ဆောင်ခပေးရပါလိမ့်မယ်။

အိမ်လခတစ်လစာကိုလည်း ကြိုသွင်းရပါတယ်။

မီးအာမခံကိုလည်း မဖြစ်မနေဝင်ရပြီး ယန်း၁သောင်း(သို့)၂သောင်းခန့်ကုန်ကျပါလိမ့်မယ်။
သော့လဲခ၊ အိမ်သန့်ရှင်းရေးခတွေလည်း တောင်းတတ်ကြပါတယ်။

ဒီကုန်ကျစားရိတ်တွေအားလုံးကို စာချုပ်ချုပ်ဆိုတဲ့အခါမှာ ပေးသွင်းရပါတယ်။
ဂျပန်မှာ အိမ်ခန်းတစ်ခန်းငှားတော့မယ်ဆိုလျှင် ကနဦးကုန်ကျစားရိတ်ဟာ အိမ်လခရဲ့ ၅စလောက်ကုန်ကျပါတယ်။
(တစ်လ ယန်း၈သောင်းတန်အိမ်ငှားမယ်ဆိုလျှင် ကနဦးကုန်ကျငွေဟာ အနည်းဆုံးယန်းသောင်း၄၀လောက် ကုန်ပါလိမ့်မယ်။)

၎။ တက်ရောက်နေထိုင်ခြင်း
စာချုပ်ချုပ်ဆိုပြီးလျှင် သင့်ကို အိမ်သော့အပ်ပါလိမ့်မယ်။
အိမ်သော့ရပြီးတဲ့နောက်မှာ ရေ၊ မီး၊ gas ကုမ္ပဏီတွေကို ဖုန်းဆက်ပြီး စာချုပ်ချုပ်ဆိုရပါတယ်။
အဲ့ဒီနောက်မှာတော့ တက်ရောက်နေထိုင်လို့ ရပါပြီ။
အိမ်လခကို လမကုန်ခင် တစ်လတစ်ခါ ဘဏ်ထဲသို့ထည့်ပေးရပါတယ်။ ရေ၊ မီး၊ gas ဖိုးကိုလည်း ကိုယ်ကကျခံရပါတယ်။

၅။ သက်တမ်းတိုးခြင်း
ပုံမှန်အားဖြင့် ၂နှစ်တစ်ခါ သက်တမ်းတိုးရပါတယ်။
သက်တမ်းတိုးတဲ့အခါ သက်တမ်းတိုးကြေးထပ်ပေးကြရပါတယ်။ပုံမှန်အားဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလျှင် အိမ်လခတစ်လခစာ ဝန်ဆောင်ခထပ်ပေးကြရပါတယ်။

၆။ ပြန်လည်အပ်နှံခြင်း
အိမ်ပြန်အပ်တော့မယ်ဆိုလျှင် တစ်လကြိုပြောကြရပါတယ်။ အိမ်ထဲက ပစ္စည်း၊ အမှိုက်တွေကို အကုန်သိမ်းပြီး၊ သန့်ရှင်းရေးလုပ်ပြီးမှ ပြန်အပ်ကြရပါတယ်။ အိမ်ပွဲစားရုံးမှ အိမ်ကိုလာရောက်စစ်ဆေးပြီး သောပြန်သိမ်းပါလိမ့်မယ်။ သင်အိမ်ပြန်အပ်ပြီးနောက်၊ အိမ်ရဲ့ပျက်စီးမှုတွေကိုပြင်ဆင်ပြီးမှ စပေါ်ငွေ အနည်းငယ်ပြန်ပေးတတ်ပါတယ်။

၇။ အခြားသိထားသင့်သည့်အချက်မျာ
ဂျပန်ကအိမ်ခန်းတွေဟာ ယေဘုယျအားဖြင့် ဂျပန်စတိုင်ဖျာ(တာတာမိ)ခင်းတဲ့အခန်းနဲ့ flooring ခင်းတဲ့အခန်းဆိုပြီး ၂မျိုး၂စားရှိပါတယ်။
1Rဆိုတာကတော့ အခန်းတစ်ခန်း(1room)တည်းပါတဲ့အခန်းကိုပြောတာပါ။
1Kဆိုတာကတော့ အခန်းတစ်ခန်းတည်းပေမယ့် အိပ်ခန်းနဲ့မီးဖိုခန်း(kitchen)က သက်သက်ခွဲထားတယ်ဆိုတာကို ပြောတာပါ။
2Kဆိုလျှင် အိပ်ခန်း၂ခန်းနဲ့မီးဖိုခန်း(kitchen)တစ်ခန်း
2LDKဆိုလျှင် အိပ်ခန်း၂ခန်း၊ ဧည့်ခန်းတစ်ခန်း(living room)၊ ထမင်းစားခန်းတစ်ခန်း(dining room)၊ မီးဖိုတစ်ခန်း လို့အဓိပ္ပါယ်ရပါတယ်။

敷金(shikikin)၊ 礼金(reikin) မပေးရတဲ့အိမ်တွေလည်းရှိတတ်သလို၊ ၂နှစ်တစ်ခါ သက်တမ်းတိုးတဲ့အခါ သက်တမ်းတိုးခ更新料(kōshinryō) မပေးရတဲ့အိမ်တွေလည်း ရှိတတ်ပါတယ်။ အိမ်ရှာဖွေတဲ့အခါ သတိထားရှာဖွေပါက ကုန်ကျစရိတ်သက်သာပါလိမ့်မယ်

အချို့အိမ်တွေမှာ အဝတ်လျှော်စက်ထားလို့မရတာတို့၊ အဝတ်လှမ်းဖို့ ဝရန်တာမပါတာတို့ ရှိတတ်ပါတယ်။ အဲယားကွန်းမပါတာတဲ့အိမ်တွေလည်း ရှိတတ်တာမို့ သတိထားပြီးရှာဖွေသင့်ပါတယ်။

အိမ်ခန်းစရှာဖွေတာကနေ စာချုပ်ချုပ်ပြီးတဲ့အထိ အနည်းဆုံး ၁လကနေ၂လအထိ အချိန်ကြာတတ်တာမို့လို့ ကြိုတင်ပြင်ဆင် ရှာဖွေသင့်ပါတယ်။ Feb နဲ့ March လတွေကတော့ ဂျပန်တွေအိမ်ပြောင်းရွှေ့တဲ့ရာသီမို့လို့ အိမ်ရှာဖွေဖို့ရှောင်ရှားသင့်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ
အကီ ။ ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။