Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 4, 2015

ဒီဇိုင်နာ သက်နှင်းအေး (Dozo) ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ



မိဘရဲ့ အနုပညာ လုပ်ငန်းကို လက်ဆင့်ကမ်း အမွေအဖြစ် လုပ်ကိုင်နေကြတဲ့ မျိုးဆက်သစ် အနုပညာရှင်များစွာ ရှိကြပါတယ်။ လူသားတို့ရဲ့နေ့စဉ်ဘ၀မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်တဲ့ ၀တ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်နာတွေထဲက မိခင်ဖြစ်သူရဲ့ လက်ဆင့်ကမ်းအမွေ ရယူရင်း အောင်မြင်နေသူ လူငယ် ဒီဇိုင်နာ သက်နှင်းအေးရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။


ဒီဇိုင်နာ သက်နှင်းအေးကို မိဘများဖြစ်ကြတဲ့ ဦးကျော်သန်းနဲ့ ဒီဇိုင်နာ ဒေါ်သီတာဝင်း (Dozo) တို့က နိုဝင်ဘာ ၉ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မွေးချင်း အနေနဲ့ ညီမ အငယ်တစ်ယောက် ရှိပြီး ရန်ကုန်မှာပဲ မွေးဖွားခဲ့တာပါ။ ငယ်စဉ်ဘ၀ အမှတ်တရ အနေနဲ့ကတော့ အဘွားဖြစ်သူရဲ့ အလိုလိုက်မှုနဲ့ အရမ်း ချစ်ခံခဲ့ရမှုတွေကြောင့် ကလေးဆိုးလေး တစ်ယောက် ဖြစ်ခဲ့တယ်လို့ မသက်နှင်းအေးက ဖွင့်ဟခဲ့ပါတယ်။

“ငယ်ငယ်က တော်တော်လေး ဆိုးတယ်။ ထူးခြားတဲ့ အမှတ်တရက သီချင်းဖွင့်ထားပေးမှ အိပ်တယ်။ သီချင်းသံ ရပ်သွားရင် နိုးလာရော။ အဲဒါကတော့ အမှတ်တရပေါ့။ ငယ်ငယ်က ပါးဖောင်းဖောင်းလေးဆိုတော့
တွေ့တဲ့သူတိုင်းက ပါးလေးကို နမ်းချင်ကြတယ်။ ဒါပေမဲ့ ပါးကို အထိကို မခံဘူးလို့ မိဘတွေက ပြောပြကြတယ်။ ပြီးတော့ မေမေအရင်က ဆံပင်မိတ်ကပ်ဆိုင် ဖွင့်ထားတယ်။ အပြင်သွားခါနီးမှ အမေ့ဧည့်သည်တွေလာလို့ အမေ ကအားနာပြီး လုပ်ပေးနေရင် ဒေါသထွက်ပြီး ပန်းကန်တွေနဲ့ လိုက်ပေါက်တယ်လို့ ပြောဖူးပါတယ်” လို့ ငယ်ဘ၀ အမှတ်တရတွေကို ရယ်မောရင်းနဲ့ ဆိုပါတယ်။

ပညာရေးကတော့ သူငယ်တန်းကနေ န၀မတန်းအထိ TTC မှာ တက်ရောက် သင်ယူခဲ့ပြီး တက္ကသိုလ်ဝင်တန်းမှာတော့ ကြည်မင်းဟန် ဘော်ဒါကနေ တက်ရောက် ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။ ပညာရေးမှာတော့ ကျောင်းစာ လိုက်နိုင်ပေမယ့် အရမ်းစာတော်တဲ့ အထဲတော့ မပါဘူးလို့ ဆိုပါတယ်။ ငယ်စဉ် ကျောင်းသူ ဘ၀မှာ အားကစားကိုလည်း စိတ်ပါဝင်စားပြီး အားကစား အသင်းအဖွဲ့တွေ ၀င်ရောက်ခဲ့သူပါ။

မိခင်ဖြစ်သူရဲ့ ဒီဇိုင်း ပညာရပ်ကိုတော့ ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့သလို ၀ါသနာ ဗီဇကိုလည်း ငယ်စဉ်ဘ၀ ကတည်းကပဲ ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီဇိုင်နာ သက်နှင်းအေးက လေးတန်းကျောင်းသူ အရွယ်ကတည်းက စက်ချုပ်တတ်ပြီး နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ မိမိကိုယ်တိုင်အတွက် စိတ်ကြိုက် အ၀တ်အစားတွေ ချုပ်တတ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ မိခင်ဖြစ်သူရဲ့ Dozo ဒီဇိုင်း သင်တန်းကျောင်းနဲ့ ဂျပန်နိုင်ငံက ဖက်ရှင်တက္ကသိုလ်တို့ ပူးပေါင်း ကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲ တစ်ပွဲကို ရန်ကုန်မြို့ IBC မှာ ပြုလုပ်ခဲ့ရာမှာတော့ ဒီဇိုင်နာ သက်နှင်းအေးက ၀တ်စုံ ဖန်တီးမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ဒီဇိုင်နာ သက်နှင်းအေးက အဝေးသင် တက္ကသိုလ် တက်ရောက်ရင်း ဂျပန်ဘာသာစကား သင်ယူခဲ့ပါတယ်။ တစ်ဖက်ကလည်း မိခင်ဖြစ်သူရဲ့ Dozo ဒီဇိုင်း သင်တန်းကျောင်းမှာ ၀င်ရောက်ကူညီ သင်ကြားပေးခဲ့ပါတယ်။ ညပိုင်းတွေမှာလည်း မိခင်ဖြစ်သူရဲ့ ဒီဇိုင်း ဖန်တီးမှုတွေမှာ ကူညီရေးဆွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇိုင်နာတစ်ယောက် ဖြစ်လာစေမယ့် အဓိက အချိုးအကွေ့ တစ်ခုက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ဆေးရုံတက်နေရစဉ်ပါလို့ ပြန်လည် ပြောပြခဲ့ပါတယ်။

“အဝေးသင် စာမေးပွဲ ဖြေနေတုန်းမှာ မေမေ ရုတ်တရက် ဆေးရုံတက်ရတယ်။ အဲဒီနေ့က ကျောင်းကပြန်လာတော့ နောက်တစ်ရက်မှာ အရေးတကြီးပေးရမယ့် အပ်ထည် ရှိတယ်လို့ မေမေ့ဆိုင်က အစ်မတွေက ပြောတယ်။ သူကလည်း နိုင်ငံခြားကို ယူသွားမယ့်သူပေါ့။ ရက်ထပ်ချိန်းလို့ မရဘူးဆိုတော့ ကိုယ့်ဘာသာပဲ လုပ်ကြည့်မယ်ဆိုပြီး မေမေ ရေးမှတ်ထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး ကိုယ့်စိတ်ကြိုက်ပဲ ချုပ်ပေးဖြစ်တယ်။ နောက်ရက် အဲဒီအထည်ကို အပ်ထားတဲ့ အစ်မက လာဝတ်ကြည့်တဲ့အခါ ကိုယ်ကတော့ သူကြိုက်ပါ့မလားဆိုပြီး အရမ်း စိတ်လှုပ်ရှားနေတာပေါ့။ တကယ်တမ်း သူဝတ်ကြည့်တဲ့အခါ သူက အရမ်းကြိုက်တယ်။ အရမ်းပျော်သွားတာကို မြင်ရတယ်။ ကိုယ်ဖန်တီးပေးလိုက်တဲ့ အင်္ကျီလေးဝတ်ပြီး လူတစ်ဖက်သား ပျော်သွားတာကို မြင်ရတဲ့ အချိန်မှာ ကိုယ်ပါ လိုက်ပျော်တာ။ အဲဒီ ခံစားချက်ကပဲ ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ တွန်းအားပေးခဲ့တယ်လို့ ထင်ပါတယ်” လို့ ဒီဇိုင်နာ သက်နှင်းအေးက ပြောပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဂျပန်နိုင်ငံက Koran University မှာ ဒီဇိုင်း ဘာသာရပ်ကို  နှစ်နှစ်ကျော်ကြာ သွားရောက် လေ့လာ ဆည်းပူးခဲ့ပါတယ်။ သင်ယူလေ့လာမှုတွေတင် သာမကဘဲ လက်တွေ့ လုပ်ငန်းခွင်မှာလည်း ခြောက်လလောက် ၀င်ရောက် လုပ်ကိုင်ခဲ့ပြီး အတွေ့အကြုံကောင်းတွေ အများကြီး ရစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဒီဇိုင်းလောကထဲကို ထိုးဖောက် ၀င်ရောက်နိုင်ဖို့ တစ်နှစ်လောက် အချိန်ယူ ကြိုးစားခဲ့ရတယ်လို့ ဆိုပါသေးတယ်။

“ဒီပြန်လာတဲ့ အချိန်မှာ ဘယ်လို ထိုးဖောက်မလဲဆိုတာ တော်တော်လေးကို စဉ်းစားရပါတယ်။ မေမေက သူ့ဘာသာ ကျောင်းဖွင့်ထားပြီး သူ့ Customer နဲ့ သူပေါ့။ မီဒီယာကလည်း အဲဒီအချိန်က အခုလောက် မဖွံ့ဖြိုးသေးတော့ တော်တော်လေး ခက်ခဲပါတယ်။ အချိန်တစ်နှစ်လောက် အတွင်းမှာ အရမ်းကို ကြိုးစားခဲ့ရတယ်။ ပြီးတော့ ပထမဆုံး တစ်ကိုယ်တော် ရှိုးလုပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီ ပထမဆုံး ပွဲမှာလည်း ဒီမှာ ဖန်တီးလေ့မရှိတဲ့ ပုံစံမျိုးလေးတွေ ဖောက်ထွက် ဖန်တီးထားတာဆိုတော့ ဝေဖန်တာတွေလည်း ကြုံရသလို အားပေးမှုတွေလည်း ရခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဆက်ကြိုးစားပြီး ကိုယ်ပိုင် အောင်မြင်မှုတစ်ခု ရရှိအောင် ဆက်လုပ်ခဲ့ရပါတယ်” လို့ မသက်နှင်းအေးက ပြောပြခဲ့ပါတယ်။

ဒီဇိုင်နာ သက်နှင်းအေးက သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး အပါအ၀င် အနုပညာရှင်တွေရဲ့ ၀တ်စုံ ဖန်တီးမှုတွေနဲ့လည်း  ပရိသတ် အားပေးမှု ပိုမို ရရှိခဲ့ပါတယ်။

“အဲဒီတုန်းက မင်းသမီး တော်တော်များများရဲ့ ၀တ်စုံတွေကို ဖန်တီးပေးဖြစ်တယ်။ အထူးသဖြင့်တော့ ဖွေးဖွေးနဲ့က ညီအစ်မလို ဖြစ်နေတော့ ပိုပြီးလုပ်ပေးဖြစ်တယ်။ ပရိသတ်ကလည်း ဖွေးဖွေးအတွက် ဖန်တီးပေးတဲ့
ဝတ်စုံလေးတွေကို မှတ်မိအားပေးကြတယ်။ အထူးသဖြင့် ဖွေးဖွေး မွေးနေ့တစ်ခုမှာ ဆွံ့အနားမကြား ကျောင်းတစ်ခုကို သွားလှူတဲ့အခါ သူဝတ်ထားတဲ့ ၀တ်စုံလေးကိုကြည့်ပြီး အဲဒီကလေးတွေက အဲဒီဝတ်စုံလေးကို ဘယ်သူ ချုပ်ပေးတာလဲလို့ ၀ိုင်းမေးကြတယ်ဆိုတာ သိရတော့ အရမ်းပီတိ ဖြစ်မိတယ်။ ကိုယ်ချုပ်ပေးထားတဲ့ ၀တ်စုံလေးတွေကို သူတို့တွေ သဘောကျ ကြပါလားဆိုတာက အရမ်းကို ပျော်ရွှင်စေပါတယ်” လို့ အမှတ်တရ ပြောပြခဲ့ပါတယ်။

ဒီဇိုင်နာ သက်နှင်းအေးက မန္တလေးမြို့မှာ Dozo Design School ကို သွားရောက် ဖွင့်လှစ်ပြီး ဦးစီး သင်ကြားနေခဲ့ပါတယ်။ ၀တ်စုံ ဖန်တီးမှုတင် မကဘဲ အောင်မြင်တဲ့ သင်တန်းကျောင်းအဖြစ် ဖန်တီးနိုင်ခဲ့သလို မျိုးဆက်သစ် ဒီဇိုင်နာများစွာကိုလည်း ပေါ်ထွက်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီဇိုင်နာ သက်နှင်းအေးက Dozo Design School ကို ကောလိပ်တစ်ခု ဖြစ်အောင်ထိ တည်ထောင်သွားနိုင်ဖို့ ကြိုးပမ်းနေသလို ပိုမို အဆင့်မြင့်တဲ့ လေ့လာ သင်ယူမှုတွေကိုလည်း သူကိုယ်တိုင် ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါသေးတယ်။

“လတ်တလော ရည်မှန်းထားတာက ဒီဇိုင်းဘာသာရပ်ကိုပဲ နောက်ထပ် အဆင့်မြင့် လေ့လာမှုတွေ ထပ်လုပ်သွားမယ်။ သင်တန်းကျောင်းကိုလည်း ကောလိပ်တစ်ခု ဖြစ်တဲ့အထိ ကြိုးစား တည်ထောင်သွားမယ်။ အဓိက ကတော့ မျိုးဆက်သစ် ဒီဇိုင်းပညာရှင်တွေ များစွာ ထွက်ပေါ်လာစေချင်တယ်။ လူနေမှု ဘ၀ထဲက အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ဖက်ရှင် ဒီဇိုင်းတွေကို ဆန်းသစ် တီထွင်နိုင်တဲ့ သူများစွာ ရှိနေစေချင်တယ်” လို့ မသက်နှင်းအေးက လတ်တလော လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဒီဇိုင်နာ သက်နှင်းအေးက အောင်မြင် ပျော်ရွှင်တဲ့ လူနေမှု ဘ၀ပုံစံဖြစ်အောင် ကျင့်သုံးနေထိုင်ပြီး အလုပ်တစ်ခုတည်းမှာပဲ အချိန်ကုန် နစ်မြုပ်တာမျိုး မဟုတ်ဘဲ လုပ်ငန်းအတွက် ကြိုးစားအားထုတ်မှုအပြင် ကျန်းမာပျော်ရွှင်တဲ့ ဘ၀နေထိုင်မှု ပုံစံဖြစ်အောင် ကြိုးစား နေထိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဘ၀မှာ ရုန်းကန်ကြိုးစားရတာတွေ၊ ခက်ခဲ ပင်ပန်းမှုတွေများစွာ ကြုံတွေ့ခဲ့ရပြီး ဖြစ်လို့ လက်ရှိ အချိန်မှာတော့ လုပ်ငန်းခွင်နဲ့ ဘ၀နေထိုင်မှု အချိုးညီမျှမှုရှိအောင် ကျင့်ကြံ နေထိုင်တတ်နေပြီဆိုတာ သတင်းစကားပါးရင်း ငယ်ဘ၀ ဖြတ်သန်းမှုတွေကို အဆုံးသတ် ပြောပြခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ နေ့စဉ် လူနေမှု ဘ၀တွေထဲက အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်း ပညာရပ်နဲ့ ထင်ရှား အောင်မြင်သူ လူငယ်ဒီဇိုင်နာ သက်နှင်းအေးရဲ့ ပျော်ရွှင် အောင်မြင်တဲ့ ဘ၀ဖြစ်လာဖို့ အဆင့်ဆင့် ဖြတ်သန်းခဲ့ပုံတွေကို လေ့လာ ဖတ်ရှုခဲ့ရမှာပါ။ အောင်မြင်သူတွေရဲ့မတူကွဲပြားတဲ့ ဘ၀ဖြတ်သန်းမှုတွေ ထဲကနေ လေ့လာ အတုယူစရာ၊ သင်ခန်းစာယူစရာ အချက်အလက်များစွာကို ရရှိနိုင်ပါစေလို့ မျှော်လင့်ရင်း ဒီကဏ္ဍလေးကို ဒီနေရာမှာ ခေတ္တ ရပ်နားပါရစေ။       
Writer: 
လင်းလင်းခိုင်
 http://news-eleven.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။