Returned Messages from Wives...
အိမ်ထောင်သည် အမျိုးသားတစ်စုဟာ ဘာသာရေးနဲ့ဆိုင်တဲ့ နေရာတစ်ခုမှာ လာရောက်စုရုံးကြပြီး သူတို့ရဲ့ ဇနီးသည်တွေနဲ့ အရင်ကလို ချစ်ခင်ကြင်နာတဲ့ ဆက်ဆံရေးကို ဘယ်လိုပြန်ပြီးတည်ဆောက်ကြမလဲ ဆိုတာ ဆွေးနွေးကြတယ်...
အစည်းအဝေးမှာ အကြီးအကဲတစ်ဦးက... "ခင်ဗျားတို့ အားလုံးထဲမှာ ဇနီးသည်ကို ချစ်တဲ့သူ ဘယ်နှစ်ယောက်ပါသလဲ..." လို့ စပြီးမေးလိုက်တယ်...

အမျိုးသားအားလုံးက သူတို့ရဲ့ ဇနီးသည်တွေကို ချစ်ကြောင်း လက်တွေ
မြှောက်ပြလိုက်တယ်... ဒီအခါ အကြီးအကဲက... "ဒါဆိုရင် ခင်ဗျားတို့
ဇနီးသည်တွေကို 'ချစ်ပါတယ်' လို့ နောက်ဆုံးပြောခဲ့တဲ့ အချိန်က
ဘယ်အချိန်လဲ..." လို့ ဆက်ပြီး မေးလိုက်တယ်...
တချို့ကလည်း ဒီနေ့.. တချို့ကျတော့လည်း မနေ့က.. အများစုကတော့ မမှတ်မိတော့ဘူးလို့ အသီးသီး ပြန်ဖြေကြတယ်... အဲဒီနောက် အကြီးအကဲက သူတို့ရဲ့ ဇနီးသည်တွေ အားလုံးထံ စမတ်ဖုန်းတွေကနေတဆင့် "I love you, Sweetheart." ဆိုတဲ့ စာသားကို ရေးပြီး ပို့ခိုင်းလိုက်တယ်...
ဇနီးသည်တွေက ပြန်ပြီးပို့လာမယ့် မက်ဆေ့တွေကိုလည်း သူတို့ထဲက အခြားအမျိုးသားတွေလည်း သိခွင့်ရအောင် စမတ်ဖုန်းတွေကို အလဲအလည်လုပ်ပြီး ဖတ်ရှုခိုင်းလိုက်တယ်...
ဇနီးသည်တွေက ပြန်ပို့လာတဲ့ မက်ဆေ့အချို့ကတော့....
၁။ "ဒါဘယ်သူလဲ?"
၂။ "လာပြန်ပြီလား? ဒီအရက်တွေကို ဆက်မသောက်ပါနဲ့တော့လို့ ရှင့်ကို ကျမပြောထားတယ် မဟုတ်လား?"
၃။ "ဒီမက်ဆေ့က တကယ် ဘယ်သူ့ကို ရည်ရွယ်တာလဲဆိုတာ မပြောရင်တော့... ဒီနေ့ ရှင် သေဖို့သာ ပြင်ထားပေတော့..."
၎။ "ကျမ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်?"
၅။ "ဒါက သီချင်းသံစဉ် အသစ်လား?"
၆။ "ရှင်က ဘာကို ဆိုလိုချင်တာလဲ?"
၇။ "ရှင် ဘာတွေ လုပ်ခဲ့ပြန်ပြီလဲ? ဒီတစ်ကြိမ်တော့ ကျမ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်?"
၈။ "ရှင် ငွေလိုနေပြန်ပြီပေါ့... ဟုတ်လား?"
၉။ "ဒါ တစ်ချိန်တုန်းကပါ... အခုတော့ မဟုတ်ပါဘူး.."
၁၀။ "ရှင် တခြားအမျိုးသမီး တစ်ယောက်နဲ့ လွန်လွန်ကျူးကျူး ဖြစ်လာပြီလား...?"
grin emoticon grin emoticon tongue emoticon tongue emoticon grin emoticon grin emoticon tongue emoticon tongue emoticon
ကိုမျိုး(lwanmapyay.blogspot.com)
#သုတဇုန် www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။