၁၉၆၄ လောက်က တော်လှန်ရေးကောင်စီတက်လာပြီးတော့ ပညာရေးကိုဝင်ပြီး စစ်ဗိုလ်တွေ လူတတ်လုပ်ကြ တယ်။ ဝိဇ္ဇာနဲ့ သိပ္ပံကို ၁၀ တန်းရမှတ်နဲ့ခွဲပြီး သိပ္ပံကို ဦးစားပေးမယ်ဆိုပြီး လုပ်လာတယ်။ သူတို့ အင်္ဂလိပ်စာ မတတ်တာနဲ့ ဘာသာရပ်အားလုံး မြန်မာလိုသင်စေဆိုပြီး လုပ်လာပြန်တယ်။
အင်္ဂလိပ်စာညံနေကြတာကို အင်္ဂလိပ်စာ ဘယ်လိုကောင်းအောင်သင်ပေးပြီး အဆင့်မြှင့်နိုင်ဖို့ မကြိုးစားဘဲ ဖိနပ်နဲ့ ခြေထောက် မတော်တာကို ခြေထောက်လှီးခိုင်းလိုက်လို့ မြန်မာ့ ပညာရေး ကမ္ဘာနဲ့ အလှမ်းဝေးသွားတယ်။ ကမ္ဘာကို တံခါးပိတ်ထားတာ ကြောင့်လည်း မြန်မာတွေ သူတို့ စီမံသမျှ ခံလိုက်ကြရသပေါ့။
စနစ်သစ်ပညာရေး စမယ်ဆိုပြီး တက္ကသိုလ်ကဆရာတွေကို ခေါ်သတိပေးတယ်။
တိုင်ပင်တာမဟုတ်ဘူး။ သူတို့ ဖြစ်ချင် လုပ်ချင်တာကို လာနားထောင်ခိုင်းပြီး
အတည်ပြုချက်ယူကြတာ။ ဒီအချိန်မှာ ဆရာကြီး ဒေါက်တာ သန်းထွန်းက
“စနစ်သစ်ပညာရေးစတော့မယ်ဆိုတော့ တို့ကို ညှိနှိုင်း အစည်းအဝေးခေါ်တယ်ကွ။ သူတို့က သိပ္ပံဘာသာရပ်ကို အားပေးမယ်၊ သမိုင်းကိုသင်ဖို့ မလိုဘူးဆိုတာတောင် ပြောလာကြတယ်။ အစည်းအဝေးမှာ ငါကပြောတယ်။ သမိုင်းကို မသင်ရင် မသင်ကြနဲ့ သမိုင်းဆရာတွေ အလုပ်ဖြုတ်ပစ်လိုက်။ လူ ၃၀၀ လောက် ထမင်းငတ်သွား မယ်။ ဒါပေမဲ့ သမိုင်းကို မသင်ဘူးရင် နောင် အနှစ် ၂၀ ကြာတဲ့အခါ နိုင်ငံဟာ ခွေးဖြစ်သွားမယ်လို့ ငါပြော လိုက်တယ်” လို့ ဝေဖန်ပြောခဲ့ပါတယ်။
သမိုင်းကို ဘာမှန်းမသိ ညာမှန်းမသိ မြန်မာစာတွေနဲ့ရောသင်၊ ကမ္ဘာ့သမိုင်းကို ဖျောက်၊ သမိုင်းမှန်ကို ဆိုရှယ်လစ်သမိုင်းရေးတဲ့ ကွန်မြူနစ်တွေကဖျောက်ပေး မြန်မာနိုင်ငံ အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရ တယ်။ သမိုင်းမှန်တွေ မသင်ခဲ့ရ၊ အဖျောက်ခံခဲ့ရလို့ ခု ဆိုရင် ခွေးတွေဖြစ်နေရော့သလား ကျွန်တော်လည်း စဉ်းစား နေပါတယ် ဆရာကြီး ဒေါက်တာ သန်းထွန်းခင်ဗျား။
၆.၁၂.၂၀၁၅

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။