ဖေ့စ်ဘုတ်အကောင့် လော့ခ်မကျစေရန် လုံခြုံရေး မြှင့်နည်း
ကျွန်တော် ဒီ ဖေ့စ်ဘုတ်အကောင့်လေးကို စသုံးလာတာ ၂၀၀၇/ ၈
လောက်ကထဲကပါ။ တစ်ခါမှ ရီပို့ထိခြင်း အဟက်ခံရခြင်း မရှိဖူးသေးပါဘူး။
တစ်ကောင့်ထဲပါ။ တကယ့်ကို ဒီတစ်ကောင့်ပဲ သုံးတာပါ။ ဒီလို လုံခြုံရေး
အပြည့်အဝရနည်း လေးတွေ သိလိုသူများအတွက်မျှဝေလိုက်ပါတယ်။ ရှင်းရှင်းလေးပါ။ လုပ်ကြည့်လို့ မထူးခြားရင် လာဆွေးနွေးပါ။
ပထမဆုံး မလုပ်ရမယ့် ဟာလေးတွေ အရင်သိအောင် ကျွန်တော် မလုပ်တတ်တဲ့ အရာလေးတွေ ဦးစွာ ပြောပြ ပါရစေ။
ပရိုဖိုင်ပုံ အတုနဲ့ ဖွတဲ့အထဲ ကျွန်တော် မပါပါဘူး။ သူများတကာကို အမြင်ကတ်လို့ ရီပို့ထုတဲ့အထဲ ကျွန်တော် မပါဘူး။ ဖေ့စ်ဘုတ် ပေါ်မှာ ဆဲတတ်တဲ့ လူစားထဲ ကျွန်တော် မပါဘူး။ လာဆဲရင်လဲ ပြန်ဆဲတတ်တဲ့ လူစားထဲ ကျွန်တော် မပါဘူး။ အမေနဲ့သား၊ မောင်နဲ့နှမ ကြည့်ဖို့ မသင့်တော်တဲ့ ပုံတွေ တင်တဲ့အထဲ ကျွန်တော် မပါဘူး။ ဖတ်ရန် မသင့်လျော်တဲ့ ပို့စ် (သို့မဟုတ်) comment တွေ ပေးတဲ့ အထဲ ကျွန်တော် မပါဘူး။
အမြင်မတူလို့ Block တဲ့ လူစားထဲမှာ ကျွန်တော် မပါဘူး။ ကိုယ်တင်တဲ့ ပို့စ်ကို မနိုင်လို့ ထွက်ပြေးတဲ့ ခပ်ညံ့ညံ့ လူစားထဲလဲ ကျွန်တော်မပါဘူး။ သူများ အရှက်ရနေချိန် လှောင်ပြောင်တတ်တဲ့ လူစားထဲ ကျွန်တော် မပါဘူး။ မင်းငါ့လောက် မသိရင် တက်မလာနဲ့ ဆိုတဲ့ အထဲ ကျွန်တော် မပါဘူး။ ငါရေးချင်ရာ ရေးမယ်။ ဖတ်ချင်မှဖတ် ဆိုတဲ့အထဲ ကျွန်တော်မပါဘူး။
ဒါဆိုရင် မင်း ဖေ့စ်ဘုတ်ကို ဘယ်လိုသုံးလဲ လို့ မေးချင်ကြလိမ့်မယ် ထင်ပါတယ်။ ကျွန်တော် Profile Pic ကို ပုံ အမှန်တင်ပါတယ်။ အတ္ထုပတ္တိ ကို အမှန်ဖြည့်ထားပါတယ်။
ကျွန်တော် စာရေး ဝါသနာ ပါပါတယ်။ ဝါသနာအရ ရေးသားတဲ့ စာပေတွေ ဟာ မိသားစု နဲ့ ဘဝကို လာမနှောင့်ယှက်စေဖို့ ကျွန်တော့် ဝါသနာ နဲ့ ကိုက်ညီမယ့် ဂရုလေးတွေ ထဲမှာ ရေးလေ့ ရှိပါတယ်။ ရေးပေမယ့်လို့ အစွန်းရောက်တဲ့ အမြင်နဲ့ ပို့စ်မတင်မိအောင် ထိန်းသိမ်းပါတယ်။ တင်မိ ခဲ့လို့ လာပြော တဲ့ အခါလည်း ပြန်သုံးသပ်ကြည့်ပြီး ဖျက်သင့်ရင် တင်းမခံပဲ ဖျက်တတ်ပါတယ်။ ကိုယ့်ကို စကား လာပြောသူတိုင်းကိုလည်း တတ်နိုင်သလောက် ပြန်ပြောလေ့ရှိပါတယ်။ ဆွေးနွေးရတာ ဝါသနာထုံတဲ့ အလျောက် ဝေဖန်မှုတို့ကို စောင့်မျှော် တတ်ပါတယ်။ ဒီကနေ ထပ်သိ လာတဲ့ အသိသစ် အမြင်သစ် တွေကို လိုလားပါတယ်။
ရန်သူမထားတတ်ပါဘူး။ ရန်လာလုပ်ရင်လဲ မိတ်ဖွဲ့ပစ်ပါတယ်။ လိုလိုလားလားကို မိတ်ဖွဲ့လို့ သူလဲ အသိတိုး ကိုယ်လဲ အသိတိုးတဲ့ ရှုထောင့်ကို နှစ်ခြိုက်ပါတယ်။ သိပ်များများစားစား မဟုတ်ပါဘူး။ ဒါလေးတွေပါပဲ။ နည်းပညာ စည်း မဟုတ်တဲ့ ပညာ စည်းဆန်ဆန် ဒီရှောင်ရန် ဆောင်ရန်လေးတွေနဲ့ ခင်ဗျားတို့ရဲ့ ဖေ့စ်ဘုတ်အကောင့်လေးတွေကို ထိန်းသိမ်းကြည့်စမ်းပါ။ အရင်ထက် နေလို့ မကောင်း ရင် ကြိုက်သလို လာပြော။
- မှတ်စုကြမ်း #kyawnge
ကျွန်တော် ဒီ ဖေ့စ်ဘုတ်အကောင့်လေးကို စသုံးလာတာ ၂၀၀၇/

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။