နားလည်ပေးပါများတော့လည်း
လည်ပင်းကို တက်နင်းချင်ကြတယ်
မသိကျိုးကျွံ့ပြုတော့လည်း
ရိုင်းတယ်လို့သတ်မှတ်တယ်
မပတ်သတ်ပဲ ဝေးဝေးနေတော့လည်း
အသိတရားခေါင်းပါးတယ်လို့ ဆိုကြတယ်
ရောတော့လည်းပေါတယ်လို့
ထင်ကြေးတွေပေးတတ်ကြတယ်
တည်တည်ကြည်ကြည်နေတော့ လည်း
ဘာလဲ...သူကဆရာကြီးလားဆိုတဲ့
ပုတ်ခတ်ထိုးနှက်ပြီး အပြောခံရတယ်..
ဘယ်မှာလဲ ကောင်းတာ...
တကယ်တော့
အပြစ်ကင်းစင်တဲ့သူရယ်လို့မရှိပါဘူး...
မြင်တဲ့သူကိုက တစ်ဘက်သားကို
ကြည့်တတ်တဲ့ မျက်လုံးတစ်စုံပဲလိုတာပါ. ..
ဘယ်လောက်ကောင်းနေတဲ့သူဖြစ်နေပါစေ..
ဆိုးကွက်လေးရှိတာကိုနင်း ပြီးတော့ ကြည့်ရင်
ဆိုးတာကိုပဲ မြင်တွေ့ ရမှာပါ..ဒီလိုပဲ..
ဘယ်လောက်ဆိုးတဲ့သူပဲဖြစ် နေပါစေ..
ကောင်းကွက်လေးတွေရွေး ပြီးကြည့်သောသူ
အတွက်တော့ သူဘာ့ကြောင့်ဆိုးရသလဲ
ဆိုတာကိုကြည့်ပြီးနားလည် ခွင့်လွှတ်ပေးနိုင်
သော မေတ္တာ တရားတွေနဲ့ ကုစားပေးနိုင်ပါတယ်...
အရာရာကိုအမြင်တိုင်းမဆုံး ဖြတ်ပါနဲ့
အမှားတွေရဲ့ မှာ နောင်တ လေးတွေ
ကပ်ပါလာတတ်တာကိုတော့ သတိထားပေါ့
အပြစ်တင်ခြင်းဟာ...
တစ်ဘက်သားရဲ့ အားနည်းချက် ခြွင်းချက်တွေ
ကို ချိုးနိမ့်ပြီး ပုတ်ခတ် ခြင်းတစ်မျိုးပါပဲ....
တကယ်ရင်ထဲ ဝင်လာရမည့်အသိတစ်ခုက
ဩော်... ငါသာသူ့နေရာမှာ ဆိုရင်ရော...
ဆိုတဲ့ အသိတရားလေးတော့ ကပ်နေဖို့
လိုပါတယ်...ဒါမှလည်း အမုန်းတွေမပွားပဲ
တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းတွေ မကွဲပြား
မခြားနားတော့ပဲ...အေးချမ်းတဲ့ ဘဝတွေကို
ညီရင်း အစ်ကို ပမာ မောင်နှမ သားချင်းကဲ့
သံယောဇဉ် မေတ္တာ တွေထားရင်း
လောကကြီးကို အလှတရားတွေဆင်မြန်းနိုင်
မှာပဲ မဟုတ်လား...သူငယ်ချင်းတို့ ....
မျက်လုံးတွေကောင်းနေရဲ့ သားနဲ့
အကောင်းမမြင်တတ်တာတွေ
နားတွေကောင်းနေရဲ့သားနဲ့ 
အကောင်းမကြားတတ်တာတွေ
ပါးစပ်တွေကောင်းနေရဲ့သားနဲ့
အကောင်းမပြောတတ်တာတွေ
ဦးနှောက်တွေကောင်းနေ ရဲ့သားနဲ့
အကောင်းတွေ ကို မတွေးတတ်၊ မစဉ်းစားတတ်တာတွေကို
မိမိအနေနဲ့ ဖြေးဖြေး ချင်းစီကို လျှော့ချပစ်ဖို့
ယခုကတည်းက အလေ့ကျင့်လုပ်ထားတာ
အကောင်းဆုံးသော ပြင်ဆင်ခြင်းပါပဲ..
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
လည်ပင်းကို တက်နင်းချင်ကြတယ်
မသိကျိုးကျွံ့ပြုတော့လည်း
ရိုင်းတယ်လို့သတ်မှတ်တယ
မပတ်သတ်ပဲ ဝေးဝေးနေတော့လည်း
အသိတရားခေါင်းပါးတယ်လို့ ဆိုကြတယ်
ရောတော့လည်းပေါတယ်လို့
ထင်ကြေးတွေပေးတတ်ကြတယ်
တည်တည်ကြည်ကြည်နေတော့
ဘာလဲ...သူကဆရာကြီးလားဆိုတဲ့
ပုတ်ခတ်ထိုးနှက်ပြီး အပြောခံရတယ်..
ဘယ်မှာလဲ ကောင်းတာ...
တကယ်တော့
အပြစ်ကင်းစင်တဲ့သူရယ်လိ
မြင်တဲ့သူကိုက တစ်ဘက်သားကို
ကြည့်တတ်တဲ့ မျက်လုံးတစ်စုံပဲလိုတာပါ.
ဘယ်လောက်ကောင်းနေတဲ့သ
ဆိုးကွက်လေးရှိတာကိုနင်း
ဆိုးတာကိုပဲ မြင်တွေ့ ရမှာပါ..ဒီလိုပဲ..
ဘယ်လောက်ဆိုးတဲ့သူပဲဖြစ်
ကောင်းကွက်လေးတွေရွေး
အတွက်တော့ သူဘာ့ကြောင့်ဆိုးရသလဲ
ဆိုတာကိုကြည့်ပြီးနားလည်
သော မေတ္တာ တရားတွေနဲ့ ကုစားပေးနိုင်ပါတယ်...
အရာရာကိုအမြင်တိုင်းမဆုံး
အမှားတွေရဲ့ မှာ နောင်တ လေးတွေ
ကပ်ပါလာတတ်တာကိုတော့ သတိထားပေါ့
အပြစ်တင်ခြင်းဟာ...
တစ်ဘက်သားရဲ့ အားနည်းချက် ခြွင်းချက်တွေ
ကို ချိုးနိမ့်ပြီး ပုတ်ခတ် ခြင်းတစ်မျိုးပါပဲ....
တကယ်ရင်ထဲ ဝင်လာရမည့်အသိတစ်ခုက
ဩော်... ငါသာသူ့နေရာမှာ ဆိုရင်ရော...
ဆိုတဲ့ အသိတရားလေးတော့ ကပ်နေဖို့
လိုပါတယ်...ဒါမှလည်း အမုန်းတွေမပွားပဲ
တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းတွေ မကွဲပြား
မခြားနားတော့ပဲ...အေးချမ်
ညီရင်း အစ်ကို ပမာ မောင်နှမ သားချင်းကဲ့
သံယောဇဉ် မေတ္တာ တွေထားရင်း
လောကကြီးကို အလှတရားတွေဆင်မြန်းနိုင်
မှာပဲ မဟုတ်လား...သူငယ်ချင်းတိ
မျက်လုံးတွေကောင်းနေရဲ
အကောင်းမမြင်တတ်တာတွေ
နားတွေကောင်းနေရဲ့သားနဲ
အကောင်းမကြားတတ်တာတွေ
ပါးစပ်တွေကောင်းနေရဲ့သ
အကောင်းမပြောတတ်တာတွေ
ဦးနှောက်တွေကောင်းနေ
အကောင်းတွေ ကို မတွေးတတ်၊ မစဉ်းစားတတ်တာတွေကို
မိမိအနေနဲ့ ဖြေးဖြေး ချင်းစီကို လျှော့ချပစ်ဖို့
ယခုကတည်းက အလေ့ကျင့်လုပ်ထားတာ
အကောင်းဆုံးသော ပြင်ဆင်ခြင်းပါပဲ..
မေတ္တာဖြင့်
ကိုရဲ(Barlarlar)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။