shared by knight on 14/02/17 - akhayar.com - Other
ပိုက်ဆံမစုဖြစ်ဘူး မစုဖြစ်ဘူးသာပြောနေပေမယ့် လူတိုင်းဟာ နဂိုတည်းက ပိုက်ဆံစုချင်တဲ့ စိတ်ရှိပြီးသားပါ ၊ဟုတ်တယ်ဟုတ်။ လိုချင်တာတွေ အရမ်းများပြီး စိတ်မထိန်းနိုင်လို့ရယ်၊ ပိုက်ဆံမစုနိုင်လောက်အောင် ကျပ်တည်းနေလို့သာ မစုဖြစ်ကြတာမျိုးပါ။ နောက်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ ပိုက်ဆံစုနည်း မတွေ့သေးလို့လည်း ပါတာပေါ့။
ပိုက်ဆံများများရှိတဲ့ သူကလည်း များတဲ့ အလျောက်၊ ဝင်ငွေနည်းတဲ့ သူကလည်း နည်းတဲ့ အလျောက် ဘယ်လို ပိုက်ဆံအဖတ်တင်အောင် စုမလဲဆိုတဲ့ နည်းလေးတွေ အခရာက ပြောပြချင်ပါတယ်။
၁) ဘေဘီလုံစုနည်း
ဒါကတော့ George Samuel Clason ရေးသားတဲ့ The Richest Man in Babylon စာအုပ်ထဲက စုနည်းပါပဲ။ “ကိုယ့်ဝင်ငွေထဲက ဆယ်ပုံ တစ်ပုံကို စုပါ”တဲ့။ ရလာတဲ့ ဝင်ငွေထဲက ဆယ်ရာခိုင်နှုန်းကို အရင်ဖယ်ပြီးမှ ကျန်တာကို သုံးဆိုတဲ့ သဘော။ အဲဒီ စုထားတဲ့ ဆယ်ရာခိုင်နှုန်းလေး နည်းနည်းများလာရင် အဲ့ဒီငွေနဲ့ ပြန်ရင်းနှီးပါတဲ့ဗျ။
၂) မြန်မာစုနည်း
ရှေးအစဉ်အလာ စာပေကျမ်းဂန်တွေရဲ့ အဆိုအမိန့်တွေအရ ရလာတဲ့ ပိုက်ဆံကို လေးပုံပုံပြီး တစ်ပုံကို စု၊ တစ်ပုံကို စားသုံးပါ၊တစ်ပုံကို ရင်းနှီးပြီး တစ်ပုံကို လှူပါတဲ့။ မြန်မာ့နည်း မြန်မာ့ဟန်ဆိုတော့ ဒီဘဝအတွက် စုရုံတင် မဟုတ်ဘဲ နောက်ဘဝတွေ အတွက်ပါ စုတဲ့ သဘောနဲ့ လှူဖို့ တန်းဖို့ တိုက်တွန်းချက်လေးလည်း ပါတာပေါ့။
၃) အိန္ဒိယငွေစုနည်း
အိန္ဒိယငွေစုနည်းကတော့ ခြိုးခြံချွေတာတဲ့ နည်းပါ။ သူတို့လည်း ရလာတဲ့ ဝင်ငွေထဲကမှ စုမယ့် ပမာဏကို ဖယ်ပြီး သုံးတာပါ။ ဇိမ်ခံပစ္စည်းတွေပေါ် ငွေကုန်မခံဘဲ ဝင်ငွေရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ကို စုဆောင်းတတ်ကြပါတယ်။
You May Also Like : “အမြဲတမ်းငွေရှိနေသူတွေရဲ့ လျှို့ဝှက်ချက်များ”
ထိရောက်တဲ့ ချွေတာရေးနည်းလမ်းတွေ
#ဈေးသွား၊shopping ထွက်မယ်ဆို စာရင်းလုပ်ပြီးမှ သွားပါ၊ ဒါမှ အပိုမဝယ်မိအောင် စိစစ်နိုင်မှာပေါ့။
#ဖြစ်နိုင်ရင် ရုံးတက် ကျောင်းတက်အချိန်တွေမှာ နေ့လည်စာ ထမင်းဗူးထည့်ပါ။ နေ့တိုင်း ဝယ်စားခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်သလို ငွေကုန်ကြေးကျ ပိုများစေပါတယ်။
#မနက်ဖြန်ရမယ့် ဝင်ငွေကို ဒီနေ့မသုံးပါနဲ့။ ငွေရပေါက်ရလမ်းလေးရှိရင် အဲ့ဒါကို မျှော်လင့်ပြီး သူငယ်ချင်းတွေဆီက ချေးငှားသုံးတာတွေ မလုပ်ပါနဲ့။
#အိမ်မှာ မလိုအပ်တဲ့ ပိုလျှံတဲ့ ပစ္စည်းတွေ ရောင်းထုတ်ပါ။ အပိုဝင်ငွေလည်းရ၊ အိမ်လည်း ရှင်းပါတယ်။ အခုခေတ်ဆို Online ပေါ်မှာတင် ရောင်းလို့ ရပါပြီ။ One Kyat App တို့၊ OGYS Group တို့ပေါ် တင်ရောင်းနိုင်ပါပြီ။
#သူငယ်ချင်းတွေနဲ့ တွေ့ချင်တယ်ဆိုရင်လည်း ဆိုင်တစ်ဆိုင်မှာ ချိန်းတာထက် အိမ်မှာ ချိန်းပြီး တစ်ခုခုစုပြီး လုပ်စားကြတာမျိုး လုပ်ပါ။ ပိုအကုန်အကျသက်သာပါတယ်။
#ဆေးလိပ်ဖြတ်ပါ၊ကွမ်းဖြတ်ပါ၊ အရက်ဖြတ်ပါ :3 ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ တစ်သက်လုံးသောက်ခဲ့ စားခဲ့သမျှ ကွမ်းဖိုး၊ဆေးလိပ်ဖိုး၊အရက်ဖိုးတွေ ပြန်တွက်ကြည့်ရင် ကားတောင် ဝယ်လို့ ရချင်ရနေမှာ 😀
ကွီးတို့၊ မွီးတို့လည်း အပေါ်က နည်းလမ်းလေးတွေ လုပ်ကြည့်ပြီး ဘယ်လောက် စုဖြစ်ကြမလဲ Comment Box မှာ ပြောပေးသွားပါဦး။
ရိုးလူ (အခရာ)
www.akhayar.com
http://www.searchmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။