အာတိတ်ဝင် ရိုးစွန်းအတွင်းမှာ တည်ရှိနေတဲ့ Lofoten ကျွန်းကို လူတိုင်း တစ်ခေါက်လောက်တော့ လာရောက်ချင်ကြပါတယ်။ နော်ဝေးနိုင်ငံ မြောက်ပိုင်း အစွန်အဖျားဒေသရဲ့ နော်ဝေးပင်လယ် ထဲမှာ တည်ရှိနေတဲ့ Lofoten ကျွန်းမှာ လှပတဲ့ တောင်တန်းတွေ၊ ရှားပါးတဲ့ ပင်လယ်ငှက်မျိုးစိတ် တွေ၊ တစ်သက်မမေ့နိုင်မဲ့ ကမ်းခြေတွေ တည်ရှိနေပါတယ်။
ဒါ့အပြင် ဝင်ရိုးစွန်းဒေသလည်း ဖြစ်တာ ကြောင့် မေလ နှောင်းပိုင်း ကနေ ဇူလိုင်လ အထိ သန်းကောင်ယံနေ (midnight sun ) ကို လည်း မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာကနေ ဧပြီလလယ် ပိုင်းထိကတော့ မြောက်ပိုင်းအလင်းတန်း (Aurora ) တွေ ကို မြင်တွေ့ရမှာ ပါ။ ဗိုက်ကင်း ( Viking ) လူမျိုးစုရဲ့ ဒေသဖြစ်ခဲ့တာကြောင့် Vikingခေတ် ကပစ္စည်းတွေကို ပြသထားတဲ့ ပြတိုက်ကိုလည်း သွားရောက် လေ့လာ နိုင်ပါသေးတယ်။
Credit : Ayesay

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။