မင်းတုန်းမင်း ကျိန်စာ မိနေသော မန်းသားများ
========================== =
မန်းလေးတွင် မွေးသောသူများသည် မန်းကို ချစ်သည်။ ဘယ်နေရာရောက်ရောက် မန်းကို သတိရကြသည်။ မန်းမှ လူများသည် အဝေးရောက်ချိန်တွင် အချင်းချင်း တတ်နိုင်သလောက် အကူအညီပေးသည်။ ဒေသစွဲကြောင့် ဘယ်သူ့ကို ပိုရစေတော့မဟုတ်ပေမဲ့ အရည်အချင်းတူလာလျှင် မန်းသားကို ပိုပြီး ဦးစားပေးသည်။ အလုပ်အတူတူလုပ်လျှင်တောင် မန်းသားဆိုလျှင် အထက်လူကြီးမှ အခွင့်အရေး ပိုပေးတတ်သည်။ အိမ်ငှားရာတွင်လည်း မန်းသားအချင်းချင်းဆိုလျှင် လျှော့ပေးတတ်သည် (မန်းမြို့ပေါ်တွင် မဆိုလို)။ ထိုသည်ကား မန်းသားများ၏ ဒေသစွဲ အစွဲအလန်းကြီးမားမှုပင်။
ရန်ကုန် နှင့် အခြားမြို့များမှ လူများ အလျိုလျိုဖြင့် နိုင်ငံခြားသို့ ထွက်ပြီး အလုပ်လုပ်နေကြချိန်တွင် မန်းသားများသည် နိုင်ငံခြားဆိုသည့် စကားကို သူတို့နှင့် မဆိုင်သလိုပင်။ အလုပ်လုပ်ဖို့ဆိုသည်ကား ပိုလို့ပင်ဝေးသေးသည်။ နိုင်ငံရပ်ခြား မပြောနှင့် ရန်ကုန်သို့ အလုပ်အတွက် ဆိုလျှင်တောင် အလုပ်မရလျှင် နေပါစေ သွားမလုပ်ဟု ငြင်းဆိုကြသူများရှိသည်။ နိုင်ငံခြားသွားသူများကို သေသူများအဖြစ် သတ်မှတ်ထားပြီး သူတို့နှင့် ဝေးရာသို့ သွားကြလေပြီ။ ပြန်လာမည် မဟုတ်ဟု သတ်မှတ်ထားသလား အောက်မေ့ရသည်။ ပြန်လာလို့လဲ အထင်ကြီးသည် မဟုတ်။ အော် မင်းပြန်ရောက်ပြီလား။ လာကွာ မင်းသီဟကို လက်ဖက်ရည် သွားသောက်ရအောင်။ ဟိုရောက်မှ ဘာညာ ဘာညာ ပြောတာပေါ့။ ဆိုင်ရောက်တော့ နိုင်ငံခြား အကြောင်းကိုသာ မေးပြီး မင်းတို့ မသွားချင်ဘူးလား လို့ မေးတော့ ခေါင်းခါသည်။
သို့နှင့် ရန်ကုန်တွင် အလုပ်အကိုင် ပေါများနေသည်။ မိမိတို့ လုပ်နိုင်လျှင် အလုပ်အကိုင်ရနိုင်သည် စသည်ဖြင့် ပြောသော်လည်း နေပါစေကွာ၊ ရန်ကုန်ကို အထင်မကြီးပါဘူး။ ငါ ဒီမှာ လုပ်နေတဲ့ အလုပ်က ငါ့အတွက် ပိုအဆင်ပြေတယ် ဟု ပြောကာ ငြင်းပယ်စမြဲ။
တနေ့တွင် အလုပ်တစ်ခုမှ လုပ်ငန်းခွင်ဝင် သင်တန်းပေးပြီး အလုပ်ခန့်ထားမည်ကို သိရသဖြင့် နီးစပ်ရာ မန်းသားတစ်ချို့ကို မေးရာ ပေးလိုက်သည့် အဖြေသည် အားလုံး တစ်ထပ်တည်း ဖြစ်နေသည်။
"ကျွန်တော့်ကို အမေက ရန်ကုန်ကို မသွားခိုင်းဘူး။ မန်းလေးမှာပဲ အလုပ်လုပ်ပါတဲ့။"
"ကျွန်တော့်ကို အားလုံးက စိတ်မချလို့ မန်းလေးက အလုပ်တစ်ခုမှာပဲ ဘယ်လောက်ရရလုပ်ပါတဲ့။ "
"မလာတော့ပါဘူး။ မန်းလေးမှာ အလုပ်ပေါ်တော့မှပဲ ပြောပေးပါ...."
မန်းကနေ ခေတ္တခဏ နှစ်အနည်းလောက် ခွာပြီး အတွေ့အကြုံကောင်းတွေကို ယူဖို့ မိဘများကပင် တိုက်တွန်းခြင်း အလျဉ်းမရှိသေးသည်ကို ယနေ့ထိ တွေ့နေဆဲပင်။ လူကြီးများ၏ မြို့အပေါ် သံယောဇဉ်တွယ်ပြီး နယ်ပယ်အသစ်တွင် စွန့်စားလိုစိတ် မရှိခြင်းသည် သူတို့၏ မျိုးဆက်များသို့တိုင် လွှမ်းမိုးထားဆဲဖြစ်သည်။ မိမိတို့မြို့ကျဉ်းကျဉ်းလေး တွင်ပင် ရောင့်ရဲကာ ပျော်မွေ့နေကြသည့် မန်းသားများသည် တမူထူးခြားသော စိတ်အခြေခံများ ရှိနေခြင်းကြောင့်လားဟု ပြန်သုံးသပ်နေမိသည်။
အကြောင်းတစ်ခုခုကြောင့် မန်းမြေမှ ထွက်သွားသွားရသူများသည် မန်းသို့ ပြန်ရောက်ဖို့ကို အမြဲအားထုတ်နေကြသည်။ အားမတန် မာန်လျော့ရသည့်တိုင် မန်းကို တသသ ဖြစ်နေကြစမြဲပင်။ ပူလောင်ခြောက်သွေ့ပြီး ဖုန်၊ ခြင် ပေါများပါသော်လည်း ထိုဆိုးချက်များသည် မန်း၏ဂုဏ်အင်္ဂါသဖွယ် အပြစ်ပြောပြီး မန်းမှာသာ ပျော်မွေ့နေသည်။ မန်းတောင်ရိပ်နှင့် ကျူံးဟု အသံကြားလိုက်လျှင်ပင် မန်းကို သတိရစိတ် ပေါက်ဖွားလာစမြဲပင်။
သေလျှင်တောင် ကြာနီကန် သို့မဟုတ် တောင်မြင့်တွင်သာ သဂြိုလ်ချင်ကြသူများပင်။ သက်တမ်းတစ်ဝက်လောက် မန်းပြင်ပတွင် အလုပ်လုပ်ပြီး အငြိမ်းစားယူကာ မန်းမှာပဲ ခေါင်းချမယ်လို့ ဆိုသူများထဲတွင် ကျွန်တော့်မိဘများ အပါအ၀င်ဖြစ်သည်။
ထိုမျှထိ မန်းကို ချစ်မြတ်နိုးစိတ်၊ ဒေသစွဲ ပြင်းထန်သော စိတ်များကို ပေါက်ဖွားလာအောင် ဘယ်သူကများ ပြုစားထားလဲလို့ အဖြေရှာနေမိသည်။ နောက်ဆုံးတော့ အုတ်ကျစ်ကျော်အေး မန္တလေးကို တည်ထောင်ခဲ့သော မင်းတုန်းမင်းကြီးများ ကျိန်စာ တိုက်ခဲ့လေသလား..... ဟု အပြစ်ပုံချနေမိတော့သည်။
(မင်းတုန်းမင်းကြီး ၏ ကျိန်စာမိနေသူများထဲတွင် ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။)
Credit to မူရင်းတင်သူ
==========================
မန်းလေးတွင် မွေးသောသူများသည် မန်းကို ချစ်သည်။ ဘယ်နေရာရောက်ရောက် မန်းကို သတိရကြသည်။ မန်းမှ လူများသည် အဝေးရောက်ချိန်တွင် အချင်းချင်း တတ်နိုင်သလောက် အကူအညီပေးသည်။ ဒေသစွဲကြောင့် ဘယ်သူ့ကို ပိုရစေတော့မဟုတ်ပေမဲ့ အရည်အချင်းတူလာလျှင် မန်းသားကို ပိုပြီး ဦးစားပေးသည်။ အလုပ်အတူတူလုပ်လျှင်တောင် မန်းသားဆိုလျှင် အထက်လူကြီးမှ အခွင့်အရေး ပိုပေးတတ်သည်။ အိမ်ငှားရာတွင်လည်း မန်းသားအချင်းချင်းဆိုလျှင်
ရန်ကုန် နှင့် အခြားမြို့များမှ လူများ အလျိုလျိုဖြင့် နိုင်ငံခြားသို့ ထွက်ပြီး အလုပ်လုပ်နေကြချိန်တွင် မန်းသားများသည် နိုင်ငံခြားဆိုသည့် စကားကို သူတို့နှင့် မဆိုင်သလိုပင်။ အလုပ်လုပ်ဖို့ဆိုသည်ကား ပိုလို့ပင်ဝေးသေးသည်။ နိုင်ငံရပ်ခြား မပြောနှင့် ရန်ကုန်သို့ အလုပ်အတွက် ဆိုလျှင်တောင် အလုပ်မရလျှင် နေပါစေ သွားမလုပ်ဟု ငြင်းဆိုကြသူများရှိသည်။ နိုင်ငံခြားသွားသူများကို သေသူများအဖြစ် သတ်မှတ်ထားပြီး သူတို့နှင့် ဝေးရာသို့ သွားကြလေပြီ။ ပြန်လာမည် မဟုတ်ဟု သတ်မှတ်ထားသလား အောက်မေ့ရသည်။ ပြန်လာလို့လဲ အထင်ကြီးသည် မဟုတ်။ အော် မင်းပြန်ရောက်ပြီလား။ လာကွာ မင်းသီဟကို လက်ဖက်ရည် သွားသောက်ရအောင်။ ဟိုရောက်မှ ဘာညာ ဘာညာ ပြောတာပေါ့။ ဆိုင်ရောက်တော့ နိုင်ငံခြား အကြောင်းကိုသာ မေးပြီး မင်းတို့ မသွားချင်ဘူးလား လို့ မေးတော့ ခေါင်းခါသည်။
သို့နှင့် ရန်ကုန်တွင် အလုပ်အကိုင် ပေါများနေသည်။ မိမိတို့ လုပ်နိုင်လျှင် အလုပ်အကိုင်ရနိုင်သည် စသည်ဖြင့် ပြောသော်လည်း နေပါစေကွာ၊ ရန်ကုန်ကို အထင်မကြီးပါဘူး။ ငါ ဒီမှာ လုပ်နေတဲ့ အလုပ်က ငါ့အတွက် ပိုအဆင်ပြေတယ် ဟု ပြောကာ ငြင်းပယ်စမြဲ။
တနေ့တွင် အလုပ်တစ်ခုမှ လုပ်ငန်းခွင်ဝင် သင်တန်းပေးပြီး အလုပ်ခန့်ထားမည်ကို သိရသဖြင့် နီးစပ်ရာ မန်းသားတစ်ချို့ကို မေးရာ ပေးလိုက်သည့် အဖြေသည် အားလုံး တစ်ထပ်တည်း ဖြစ်နေသည်။
"ကျွန်တော့်ကို အမေက ရန်ကုန်ကို မသွားခိုင်းဘူး။ မန်းလေးမှာပဲ အလုပ်လုပ်ပါတဲ့။"
"ကျွန်တော့်ကို အားလုံးက စိတ်မချလို့ မန်းလေးက အလုပ်တစ်ခုမှာပဲ ဘယ်လောက်ရရလုပ်ပါတဲ့။ "
"မလာတော့ပါဘူး။ မန်းလေးမှာ အလုပ်ပေါ်တော့မှပဲ ပြောပေးပါ...."
မန်းကနေ ခေတ္တခဏ နှစ်အနည်းလောက် ခွာပြီး အတွေ့အကြုံကောင်းတွေကို ယူဖို့ မိဘများကပင် တိုက်တွန်းခြင်း အလျဉ်းမရှိသေးသည်ကို ယနေ့ထိ တွေ့နေဆဲပင်။ လူကြီးများ၏ မြို့အပေါ် သံယောဇဉ်တွယ်ပြီး နယ်ပယ်အသစ်တွင် စွန့်စားလိုစိတ် မရှိခြင်းသည် သူတို့၏ မျိုးဆက်များသို့တိုင် လွှမ်းမိုးထားဆဲဖြစ်သည်။ မိမိတို့မြို့ကျဉ်းကျဉ်းလေး
အကြောင်းတစ်ခုခုကြောင့် မန်းမြေမှ ထွက်သွားသွားရသူများသည် မန်းသို့ ပြန်ရောက်ဖို့ကို အမြဲအားထုတ်နေကြသည်။ အားမတန် မာန်လျော့ရသည့်တိုင် မန်းကို တသသ ဖြစ်နေကြစမြဲပင်။ ပူလောင်ခြောက်သွေ့ပြီး ဖုန်၊ ခြင် ပေါများပါသော်လည်း ထိုဆိုးချက်များသည် မန်း၏ဂုဏ်အင်္ဂါသဖွယ် အပြစ်ပြောပြီး မန်းမှာသာ ပျော်မွေ့နေသည်။ မန်းတောင်ရိပ်နှင့် ကျူံးဟု အသံကြားလိုက်လျှင်ပင် မန်းကို သတိရစိတ် ပေါက်ဖွားလာစမြဲပင်။
သေလျှင်တောင် ကြာနီကန် သို့မဟုတ် တောင်မြင့်တွင်သာ သဂြိုလ်ချင်ကြသူများပင်။ သက်တမ်းတစ်ဝက်လောက် မန်းပြင်ပတွင် အလုပ်လုပ်ပြီး အငြိမ်းစားယူကာ မန်းမှာပဲ ခေါင်းချမယ်လို့ ဆိုသူများထဲတွင် ကျွန်တော့်မိဘများ အပါအ၀င်ဖြစ်သည်။
ထိုမျှထိ မန်းကို ချစ်မြတ်နိုးစိတ်၊ ဒေသစွဲ ပြင်းထန်သော စိတ်များကို ပေါက်ဖွားလာအောင် ဘယ်သူကများ ပြုစားထားလဲလို့ အဖြေရှာနေမိသည်။ နောက်ဆုံးတော့ အုတ်ကျစ်ကျော်အေး မန္တလေးကို တည်ထောင်ခဲ့သော မင်းတုန်းမင်းကြီးများ ကျိန်စာ တိုက်ခဲ့လေသလား..... ဟု အပြစ်ပုံချနေမိတော့သည်။
(မင်းတုန်းမင်းကြီး ၏ ကျိန်စာမိနေသူများထဲတွင် ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။)
Credit to မူရင်းတင်သူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။