ဒူးမထောက်ကြသူများ
မန္တလေးမြို့ရဲ့ လမ်းတွေပေါ်မှာ ထီသည်လှည်းလေးတွေကို လူတိုင်းတွေ့ဖူးကြမယ်။ အဲ့ဒီထဲမှာ ထူးထူးခြားခြား ခြေထောက်မသန်စွမ်းသူတွေကိုယ်တိုင် တွန်းလှည်းလေးတွေနဲ့ရောင်းတဲ့ ထီလှည်းလေးတွေရှိတယ်။ သူတို့ဘ၀ဟာ စိတ်ဝင်စားစရာတွေ ပြည့်နေသလို လေးစားစရာလည်းသိပ်ကောင်းတယ် ။အဲ့ဒီထဲကမှ ထီလှည်းလေး၂စီးနဲ့ ကျုံးဘေးမှာ အမှတ်မထင်တွေ့မိလို့ သူတို့အကြောင်းမေးဖြစ်ခဲ့တယ်။
ပုံထဲမှာ လှည်းအကြီးနဲ့ထီရောင်းသူကတော့ ကိုမျိုးမင်းတဲ့၊
ဘေးကလှည်းအသေးလေးနဲ့ကတော့ ကိုထွန်းထွန်းဦးတဲ့။ သူတို့၂ယောက်ဟာ
မန္တလေးမြို့အနှံ့ လှည်းလေးတွေကိုယ်စီနဲ့ ထီလှည့်ရောင်းကြတယ်။
သူတို့နှစ်ယောက်လုံးဟာ ခြေထောက်အောက်ပိုင်းမသန်စွမ်းသူတွေပါ။ ကိုမျိုးမင်းကတော့ ၂၀၀၄ခုနှစ်လောက်မှာ နေမကောင်းဖြစ်ရာကနေ ဆေးရုံတက်ပြီး၊ ဆီးပိုက်ထည့်၊ဆေးထိုးအပြီးမှာ အောက်ပိုင်းတစ်ခုလုံး လှုပ်လို့မရတဲ့ဘ၀ရောက်သွားတာ လို့ဆိုပါတယ်။ ကိုထွန်းထွန်းဦးကတော့ ငယ်စဉ်ကလေးဘ၀တုန်းက ဆေးထိုးမှားပြီး အောက်ပိုင်းသေသွားခဲ့တာလို့ သိရတယ်။
သူတို့လိုပဲ ခြေထောက်မသန်စွမ်းလို့ တွန်းလှည်းလေးတွေနဲ့ထီရောင်းသူတွေ
မန္တလေးတစ်မြို့လုံးမှာ ၁၀ ယောက်လောက်ရှိပါတယ်။ ခြေထောက်မသန်ရတဲ့
အကြောင်းရင်းတွေလည်း အမျိုးမျိုးပါပဲ။ Accident ဖြစ်လို့၊ မြေကြီးပိလို့၊
ဆေးထိုးမှားလို့ စသဖြင့်ပေါ့။
သူတို့အားလုံးကတော့ မန္တလေးအခြေစိုက် အလင်းသစ် မသန်စွမ်းသူများအဖွဲ့မှာ အဖွဲ့ဝင်ထားကြပြီးသားတွေပါ။ အလင်းသစ်မှာ အခြားသော ခန္ဓာကိုယ်မသန်စွမ်းသူအမျိုး မျိုးလည်းရှိပါသေးသတဲ့။
ခြေထောက်မသန်စွမ်းပေမယ့် ဘ၀ကို ဒူးထောက်အရှုံးမပေးဘဲ မန္တလေးမြို့ နေပူပူထဲမှာ တွန်းလှည်းလေးတွေနဲ့ ထီလိုက်ရောင်းတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေဟာ ချီးကျူးစရာ။ အချောင်ခိုချင်စိတ်မရှိဘူး။ အားငယ်စိတ်မရှိဘူး။ မသန်ပေမယ့် စွမ်းရမယ်ဆိုတဲ့စိတ်အပြည့်ရှိတယ်။
ကိုမျိုးမင်းဆိုရင် ထီရောင်းလာတာ ၁နှစ်ရှိပြီ။ ၂၀၀၄ခုနှစ်ကစလို့ အောက်ပိုင်းသေပြီး အိပ်ရာပေါ် ၁၀နှစ်လောက် ဗုန်းဗုန်းလဲ၊ စိတ်ဓာတ်တွေကျနေသူတစ်ယောက်ဟာ အရင်တစ်နှစ်မှာတော့ အလင်းသစ်အဖွဲ့နဲ့ဆက်သွယ်မြိ ပီး ဘီးလှည်းလေးတစ်စီးရလာတယ်။ အဲ့ဒီချိန်ကစလို့ လှည်းလေးကို ဘက်ထရီတွေ၊မော်တာတွေတပ်လို့ မန္တလေးမြို့အနှံ့ တစ်လမ်းဝင်တစ်လမ်းထွက် ထီရောင်းပြီး ၀င်ငွေရှာခဲ့တယ်။
ကိုထွန်းထွန်းဦးကတော့ စဥ့်ကူးဇာတိဖြစ်ပြီး ကိုမျိုးမင်းနဲ့ တူတူတွဲလို့ ထီရောင်းလာတာ ၂ လလောက်ပဲရှိပါသေးတယ်။ သူ့ကြည့်ရတာလည်း ဒီအလုပ်ပေါ် ဂုဏ်ယူမှုအပြည့်ပဲ။
သူတို့လိုပဲ တွန်းလှည်းလေးတွေနဲ့ ထီလိုက်ရောင်းတဲံ အလင်းသစ်အဖွဲ့ဝင် ခြေထောက်မသန်စွမ်းထီရောင်းသူတွေလည်းရှိသေးတယ်။
ထီလှည်းလေးတွေကိုယ်စီနဲ့ သူတို့ဟာ မနက်၈နာရီဆိုရင် မန္တလေးမြို့အနှံ့ထီရောင်းကြ ပြီ။
သူတို့သွားကြတဲ့နေရာတွေကတော့ 
အစုံပေါ့။ အရှေ့ဘက်ဆိုပုသိမ်ကြီး၊ မြောက်ဘက်ဆို အိုးဘို၊မတ္တရာ၊
အနောက်ဘက်ဆို စစ်ကိုင်း၊ တောင်ဘက်ဆို အမရပူရ၊ ကျောက်စိမ်းဘုရားတွေထိကို
လိုက်ရောင်းကြတယ်။
နေ့လည်စာ၊ ညနေစာကိုကြုံသလိုစားကြတယ်။ တစ်နေကုန်ထီလှည့်ရောင်းပြီး
ည (၉)နာရီလောက်ဆို အိမ်ပြန်ကြပြီ။ ထီဖွင့်ရက်တွေဆိုရင်တော့ ပထမတစ်ပတ်လောက်
ထီလှည့်မရောင်းဘဲ ထီပေါက်စဉ်တိုက်ပေး၊ ပေါက်သူတွေကိုဆက်သွယ်ပေးတတ် ကြတယ်။ သူတို့ဆီက ၀ယ်သူတွေထီပေါက်လို့ရှိရင် သူတို့မှာလည်း ၀မ်းသာကြတယ်။
သူတို့မှာ သူများပေးကမ်းတာကို အလကားရယူလိုစိတ်လည်းမရှိဘူး ။ မုန့်ဖိုးပေးတာလို့ပြောရင်လ က်မခံတတ်ကြဘဲ ထီဝယ်သွားဖို့သာ တိုက်တွန်းတတ်ကြတယ်။
မသန်စွမ်းသူချင်းတူတူတောင် သူတို့က ကိုယ့်လုပ်အားနဲ့ကိုယ်ရပ်တည်သူတွေဖြစ်လို့ မသန်စွမ်းတာကို အကြောင်းပြပြီး တောင်းရမ်းသူတွေကိုလည်း သူတို့က အားမလိုအားမရဖြစ်ကြတယ်။
"အဲ့လို ခြေထောက်မသန်တာအကြောင်းပြပြီး
လမ်းထောင့်မှာ တောင်းရမ်းသူတစ်ယောက်ဆို ကျွန်တော်တို့ ထီလှည်း သူ့ရှေ့က
ဖြတ်လာတိုင်း သူက ခေါင်းငုံ့နေတတ်တယ်"လို ကိုမျိုးမင်းကဆိုတယ်။
ကိုမျိုးမင်းနဲ့ ထီရောင်းသူတစ်စုဟာ ထီရောင်းရုံတင်မက ဘ၀တူ ခြေထောက်မသန်စွမ်းသူတွေကို ကိုယ်ပိုင်ဝင်ငွေရအောင်၊လူေ တာတိုးနိုင်အောင် ထီရောင်းဖို့ လိုက်စည်းရုံးရတာတွေလည်းရှိ ပါတယ်။
"ကျွန်တော်တို့ဟာ ခြေထောက်မသန်စွမ်းပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် သမ္မာအာဇီဝကျကျ ရှာဖွေစားသောက်လို့ရတဲ့ လုပ်ငန်းတွေရှိပါသေးတယ်။ မသန်ပေမယ့် စွမ်းပါသေးတယ်ဆိုတာ သက်သေပြရမယ်။ ဒါကြောင့်မို့ ဘ၀တူ မသန်စွမ်းတွေအနေနဲ့ ဘယ်တော့မှ စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်"လို့
ကိုမျိုးမင်းကဆိုလေရဲ့။
မန္တလေးမြို့ရဲ့ လမ်းပေါ်တွေမှာ တစ်လမ်းမဟုတ်တစ်လမ်း၊ တစ်နေ့မဟုတ် တစ်နေ့တော့ သူတို့တွေကို တွေ့ကြပါလိမ့်မယ်။ ခြေထောက်မသန်စွမ်းပေမယ့် ဘ၀ကို ဒူးမထောက်ခဲ့တဲ့ သူတို့ကိုတွေ့ရင် ထီလေးတစ်စောင်လောက်ဖြစ်ဖြစ် အားပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့။ မသန်ပေမယ့် သူတို့ဟာ စွမ်းကြပါတယ်။
Credit - ယဉ်ယဉ်နှောင်း
Ydnb times
မန္တလေးမြို့ရဲ့ လမ်းတွေပေါ်မှာ ထီသည်လှည်းလေးတွေကို လူတိုင်းတွေ့ဖူးကြမယ်။ အဲ့ဒီထဲမှာ ထူးထူးခြားခြား ခြေထောက်မသန်စွမ်းသူတွေကိုယ
ပုံထဲမှာ လှည်းအကြီးနဲ့ထီရောင်းသူကတေ
သူတို့လိုပဲ ခြေထောက်မသန်စွမ်းလို့ တွန်းလှည်းလေးတွေနဲ့ထီရောင်
သူတို့အားလုံးကတော့ မန္တလေးအခြေစိုက် အလင်းသစ် မသန်စွမ်းသူများအဖွဲ့မှာ အဖွဲ့ဝင်ထားကြပြီးသားတွေပါ။
ခြေထောက်မသန်စွမ်းပေမယ့် ဘ၀ကို ဒူးထောက်အရှုံးမပေးဘဲ မန္တလေးမြို့ နေပူပူထဲမှာ တွန်းလှည်းလေးတွေနဲ့ ထီလိုက်ရောင်းတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေဟာ ချီးကျူးစရာ။ အချောင်ခိုချင်စိတ်မရှိဘူး။
ကိုမျိုးမင်းဆိုရင် ထီရောင်းလာတာ ၁နှစ်ရှိပြီ။ ၂၀၀၄ခုနှစ်ကစလို့ အောက်ပိုင်းသေပြီး အိပ်ရာပေါ် ၁၀နှစ်လောက် ဗုန်းဗုန်းလဲ၊ စိတ်ဓာတ်တွေကျနေသူတစ်ယောက်ဟ
ကိုထွန်းထွန်းဦးကတော့ စဥ့်ကူးဇာတိဖြစ်ပြီး ကိုမျိုးမင်းနဲ့ တူတူတွဲလို့ ထီရောင်းလာတာ ၂ လလောက်ပဲရှိပါသေးတယ်။ သူ့ကြည့်ရတာလည်း ဒီအလုပ်ပေါ် ဂုဏ်ယူမှုအပြည့်ပဲ။
သူတို့လိုပဲ တွန်းလှည်းလေးတွေနဲ့ ထီလိုက်ရောင်းတဲံ အလင်းသစ်အဖွဲ့ဝင် ခြေထောက်မသန်စွမ်းထီရောင်းသ
ထီလှည်းလေးတွေကိုယ်စီနဲ့ သူတို့ဟာ မနက်၈နာရီဆိုရင် မန္တလေးမြို့အနှံ့ထီရောင်းကြ
သူတို့သွားကြတဲ့နေရာတွေကတော
နေ့လည်စာ၊ ညနေစာကိုကြုံသလိုစားကြတယ်။ တစ်နေကုန်ထီလှည့်ရောင်းပြီး
သူတို့မှာ သူများပေးကမ်းတာကို အလကားရယူလိုစိတ်လည်းမရှိဘူး
မသန်စွမ်းသူချင်းတူတူတောင် သူတို့က ကိုယ့်လုပ်အားနဲ့ကိုယ်ရပ်တည
"အဲ့လို ခြေထောက်မသန်တာအကြောင်းပြပြ
ကိုမျိုးမင်းနဲ့ ထီရောင်းသူတစ်စုဟာ ထီရောင်းရုံတင်မက ဘ၀တူ ခြေထောက်မသန်စွမ်းသူတွေကို ကိုယ်ပိုင်ဝင်ငွေရအောင်၊လူေ
"ကျွန်တော်တို့ဟာ ခြေထောက်မသန်စွမ်းပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် သမ္မာအာဇီဝကျကျ ရှာဖွေစားသောက်လို့ရတဲ့ လုပ်ငန်းတွေရှိပါသေးတယ်။ မသန်ပေမယ့် စွမ်းပါသေးတယ်ဆိုတာ သက်သေပြရမယ်။ ဒါကြောင့်မို့ ဘ၀တူ မသန်စွမ်းတွေအနေနဲ့ ဘယ်တော့မှ စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်"လို့
ကိုမျိုးမင်းကဆိုလေရဲ့။
မန္တလေးမြို့ရဲ့ လမ်းပေါ်တွေမှာ တစ်လမ်းမဟုတ်တစ်လမ်း၊ တစ်နေ့မဟုတ် တစ်နေ့တော့ သူတို့တွေကို တွေ့ကြပါလိမ့်မယ်။ ခြေထောက်မသန်စွမ်းပေမယ့် ဘ၀ကို ဒူးမထောက်ခဲ့တဲ့ သူတို့ကိုတွေ့ရင် ထီလေးတစ်စောင်လောက်ဖြစ်ဖြစ်
Credit - ယဉ်ယဉ်နှောင်း
Ydnb times
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။