Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 25, 2015

ထွေထွေပြားပြား စာလုံးပေါင်းများ

ထွေထွေပြားပြား စာလုံးပေါင်းများ
==============
စာလုံးပေါင်းသတ်ပုံနှင့် ပတ်သက်၍ ဟိုလိုရေးရမလို ဒီလိုရေးရမလို မသဲမကွဲဖြစ်တတ်သော ပြဿနာများတွင် တ နှင့် တစ် ပြဿနာလည်း တစ်ခုအပါအ၀င်ဖြစ်သည်။

ဘယ်စာလုံးကို တ ဟု ရေ့းမည်။ ဘယ်စာလုံးကို တစ်ဟုရေးရမည်ဆိုသည်ကို မကြာခဏပင် မသဲမကွဲ ဖြစ်တတ်ကြသည်။


ဤပြဿနာကို အလွယ်ဆုံးဖြေရှင်းနည်းမှာ မြန်မာစာအဖွဲ့က ပြုစုထုတ်ဝေထားသော မြန်မာစာလုံးပေါင်းသတ်ပုံကျ
မ်းကို အနားမှာထားပြီး မသဲမကွဲဖြစ်သည့်အခါတိုင်း လှန်ကြည့်ရန်ဖြစ်ပါသည်။

သို့သော် စာလုံးပေါင်းသတ်ပုံကျမ်းကို
အမြဲတမ်းအနားမှာထားဖို့ လွယ်ချင်မှ လွယ်ပါလိမ့်မည်။ ဤဆောင်းပါးတွင်မူ တ - တစ် ပြဿနာနှင့် ပတ်သက်၍ မှတ်သားထားသင့်သော အချက်အချို့ကို တင်ပြမည်ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ကိန်းဂဏန်းအရေအတွက် သဘောသက်ရောက်လျှင် တစ် ဟုသုံးရန်။ အရင်းခံစကားလုံးကို ရှေ့ကတွဲဆက်ရသည့် စကားလုံးမျိုးဖြစ်လျှင် တ ဟု သုံးရန်ဟူ၍ မှတ်သားနိုင်ပါသည်။

တစ်ကိုယ်တည်း၊ တစ်ခဏချင်း၊ တစ်ခြမ်း၊ တစ်ဝက်၊ တစ်ဆင့်၊ တစ်ပြိုင်နက်၊ တစ်သီးပုဂ္ဂလ၊ တစ်ဟုန်ထိုး၊ တစ်နေ့ စသည့်စကားလုံးများတွင် တစ် ဟုရေးကြောင်း တွေ့ရပါသည်။ အရေအတွက် တစ် သဘောသက်ရောက်သောကြောင့် ဖြစ်သည်။ တကွဲတပြား၊ တခမ်းတနား၊ တငေးတမော၊ တပင်တပန်း၊ တရင်းတနှီး တို့တွင် တ ဟု ရေးပါသည်။ ကွဲပြား၊ ခမ်းနား၊ ငေးမော၊ ပင်ပန်း၊ ရင်းနှီး ဆိုသော အရင်းခံစကားလုံးများတွင် တစ်လုံးစီ၏ရှေ့က တ တွဲပြီး အဆက်ပစ္စည်း စကားများအဖြစ် သုံးခြင်းဖြစ်သည့်အတွက် တ ဟု ရေးခြင်းဖြစ်သည်။ ထို့အတူ တကြော်ကြော်ခေါ်၊ တငြိမ့်ငြိမ့်စီး၊ တမှိုင်မှိုင် တတွေတွေနေ၊ တငိုငိုတရီရီဖြစ်၊ တတွတ်တွတ်ပြော စသည့် ကြိယာအထူးပြုများ၊ တ၀ုန်းဝုန်း၊ တဒိုင်းဒိုင်း၊ တဂွမ်ဂွမ် စသည့်မြည်သံစွဲစကားများကိုလ
ည်း တ ဟု ရေးရပါသည်။ တကယ်၊ တကွ၊ တခြား၊ တချို့၊ တ၀ (တ၀တပြဲ) စသည်တို့ကိုလည်း တ ဟု ရေးရပါသည်။

တ ရော တစ် ရော ၂ မျိုးပါသည့် စကားလုံးအချို့ရှိပါသည်။ သီးသန့်မှတ်သားထားလျှင် မမှားနိုင်ပါ။ တချို့တစ်ဝက်၊ တစ်ယောက်တလေ၊ တစ်ခုတလေ၊ တစ်ခါတလေ၊ တစ်နေ့တခြား စသည်တို့ဖြစ်သည်။ လူလည်း တစ်ထွေ၊ ရေလည်းတခြား ဟူသော အသုံးကို သတိပြုနိုင်ပါသည်။

ကိန်းဂဏန်း တစ်ဟု အဓိပ္ပါယ်ရသော်လည်း အစဉ်အဆက် တ နှင့်ရေးခဲ့သော ကိုယ်ပိုင်အမည်များကိုမူ၊ မူလအတိုင်း တ နှင့်ရေးရန်ဖြစ်သည်။ ကိုယ်ပိုင်အမည်များကို မြန်မာစာလုံးပေါင်းသတ်ပုံကျ
မ်းတွင် ပြဌာန်းသတ်မှတ်ထားခြင်း မရှိပါ။ ဗိုလ်တထောင်ဘုရား၊ ထန်းတပင်မြို့၊ တပင်ရွှေထီး စသည့်အမည်များ ဖြစ်သည်။

တ နှင့် ရေးရမည်ကို တစ် နှင့် မှားရေးတတ်ကြသော စာလုံးများ ရှိပါသည်။ အမှန်တစ်ကယ်၊ အများတစ်ကာ၊ အတူတစ်ကွ စသည့်စာလုံးများ ဖြစ်သည်။ တကယ်၊ တကာ၊ တကွ ဟု ရေးမှ မှန်ပါလိမ့်မည်။

နောက်ပြဿနာတစ်ခုမှာ ကိုယ့်ကိုယ်ကို၊ ကိုယ့်ကိုကိုယ်၊ ကိုယ့်ကိုယ်ကို ဟူသော ရေးပုံ ၃ မျိုးတွင် ဘယ်ရေးပုံက မှန်ပါသလဲဟု မေးတတ်ကြပါသည်။ ၃ မျိုးစလုံး ရေးနေကြသည့်အတွက် ဘယ်ရေးပုံမှန်သလဲဟု ဇဝေဇ၀ါဖြစ်တတ်ကြပါသည်။

စာလုံးပေါင်းအမှန်ကိုမပြောမ
ီ ထိုစာလုံး၏ အသုံးအနှုန်းကို အရင်စဉ်းစားကြည့်သင့်ပါသည်။ မြန်မာစကားမှာ ကိုယ်တိုင်ပြုမူ ပြောဆို တွေးကြံသည့်ကိစ္စများကို ဖော်ပြသည့်အခါ ‘ငါ့ကိုယ်ငါ၊ ကျွန်တော့်ကိုယ်ကျွန်တော်၊ ကျွန်မကိုယ်ကျွန်မ၊ မင်းကိုယ်မင်း၊ နင့်ကိုယ်နင်၊ သူ့ကိုယ်သူ’ ဟူ၍ သုံးကြပါသည်။ ထိုအသုံးအားလုံး မှန်ပါသည်။ ကိုယ်ခန္ဓာဟူသော သဘောဖြင့် ကိုယ်ဟူသော စကားလုံးကို အလယ်ကထား၍ သုံးခြင်းဖြစ်သည်။ မိမိကိုယ်မိမိ ဟုလည်း သုံးပါသည်။ ကိုယ် ၏ ရှေ့နောက်တို့တွင် ‘ကျွန်တော်၊ ငါ၊ သင်’ စသည့်နာမ်စားတစ်လုံးကို နှစ်ခါထပ်သုံးခြင်း ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ကိုယ် ဆိုသည်မှာလည်း ငါ၊ မင်း၊ သူ တို့ကဲ့သို့ နာမ်စားတစ်ခု ဖြစ်ပါသည်။ ‘ကိုယ့်အကြောင်းကိုယ် ပြန်တွေးမိပါတယ်’၊ ‘မင်းကကိုယ်သိတာ ကိုယ်ပြောမှပေါ့’ စသည်ဖြင့် ပြောသူကိုရော နာသူကိုပါ ရည်ညွှန်းနိုင်သော နာမ်စားဖြစ်ပါသည်။ သို့ဆိုလျှင် ‘သူ့ကိုယ်သူ’၊ ‘ငါ့ကိုယ်ငါ’၊ ‘မိမိကိုယ်မိမိ’ စသည့်အသုံးများတွင် သူ၊ ငါ၊ မိမိ ဟူသော နာမ်စားများ၏ နေရာမှာ ‘ကိုယ်’ ဟူသော နာမ်စားကို အစားထိုးသုံးချင်လျှင် ဘယ်လိုရေးရပါမည်လဲ။ ‘ကိုယ့်ကိုယ်ကိုယ်’ ဟု ရေးရမည်မဟုတ်ပါလား။ ထိုသို့ရေးမှသာ အခြားအသုံးများနှင့် သုံးပုံချင်း တူပါလိမ့်မည်။
…….
အချုပ်အားဖြင့်ဆိုရလျှင် ‘ကိုယ့်ကိုယ်ကိုယ်’ဟူသော စာလုံးပေါင်းမှာ အမှန်ပင်ဖြစ်သည်။ လွယ်လွယ်မှတ်မည်ဆိုလျှင် ‘သူ့ကိုယ်သူ’တွင် ‘ကိုယ်’၏ ရှေ့နှင့်နောက်မှာ ‘သူ’ နှစ်ခါထည့်ရသလို၊ ‘မိမိကိုယ်မိမိ’ တွင် ‘ကိုယ်’၏ ရှေ့နှင့်နောက်မှာ ‘မိမိ’ နှစ်ခါထည့်ရသလို ‘ကိုယ့်ကိုယ်ကိုယ်’ တွင်လည်း ‘ကိုယ်’၏ ရှေ့နှင့်နောက်မှာ ‘ကိုယ်’ နှစ်ခါထည့်ရခြင်း ဖြစ်သည်ဟု မှတ်နိုင်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

( မြန်မာစာလုံးပေါင်းသတ်ပုံကျ
မ်းကို အွန်လိုင်းမှာ ပြုစုထားတဲ့ဝက်ဘ်ဆိုက်ရှိပါတယ်။ အဲသည်နေရာမှာ စာလုံးပေါင်းအမှားအမှန် စစ်နိုင်ပါတယ်။ လိပ်စာက http://myanmarwords.pikay.org/ ပါ။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

စုပြည့်စုံ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။