Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 2, 2017

"ကျွန်တော် ပါရမီရှင်တစ်ယောက်မဟုတ်ဘူး ကျွန်တော် အစွဲအလမ်းကြီးတဲ့ ရူးသွပ်သူ တစ်ယောက်ပါ"

"ကျွန်တော် ပါရမီရှင်တစ်ယောက်မဟုတ်ဘူး
ကျွန်တော် အစွဲအလမ်းကြီးတဲ့ ရူးသွပ်သူ တစ်ယောက်ပါ"
သူ့ ကို ၁၉၈၈ ဇူလိုင်လ ၁၄ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ ဒက်ဗ္ဗလင်မြို့ မှာမွေးဖွားခဲ့ပါတယ်။ သူ့ငယ်စဉ်ဘ၀ဟာ အရမ်းကြမ်းတမ်းခဲ့ပါတယ်။ ကလေးဘ၀တုန်းက လောင်းဒက်ဆဲလ်တစ်ဘောလုံးကလပ်အသင်းရဲ့ ဘောလုံးသမားလေး တစ်ယောက်ပေါ့။ ဒါပေမယ့် ကစ်ဘောက်ဆင် ကလပ်မှာ မကြာခဏသွားကစားပြီး လက်ဝှေ့ကို ၀ါသနာပါလာခဲ့တယ်။ နောက်ပိုင်း လက်ဝှေ့ဘက်ကို အားသန်လာပြီး ၁၂နှစ်အရွယ်မှာပဲ ပြိုင်ပွဲမှာ စတင်ဝင်ပြိုင်တယ်။
အဲဒီပြိုင်ပွဲမှာပဲ အိုင်ယာလန်နိုင်ငံရဲ့ လူငယ် လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပါတယ်။
သူ့အဖေက သူ့ ကိုဘောလုံးသမားကောင်းတစ်ယောက်ဖြစ်စေချင်ခဲ့တယ်။ ဒါကြောင့် မိသားစုအရေးကို ဦးစားပေးကာ တိုက်ခိုက်ရေးလောကကို စွန့်ခွာခဲ့တယ်။ အသက် ၁၈နှစ်ဝန်းကျင်မှာ ဘောလုံးသမားကောင်းလည်းမဖြစ် လက်ဝှေ့ ဘက်မှာလည်း မအောင်မြင် စိတ်လေနေခဲ့တဲ့အချိန်မှာပဲ သူ့အမျိုးသမီးဖြစ်လာမယ့် ဒီးဒဗ္ဗလင်နဲ့ စတွေ့တယ်။အသက် ၁၉နှစ်မှာ ဒီးဒဗ္ဗလင်နဲ့ လက်ထပ်ခဲ့တယ်။ အသက်(၂၀)မှာ MMA လောကထဲကို ခြေစုန်ပစ်ဝင်ရောက်ခဲ့တယ်။ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် မအောင်မြင်သေးတဲ့ မက်ဂရီဂေါ်ကို သူ့မိန်းမက (၅)နှစ်လောက်ရှာဖွေကျွေးမွေးခဲ့ရတယ်။ မအောင်မြင်သေးတဲ့ဒီ(၅)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ သူလုပ်နိုင်တဲ့လေ့ကျင့်ခြင်းကို အပြင်းအထန်လုပ်တယ်။ ဒီရဲ့အကျိုးဆက်က ၂၀၁၂ခုနှစ်မှာ ဥရောပ MMAရဲ့ ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်တန်းနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့ ပထမဆုံး တိုက်ခိုက်ရေးသမားဖြစ်လာခဲ့တယ်။ ၂၀၁၃ခုနှစ်မှာတော့ ကမ္ဘာကျော် UFC ဘက်စုံတိုက်ခိုက်ရေးပွဲရဲ့ပိုင်ရှင် ဒါနာ ဝှိုက်က UFC အတွက်ကစားပေးဖို့ ဖိတ်ခေါ်ခံရခြင်းဟာ သူ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်အထိ သူ ထိုးကြေးဘယ်လောက်မှ မရသေးဘူး။ ချမ်းလဲ ချမ်းသာသေးဘူး။
UFC တိုက်ခိုက်ရေးသမားဘဝမှာ ပထမဆုံးအနေနဲ့ ကြားပွဲတစ်ပွဲ ထိုးခွင့်ရတယ်။ ထိုးသတ်ကြေး ဒေါ်လာ (၃၀၀၀) နဲ့။ ဒီပွဲမှာ ပထမအချီမှာပဲ အလဲထိုး အနိုင်ယူနိုင်ခဲ့တယ်။ သူ့ရဲ့ပြင်းထန်ပြီးဆန်းတဲ့တိုက်ကွက်တွေကြောင့် ပထမပွဲမှာတင် Fight of the Night ဆုနဲ့အတူ ဒေါ်လာ (၅၀၀၀၀) ရခဲ့တယ်။ ဒီငွေပမာဏကို တစ်ခါမှမရဘူးသေးတဲ့ ကော်နာဟာ ဟန်မဆောင်နိုင်အောင် အရမ်းပျော်သွားပြီး စင်ပေါ်ကမိုက်ကပြေးယူက သူ့မိန်းမကို " ငါတို့ ဒေါ်လာ (၅၀၀၀၀)တောင်ရပြီ မိန်းမရေ" ဆိုပြီး စင်ပေါ်ကနေအော်ပြောနေခဲ့တယ်။
ချန်ပီယံ မန်ဒက်ကို အလဲထိုးပြီး ချန်ပီယံဖြစ်ခဲ့သလို UFC သမိုင်းမှာ ၁၀နှစ်လုံးလုံး ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံ ဂျို့(စ်)အယ်လ်ဒိုကို စက္ကန့်ပိုင်းနဲ့အလဲထိုးပြီး ကမ္ဘာကျော်လာခဲ့တယ်။
၂၀၁၆ခုနှစ်အတွင်းမှာပဲ ချန်ပီယံ အယ်ဘာရက်ကို အလဲထိုးပြီး ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး UFCရဲ့ သက်တမ်းတစ်လျှောက်မှာ ဝိတ်တန်း(၂)ခုရဲ့ ပထမဆုံးချန်ပီယံဖြစ်လာခဲ့တယ်။
ကော်နာနဲ့ အယ်ဘာရက်တို့ ထိုးသတ်ကြတဲ့ပွဲဟာ အရင်က ဒေါ်လာ ( ၁၃.၅)သန်းနဲ့ လက်မှတ်အရောင်းရဆုံးပွဲအဖြစ်စံချိန်တင်ထားတဲ့ လင်းနော့စ်လူးဝစ်နဲ့ ဟိုလီဖီးတို့ရဲ့ပွဲထက် ၄သန်းကျော် ပိုများကာ ဒေါ်လာ (၁၇.၇)သန်းနဲ့ စံချိန်တင်ပွဲ ဖြစ်ခဲ့တယ်။ ဒါတောင် ရုပ်သံခတွေ ကြော်ငြာဝင်ငွေတွေ ထည့်သွင်းမတွက်ချက်မှု မပြုရသေးဘူး။ အတည်မပြုသေးတဲ့ သတင်းတွေအရ ကော်နာဟာ ဒီတစ်ပွဲတည်းနဲ့ ဒေါ်လာ(၁၀)သန်းလောက် ထိုးသတ်ကြေးရခဲ့တယ်လို့ ဖော်ပြထားကြတယ်။
ကော်နာရဲ့ ဘဏ်စာရင်းဟာ ၂၀၀၈ခုနှစ်က (၈၅၀) ဒေါ်လာသာရှိပြီး ၂၀၁၇ခုနှစ်မှာတော့ ဒေါ်လာ ၂၅သန်းကျော်တဲ့ ဘဏ်စာရင်းတစ်ခုအဖြစ် သူငွေအပ်တဲ့ဘဏ်က ထုတ်ပြန်ဖော်ပြခဲ့တယ်။
အခုလဲ ပက်ကွီယိုကို နိုင်ထားတဲ့ မေဝယ်သာနဲ့ ထိုးကြေး ဒေါ်လာ သန်း (၂၀)တန် ကမ္ဘာ့အကြီးကျယ်ဆုံး ပွဲထိုးကြဖို့ သတင်းတွေကတော့ ထွက်နေလေရဲ့။
မက်ဂရီဂေါ်ရဲ့ထူးခြားချက်ကတော့ ပုံစံဟောင်းတွေထဲက ကွဲထွက်နေတဲ့ တိုက်ခိုက်ရေးပုံစံအသစ်နဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်၊ ဦးနှောက်နဲ့ ကစားတတ်တဲ့ ထူးခြားတဲ့ဘယ်သန် တိုက်ခိုက်ရေးတစ်ယောက်ဖြစ်တယ်။ မယှဉ်ပြိုင်ခင်မှာ ပြိုင်ဘက်ကစားသမားကို စိတ်ဓာတ်စစ်ဆင်ရေး စကားလုံးတွေနဲ့ ပညာသားပါပါထိုးနှက်တိုက်ခတ်တတ်တဲ့ ဂန္တဝင်မိုဟာမက်အလီနဲ့ တူသော တိုက်ခိုက်ရေးကစားသမားတစ်ယောက်အနေနဲ့ သူ့ကို သတ်မှတ်ထားကြတယ်။
ကော်နာမက်ဂရီဂေါ်ရဲ့ တန်ဖိုးရှိတဲ့ စကားစုများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

_______
ကိုယ့်စွမ်းရည်ကို ယုံကြည်မှုအပြည့်ရှိပါ။
ကိုယ့်လှုပ်ရှားမှုနဲ့ လက်သီးချက်တွေကို ယုံကြည်ပြီး လေ့ကျင့်စင်ပေါ်မှာ အပြည့်အဝလေ့ကျင့်ပါ။
ဒါဟာ ရပ်တန့်လို့မရနိုင်တဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။
________
သံသယနဲ့ အားငယ်မှုတွေကို အလုပ်နဲ့သာလျှင်ဖယ်ရှားလို့ရတယ်။
အလုပ်ကို ရပ်တန့်လိုက်တာနဲ့ သံသယနဲ့ အားငယ်မှုတွေက ဝင်လာတော့တာပဲ။
_________
ဒီနေရာမှာ မွေးရာပါ ပါရမီရှင်ဆိုတာ မရှိဘူး။
ဘယ်လို အစွမ်းကုန်ကြိုးစားသလဲဆိုတာပဲ ရှိတယ်။
ဘယ်လောက် ရူးသွပ်သလဲ ဆိုတာပဲ ရှိတယ်။
လူတွေအားလုံးမှာ တူညီတဲ့စွမ်းရည်ရှိကြတယ်။
ခင်ဗျားအချိန်ပေးပြီး စိတ်ထည့် အလုပ်လုပ်ရင် ဘာမဆိုဖြစ်လာနိုင်တာပဲ။ ထိပ်ဆုံးကို ရောက်လာနိုင်တာပဲ။
ကျွန်တော် ပါရမီရှင်တစ်ယောက်မဟုတ်ဘူး။
ကျွန်တော် အစွဲအလမ်းကြီးတဲ့ ရူးသွပ်သူ တစ်ယောက်ပါ။
_________
တကယ်လို့ ခင်ဗျားရဲ့ ခေါင်းထဲမှာ ခင်ဗျားဘာဖြစ်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပြီဆိုရင် ဘယ်အရာမှ ခင်ဗျားကို မရပ်တန့်နိုင်ဘူး။
_________
ကျွန်တော် ဘယ်သူ့ကိုမှ ယှဉ်ပြိုင်ဖို့ ကြောက်မနေဘူး။
အောက်ဆီဂျင်ကိုရှူတဲ့ လူသားတစ်ယောက်ဖြစ်နေသ၍ ကျွန်တော်ဘယ်သူ့ကိုမှ မကြောက်ဘူး။
_________
တစ်ခါတစ်ရံမှာ အမှန်တရားတွေက နာကျင်စေတယ်။
နာကျင်မှာပေါ့။ ဒါတွေဟာ အားနည်းချက်တွေ ဖြစ်နေတာကိုး။ ကျွန်တော်တို့ ဒီအားနည်းချက်တွေကနေ အမြတ်ထုတ်နိုင်ဖို့ပဲ လိုတာ။
________
အလဲထိုးလို့မရနိုင်တဲ့သူဆိုတာ တစ်မျိုးထဲပဲရှိတယ်။
အဲဒါ ဘယ်တော့မှ လက်လျော့အရှုံးမပေးတတ်တဲ့ လူစားမျိုးပဲ။
_______
- မှတ်စုကြမ်း #nayaung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။