အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ အချိန် အရှည်ကြာဆုံး ဖြစ်အောင် အချိန်ယူ ရေးဆွဲထားတဲ့ ဥပဒေပါ။
အချိန်ယူထားပေမယ့် လစ်ကွက်၊ ဟာကွက်၊ ထောက်ကွက်တွေ ရှီနေတာ အသေအချာပါ။
.
ဘာလို့ လစ်ကွက် ဟာကွက်တွေ ရှိနေတာလဲလို့ မေးလာရင် ဒီမိုကရေစီထက် စစ်တပ်ရဲ့ ၀င်ရောက်စွက်ဖက်မှုကို ပိုမိုမြဲမြံစေဖို့ စီမံထားတဲ့ ပုဒ်မတွေ၊ စစ်တပ်က သဘောတူတဲ့ပါတီပဲ အာဏာရဖို့ ပိုမို အခွင့်အလန်းရစေဖို့ ဇွတ် ကြံဆောင် ဆွဲထားရတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
.
ဒီလို လစ်ဟာချက်တွေ ပြည့်နေပေမယ့် လက်ရှိ အလုပ်လုပ်နေတာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်မှာ တည်ဆောက် အလုပ်လုပ်နေတာပါ။ ဒါကြောင့် လစ်လစ် ဟာဟာ ဆက်လုပ်နေရမှာပါ။ အဲလို ဆက်လုပ်နေရင်းပဲ ဒီမိုကရေစီ စံမကိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရမှာပါ။
.
သို့သော် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် ကိုယ့်ဘာသာရေးဆွဲထားတဲ့ အခြေခံဥပဒေက ကိုယ့်ဆန္ဒနဲ့ မကိုက်တိုင်း အာဏာသိမ်းတော့မယ်၊ သူတို့ စိတ်တိုအောင် မစနဲ့လို့ ပြောတာ လက်ခံစရာ မမြင်ပါ။ နိုင်ငံမှန်သမျှသည် ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ ကပြ အသုံးတော်ခံနေရတာပါ။
.
ကမ္ဘာသည် သူများနိုင်ငံရေးကို ၀င်ရောက် မစွက်ဖက်ဘူး ဆိုပေမယ့် ဘောင်ရှိပါတယ်။ အဲဒီဘောင်သည် လူသားအခွင့်အရေး၊ ဂုဏ်သိက္ခာပေါ်မှာ တည်ဆောက်ထားတာပါ။ ကိုယ်ရေးထားတဲ့ ဖွဲ့စည်းပုံကို ကိုယ့်ဆန္ဒနဲ့ မကိုက်လို့ အာဏာပြန်သိမ်းလောက်တယ်ဆိုတဲ့  စကားကို ဘယ်သူပဲ ပြောပြော ခြိမ်းခြောက်တာပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် တပ်မတော်ကို ဂုဏ်သိက္ခာ တစ်စက်မှ မကျန်တော့အောင် စော်ကားနှိမ့်ချတာပါ။
.
ဒါကြောင့် တပ်မတော်ဟာ အဲဒီလောက် ဂုဏ်သိက္ခာ နိမ့်ပါးသွားမယ့် လုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ဘေးကနေပြီး ပြည်သူကို ခြိမ်းခြောက်နေတာ၊ ဥပဒေပြုရေး အာဏာပိုင် လွှတ်တော် ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ပေးဖို့ လိုပါတယ်။
.
ဟာ... ဒီကောင် ပါးစပ်လေးနဲ့ ပြောတာ ဘာမှ မဖြစ်ပါဘူး လုပ်လို့ မရပါဘူး။ တချိန်က မောင်သာရ စာအုပ်လေးတစ်အုပ် တွေ့တာတောင် ထောင်နှစ်ရှည် ချခဲ့သေးတာပါ။ အခုက သိသိသာသာခြိမ်းခြောက်တာပါ။ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး မြှင့်တင်ရမယ့် အချိန်မှာ ဘယ်ခြိမ်းခြောက်မှုမျိုးမှ လက်ခံစရာ အကြောင်းမမြင်ပါဘူး။
.
Credit¢>>သက္ကမိုးညို
.
.
Ma May Moon
==========
pic-int
အချိန်ယူထားပေမယ့် လစ်ကွက်၊ ဟာကွက်၊ ထောက်ကွက်တွေ ရှီနေတာ အသေအချာပါ။
.
ဘာလို့ လစ်ကွက် ဟာကွက်တွေ ရှိနေတာလဲလို့ မေးလာရင် ဒီမိုကရေစီထက် စစ်တပ်ရဲ့ ၀င်ရောက်စွက်ဖက်မှုကို ပိုမိုမြဲမြံစေဖို့ စီမံထားတဲ့ ပုဒ်မတွေ၊ စစ်တပ်က သဘောတူတဲ့ပါတီပဲ အာဏာရဖို့ ပိုမို အခွင့်အလန်းရစေဖို့ ဇွတ် ကြံဆောင် ဆွဲထားရတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။
.
ဒီလို လစ်ဟာချက်တွေ ပြည့်နေပေမယ့် လက်ရှိ အလုပ်လုပ်နေတာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ်မှာ တည်ဆောက် အလုပ်လုပ်နေတာပါ။ ဒါကြောင့် လစ်လစ် ဟာဟာ ဆက်လုပ်နေရမှာပါ။ အဲလို ဆက်လုပ်နေရင်းပဲ ဒီမိုကရေစီ စံမကိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားရမှာပါ။
.
သို့သော် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် ကိုယ့်ဘာသာရေးဆွဲထားတဲ့ အခြေခံဥပဒေက ကိုယ့်ဆန္ဒနဲ့ မကိုက်တိုင်း အာဏာသိမ်းတော့မယ်၊ သူတို့ စိတ်တိုအောင် မစနဲ့လို့ ပြောတာ လက်ခံစရာ မမြင်ပါ။ နိုင်ငံမှန်သမျှသည် ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ ကပြ အသုံးတော်ခံနေရတာပါ။
.
ကမ္ဘာသည် သူများနိုင်ငံရေးကို ၀င်ရောက် မစွက်ဖက်ဘူး ဆိုပေမယ့် ဘောင်ရှိပါတယ်။ အဲဒီဘောင်သည် လူသားအခွင့်အရေး၊ ဂုဏ်သိက္ခာပေါ်မှာ တည်ဆောက်ထားတာပါ။ ကိုယ်ရေးထားတဲ့ ဖွဲ့စည်းပုံကို ကိုယ့်ဆန္ဒနဲ့ မကိုက်လို့ အာဏာပြန်သိမ်းလောက်တယ်ဆိုတဲ
ပွင့်ပွင့်လင်းလင်းပြောရရင်
.
ဒါကြောင့် တပ်မတော်ဟာ အဲဒီလောက် ဂုဏ်သိက္ခာ နိမ့်ပါးသွားမယ့် လုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ဘေးကနေပြီး ပြည်သူကို ခြိမ်းခြောက်နေတာ၊ ဥပဒေပြုရေး အာဏာပိုင် လွှတ်တော် ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ပေးဖို့ လိုပါတယ်။
.
ဟာ... ဒီကောင် ပါးစပ်လေးနဲ့ ပြောတာ ဘာမှ မဖြစ်ပါဘူး လုပ်လို့ မရပါဘူး။ တချိန်က မောင်သာရ စာအုပ်လေးတစ်အုပ် တွေ့တာတောင် ထောင်နှစ်ရှည် ချခဲ့သေးတာပါ။ အခုက သိသိသာသာခြိမ်းခြောက်တာပါ။ အများပြည်သူရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး မြှင့်တင်ရမယ့် အချိန်မှာ ဘယ်ခြိမ်းခြောက်မှုမျိုးမှ လက်ခံစရာ အကြောင်းမမြင်ပါဘူး။
.
Credit¢>>သက္ကမိုးညို
.
.
Ma May Moon
==========
pic-int
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။