စိန်ရိုင်းပွင့်ကို တန်ဖိုးတက်စေဖို့.....
ဆရာသုတ
စိန်ရိုင်းတစ်ပွင့်ကို ကျွမ်းကျင်တဲ့ကျောက်သွေးသမားကအကွက်ဖော် ပြီးသွေး လိုက်တဲ့အခါ စိန်ပွင့်ဟာနည်းနည်းသေးသွား ပါတယ်။
ဒါပေမယ့် ပိုလှ၊ အရောင်ပိုထွက်လာပြီး တန်ဖိုးလည်းတက်လာပါတယ်။ အင်မတန်
အဖိုးတန် တဲ့ စိန်သားကိုတောင်မှ နည်းနည်း အဆုံးခံအပွန်းစားခံပြီး
သင့်တော်တဲ့ ပုံစံ သွင်းပေးလိုက်ခြင်းဖြင့် အကျိုးကျေးဇူး
ဖြစ်ထွန်းတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။သို့သော်ကိုယ့်အနေနဲ့ နှစ်ခြိုက်တန်ဖိုးထားတဲ့အရည်အသွေးဖြစ်ဖြစ် စရိုက်လက္ခဏာ၊ အမူအကျင့်ဖြစ်ဖြစ် အချို့ကိုနည်းနည်းအဆုံးခံပြီးသင့်တော် တဲ့ ပုံစံသွင်းပေးလိုက်ခြင်းဖြင့် ကိုယ့်ရဲ့ လူ့တန်ဖိုးတက်လာနိုင်တယ်ဆို တာ
ကိုတော့သိနားလည်ဖို့လည်း ခက်တတ်တယ်။ သိနားလည်သည့်တိုင်လက်ခံ
ကျင့်သုံးဖို့လည်း ခက်တတ်ပါတယ်။ ဥပမာ အချို့လူတွေဟာ မတရားတာကို နည်းနည်းမှ
သည်းမခံနိုင်ဘူး၊ ချက်ချင်းထပြီး ရန်တွေ့တတ်တယ်။ အချို့က ကျတော့
သူတို့သိထားတဲ့ သတင်းအချက်အလက်တွေကို ရင်းနှီးခင်မင်တဲ့ သူတွေကို
မပြောပြရရင် မနေတတ်ဘူး၊ သိသမျှ အကုန်ပြန်ပြောတာပဲ။ အချို့ကတော့ ငွေဆိုရင်
နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် မသုံးရက်မစွဲရက် နဲ့ချွေတာစုဆောင်း
သူဌေးလောင်းဆိုတဲ့ ဆိုရိုးကိုလူတကာအမြင်ကပ် စရာကောင်းလောက်
အောင်လိုက်နာကျင့်သုံးကြတယ် ။
အဲဒီလို လူတွေဟာကိုယ့်ကိုယ်ကို စိန်ရိုင်းတစ်ပွင့်လို သဘောထားပြီး ပုံစံ တကျ ပညာသားပါပါ အကွက်ဖော် သွေးလိုက်မယ်ဆိုရင် လူ့တန်ဖိုး လည်းတက်၊လူရာလည်းဝင်၊ အောင်မြင်တိုးတက်မှုတွေလည်း ပိုပြီးရလာနိုင် မယ်လို့ထင်ပါတယ်။ ဥပမာမတရားတာကိုသည်းမခံနိုင် တဲ့သူက
သည်း မ ခံနိုင်တိုင်း အရမ်းကာရောမတုံ့ပြန်ဘဲ အခြေအနေအရပ်ရပ်ကို သုံးသပ်
ပြီး ရေရှည်မှာ မတရားမှုနည်းသွားစေမယ့် ဒါမှမဟုတ် ပပျောက်သွားစေမယ့်
နည်းလမ်းမျိုးကို စဉ်းစားပြီးမှ ကိုယ်တိုင်စဉ်းစားလို့မရရင် လည်း တတ်ကျွမ်း နားလည်သူတွေရဲ့ အကြံဥာဏ်ကိုရယူ၊ ဘက်ပေါင်းစုံက လေ့လာပြီးမှတုံ့ပြန် မယ်ဆိုရင်မကြာခင်အချိန်အတွင်းတရားမျှတမှုနဲ့
ပတ်သက်လာရင် ဘာပဲ လုပ်လုပ် လူတကာကအလေးထားရ၊ တလေးတစား တိုင်ပင်ရတဲ့
ပုဂ်္ဂိုလ် ကြီး ဖြစ်လာနိုင်ပါတယ်။ ရင်းနှီးခင်မင်သူတွေကို ကိုယ်သိထားလေးတွေ
မပြောရရင်မနေနိုင်သူကလည်းနားထောင်တဲ့သူရော၊ သက်ဆိုင်တဲ့ သူတွေရော အကျိုးကျေးဇူးဖြစ်ထွန်းမယ့် စကားမျိုးမှပဲ ပြောတော့ မယ်လို့ ကန့်သတ်လိုက်ရင်သူပြောတဲ့ စကားတွေကိုသာမက သူကိုယ်တိုင်ကိုပါ အားလုံးကအတင်းအဖျင်းလို့မသတ်မှတ်တော့ဘဲကြည်ညိုလေးစား
နေရာပေးလာကြမှာဖြစ်ပါတယ်။ ခြိုးခြံချွေတာတတ်သူကလည်း
ငွေစုခြင်းဖြင့်ကိုယ့်မှာ ခံစားရမယ့်အကျိုးကျေးဇူးက တစ်ဖက်၊
ငွေသုံးစွဲခြင်းဖြင့် မိမိနဲ့သူတပါးနှစ်ဦး သားမှာခံစားရမယ့်
ကောင်းကျိုးတွေကတစ်ဖက်၊ ချိန်ဆပြီးငွေသုံးစွဲလို့ ဖြစ်
လာမယ့်အကျိုးကျေးဇူးကအမျာြး ကီးအလေးသာနေတယ်ဆိုရင်ရက်ရက် ရောရော သုံးစွဲလိုက်မယ်လို့ စိတ်ထားခြင်းဖြင့် ကစေးနဲသူလို့အသတ်မှတ် မခံရတော့ဘဲသစ်တစ်ပင်ကောင်းငှက်တစ်သောင်း
နားနိုင်ဆိုသလို ငွေရှား တဲ့ခေတ်ကြီးမှာ ကိုယ့်ရဲ့ချွေးနဲစာငွေနဲ့ အများ
ကောင်းကျိုး မိမိအကျိုး နှစ်မျိုး စလုံးကို ထိထိရောက်ရောက် လုပ်နိုင်မှာ
ဖြစ်ပါတယ်။
အဲဒီလိုပဲအလုပ်ထဲမှာလည်း အမြဲသူတကာထက်စောပြီး ရောက်တိုင်း၊ သူတကာထက်နောက်ကျခံပြီးအလုပ် လုပ်တိုင်းကောင်းချင်မှကောင်းတာ၊ အလုပ်တွေကို ကိုယ်ကချည်းဒိုင်ခံလုပ်ပေးေ နတိုင်းလည်း နာမည်ရ ချင်မှရတာ။ တစ်ခါတစ်ခါဘော့စ်ကိုယ်တိုင် ကတစ်ဦးကောင်း တစ်ယောက် ကောင်းအစွမ်းထက်တာ၊ ကြိုးစားတာကိုမလိုချင်ဘဲအစု အဖွဲ့ လိုက်ကောင်း တာကြိုးစားတာကိုသာလိုချင်တာ လည်းရှိတတ်တယ်။ တစ်ဦးတစ်ယောက်က သူ့လုပ်ငန်းတစ်ခုလုံးကိုအညှာကချုပ်ကိုင်ထား
သလို ဖြစ်မှာစိုးပြီး ၀န်ထမ်းတစ်ယောက်မရှိလည်း အခြားတစ်ယောက်နဲ့
အစားထိုးလို့ ရမှ သူ့ဘက်ကစိတ်အေးတယ်။ အဲဒီလို အခြေအနေမျိုး မှာ ရောက်နေရင်
ဘုမသိဘမသိနဲ့ အရိပ်သုံးပါး နားမလည်၊ အခြေအနေကို မလေ့လာဘဲ
ကိုယ်တော်ကြောင်းတတ်ကြောင်း
ဘော့စ်အပါအ၀င် အများ သိအောင် လုံ့လ၀ီရိယတွေ၊ အစွမ်းသတ်္တိတွေ၊
အရည်အချင်းတွေ၊ လုပ်ရည် ကိုင်ရည် တွေထုတ်နေလို့အလကားပဲ။
တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရအောင်ဘော့စ်ကကြံဖ န်ပြီးစီမံဖန်တီးလာမှာပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီအခြေအနေမျိုးမှာအစုအဖွဲ့ လိုက်စွမ်းရည်တက်လာအောင်
လုပ်ပေးတာ မျိုးဆိုရင်တော့ အသိအမှတ်ပြုခံရတတ်တယ်။ ဒါကြောင့်
ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေ၊ စရိုက်လက္ခဏာတွေ၊ အမူအကျင့်တွေထဲက မကောင်း
တာတွေကိုမဆိုထားနဲ့၊ ကောင်းတာတွေ ကိုတောင်သမ္မာအာဇီဝလုပ်ငန်း သဘာဝနဲ့
အံမ၀င်ဘူး၊ ရေရှည် တိုးတက် အောင်မြင်ဖို့အတွက် အထောက်
အကူမပြုဘူးဆိုရင်စိန်ရိုင်း ပွင့်ကိုသွေးပြီး အကွက်ဖော်သလိုပြုပြင်ပြောင်းလဲ ပစ်ရမှာဖြစ်ပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ လည်း စိန်ရိုင်းပွင့်က သက်မဲ့မို့ဘယ်လိုမှ မနေပေမယ့် သက်ရှိလူသားတွေကတော့ကိုယ့်ရဲ့အရည်
အသွေးတွေ၊ စရိုက်လက္ခဏာတွေ၊ အမူအကျင့်တွေကို ပြင်မယ်ဆိုရင် အင်မတန်
ပင်ပန်းဆင်းရဲတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ၀တဲ့သူပိန်အောင်၊
အမျိုးသားတွေဆိုရင်လည်း ကြွက် သားတွေကြီးအောင်၊ အမျိုးသမီးတွေဆို ရင်လည်း
ခန္ဓာကိုယ်အချိုးအစား ပြေပြစ်အောင်လေ့ကျင့်ခန်းလု ပ်ရတာ
မလွယ်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာမှာ အရည်အသွေးတွေ၊ စရိုက်လက္ခဏာတွေ၊
အမူအကျင့်တွေ ပြောင်းဖို့ အများကြီး ပိုခက်တာပေါ့။ ခက်တယ်ဆိုပြီး
စိတ်ဓာတ်မကျဘဲဒီလိုခက်ခဲ တဲ့အလုပ်ကို အောင်မြင်အောင် လုပ်နိုင်သူနည်းမှာ
ဖြစ်တဲ့အတွက် ငါသာအောင်မြင်အောင် လုပ်နိုင်ရင်သူတ ကာထက် ကျိန်းသေပေါက်
သာလိမ့် မယ်လို့ယုံကြည်စိတ်ချနိုင်မှာ ဖြစ်ပါ တယ်။
ဆရာသုတ
စိန်ရိုင်းတစ်ပွင့်ကို ကျွမ်းကျင်တဲ့ကျောက်သွေးသမာ
အဲဒီလို လူတွေဟာကိုယ့်ကိုယ်ကို စိန်ရိုင်းတစ်ပွင့်လို သဘောထားပြီး ပုံစံ တကျ ပညာသားပါပါ အကွက်ဖော် သွေးလိုက်မယ်ဆိုရင် လူ့တန်ဖိုး လည်းတက်၊လူရာလည်းဝင်၊ အောင်မြင်တိုးတက်မှုတွေလည်း ပိုပြီးရလာနိုင် မယ်လို့ထင်ပါတယ်။ ဥပမာမတရားတာကိုသည်းမခံနိုင်
အဲဒီလိုပဲအလုပ်ထဲမှာလည်း အမြဲသူတကာထက်စောပြီး ရောက်တိုင်း၊ သူတကာထက်နောက်ကျခံပြီးအလုပ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။