ဒီနေ့ထုတ် ဧရာဝတီဂျာနယ်မှာ
ပါဝင်တဲ့ ကိုလေးဖြူ အင်တာဗျူး
.
.
.
"ကျနော် နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ် ခင်ဗျ"
အဆိုတော် လေးဖြူနဲ့ တွေ့ဆုံခြင်း
The Irrawaddy
ဂီတပုံစံတွေ မျိုးစုံထွက်ပေါ်လာပေမယ့်
Rock ဂီတကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမယ့်
ဂီတတစ်ခု မဟုတ်ဘူးဆိုတာ
Rock ပရိသတ်တွေ သိနေပါတယ်။
ဒါကြောင့် Rock ဂီတက နှလုံးသားချင်း
ဆက်နွှယ်နေပြီး လူတွေရဲ့  ရင်ခုန်သံပေါ်မှာ
အခြေပြု တည်ဆောက်ထားတဲ့ ဂီတဖြစ်လို့
ခံစားတတ်တဲ့လူသားတွေ ရှိနေသရွေ့ 
Rock ကလည်း ပျောက်ကွယ်သွားမှာ
မဟုတ်ဘူးလို့ ဆိုလာတဲ့
I.C Band ရဲ့  အဆိုရှင် ရော့ခ်ကာကြီး လေးဖြူကို
ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က
တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - အခု I.C အဖွဲ့က ဖျော်ဖြေမယ့်ပွဲတွေမှာ JBL က စက်ပစ္စည်းတွေနဲ့ လဲပြီး ဖျော်ဖြေမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ ဒီလို စက်ပိုင်းဆိုင်ရာက သီဆိုဖျော်ဖြေမယ့် အဆိုတော်အတွက် ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်တယ်လို့ ကိုလေးဖြူ မြင်မိပါသလဲ။
ကိုလေး - အများကြီး သက်ရောက်မှု ရှိတာပေါ့။ အခု ကျနော်တို့ စကားပြောနေတဲ့အသံက ဒီလောက်ပဲ ရှိတာလေ။ ဒါကို လူတစ်သိန်းကြားအောင်
ချဲ့ ရတဲ့အခါမှာ မလိုလားအပ်တဲ့ Noise တွေ ပေါ်လာမှာပဲ။ မလိုလားအပ်တဲ့ အသံတွေ ထွက်ပေါ်လာတယ်။ အဲဒါတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်တဲ့ System ကို စောင့်ကြည်နေတာ။ ဒီပစ္စည်းတွေက ဒီဘက်ခေတ်မှ ရောက်လာတာလေ။ နားထောင်တဲ့သူတွေနဲ့ ထုတ်လွှတ်တဲ့ကြားမှာ အသံကို အကောင်းဆုံးဖြစ်စေတယ်။ ဒီ System က လာတဲ့ပရိသတ်ကို Calculate လုပ်ပြီးမှ ထုတ်တာလေ။ လူဦးရေ ၆ ထောင်ရှိရင် ၆ ထောင်အတွက် ထုတ်လွှတ်ပေးတဲ့ System တွေ၊ Software တွေက တဆင့်လွှတ်ပေးတာ။ လူတစ်သိန်းဆိုရင်လည်း Force ဘယ်လောက်နဲ့ သွားမယ် အသေးစိတ် Detail ကို ကွန်ပျူတာနဲ့ တွက်ပြီးတော့မှ အသံကို ထုတ်ပေးတာ။ သူက ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ခန့်မှန်းလို့ ရလောက်ပြီပေါ့။ အရင်တုန်းက ဒီလိုမျိုးတွေ မရှိခဲ့ဘူးလေ။ အခု ဒါက ခေတ်ပြောင်းသွားတဲ့ သဘောလေ။
မေး - အခုနောက်ပိုင်း Show ပွဲတွေမှာ လာကြည့်တဲ့ ပရိသတ်ရော၊ အဆိုတော်တွေရော စင်အပြင်အဆင်တွေကရော အများကြီး ပြောင်းလဲလာပြီလို့ ကိုလေးဖြူက ပြောတယ်။ တခြား အပိုင်းတွေမှာ ပြောင်းလဲလာဖို့ကရော ဘာတွေလိုအပ်တယ်လို့ မြင်မိပါလဲ။
ကိုလေး - ကျနော်တို့ဘက်ကလည်း လိုက်လျောညီထွေစွာ လိုက်ပြီးတော့ ပြောင်းရမယ်ပေါ့။
ဥပမာ - ပြောင်းလဲချင်ကြတာတော့ တစ်နိုင်လုံးကပဲလေ။ အစိုးရကအစ ပြည်သူလူထုအဆုံး အကုန်လုံးက ပြောင်းလဲချင်ကြတယ်။ ပြောင်းလဲချင်ကြတာကို ကျနော်တို့က ဘယ်လိုမျိုး Message ပေးလဲဆိုတော့ မိမိကိုယ်ကိုယ်လည်း အရင်ပြောင်းလဲပါဦး။ မိမိကိုယ်ကနေ အရင်စပါလို့ အဲဒီ Message လေး ပေးချင်ပါတယ်။
မေး - ဂီတနဲ့ပတ်သက်ပြီး မေးချင်တာက အခုနောက်ပိုင်းမှာ အဆိုပြိုင်ပွဲတွေကလည်း အများကြီးရှိလာပြီး၊ ပရိသတ်သိတဲ့ပွဲရော၊ မသိတဲ့ပွဲတွေရော အများကြီးပဲ။ ဒီလို များပြားစွာ ပေါ်လာတဲ့ပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီးရော ဘယ်လိုများ မြင်မိပါသလဲ။
ကိုလေး - နည်းတောင် နည်းပါသေးတယ်။ အမှန်တကယ် ဒီထက်အများကြီး ပေါ်လာရမှာ။ နည်းသေးတယ်ဆိုတာက ဒီလိုလေ။ ကောင်းမွန်တဲ့ လူတစ်ယောက် ထွက်ပေါ်ဖို့အတွက် အများကြီးထဲကမှ ပိုပြီးအရည်အချင်းရှိတဲ့သူ ထွက်ပေါ်တာလေ။ အဲဒါရှိတယ်။ အများကြီးရှိမှ အဲဒီအထဲက တကယ်တော်တဲ့သူတဲ့ တစ်ယောက်က ထွက်လာမှာ။ သုံးလေးယောက်ပဲ ရှိတဲ့အထဲက တစ်ယောက်ထွက်လာရင် စဉ်းစားကြည့်လေ။ အရေအတွက် များတဲ့ထဲက ထွက်တာနဲ့ နည်းတဲ့ထဲက ထွက်တာနဲ့လေ။
မေး - နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။
ကိုလေး - ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။
မေး - ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လိုပြောင်းလဲမှုကို မျှော်လင့်ထားတာမျိုးရော ရှိပါလား။
ကိုလေး - ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ် အစိုးရက ပြောင်းလဲမယ်။ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ Music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ပြောင်းလဲရမှာပဲ၊ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့၊ ဂီတအမျိုးအစားတို့၊ အမှန်က Music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develop ဖြစ်နေရမှာလေ၊ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုထဲကိုပဲ ထုံပြီး ဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက်ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှစ်ခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့် သူများတွေက ပြောကြတယ် Rock Will Never Die ဆိုပြီးတော့လေ။ ကျနော်တို့လဲ အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့ နောက်ပြီး Data Travelling ပေါ့။ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတို့ ဘယ်လိုဖြန့်ဖြူးမလဲဆိုတဲ့ နည်းစနစ်တွေရော ပြောင်းလဲရမှာပေါ့။ အခုဆိုရင် သီချင်းတွေကို ဟန်းဖုန်းကနေ ၀ယ်လို့ရနေပြီ။ ကျနော်တို့ အရင်တုန်းကဆိုရင် ဘားလမ်းမှာ သွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ၀ယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ၀ယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ။
မေး - ဒီဘက်ခေတ် အရည်အသွေးမြင့် စက်ပစ္စည်းတွေရဲ့  အထောက်အပံ့ အများကြီး ရလာတဲ့ အခုခေတ်မှာ အနုပညာဖန်တီးသူရဲ့  အရည်အသွေးပိုင်းဆိုင်ရာမှာ ပိုပြီး မြင့်တက်လာမလား၊ ဆုတ်ယုတ်သွားနိုင်မလားဆိုတာ ကိုလေးဖြူရဲ့  အမြင်ကိုလည်း သိချင်ပါတယ်။
ကိုလေး - နှစ်ခုစလုံး ရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတဲ့ဟာကလည်း ရှိတယ်။ နှစ်ခုစလုံး တွဲယူရတယ်။ ကောင်းတဲ့ဟာကျတော့ သူက Individual အရမ်းလုပ်လို့ ရသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ High Technology အသစ်တွေနဲ့ လူတွေကို သီချင်းကို တစ်ယောက်တည်း ရေးလို့ရအောင်၊ သီချင်းအသစ်တွေကို တစ်ယောက်တည်း လုပ်လို့ ရသွားအောင်၊ တစ်ယောက်တည်း စုစည်းလို့ ရသွားအောင်၊ တစ်ယောက်တည်း Composing မှာ တစ်ယောက်တည်း လုပ်လို့ရအောင် ပစ္စည်းတွေ ပေါ်ပေးတယ်။ တကယ့် အခြေခံ Base က ရေးတဲ့သူရဲ့  နှလုံးသားကပဲ အဓိက ကျတယ်။ သူ့ဆီက ထွက်လာတဲ့ ဟာကသာ အဓိကပဲ။ ကျန်တဲ့ဟာတွေက Tools တွေပဲလေ။ လက်နက် ကိရိယာတွေပဲ။ ဒါတွေနဲ့ အားသုံးပြီးမှ ထုတ်လို့ရတာ။ အခုက ဘာခေတ်ရောက်နေလဲဆိုတော့ Tools တွေ အရမ်းများတယ်။ ဒါပေမယ့် ဒီရင်ထဲက ဖြစ်လို့ လိုတယ်။ ဒါက ကောင်းသွားတယ်။ တိုးတက်တဲ့ အပိုင်းပေါ့။ ပစ္စည်းတွေ များလာတာ။ မကောင်းတာတွေက ဘာတွေလဲဆိုတော့
ဒီဟာကို တန်ဖိုးထားမှုတွေ။
ဥပမာ - နင်လည်း လုပ်တတ်တယ်။ ငါလည်း လုပ်တတ်တယ်။ လူတိုင်း လုပ်တတ်တယ်။ ဒါဟာ ဘာမှမဆန်းဘူးဆိုတဲ့ဟာမျိုး။
Music For free ဆိုတဲ့ဟာမျိုးတွေ၊ တချို့  လွဲမှားတဲ့ အတွေးအခေါ်တွေ
ကလေးတွေမှာ ဖြစ်သွားဖို့ Chance များတယ်။ သူက နှစ်ခုကို တွဲယူရတာကိုး။
အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေမှာပဲ။ တစ်ခုတည်း ယူလို့မရဘူး။
မေး - Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှုအပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ်ပြောပြချင်လဲ။
ကိုလေး - ကျနော်ကတော့ Blind Faith ပဲပြောပြော
Rock Music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိနားလည်မှာမဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက်နားလည်ရတဲ့အလုပ်
သူတီးတဲ့ Bass နဲ့ သူတီးတဲ့ Drum နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ၊ နှလုံးသားချင်း ချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး၊ အခြေခံပြီးလုပ်နေရတဲ့ အတွက် လူတွေရှိနေဦးသမျှ သူကလည်း ရှိနေဦးမှာပါ။
The Irrawaddy
Vol.2 No.51
December 27, 2015
----------------။--------- ---------
\m/ Welcome to Rock 'n' Roll \m/
ပါဝင်တဲ့ ကိုလေးဖြူ အင်တာဗျူး
.
.
.
"ကျနော် နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ် ခင်ဗျ"
အဆိုတော် လေးဖြူနဲ့ တွေ့ဆုံခြင်း
The Irrawaddy
ဂီတပုံစံတွေ မျိုးစုံထွက်ပေါ်လာပေမယ့်
Rock ဂီတကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမယ့်
ဂီတတစ်ခု မဟုတ်ဘူးဆိုတာ
Rock ပရိသတ်တွေ သိနေပါတယ်။
ဒါကြောင့် Rock ဂီတက နှလုံးသားချင်း
ဆက်နွှယ်နေပြီး လူတွေရဲ့  ရင်ခုန်သံပေါ်မှာ
အခြေပြု တည်ဆောက်ထားတဲ့ ဂီတဖြစ်လို့
ခံစားတတ်တဲ့လူသားတွေ ရှိနေသရွေ့ 
Rock ကလည်း ပျောက်ကွယ်သွားမှာ
မဟုတ်ဘူးလို့ ဆိုလာတဲ့
I.C Band ရဲ့  အဆိုရှင် ရော့ခ်ကာကြီး လေးဖြူကို
ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က
တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - အခု I.C အဖွဲ့က ဖျော်ဖြေမယ့်ပွဲတွေမှာ JBL က စက်ပစ္စည်းတွေနဲ့ လဲပြီး ဖျော်ဖြေမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ ဒီလို စက်ပိုင်းဆိုင်ရာက သီဆိုဖျော်ဖြေမယ့် အဆိုတော်အတွက် ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်တယ်လို့ ကိုလေးဖြူ မြင်မိပါသလဲ။
ကိုလေး - အများကြီး သက်ရောက်မှု ရှိတာပေါ့။ အခု ကျနော်တို့ စကားပြောနေတဲ့အသံက ဒီလောက်ပဲ ရှိတာလေ။ ဒါကို လူတစ်သိန်းကြားအောင်
ချဲ့ ရတဲ့အခါမှာ မလိုလားအပ်တဲ့ Noise တွေ ပေါ်လာမှာပဲ။ မလိုလားအပ်တဲ့ အသံတွေ ထွက်ပေါ်လာတယ်။ အဲဒါတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်တဲ့ System ကို စောင့်ကြည်နေတာ။ ဒီပစ္စည်းတွေက ဒီဘက်ခေတ်မှ ရောက်လာတာလေ။ နားထောင်တဲ့သူတွေနဲ့ ထုတ်လွှတ်တဲ့ကြားမှာ အသံကို အကောင်းဆုံးဖြစ်စေတယ်။ ဒီ System က လာတဲ့ပရိသတ်ကို Calculate လုပ်ပြီးမှ ထုတ်တာလေ။ လူဦးရေ ၆ ထောင်ရှိရင် ၆ ထောင်အတွက် ထုတ်လွှတ်ပေးတဲ့ System တွေ၊ Software တွေက တဆင့်လွှတ်ပေးတာ။ လူတစ်သိန်းဆိုရင်လည်း Force ဘယ်လောက်နဲ့ သွားမယ် အသေးစိတ် Detail ကို ကွန်ပျူတာနဲ့ တွက်ပြီးတော့မှ အသံကို ထုတ်ပေးတာ။ သူက ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ခန့်မှန်းလို့ ရလောက်ပြီပေါ့။ အရင်တုန်းက ဒီလိုမျိုးတွေ မရှိခဲ့ဘူးလေ။ အခု ဒါက ခေတ်ပြောင်းသွားတဲ့ သဘောလေ။
မေး - အခုနောက်ပိုင်း Show ပွဲတွေမှာ လာကြည့်တဲ့ ပရိသတ်ရော၊ အဆိုတော်တွေရော စင်အပြင်အဆင်တွေကရော အများကြီး ပြောင်းလဲလာပြီလို့ ကိုလေးဖြူက ပြောတယ်။ တခြား အပိုင်းတွေမှာ ပြောင်းလဲလာဖို့ကရော ဘာတွေလိုအပ်တယ်လို့ မြင်မိပါလဲ။
ကိုလေး - ကျနော်တို့ဘက်ကလည်း လိုက်လျောညီထွေစွာ လိုက်ပြီးတော့ ပြောင်းရမယ်ပေါ့။
ဥပမာ - ပြောင်းလဲချင်ကြတာတော့ တစ်နိုင်လုံးကပဲလေ။ အစိုးရကအစ ပြည်သူလူထုအဆုံး အကုန်လုံးက ပြောင်းလဲချင်ကြတယ်။ ပြောင်းလဲချင်ကြတာကို ကျနော်တို့က ဘယ်လိုမျိုး Message ပေးလဲဆိုတော့ မိမိကိုယ်ကိုယ်လည်း အရင်ပြောင်းလဲပါဦး။ မိမိကိုယ်ကနေ အရင်စပါလို့ အဲဒီ Message လေး ပေးချင်ပါတယ်။
မေး - ဂီတနဲ့ပတ်သက်ပြီး မေးချင်တာက အခုနောက်ပိုင်းမှာ အဆိုပြိုင်ပွဲတွေကလည်း အများကြီးရှိလာပြီး၊ ပရိသတ်သိတဲ့ပွဲရော၊ မသိတဲ့ပွဲတွေရော အများကြီးပဲ။ ဒီလို များပြားစွာ ပေါ်လာတဲ့ပြိုင်ပွဲတွေနဲ့ ပတ်သတ်ပြီးရော ဘယ်လိုများ မြင်မိပါသလဲ။
ကိုလေး - နည်းတောင် နည်းပါသေးတယ်။ အမှန်တကယ် ဒီထက်အများကြီး ပေါ်လာရမှာ။ နည်းသေးတယ်ဆိုတာက ဒီလိုလေ။ ကောင်းမွန်တဲ့ လူတစ်ယောက် ထွက်ပေါ်ဖို့အတွက် အများကြီးထဲကမှ ပိုပြီးအရည်အချင်းရှိတဲ့သူ ထွက်ပေါ်တာလေ။ အဲဒါရှိတယ်။ အများကြီးရှိမှ အဲဒီအထဲက တကယ်တော်တဲ့သူတဲ့ တစ်ယောက်က ထွက်လာမှာ။ သုံးလေးယောက်ပဲ ရှိတဲ့အထဲက တစ်ယောက်ထွက်လာရင် စဉ်းစားကြည့်လေ။ အရေအတွက် များတဲ့ထဲက ထွက်တာနဲ့ နည်းတဲ့ထဲက ထွက်တာနဲ့လေ။
မေး - နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မေးခွန်းရော မေးလို့ရမလား။
ကိုလေး - ကျနော်နိုင်ငံရေးနဲ့ ကင်းလွတ်နေပါတယ်ခင်ဗျ။
မေး - ဒါဆို အခု ပြောင်းလဲလာတဲ့ နိုင်ငံရေးမှာ ကိုလေးဖြူအနေနဲ့ရော ဂီတပိုင်းမှာ ဘယ်လိုပြောင်းလဲမှုကို မျှော်လင့်ထားတာမျိုးရော ရှိပါလား။
ကိုလေး - ဟုတ်ကဲ့။ အများကြီး ရှိပါတယ်။ ဒါကလည်း ရှင်းရှင်းပြောရရင် ကျွဲကူးရေပါပေါ့။ နိုင်ငံတော်က ပြောင်းလဲမယ် အစိုးရက ပြောင်းလဲမယ်။ လူတွေကလဲ ပြောင်းလဲမယ်ဆိုရင် ကျနော်တို့ Music ကလည်း မလွဲမသွေ ပြောင်းရမှာပဲ။ ပြောင်းလဲရမှာပဲ၊ ဆိုလိုတာက တင်ဆက်ပုံ တင်ဆက်နည်းတို့၊ ဂီတအမျိုးအစားတို့၊ အမှန်က Music ဆိုတာ သစ်ပင်လိုပဲ အမြဲတမ်း Develop ဖြစ်နေရမှာလေ၊ တနေရာမှာ ရပ်နေလို့ မရဘူး။ ဒါပေမယ့် နှစ်ရှည်လများ ဒီတခုထဲကိုပဲ ထုံပြီး ဒီတခုထဲကိုပဲ သာယာနေတဲ့ အဲဒီလောက်ကောင်းမွန်နေတဲ့ Music မျိုးကတော့ ကမ္ဘာမှာ ဘယ်နှစ်ခုမှ မရှိပါဘူး။ Rock Music ကတော့ ပုံစံသာ နည်းနည်းပြောင်းရင် ပြောင်းသွားမယ်။ သူရဲ့ အရိုးအရေကတော့ ဒီအတိုင်းပါပဲ။ သူက ကြာရှည်ခံတယ်။ အဲဒါကြောင့် သူများတွေက ပြောကြတယ် Rock Will Never Die ဆိုပြီးတော့လေ။ ကျနော်တို့လဲ အဲဒီလိုပဲ Rock ကို ချစ်မြတ်နိုးပါတယ်။ ပြောင်းလဲတယ် ဆိုတာကလည်း သူရဲ့ အသွင်အပြင်နဲ့ ပရိသတ်တွေဆီကို တဆင့် ရောင်းချတဲ့နည်းတို့ နောက်ပြီး Data Travelling ပေါ့။ ကျနော်တို့ရဲ့ အနုပညာပစ္စည်းတို့ ဘယ်လိုဖြန့်ဖြူးမလဲဆိုတဲ့ နည်းစနစ်တွေရော ပြောင်းလဲရမှာပေါ့။ အခုဆိုရင် သီချင်းတွေကို ဟန်းဖုန်းကနေ ၀ယ်လို့ရနေပြီ။ ကျနော်တို့ အရင်တုန်းကဆိုရင် ဘားလမ်းမှာ သွားဝယ်ရတယ်။ နောက်တခါ City Mart မှာ ၀ယ်လို့ရတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ၀ယ်လို့ရလာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒါတွေ ပြောင်းလဲလာတယ်။ ပြောင်းလဲသင့်ပြီ။
မေး - ဒီဘက်ခေတ် အရည်အသွေးမြင့် စက်ပစ္စည်းတွေရဲ့  အထောက်အပံ့ အများကြီး ရလာတဲ့ အခုခေတ်မှာ အနုပညာဖန်တီးသူရဲ့  အရည်အသွေးပိုင်းဆိုင်ရာမှာ ပိုပြီး မြင့်တက်လာမလား၊ ဆုတ်ယုတ်သွားနိုင်မလားဆိုတာ
ကိုလေး - နှစ်ခုစလုံး ရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတဲ့ဟာကလည်း ရှိတယ်။ နှစ်ခုစလုံး တွဲယူရတယ်။ ကောင်းတဲ့ဟာကျတော့ သူက Individual အရမ်းလုပ်လို့ ရသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ High Technology အသစ်တွေနဲ့ လူတွေကို သီချင်းကို တစ်ယောက်တည်း ရေးလို့ရအောင်၊ သီချင်းအသစ်တွေကို တစ်ယောက်တည်း လုပ်လို့ ရသွားအောင်၊ တစ်ယောက်တည်း စုစည်းလို့ ရသွားအောင်၊ တစ်ယောက်တည်း Composing မှာ တစ်ယောက်တည်း လုပ်လို့ရအောင် ပစ္စည်းတွေ ပေါ်ပေးတယ်။ တကယ့် အခြေခံ Base က ရေးတဲ့သူရဲ့  နှလုံးသားကပဲ အဓိက ကျတယ်။ သူ့ဆီက ထွက်လာတဲ့ ဟာကသာ အဓိကပဲ။ ကျန်တဲ့ဟာတွေက Tools တွေပဲလေ။ လက်နက် ကိရိယာတွေပဲ။ ဒါတွေနဲ့ အားသုံးပြီးမှ ထုတ်လို့ရတာ။ အခုက ဘာခေတ်ရောက်နေလဲဆိုတော့ Tools တွေ အရမ်းများတယ်။ ဒါပေမယ့် ဒီရင်ထဲက ဖြစ်လို့ လိုတယ်။ ဒါက ကောင်းသွားတယ်။ တိုးတက်တဲ့ အပိုင်းပေါ့။ ပစ္စည်းတွေ များလာတာ။ မကောင်းတာတွေက ဘာတွေလဲဆိုတော့
ဒီဟာကို တန်ဖိုးထားမှုတွေ။
ဥပမာ - နင်လည်း လုပ်တတ်တယ်။ ငါလည်း လုပ်တတ်တယ်။ လူတိုင်း လုပ်တတ်တယ်။ ဒါဟာ ဘာမှမဆန်းဘူးဆိုတဲ့ဟာမျိုး။
မေး - Rock ဂီတကို ဒီဘက်ခေတ် လူငယ်တွေ စိတ်ဝင်စားမှုအပိုင်းနဲ့ Rock ဂီတရဲ့ မြန်မာနိုင်ငံမှာ ရပ်တည်မှု အနေအထားကိုရော ကိုလေးဖြူ ဘယ်လိုသုံးသပ်ပြောပြချင်လဲ။
ကိုလေး - ကျနော်ကတော့ Blind Faith ပဲပြောပြော
Rock Music ကတော့ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူက လူတွေရဲ့ ရင်ခုန်သံပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတဲ့ ဂီတဖြစ်နေတဲ့အတွက်ပါ။ အဲဒါက တော်ရုံတန်ရုံ လူသိနားလည်မှာမဟုတ်ဘဲ နှလုံးသားချင်း ချိတ်ဆက်နားလည်ရတဲ့အလုပ်
သူတီးတဲ့ Bass နဲ့ သူတီးတဲ့ Drum နဲ့ သူဆိုတဲ့ Tempo နဲ့ ချိတ်ဆက်ထားတာ၊ နှလုံးသားချင်း ချိတ်ဆက်ပြီး လုပ်နေရတဲ့အလုပ်ပါ။ လူတွေမှာ မွေးကတည်းက ပါတဲ့နှလုံးသားနဲ့ ဆောက်တည်ပြီး၊ အခြေခံပြီးလုပ်နေရတဲ့ အတွက် လူတွေရှိနေဦးသမျှ သူကလည်း ရှိနေဦးမှာပါ။
The Irrawaddy
Vol.2 No.51
December 27, 2015
----------------။---------
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။