Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 15, 2017

ကျွန်တော်တို့ မသိသေးသော Valentine

ဝမ်းနည်းဖို့ ကောင်းသော ပုံပြင် တစ်ပုဒ်

[ကျွန်တော်တို့ မသိသေးသော Valentine]

အေဒီ ၂၇၀ ရာစု မတိုင်ခင်ကာလ ရောမ အာဏာရှင် ဘုရင် Claudius II ကြီးစိုး နေစဉ်မှာ အီတလီ နိုင်ငံဟာ အင်အားကြီး ရောမ အင်ပါယာကြီး ရဲ့ လက်အောက်ခံ ဖြစ်နေစဉ်အချိန်.....။ ဥရောပဒေသ အနှံ့အပြားမှာ နတ်ဘုရား ကိုးကွယ်မှု ထွန်းလင်းတောက်ပချိန် ဖြစ်တယ်။

"စစ်ထွက် ယောင်္ကျား မှန်သမျှ လက်ထပ်ခြင်း အမှုမပြုရ" ဟူသည့် ဥပဒေ ပေါ်ပေါက်ခဲ့ဖူးတယ်။

ဒီ အမိန့်ထုတ်လိုက်တဲ့အခါမှာ အင်ပါယာတွင်းရှိ စစ်ဖက်က လူတွေကို ထိမ်းမြှား လက်ထပ်ပေးဖို့ ဘယ်နတ်ဆရာကမှ လက်ခံ စီရင် မလုပ်ပေးရဲကြတော့။

ဒီလိုနဲ့ အင်ပါယာထဲ က ရှိသမျှစစ်သည်တွေ အိမ်ယာထူထောင် ဖို့ မျှော်လင့်ချက် ကုန်ဆုံး နေချိန်မှာ Valentinus ဆိုတဲ့ ကက်သလစ် ရဟန်းတစ်ပါးပေါ်ထွက်လာတယ်။ သူဟာ Claudius ဘုရင် မသိ အောင် ကက်သလစ် ဘုရားကျောင်းတွေမှာ စစ်သည်တွေကို သူတို့ ဖူးစာဖက် အသီးသီးနဲ့ တိတ်တခိုး လက်ထပ်ပေးနေရင်းနဲ့ တစ်ချိန် မှာတော့ ဘုရင် သိသွားပြီး ဖမ်းဆီးစေကာ အကျယ်ချုပ် ဖြင့် စောင့် ကြည့် နေစေပါတယ်။

အီတလီနိုင်ငံတွင်း တရားသူကြီး Asterius ရဲ့ နေအိမ်မှာ အကျယ်ချုပ် နေရင်းနဲ့ Valentinus ဟာ နေ့စဉ် Asterius နဲ့ ဘာသာရေး အကြောင်း၊ ကိုယ်စီ ယုံကြည်မှုတွေ အကြောင်း ဆွေးနွေးပြောဆိုရင်း တစ်စထက် တစ်စ ရင်းနှီးလာခဲ့ပါတယ်။

ဒီလို ရင်းနှီးလာတာနဲ့ အမျှ Valentinus က သူ့မှာ ခရစ်တော်ကို ယုံကြည်မှုကြောင့် တန်ခိုး အတော်အသင့် ရှိတယ်လို့ ပြောဆိုမိတဲ့ တစ်နေ့မှာ.....

Asterius အနေနဲ့ မယုံတာကလဲ မယုံပြန် တခြား တစ်ဖက်မှာ ပညာလေး ကလဲ စမ်းချင် ရပြန် ဆိုတော့ ချက်ချင်းပဲ မျက်မမြင် မိန်းကလေး တစ်ဦး ကို Valentinus ရှေ့ကိုခေါ်ပြီး Asterius က အပေး အယူ တစ်ခု လုပ်လိုက်တယ်။

"ကောင်းပြီ။ တစ်ကယ်တမ်း တန်ခိုးဖြင့် ဖန်ဆင်း နိုင်တယ်ဆိုရင် ဟောဒီ က ကျွန်ုပ် မွေးစားသမီးငယ် မျက်မမြင်လေးကို ပကတိ အကောင်းအတိုင်း ဖြစ်အောင် ဖန်ဆင်းပြပါ။ အသင် လုပ်ဆောင်နိုင်ခဲ့ မယ်ဆိုရင် ကြိုက်ရာ ဆုလာဘ်ကို တောင်းဆိုနိုင် ပါတယ်။" လို့ Asterius ကနေ စိန်ခေါ်လိုက်တယ်။

ဒီအခါမှာ Valentinus ဟာ စကားတစ်လုံးမှ ပြန် မပြောပဲနဲ့ သူ့ လက်ဖဝါး တစ်ဖက်နဲ့ မိန်းကလေး မျက်လုံးနှစ်လုံး အပေါ်ကို အုပ်မိုးပြီး အထက်မှ အောက် ကို သုံးသပ်လိုက်တဲ့အခါ မိန်းကလေးဟာ ချက်ခြင်း ဆိုသလို လူကောင်း ပကတိအတိုင်း မျက်စိ အလင်း ပြန်ရရှိခဲ့ပါတယ်။

Asterius ဟာ အံ့အားသင့်တာရယ် ဝမ်းသာတာ ရယ် ရောထွေးပြီး ချက်ခြင်းကြီး ဘာပြန်ပြော ရမှန်း မသိ ဖြစ်နေသေးတယ်။ ပြီးတော့မှ သူ့ကတိအတိုင်း သတိရပြီး Valentinus ကို ဝမ်းသာအားရ လိုရာ ကြိုက်တဲ့ ဆုကို တောင်းခိုင်း ပါတယ်။

ဒီတော့ Valentinus က အချက် (၃) ချက် တောင်းဆို ခဲ့ပါတယ်။

၁) နေနတ်ကိုးကွယ်မှုကိုစွန့်လွှတ်ပါရန်
၂) ဥပုသ် ၃ ရက်တိတိစောင့်ရန်
၃) နှစ်ခြင်းခံယူရန် တို့ပဲ ဖြစ်ပါတယ်။

(Asterius သည်လည်း အများနည်းတူ နတ်ကိုးကွယ် သူ ဖြစ်သည်။ ထိုစဉ်အခါက အင်ပါယာ တစ်ဝှမ်း တွင် နေနတ်ဘုရားကိုးကွယ်မှုသည် အတောက်ပ ဆုံး အထွန်းကားဆုံး နှင့် ခေတ်အစားဆုံးသော ကာလ ဖြစ်သည်။)

တရားသူကြီး Asterius က အခုလေးတင် ဘုရား သခင် ရဲ့ မေတ္တာ အစွမ်း နှင့် Valentinus ရဲ့ တန်ခိုး တော် ကို တွေ့မြင်ပြီးတာဆိုတော့ ယုံမှား သံသယ ကင်းစွာပဲ ချက်ခြင်း အိမ်ထဲ မှာ ရှိနေတဲ့ နတ်ဘုရား အရုပ်တွေ သူကိုယ်တိုင် ဖျက်ဆီးပြီး ရှိရှိသမျှ ခရစ်ယာန် အကျဉ်းသား တွေကိုလည်း လွတ်ကင်းခွင့် ပေးလိုက်ပါတယ်။

ပြီးတော့ Asterius ရယ် သူ့မွေးစားသမီး မိန်းကလေး အပါအဝင် အိမ်သူ အိမ်သားတွေကအစ ကျွန်အဆုံး စုစုပေါင်း ၄၄ ယောက်သော နတ်ကိုးကွယ်သူ တွေ ဟာ Valentinus ရဲ့ သြဝါဒ အောက်မှာပဲ ခရစ်ယာန် ဘာသာကို ပြောင်းလဲခဲ့ပါတယ်။

Asterius ရဲ့ ကင်းလွတ်ခွင့်နဲ့ အပြင်လောကကို ပြန် ရောက်ရှိလာတဲ့ Valentinus ဟာ သူကုသပေး ခဲ့တဲ့ မိန်းကလေးနဲ့ အဆက်အသွယ် မပြတ်ခဲ့ပဲ နှစ်ကာလ ကြာလာတဲ့အခါ မေတ္တာမျှ ခဲ့ကြပါတယ်။

ဒီလိုနဲ့ အပြင်လောကမှာ လိုက်လံပြီး ခရစ်ယာန် ဘာသာရေး စည်းရုံးမှု တွေ လုပ်နေတာကို ဘုရင် Claudius ကြားသိသိချင်း ဆိုသလိုပဲ ထပ်မံ ဖမ်းဆီးစေခဲ့ပြီး ဒီတစ်ခါတော့ သူအုပ်ချုပ်ရာ ရောမကို ခေါ်ဆောင် အကျဉ်းချခဲ့တယ်။ သို့သော် Valentinus ရဲ့ ဆက်ဆံရေး ပြေပြစ် ကောင်းမွန် မှုကြောင့် တဖြည်းဖြည်းနဲ့ Claudius ဘုရင့်အပါး မှာ ခံစားခွင့်ရလာခဲ့ပြီး ဘုရင်ရဲ့ ရင်းနှီးမှုပါ ရလာခဲ့တယ်။

ဒါပေမယ့် ဘုရင့်အပါးမှာ သိပ်ကြာကြာ မနေလိုက် ရပါဘူး။ တစ်နေ့ အလိုက် မသိစွာ Claudius ဘုရင် ကို ခရစ်တော်စည်းရုံးရေး ဆင်း လိုက် မိတဲ့အခါမှာ ဘုရင်က အမျက်တော်ရှပြီး အကျဉ်းချလိုက်ပြီး စီရင်ချက်ကို စောင့်စားနာခံစေပါတယ်။

"ဤ Valentinus ရဟန်း သူ့ခရစ်တော် ယုံကြည်မှုကို စွန့်ပစ်ရင်ပစ် မပစ်ရင် ဒီရာဇဝတ်သား ကို Flaminian တံခါးဝ မှာ ကြိမ်ဒဏ် အချက် ပေါင်း များစွာဖြင့် ပြင်းစွာ နာကျင်စေလျက် ခေါင်းဖြတ် ကွပ်မျက်စေ။" ဆိုတဲ့ အမိန့်စာ Valentinus ဆီကို ရောက်လာပါပြီ။

ဒီတစ်ခါသူ့အတွက် လွတ်လမ်း လုံးဝမမြင်တော့တဲ့ Valentinus ဟာ ထောင်သားတစ်ဦးကို စာရွက် နဲ့ မှင်အိုးတောင်း၊ စာရွက်ပေါ်မှာ စာတို တစ်ကြောင်း အမြန်ရေးခြစ်ပြီး သူ့ကိုစီရင်မယ့် လူတွေထံ စာရွက် ကို လှမ်းပေးကာ...

"သင်တို့ ငါ့အား မကွပ်မျက်ခင်မှာ ငါနောက်ဆုံး အနေ နဲ့ တောင်းဆို လိုတာကတော့ တရားသူကြီး Asterius ရဲ့ သမီး လက်ထဲကို ဒီ စာရွက် ထည့် ဖြစ်အောင်ထည့်ပေးပါ။" လို့ နောက်ဆုံး အနေနဲ့ တောင်းဆို ခဲ့ပါတယ်။ ပြီးတာနဲ့ ကွပ်မျက်ခံရမယ့် Flaminian တံခါးဝ ဘက်ကို အာဏာ ပါးကွက်သား တွေ ခြံရံပြီး တရွေ့ရွေ့သွားနေတဲ့ Valentinus ကို နောက်ဆုံးမြင်လိုက်ရပါတော့တယ်။

From Your Valentine, 14 February, 269

စိန့်ဗယ်လင်တိုင်း ကားစင်တင်ခံရတဲ့ မနက် အာရုဏ်တက် မှာ နောက်ဆုံးချစ်သဝဏ်လွှာကို သူ့ရဲ့ ချစ်သူ အက်စတားရီးယပ်စ် သမီးငယ်အတွက် ပေးခဲ့တယ်။

စာအိတ်ထဲမှာ ဘယ်သူမှ ဘာပါမှန်းမသိဘူး။ စာအိတ်ပေါ်မှာ ရေးခဲ့တာကတော့

"မှ
သင်၏ ချစ်လှစွာသော ဗယ်လင်တိုင်း" တဲ့။

#kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။