ဘေးက အနှောင့်အယှက်စကားတွေကို ဂရုမထားပါနဲ့
-------------------------- -------------------------- ----------------
တစ်ခါတုန်းက ဖားအုပ်စုတစ်စုဟာ ခရီးသွားရင် တောတွင်းတစ်နေရာကို ဖြတ်ရပါသတဲ့။
အဲ့ဒီလိုဖြတ်သန်းသွားလာရင်း နဲ့မှ ဖားတွေထဲက ဖားနှစ်ကောင်ဟာ တွင်းခပ်နက်နက်ထဲကို ကျသွားပါတယ်။
တွင်းကလည်း တော်တော်နက်တဲ့အတွက် သူတို့ရဲ့အဖော်အပေါင်းဖားတွေကတော့ ကျသွားတဲ့နှစ်ကောင်ကို
ကုန်းပေါ်ပြန်မတက်နိုင်တော့ေ လာက်ဘူး။ သေမှာ သေချာပြီလို့ပဲ ထင်ကြတော့တာပေါ့။
ဒါပေမယ့် ဖားနှစ်ကောင်ကတော့ အားမလျော့ဘဲ ကုန်းပေါ်ရောက်ဖို့အရေးသာ အားစိုက်ပြီး ကြိုးစားခုန်နေပါတယ်။
သူတို့ ဘယ်လောက်ကြိုးစား၊ ကြိုးစား၊ ဘယ်လိုမှ ကုန်းပေါ်ရောက်အောင် မခုန်နိုင်ဘူး ဖြစ်နေတယ်။
ဒီတော့ တွင်းဝမှာ စောင့်နေတဲ့ အပေါင်းအဖော်ဖားတွေကလည်း သူတို့ကို
လက်လျော့လိုက်ဖို့၊ သေမှာချင်းအတူတူ ကိုယ့်ကိုယ်ကို အပင်ပန်းမခံဘဲ သက်တောင့်သက်သာသာ
သေခြင်းတရားကို ရင်ဆိုင်ဖို့ အော်ဟစ်ပြောဆိုနေတော့တာပေါ့ ။
ကြာလာတဲ့အခါမှာတော့ ပထမဖားတစ်ကောင်ဟာ လက်လျော့ပြီး သေဆုံးသွားပါသတဲ့။ ဒုတိယဖားကတော့
အပေါ်ကဝိုင်းအော်ဟစ်နေတာကို ဂရုမစိုက်ဘဲ ဆက်ကြိုးစားရာကနေ နောက်ဆုံးမှာတော့ ကုန်းမြင့်ပေါ်ကို ပြန်ရောက်လာပါတယ်။
ဒုတိယဖားလေး အပေါ်ကို ရောက်လာတဲ့အခါမှာတော့ ကျန်ဖားတွေကလည်း "ငါတို့ ဒီလောက်တောင် လက်လျော့လိုက်ဖို့ ပြောနေတာကို
ဘာလို့ အားမလျော့ဘဲ ဆက်ကြိုးစားသလဲ" လို့ ဝိုင်းဝန်း မေးမြန်းကြပါသတဲ့။ ဒီတော့မှ ဖားလေးကလည်း
'သြော် မင်းတို့က ငါ့ကို အားလျော့ဖို့ ပြောနေတာလား။ ငါက မွေးရာပါ နားလေးတယ်လေ။ ငါထင်ထားတာ မင်းတို့က ငါ့ကို အားပေးနေတယ်ထင်လို့
ငါ အားမလျော့ဘဲ ကြိုးစားရာကနေ အပေါ်ရောက်လာတာပါ" လို့ ရှင်းပြပါတယ်။
ဒီပုံပြင်လေးမှာတော့ လူတစ်ယောက်ရဲ့ ယုံကြည်မှုက ဘဝကို အပြောင်းအလဲတွေ များစွာဖြစ်ပေါ်စေပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့
စကားတွေကို နားထောင်မိတဲ့ ပထမဖားလေးက အားလျော့ပြီး သေဆုံးသွားရသလို၊ ကိုယ့်ကိုမကောင်းပြောတဲ့သူေ တွကိုတောင် ဥပက္ခောပြုပြီး ကောင်းတယ်
အထင်နဲ့ ကြိုးစားတဲ့ ဒုတိယဖားလေးကတော့ နောက်ဆုံး အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။
အတားအဆီး အနှောင့်အယှက်များကို ကျော်ဖြတ်ရင်း လိုရာခရီးသို့ရောက်နိုင်ကြပါစေ..
ရွှေညာမောင် (Focus Youth E-magazine)
-ဘာသာပြန်
{Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ download စနစ်ဖြင့်
ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည်။}
--------------------------
တစ်ခါတုန်းက ဖားအုပ်စုတစ်စုဟာ ခရီးသွားရင် တောတွင်းတစ်နေရာကို ဖြတ်ရပါသတဲ့။
အဲ့ဒီလိုဖြတ်သန်းသွားလာရင်း
တွင်းကလည်း တော်တော်နက်တဲ့အတွက် သူတို့ရဲ့အဖော်အပေါင်းဖားတေ
ကုန်းပေါ်ပြန်မတက်နိုင်တော့ေ
ဒါပေမယ့် ဖားနှစ်ကောင်ကတော့ အားမလျော့ဘဲ ကုန်းပေါ်ရောက်ဖို့အရေးသာ အားစိုက်ပြီး ကြိုးစားခုန်နေပါတယ်။
သူတို့ ဘယ်လောက်ကြိုးစား၊ ကြိုးစား၊ ဘယ်လိုမှ ကုန်းပေါ်ရောက်အောင် မခုန်နိုင်ဘူး ဖြစ်နေတယ်။
ဒီတော့ တွင်းဝမှာ စောင့်နေတဲ့ အပေါင်းအဖော်ဖားတွေကလည်း သူတို့ကို
လက်လျော့လိုက်ဖို့၊ သေမှာချင်းအတူတူ ကိုယ့်ကိုယ်ကို အပင်ပန်းမခံဘဲ သက်တောင့်သက်သာသာ
သေခြင်းတရားကို ရင်ဆိုင်ဖို့ အော်ဟစ်ပြောဆိုနေတော့တာပေါ့
ကြာလာတဲ့အခါမှာတော့ ပထမဖားတစ်ကောင်ဟာ လက်လျော့ပြီး သေဆုံးသွားပါသတဲ့။ ဒုတိယဖားကတော့
အပေါ်ကဝိုင်းအော်ဟစ်နေတာကို ဂရုမစိုက်ဘဲ ဆက်ကြိုးစားရာကနေ နောက်ဆုံးမှာတော့ ကုန်းမြင့်ပေါ်ကို ပြန်ရောက်လာပါတယ်။
ဒုတိယဖားလေး အပေါ်ကို ရောက်လာတဲ့အခါမှာတော့ ကျန်ဖားတွေကလည်း "ငါတို့ ဒီလောက်တောင် လက်လျော့လိုက်ဖို့ ပြောနေတာကို
ဘာလို့ အားမလျော့ဘဲ ဆက်ကြိုးစားသလဲ" လို့ ဝိုင်းဝန်း မေးမြန်းကြပါသတဲ့။ ဒီတော့မှ ဖားလေးကလည်း
'သြော် မင်းတို့က ငါ့ကို အားလျော့ဖို့ ပြောနေတာလား။ ငါက မွေးရာပါ နားလေးတယ်လေ။ ငါထင်ထားတာ မင်းတို့က ငါ့ကို အားပေးနေတယ်ထင်လို့
ငါ အားမလျော့ဘဲ ကြိုးစားရာကနေ အပေါ်ရောက်လာတာပါ" လို့ ရှင်းပြပါတယ်။
ဒီပုံပြင်လေးမှာတော့ လူတစ်ယောက်ရဲ့ ယုံကြည်မှုက ဘဝကို အပြောင်းအလဲတွေ များစွာဖြစ်ပေါ်စေပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့
စကားတွေကို နားထောင်မိတဲ့ ပထမဖားလေးက အားလျော့ပြီး သေဆုံးသွားရသလို၊ ကိုယ့်ကိုမကောင်းပြောတဲ့သူေ
အထင်နဲ့ ကြိုးစားတဲ့ ဒုတိယဖားလေးကတော့ နောက်ဆုံး အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။
အတားအဆီး အနှောင့်အယှက်များကို ကျော်ဖြတ်ရင်း လိုရာခရီးသို့ရောက်နိုင်ကြပ
ရွှေညာမောင် (Focus Youth E-magazine)
-ဘာသာပြန်
{Focus Youth E-magazine သည် လူငယ်များနှင့်ဆိုင်သော အကြောင်းအရာများအား Ebook (PDF version) အဖြစ် လစဉ်တိုင်း အခမဲ့ download စနစ်ဖြင့်
ဖြန့်ဝေပေးသွားမည့် Digital Magazine ဖြစ်ပါသည်။}
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။