Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 8, 2016

အမှားတွေကိုဝန်မခံတတ်တဲ့အမေရိကန်နိုင်ငံက CEO တွေဟာ ဂျပန်နိုင်ငံက CEO .Toshifumi Suzuki ဆီကသင်ခန်းစာယူသင့်ပါတယ်

အမှားတွေကိုဝန်မခံတတ်တဲ့အမေရိကန်နိုင်ငံက CEO တွေဟာ ဂျပန်နိုင်ငံက CEO .Toshifumi Suzuki ဆီကသင်ခန်းစာယူသင့်ပါတယ်

Fortune

အမေရိကန် နိုင်ငံက ကုမ္ပဏီ စီအီးအို တွေအနေနဲ့ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ 7-eleven စတိုးဆိုင်တွေကို ပိုင်တဲ့ Seven & i Holdings ရဲ့CEO Toshifumi Suzuki ရဲ့ တာဝန်ယူလိုစိတ်နဲ့ ကိုယ့်ကိုယ့်ကိုယ် နှိမ့်ချတတ်မှု
တွေကို သင်ယူတတ်ဖို့ ကောင်းပါတယ်။ ဆူဇူကီးဟာ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့
အစည်းအဝေးမှာ Hedge Fund Manager ဖြစ်သူ Dan Loeb နဲ့ အခြေ
အတင် ဖြစ်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကပဲ စီအီးအို ရာထူးကပဲ
နှုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း Suziki ဟာ ဒီပွဲမှာ လုံးဝ ကျရှုံးသွားသူတော့ မဖြစ်ခဲ့ပါ
ဘူး။ ၎င်းဟာ ယခုလို ရာထူးကနေ နှုတ်ထွက်ခဲ့ရလို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ သဘောထားတွေအပေါ်မှာနဲ့ ယခုလို ကာလကြာ ထမ်းဆောင်လာခဲ့တဲ့ တာဝန်ကနေ ဆင်းပေးဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အခြေအနေတွေပေါ်မှာ ပြစ်
တင်ပြောကြားသွားတာမျိုးမရှိခဲ့ပါဘူး။ အဲဒီအစား Suzuki က ကိုယ့်ကိုယ်
ကိုယ် သာ အပြစ်တင်ခဲ့ပါတယ်။ " ကျွန်တော် မကောင်းလို့ ဖြစ်ရတာပါ၊
ကိုယ့်ကိုယ့်ကိုယ်ပဲ ပြစ်တင်ရမှာပါ" လို့ ၎င်း နှုတ်ထွက်မယ်ဆိုပြီး ပြောကြား
ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆူဇူကီး က ပြောခဲ့ပါတယ်။

Suzuki ဟာ ၎င်းနေရာကို ဆက်ခံမယ့်သူရဲ့ အမည်ကိုတောင်မှ ရွေးချယ်
သွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့သလို အလုပ်နဲ့ သူနဲ့ မထိုက်တန်တော့ပါ
ဘူးဆိုပြီး နှိမ့်ချ ပြောဆိုသွားခဲ့ပါတယ်။

ဒီနေရာမှာ လုပ်ငန်းအကျပ်အတည်းတွေအောက် ကျရောက်နေချိန် အလုပ်ကနေ နှုတ်ထွက်ချိန်မှာ အမေရိကန်က အထင်ကရ စီးအီးအိုတွေ ပြောကြားခဲ့ဖူးတာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

အမေရိကန် စွမ်းအင်၊ လူသုံးကုန်နဲ့ ၀န်ဆောင်မှုကုမ္ပဏီ Enron ကနေ
စီးအီးအို Jeff Skilling နှုတ်ထွက်တဲ့အချိန်တုန်းက ဆိုရင် "ကျွန်တော်ရဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် ရာထူးကအနားယူမှာဖြစ်ပြီး
အခုလို ကုမ္ပဏီ က မကောင်းသတင်းတွေထွက်နေပြီး ပြိုလဲတော့မယ့်
ဆဲဆဲဖြစ်နေတာနဲ့ မသက်ဆိုင်ပါဘူး၊ ဒါကြောင့် ကျွန်တော်ရဲ့ ခုလို နှုတ်
ထွက်မယ့် ဆုံးဖြတ်ချက်ကို နားလည်ပေးတဲ့အတွက်လည်း
Ken Lay ကို ကျေးဇူးတင်ပါတယ်" ဆိုပြီး ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နောက်ပိုင်း လေးလအတွင်းမှာပဲ Enron ဟာ ဒေ၀ါလီခံခဲ့ရသလို နောက်ငါးနှစ်အကြာမှာတော့ Skilling ဟာ ထောင်ကျသွားခဲ့ပါတယ်။

AOL နဲ့ Time Warner ကုမ္ပဏီလုပ်ငန်းနှစ်ခု ပူးပေါင်းမှုကို Time Warner စီအီးအို Gerald Levin က အကောင်အထည်ဖော်ခဲ့ပေမယ့်လည်
ယင်းပူးပေါင်းမှုက နောက်ပိုင်းမှာ မအောင်မမြင်ဖြစ်ပြီးတော့ ကုမ္ပဏီရဲ့
စတော့ရှယ်ယာဈေးနှုန်းတွေကလည်း ၉၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့
ပါတယ်။ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကုမ္ပဏီချင်းပူးပေါင်းမှု ဖြစ်ခဲ့တဲ့ ယင်းပူးပေါင်းမှုကိုတော့ အောင်မြင်မှု တစ်ခုဆိုပြီး Gerald Levin က ၎င်း
နှုတ်ထွက်မယ်ဆိုပြီး ကြေညာခဲ့စဉ်က အမည်တပ်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ၎င်းရဲ့ စီမံခန့်ခွဲမှု အဖွဲ့ အပေါ်မှာ ယုံကြည်တယ်ဆိုပြီး ပြောဆိုခဲ့
ပါသေးတယ်။ " ကုမ္ပဏီကို ရှေ့ဆက်ပြီး လုပ်ကိုင်နိုင်အောင် ကျွန်တော်တို့
ချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် Dick Parson ရဲ့ ဦးဆောင်နိုင်မှု အရည်အချင်းအပေါ်မှာ ယုံကြည်တယ်ဆိုပြီး Gerald Levin က ၎င်း နှုတ်ထွက်စဉ်မှာ ပြောဆိုခဲ့ပါတယ်။

Lehman CFO ကုမ္မဏီရဲ့ စီအီးအို Erin Callan က ရာထူးက နှုတ်ထွက်ဖို့
ဖိအားပေးခံရတဲ့ အချိန်ကတုန်းကလည်း တစ်ခြားနေရာမှာ သူ့အတွက်
စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အလုပ်ရထားလို့ လက်ရှိအလုပ်ကနေ
ထွက်တော့မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ " Credit Suisse ဘဏ္ဍာရေး
ကုမ္ပဏီ နဲ့ ပူးပေါင်းဖို့အတွက် ကျွန်မ စိတ်လှုပ်ရှားနေမိပါတယ်၊ အဲဒီက
အရည်အချင်းရှိတဲ့လူတွေနဲ့ လက်တွဲချင်ပါတယ်၊ အဲဒီအလုပ်က ကျွန်မရဲ့
အရည်အချင်းကောင်းတွေပြန်ရမယ့် အခွင့်အရေးဖြစ်ပါတယ်" ဆိုပြီး
Callan က ပြောသွားပါတယ်။ ဒါပေမယ့်လည်း အဲဒီ အလုပ်သစ်မှာ
Callan ဟာ ခုနှစ်လလောက်ပဲ လုပ်ပြီး ထွက်ခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်ကလည်း အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာနဲ့
စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း Raytheon ရဲ့ စီအီးအို Dan Burnham ကလည်း မိသားစုနဲ့ အချိန်ပေးချင်လို့၊ အခြား ကုမ္ပဏီတွေမှာ
ဒါရိုက်တာတစ်ဦးဖြစ်ချင်လို့ ဆိုပြီး အလုပ်က နှုတ်ထွက်ချိန်မှာ ပြောခဲ့ပါ
တယ်။ ဒါပေမယ့်လည်း နောက်သုံးနှစ်ကြာမှာတော့ ငွေကြေး ပိုင်းမှာ
မမှန်မကန် လုပ်ထားခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ဒဏ်ကြေးငွေ
ဒေါ်လာ ၁ ဒသမ ၇၅ သန်း ပြန်လည် ပေးဆောင်ဖို့ သဘောတူခဲ့ရပါတယ်။

ခုလိုမျိုး အမေရိကန် စီအီးအိုတွေအကြောင်း ပြောနေလို့ ဂျပန် စီအီးအိုကြီး Suzuki ကလည်း အမှားမလုပ်ထားဘူးလို့လည်း မဆိုနိုင်ပါဘူး။ Suzuki
တုန်းကတော့ ၎င်းနေရာဆက်ခံနိုင်တဲ့ အလားအလာရှိတဲ့ အမှုဆောင်အ
ရာရှိတစ်ယောက်ကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ဖူးသလို ၎င်းရဲ့ သားတွေထဲက
တစ်ယောက်ကို ရာထူးလွှဲပေးဖို ဆန္ဒရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကလည်း သိပ်ကြီးကျယ်တာ တော့ မဟုတ်ပါဘူး။ Enron မှာတုန်းက Skilling တုန်းကလည်း အဲဒီထက် ပိုဆိုးတာတွေ လုပ်ခဲ့ဖူးပါတယ်။
မရေမတွက်နိုင်တဲ့ အခြားအမေရိကန် စီအီးအိုတွေကလည်း တာဝန်ယူစဉ်
အချိန်မှာ ဒီထက်ပိုဆိုးတာတွေ လုပ်ခဲ့သလို ထွက်သွားချိန်မှာလည်း တောင်းပန်တာတွေ မလုပ်သွားခဲ့ပါဘူး။ အမေရိကန်က စီအီးအိုတွေဟာ ၎င်းတို့
ရာထူးတွေကနေ နှုတ်ထွက်ချိန်မှာ ၎င်းရဲ့ အမှားတွေကို ၀န်မခံချင်ကြသလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့လည်း တွန့်ဆုတ်နေတတ်ကြတာ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

#SFJ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။