"ချစ်ဗျူဟာ"
.
.
ကျနော် အထက်တန်းကျေင်းသားဘဝက မြေလတ်မြို့လေးတစ်မြို့မှာ ကျောင်းတက်ခဲ့ရတယ်။
သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်... မောင်မောင်နိုင် တဲ့။
ဒီကောင်က လူရှုပ်။
ဒီခေတ်အခေါ်ဆို 'ဖွန်ကြောင်' တာပေါ့။
တစ်နေ့တည်းနဲ့ ကောင်မလေး ၃ - ၄ ယောက်လောက်ကို ရည်းစားစာလိုက်ပေးတာ။
အဲ မြို့လေးမှာ သူရည်းစားစာ မပေးဖူးတဲ့သူ မရှိသလောက်ပဲ။

ရ သလားဆိုတော့လည်း မရဘူး။
ဘယ်ရမလဲ
မြို့ကသေးသေးလေး
တွေ့သမျှလူ လိုက်စာပေးနေတာ အားလုံးက သိတာပေါ့။
ဒီတော့ တော်ရုံမိန်းကလေးက ဘယ်လိုလုပ် ပြန်ကြိုက်မလဲ။
ဒီကောင်ရဲ့ "ရည်းစားရရှိရေး ဗျူဟာ" က တစ်မျိုးဗျ။
"မိန်းကလေး ဆယ့်လေးငါးယောက်ကို ချစ်ရေးဆိုကြည့်မယ်၊ အဲ့ဒီထဲက စိတ်မခိုင်တဲ့ တစ်ယောက်လောက်က ပြန်ကြိုက်ရင် အမြတ်"... တဲ့။
ကောင်းဘူးလား။
ဒါကို ကျနော်က "မောင်မောင်နိုင့်ဗျူဟာ" လို့ ခေါ်ချင်တယ်။
ခက်တာက...
ဒီကောင်ရဲ့ ဗျူဟာကို ဒီနေ့ ဖေ့စဘုတ်မှာ သုံးလာကြတာကို တွေ့နေရတယ်။
ပြောပြအုံးမယ်... ...။
ကျနော့်ကို အဟုတ်မှတ်ပြီး လာတိုင်ပင်တဲ့ ကလေးမတွေရှိတယ်။
တလောလေးကပါ
ကောင်မလေးတစ်ယောက်က လာပြောတယ်... ...
သူ့ကို ကောင်လေးတစ်ယောက်က CB ကနေ ရည်းစားစကား လာပြောနေတယ်တဲ့၊ ပြန်မပြောရင် Free call နဲ့ မနားတမ်း ခေါ်နေရော တဲ့၊ နောက်ဆုံး သည်းမခံနိုင်တော့လို့ Block လိုက်ရတယ်... တဲ့။
ဒါနဲ့...
ပြကြည့်စမ်း... ဆိုတော့၊ သူက စခရင်ရှော့ရိုက်ပြီး ပို့တယ်။
ကြည့်လိုက်တော့... ...
လား လား....
မကြာခင်ကမှ တခြားကောင်မလေးတစ်ယောက် လာပြောထားတဲ့ အကောင် ပဲ။
အဲ့ ကလေးမကိုလည်း သူက သွားကြူထားသေးတာကိုး။
ပြောထားတဲ့ စကားတွေကလည်း တပုံစံတည်း။ (copy and paste) များလုပ်ပြီး တွေ့သမျှကောင်မလေးတွေကို လိုက်ပို့နေလား မသိဘူး။
ဆိုတော့.... ...
ကျနော်ပြောချင်တာက .. ...
အပြင်မှာလည်း တခါမှ မတွေ့ဖူးဘူး၊ တစ်ယောက်အကြောင်း တစ်ယောက်လည်း ဘာမှ မသိဘူးဘဲနဲ့ ... 'မြင်မြင်ခြင်း ချစ်မိပါတယ်၊ မြတ်နိုးမိပါတယ်၊ တသက်လုံးချစ်မှာပါ၊ ဘဝမှာ တစ်ယောက်ထဲ ချစ်မိတာ၊ မင်းရဲ့အလှမှာ ကိုယ့်ဘဝ ကျဆုံးခဲ့ရပါပြီ ယုံပါ ဘာညာ သာရကာ မဆလာ"... တွေ ပြောပြီး ကိုယ့်လာကြူရင် အဟုတ်မှတ်မနေနဲ့။
အွန်လိုင်းမှာ မိန်းကလေးခပ်ချောချာ ၁၄ - ၅ ယောက်ကို ပြောကြည့်မယ်
တစ်ယောက်လောက်ဆီက တုန့်ပြန်မှုရလည်း နည်းလား... ဆိုတဲ့ "မောင်မောင်နိုင့်ဗျူဟာ" ကို သုံးနေတာ။
၁ဝ ယောက်၊ အယောက် ၂ဝ လောက် ပြောကြည့်လို့ အရင်းမှ မစိုက်ရတာ၊ ပြန်မရလည်း အရှုံးမရှိဘူးလေ။
တကယ်က...
ကိုယ့်ကို အဲလိုလာပြောလို့ သာယာမနေကြဖို့ပါ။
တကယ်ချစ်လို့ လာပြောနေတာမဟုတ်ဘဲ 'ရမလားလို့ အကဲလာစမ်းတာ' သာ ဖြစ်တယ်။
သေချာတွေးကြည့်ရင်...
ကိုယ့်ကို အထင်သေးတာ၊ လွယ်လွယ်ပြော လွယ်လွယ်ရမလား လို့ သွေးတိုးစမ်းနေတာ။
ဒါ... အထင်သေးလို့လို့ မဟုတ်ရင် ဘာလဲ။
ဒါကို...
ဥာဏ်နည်းတဲ့ ကလေးတွေ
ခပ်နုံနုံ ကလေးတွေ
ကိုယ့်ကိုကိုယ် အဟုတ်မှတ်နေတဲ့ ကလေးတွေကတော့ ယုံမှာပေါ့။
သူတို့ကလည်း...
အဲလို မိန်းကလေးမျိုးကို ရွေးပြီး တိုက်စစ်ဆင်တတ်တယ်။
ဆိုတော့...
ချုပ်ပြီးပြောရရင်
"ရမလားလို့ စမ်းတာ"
"အထင်သေးလို့ အကဲစမ်းတာ"... ဆိုတာ မှတ်ထားကြစေချင်တယ်။
ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး။
ကျနော်လည်း ယောက်ျားတစ်ယောက်ပါ။
လွယ်မယ်ဆိုရင်ဖြင့် တပွဲတလမ်းလောက်တော့ စမ်းကြည့်ချင်တယ်လေ။
ဒါ ကျားသဘာဝ။
မိန်းကလေးတို့ ဆင်ခြင်နိုင်ကြအောင်လို့ပါ။
ကြိုက်သလို ဝေဖန်နိုင်ပါတယ်။
.
.
ဆြာကြီး - သန်၎ကို

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။