Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 14, 2015

“ရုန်းထနိုင်မှ အောင်နိုင်သူတို့ရဲ့ ဘ၀”

“ရုန်းထနိုင်မှ အောင်နိုင်သူတို့ရဲ့ ဘ၀”

တကယ်တော့ ကျွန်တော်တို့ လူသားတွေရဲ့ ဘ၀ဟာ ရေလှိုင်းသဖွယ်ပါပဲ။ အကောင်းနဲ့အဆိုးဟာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ ဘ၀မှာ အကောင်းဘက်ချည်း ကြုံတွေ့နေရသူဆိုတာ မရှိသလောက် ရှားပါတယ်။ ရေလှိုင်းနဲ့တူတဲ့ လူ့ဘ၀တစ်သက်တာမှာ အဆိုးကိုလည်း မျှော်လင့်ပြင်ဆင်ထား ဖို့လိုပါတယ်။ အောင်မြင် ချိန်မှာ ခေါင်းမော့ရင်ကော့ပြီး မော်ကြွားနေနိုင်သကဲ့သို့ ကျရှုံးချိန်မှာလည်း အပြုံးမပျက်ဘဲ ခံနိုင်ရည်ရှိစွာ ပြန်ထနိုင်ဖို့ လိုပါတယ်။ လောကမှာ အောင်မြင်သူတိုင်းဟာ လဲပြိုချိန်မှာ ပြန်ထနိုင်သူတွေချည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဖတ်ဖူးခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည်မျှဝေလိုပါတယ်။

တစ်ခါကစိတ်ဓာတ်မြှင့်တင်ရေး ဟောပြောသူတစ်ဦးဟာ ဒေသတစ်ခုအတွက် ဟောပြောပေးဖို့ ဖိတ်ကြား ခြင်းကို ခံရပါတယ်။ အဲဒါကြောင့် ဟောပြောသူဆရာဟာ ဟောပြောပွဲကို အားနဲ့မာန်နဲ့ လျှောက်လာရင်း စင်ပေါ် မရောက်ခင်လေးမှာ အမှတ်မထင် ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။ သူရဲ့ဟောပြောပွဲကို လာရောက်နားထောင်သူတွေဟာ ပုထုဇဉ်လူသားပီပီ သူ့ကို ပျက်ရယ်ပြု လှောင်ပြောင်ကြပါတယ်။

ပရိတ်သတ်ရဲ့ လှောင်ပြုမှုကို ဂရုမစိုက်ဘဲ သူဟာ ခပ်တည်တည်နဲ့ အပြုံးမပျက် ပြန်ထလိုက်ပါတယ်။ ဟောပြောပွဲစင်ပေါ်သို့ မတွန့်မဆုတ်ဘဲ တက်သွားပါတယ်။ အဲဒီနောက် သူဟာ ပရိတ်သတ်ကို နှုတ်ဆက်စကားပြောပြီး သူဟောပြောချင်တဲ့ အဓိကအကြောင်းအရာကတော့ လူတိုင်းဟာ ဘ၀မှာ ဟန်ချက်မညီဘဲ တစ်ချိန်မဟုတ် တစ်ချိန်မှာ လဲပြိုနိုင်ပါတယ်။ အဲဒီလို လဲပြိုချိန်မှာ ပြန်ထနိုင်တဲ့သူသာလျှင် အောင်မြင်သူဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။

ကျွန်တော်သာ ဟောပြောပွဲစင်ပေါ်သို့ အတက်မှာ လဲကျခဲ့စဉ်က ပြန်မထနိုင်ခဲ့လျှင် ခင်ဗျားတို့ရဲ့ ပျက်ရယ်ပြုသံတွေဟာ အခုထက် ပိုပြီးကျယ်လောင်မှာ သေချာပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပျက်ရယ်ပြုသံကို ဂရုမစိုက်ဘဲ ကျွန်တော်လုပ်ရမယ့် အလုပ်ကို မရ/ရအောင် လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ပြန်ထဖို့ ကြိုးစားပြီး ဟောပြောပွဲစင်မြင့်ကို ရောက်လာကာ အခုလို ခင်ဗျားတို့ကို ဟောပြောနိုင်တာပါလို့ ပြောလိုက်တဲ့အခါမှာ တော့ ဟောပြောပွဲကိုရောက်လာတဲ့ ပရိတ်သတ်တွေဟာ သူ့ရဲ့ ဆိုလိုရင်းကို သဘောပေါက်နားလည်ပြီး လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ အားပေးကြပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့ လူသားတွေဟာ အောင်မြင်ချိန်မှာ လောကဓံတရားကို ရွှင်ရွှင်ပြုံးပြုံး လက်ခံ နိုင်ပေမယ့် ကျရှုံးချိန်ရောက်ရင်တော့ ပြန်ထဖို့နဲ့ ယထာဘူတကျကျ လက်ခံနိုင်အောင် ဆန်းစစ်ဖို့ကို လူအများစုက အားနည်းတတ်ကြပါတယ်။ အောင်မြင်မှုကို ကျေနပ်စွာ လက်ခံနိုင်သလို ကျရှုံးချိန်ကိုလည်း သေချာစွာ ပြန်လည်ဆန်းစစ်နိုင်ဖို့ လိုပါတယ်။ အဲဒီတော့မှသာလျှင် အားနည်းချက်ကို ပြန်လည်သုံးသပ် ပြုပြင်နိုင်မှာဖြစ်ပြီး အောင်မြင်မှုကို ပြန်လည်ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ထို့ပြင် လူတစ်ခုပူမှုရယ်တဲ့ဆယ်ကုဋေ ဆိုသည့်စကားအတိုင်းပင် လူ့ဘ၀တွင်ဖြေရှင်းရမည့် ပြဿနာများက မရေမတွက်နိုင်ပေ။ ထိုသို့ မိမိဘ၀ကို ပြိုလဲစေမည့် ပြဿနာများ ဖြစ်ပေါ်လာတိုင်း မိမိ၏ နှလုံးရည်၊ လက် ရုံးရည်တို့ဖြင့် ကြံ့ကြံ့ခံနိုင်ကာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြဿနာများကို အောင်မြင်စွာ ကျော်လွှား ဖြေရှင်းနိုင်မှသာလျှင် အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်မှာပါ။ လူ့ဘ၀မှာ ပြဿနာများ မရေမတွက် နိုင်အောင် ကြုံလာသည့်အခါ မည်သို့မည်ပုံ ဖြေရှင်းရမယ်ဆိုတဲ့ အချက်ကလည်း လွန်စွာအရေးပါပါတယ်။

တစ်ခါက မိန်းမငယ်တစ်ဦးဟာ အလုပ်မှာရော၊ ကျောင်းမှာပါ လူမှုပြဿနာတွေ ဆက်တက်ရင်ဆိုင်နေရာ တာမို့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို အမေဖြစ်သူထံ အကြံဥာဏ်တောင်းခံရာ အမေဖြစ်သူက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲသို့ မုန်လာဥ၊ ကြက်ဥနှင့် ကော်ဖီစေ့တွေကို ပစ်ထည့်လိုက်ပြီး၊ အချိန် အနည်းငယ် စောင့်ပြီးတဲ့အခါမှာ မုန်လာဥနဲ့ ကြက်ဥကို တစ်ခုချင်းစီ ပြန်ဆယ်ယူလိုက်ပါတယ်။ အဲဒီနောက် ရေနွေးနဲ့ထိတွေ့တဲ့အခါ မုန့်လာဥဟာ နူးညံ့သွားပုံ၊ ကြက်ဥရဲ့ အကာနဲ့အနှစ်ဟာ ကြက်ဥအစိမ်းကဲ့သို့ မပျော့တော့ဘဲ မာကျောသွားပုံနဲ့ ကော်ဖီစေ့တွေဟာ ရေနွေးထဲပျော်ဝင်သွားပြီး အရသာ ပိုရှိသွားပုံတွေကို သမီးဖြစ်သူကို ရှင်းပြပါတယ်။

ပြဿနာတွေဟာ ရေနွေးပူနဲ့တူပြီး သူတို့နဲ့ ထိတွေ့လိုက်မှ ကိုယ့်ရဲ့ မလိုအပ်ဘဲထားရှိတဲ့ မာနစိတ်၊ ဒေါသစိတ်၊ မောက်မာစိတ် စတဲ့အရာတွေဟာ မုန်လာဥလို ပျော့ပျောင်းလာတတ်သလို၊ ပြဿနာနဲ့ ထိတွေ့လိုက်မှ ကိုယ့်ရဲ့ ပျော့ညံ့စိတ်၊ အားငယ်စိတ်နဲ့ သိမ်ငယ်စိတ်တွေဟာ ကြက်ဥလို မာကြောလာပုံနှင့် ကိုယ်ဟာ ပြဿနာကြုံတွေ့ချိန်မှာတောင် ကော်ဖီစေ့လို ပြဿနာကို အကောင်းဘက်သို့ ပြောင်းလဲ ပစ်နိုင်ပြီး ပိုမိုအောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်ဖို့ လိုအပ်ပုံကို ရှင်းပြပါတယ်။ ဒါကြောင့် ပြဿနာတွေ ကြုံလာရတဲ့အခါ ရင်ဆိုင်ဖြေရှင်းသူရဲ့ ပြဿနာအပေါ် ရှုမြင်သုံးသပ်ဖြေရှင်းနိုင်မှု ပေါ်မူတည်ပြီး ရလဒ်များပြောင်းသွား တတ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် မာသာထရီဆာ၏ ဘ၀နှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်လည်မျှဝေလို ပါတယ်။ သူ၏ ဘ၀နှင့်ပတ်သက်သည့် ဖွင့်ဆိုချက်ကို ဆင့်ပွားတွေးတောခြင်းဖြင့် အောင်မြင့်သည့်ဘ၀ကို တည်ဆောက်နိုင်သည့် လူငယ်များဖြစ်ပါစေလို့ ဆန္ဒပြုရင်း မာသာထရီဆာ၏ “ဘ၀” အမည်ရှိ ကဗျာကို နိဂုံးချုပ်ဖော်ပြရင်း ဘာသာပြန် မျှဝေလိုက်ပါတယ်။

“ဘ၀ဆိုတာ အခွင့်အလမ်းတစ်ရပ်။ အကျိုးအမြတ်ကို ရယူတတ်ပါ။

ဘ၀ဆိုတာ အိပ်မက်တစ်ခု။ နားလည် သိရှိပါ။

ဘ၀ဆိုတာ စိန်ခေါ်မှုတစ်ရပ်။ ရင်ဆိုင်ကြည့်ပါ။

ဘ၀ဆိုတာ တာဝန်တစ်ရပ်။ ဖြည့်ဆည်းဖို့ ကြိုးစားပါ။

ဘ၀ဆိုတာ ကစားပွဲတစ်ပွဲ။ ၀င်နွှဲကြည့်ပါ။

ဘ၀ဆိုတာ ကတိတရားတစ်ရပ်။ တည်ကြည်အောင် လုပ်ပါ။

ဘ၀ဆိုတာ ပူဆွေးစရာတစ်ရပ်။ ဖြတ်ကျော်နိုင်အောင် လုပ်ပါ။

ဘ၀ဆိုတာ တေးတစ်ပုဒ်။ ဆိုညည်းကြည့်ပါ။

ဘ၀ဆိုတာ ရုန်းကန်မှုတစ်ခု။ လက်ခံနိုင်အောင် လုပ်ပါ။

ဘ၀ဆိုတာ အလွမ်းဇာတ် တစ်ပုဒ်။ ရင်ဆိုင် ဖြေရှင်းပါ။

ဘ၀ဆိုတာ စွန့်စားခန်းတစ်ရပ်။ ရဲရဲ ရင်ဆိုင်ပါ။

ဘ၀ဆိုတာ ကံကောင်ခြင်းပဲ။ ဖန်တီးယူပါ။

ဘ၀ဆိုတာ ရှင်သန်းခြင်းပဲ။ တိုက်ပွဲဝင်ပါ။” - မာသာထရီဆာ

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၃.၂.၂၀၁၅ (အခွင့်အလမ်းဂျာနယ်)

Ref: www.beliefnet.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။