Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 8, 2015

“လူငယ်နှင့် ကိုယ်ပိုင်အစွမ်းအစ (၇)ရပ်”


“လူငယ်နှင့် ကိုယ်ပိုင်အစွမ်းအစ (၇)ရပ်”

မြန်မာ့လူမှုအသိုင်းအ၀န်းရှိ လူငယ်တော်တော်များများနှင့် ဆုံတွေ့ဖူးသည်။ စကားလက်ဆုံကျရင်း သူတို့၏ အသံ၊ သူတို့၏ ခံစားချက်ကို နားထောင်ဖြစ်သည်။ ဘ၀ရည်မှန်းချက် ရေရေရာရာမရှိသော လူငယ်များထံမှ ပြန်လည်ကြားရသော တုံ့ပြန်သံမှာ သူတို့ဘ၀ ယခုကဲ့သို့ ရည်မှန်းချက်ပန်းတိုင် ပျောက်ဆုံးနေခြင်းမှာ “ဦးဆောင်လမ်းပြကောင်း မရှိခြင်းကြောင့်” ဟူသော တစ်စုံတစ်ဦးကို အပြစ်ဖို့သံ ရောစွက်နေသည့် တုံ့ပြန်မှုပင်ဖြစ်သည်။ သူတို့၏ တုံ့ပြန်သံတွင် ကျင်လည်ရာပတ်ဝန်းကျင် ကိုလည်းကောင်း၊ မိသားစုကိုလည်းကောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းကိုလည်းကောင်းစသည်ဖြင့် အပြစ်တင်ချင်စိတ်ကို အထင်အရှား မြင်တွေ့နေရသည်။

မိမိဘ၀၏ တိုးတက်ရာ တိုးတက်ကြောင်းအတွက် မိမိကျင်လည်ရာ ပတ်ဝန်းကျင်အပေါ် အပြစ်တင်စိတ်မှာ လုံးဝမှားသည်ဟု မဆိုနိုင်သော်လည်း ရာနှုန်းပြည့်တော့ မမှန်ကန်ပေ။ အမှန်တကယ်အားဖြင့် ထိုလူငယ်ကလေးများသည် ကိုယ့်ဘ၀အတွက် ပဲ့ကိုင်ရှင်မှာ မိမိတို့ကိုယ်တိုင်သာ ဖြစ်ကြောင်းကို သတိမမူမိခြင်းပင်ဖြစ်သည်။ မိမိတို့ဘ၀၏ ခေါင်းဆောင်ကောင်းမှာ မိမိတို့ ကိုယ်တိုင်သာလျှင် ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က “မိမိကိုယ်သာ ကိုးကွယ်ရာ”ဟု ဟောကြားခဲ့သည်မှာ အထင်အရှားပင်။

Kevin Cashman က “ခေါင်းဆောင်ကောင်းကို လိုချင်လျှင် ဝေးဝေးမကြည့်နဲ့။ ကိုယ်,ကိုယ်တိုင်သာလျှင် ခေါင်းဆောင်ဖြစ် နေလို့ပဲ။ ကိုယ့်ဘ၀ရဲ့ တန်ဖိုးကို ကိုယ်တိုင်သာလျှင် မြှင့်တင်ဖန်တီးလို့ ရတယ်။”ဟု မိန့်ဆိုခဲ့သည်။ ထို့ကြောင့်ပင် ကိုယ့်ဘ၀၏ ခေါင်းဆောင်မှု အရည်အသွေးကို ကိုယ်တိုင်က သိရှိအကဲဖြတ် သုံးသပ်နိုင်ရန် လိုအပ်သကဲ့သို့ ဖော်ထုတ်နိုင်ဖို့လည်း လိုအပ်ပေသည်။ လူတစ်ဦးချင်းစီတွင် ကိုယ်ပိုင်အစွမ်းအစ (၇)ချက် ရှိကြောင်းကို Kevin Cashman ကဖော်ထုတ်ခဲ့ ပေသည်။

၎င်းအချက် (၇)ချက်မှာ-
(၁) မိမိကိုယ်ကို အကဲဖြတ် သုံးသပ်နိုင်စွမ်း (Personal Mastery)
(၂) ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း (Purpose Mastery)
(၃) အပြောင်းအလဲကို လက်ခံကျင့်သုံးနိုင်စွမ်း (Change Mastery)
(၄) ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုကို ထိန်းကျောင်းနိုင်စွမ်း (Interpersonal Mastery)
(၅) ဘ၀ပုံရိပ်ကောင်း တည်ဆောက်နိုင်စွမ်း (Being Mastery)
(၆) ချိန်ဆညှိနှိုင်းနိုင်စွမ်း (Balance Mastery) နှင့်
(၇) လက်တွေ့ကျကျ ခေါင်းဆောင်နိုင်စွမ်း (Action Mastery) တို့ဖြစ်သည်။

လူတိုင်းသည် မိမိ၏ ယုံကြည်ရာ၊ ကိုယ်ပိုင် ဘ၀ခံယူချက်၊ ဘ၀ရပ်တည်ရာကို မိမိကိုယ်တိုင် သိမြင်နိုင်စွမ်း ရှိဖို့လိုအပ်ပေသည်။ ထိုသို့ မိမိကိုယ်ကို အကဲဖြတ် သုံးသပ်နိုင်စွမ်းကို (Personal Mastery) ဟုခေါ်ပေသည်။ ထိုမှတစ်ဆင့် မိမိဘ၀၏ ရည်မှန်းချက်ကို သိရှိလာမည်ဖြစ်ပြီး၊ မိမိ၏ အားသာချက်ကို သိရှိလာနိုင်မည်ဖြစ်သည်။ မိမိ၏ အားသာချက်ကို သိရှိပြီးနောက် စိတ်အားထက်သန်ရာ ပညာရပ်ကိုဖြစ်စေ၊ အသက်မွေးဝမ်းကျောင်းအလုပ်ကိုဖြစ်စေ စိတ်အားထက်သန်စွာ လေ့လာသင်ယူဖို့ ဆုံးဖြတ် လာနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ ဆုံးဖြတ်နိုင်စွမ်းကို (Purpose Mastery) ဟု ခေါ်သည်။

မိမိ၏အနာဂတ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် ဆုံးဖြတ်ချက်ကို သေချာစွာ ချမှတ်နိုင်ပြီဆိုလျှင် ဘ၀တက်လမ်း အတွက် အပြောင်းအလဲ(Change)ကို လက်ခံလာနိုင်ပေလိမ့်မည်။ ဘ၀ပုံစံဟောင်း (Old Patterns of Life)မှ ခွဲထွက်ပြီး ပုံစံသစ် (Real and New Patterns)ကို လက်ခံကျင့်သုံး လာပေလိမ့်မည်။ ယင်းကဲ့သို့ အပြောင်းအလဲကို လက်ခံနိုင်စွမ်းကို (Change Mastery)ဟု ခေါ်ဆိုနိုင်ပေသည်။ ပတ်ဝန်းကျင်တွင် ဘ၀ပုံစံသစ်ဖြင့် ကျင်လည်နိုင်ဖို့ရာ မိမိ၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်မြင့်မားရန် ကြံဆောင်ဖို့လိုပေသည်။ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်အောင် ထိန်းကျောင်းနေထိုင်းရင်းမှ လူမှု ဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်လာနိုင်မည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်းကို (Interpersonal Mastery)ဟု ခေါ်ဆိုသည်။

မိမိသည် မိမိကျင်လည်ရာ ပတ်ဝန်းကျင်တွင် ကိုယ်ပိုင်ပုံရိပ်(Personal Image)ကို တည်ထောင် လာနိုင်ပြီးနောက် မိမိဘ၀၏ အားနည်းချက်၊ အားသာချက်၊ အောင်မြင်မှုများနှင့် ရုန်းကန်ခဲ့ရမှုများဖြင့် နှိုင်းယှဉ်ကာ တစ်ဖက်သား၏ ခံစားချက်၊ အားနည်းချက်၊ အားသာချက်ကို နားလည်လက်ခံနိုင်စွမ်းရှိလာပြီး မိမိဘ၀၏ ပုံရိပ်ကိုလည်း ပိုမိုပီပြင်ထင်ရှားအောင် ဆောင်ရွက် နိုင်စွမ်းရှိလာသည်။ ထို့ပြင် မိမိ၏ သဘောထားကြီမြင့်မှု၊ နားလည်လက်ခံနိုင်စွမ်းတို့ကြောင့် တစ်ဖက်သား၏ ရိုသေလေးစားမှု ကိုလည်း ပိုမိုရရှိလာပေမည်။ ယင်းကဲသို့ တစ်ဖက်သားအပေါ် တည်ငြိမ်အေးချမ်းသည့် ပုံရိပ်ကောင်း တည်ဆောက်နိုင်စွမ်းကို (Being Mastery) ဟု ခေါ်ဆိုနိုင်ပေသည်။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီအတွက် ထိုအစွမ်းအစများသည် မွေးရာပါ ရှိနှင့်နေပြီးသား ဖြစ်သည်။ သိရှိ၊ ဖော်ထုတ်၊ အသုံးချနိုင်ဖို့သာ လိုပေသည်။

မိမိဘ၀တွင် တည်ငြိမ်အေးချမ်းသော ဘ၀ပုံရိပ်ကို အခြေတကျ တည်ဆောက်လာပြီးနောက် မိမိဘ၀၏ အရေးကြီးသော အစိတ် ပိုင်းများဖြစ်သည့် မိသားစုအတွက် မေတ္တာ၊ အချိန်နှင့် အခြားသော ပံ့ပိုးမှုများပေးနိုင်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းတို့ဖြင့် ဘ၀အတွေ့အကြုံ၊ လောက အတွေ့အကြုံတို့ကို မျှဝေခံစားခြင်း၊ မိမိကိုယ်တိုင်အတွက်ရော ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ အောင် ပိုမိုလုပ်ဆောင်နိုင်လာ ပေလိမ့်မည်။ ထိုကဲ့သို့ လူမှုဘ၀တွင် အဖက်ဖက်မှ လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်နိုင်စွမ်းကို (Balance Mastery) ဟု သတ်မှတ်နိုင်ပေသည်။

ထို့နောက် မိမိသည် မိမိ၏ ကိုယ်ပိုင်အစွမ်းအစကို ပိုမိုလက်ခံလာကာ မိမိ၏ဘ၀ကိုလည်း မိမိကိုယ်တိုင် ယုံကြည်မှု ပိုမိုရရှိ လာပေလိမ့်မည်။ ထို့ပြင် ပုံရိပ်ကောင်းဖြင့် တည်ဆောက်ထားသော မိမိအပေါ်တွင်လည်း အခြားသူများ၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိလာမည်ဖြစ်ကာ နောက်ဆုံးတွင် မိမိသည် အခြားသူများကို ဦးဆောင်လမ်းညွှန်နိုင်သူ တစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာပေလိမ့်မည်။ ပတ်ဝန်းကျင်က ယုံကြည်ကိုးစား အားထားရသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
လူတစ်ဦးချင်းစီသည် မိမိတွင် ထိုသို့သော ကိုယ်ပိုင်အစွမ်းအစများ ရှိနေကြောင်း ကိုယ်တိုင်ကပင် မသိရှိ၊ မဖော်ထုတ်နိုင်ပါက ခေါင်းဆောင်ကောင်းတစ်ဦး မည်သို့မျှ မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် မိမိသာလျှင် မိမိဘ၀၏ အရှင်သခင် ဖြစ်ပေသည်။ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းသည် မိမိကိုယ်တိုင်အပေါ် မှီတည်နေပေသည်။ မိမိဘ၀ကို ဦးဆောင်လမ်းညွှန် ပေးနိုင်မည့် အကောင်းဆုံးသော ခေါင်းဆောင်မှာ မိမိကိုယ်တိုင်ပင်ဖြစ်သည်။ မိမိဘ၀ကို ဦးဆောင်မည့်သူကို ရှာဖွေမည်ဆိုပါက မှန်တစ်ချပ် ၏ ရှေ့တွင်ရပ်ကြည့်လိုက်ပါ။ မှန်ပေါ်တွင် ပေါ်လာသော ပုံရိပ်သည် မိမိဘ၀ကို ဦးဆောင်လမ်းညွှန်ပေးနိုင်မည့် အကောင်းဆုံး သော ခေါင်းဆောင်ပင် ဖြစ်ပေသည်။

လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၁၀.၂.၂၀၁၄
အခွင့်အလမ်းဂျာနယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။