Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, December 7, 2015

လက်ပတ်နီတွေ ဘယ်ကလာသလဲ


ကျွန်တော်စီးလာသည့် တရုတ်အင်ဂျင်တပ် သစ်သားသမ္ဗန်လေးက တငြိမ့်ငြိမ့်တအိအိ စီးနေသည့် လှိုင်မြစ်ကိုကန့်လန့် ဖြတ် ခုတ်မောင်း လာချိန်တွင် စင် ရော်ငှက်တစ်အုပ်က ဦးခေါင်းပေါ်မှ ပျံဝဲလျက်ရှိသည်။ ၁ဝ မိနစ်ခန့် အကြာတွင် ကျွန်တော်သည် စက်ဆန်း ရွာ မြစ် ဆိပ်ကမ်းသို့ ရောက် ရှိလာခဲ့သည်။

မတ်လ ၁ဝ ရက်က ကျွန် တော်ရောက်ခဲ့သည့် အဆိုပါ စက်ဆန်းရွာလေးသည် ရန်ကုန် အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင် မြို့နယ် တစ် ဖက်ကမ်းတွင်ရှိသည်။ လက်ပတ်နီဟု ခေါ်နေကြသူများ နှင့် ပတ်သက်ပြီး လေ့လာရန် ထိုရွာလေးကို ကျွန်တော်ရောက်သွား ခဲ့ခြင်းဖြစ် သည်။ ထိုနေ့မတိုင်မီ ရက်အနည်းငယ်က ရန်ကုန်မြို့ တော်ခန်းမရှေ့ ဆန္ဒပြကျောင်းသားတို့ကို ရဲများက အကြမ်းဖက်ဖြိုခွဲရာတွင် သူတို့ ပါဝင်ခဲ့ကြသည်ဟု သိထားကြသည်။ ယင်းဖြစ်စဉ်တွင် ရဲများကို ကူ ညီမည့်သူတို့ကို ကျေးရွာအုပ်ချုပ် ရေးမှူးတစ်ဦးက စက်ဆန်းနှင့် အနီး ရွာနှစ်ရွာမှ စုစည်းပေးခဲ့ ကြောင်း ကျွန်တော့်ကို လူတစ်ယောက်က ပြောထားသည်။
လူမိုက်ရုပ်ပေါက်နေသူများက ကျောင်းသားလူငယ်တို့ကို တိုက်ခိုက်နေသည့် ဓာတ်ပုံများထွက်ပေါ်လာသည့်အခါ ပြည်သူများ အကြား ဒေါ သပေါက်ကွဲခဲ့သည်။ ပျက်စီးယိုယွင်းနေပြီဖြစ် သော ပညာရေးစနစ် ပြန်လည် တည်ဆောက်ရန် ဟန်ပြင်နေ သော မြန်မာပြည်တွင် အဆို ပါ ကျောင်းသားများက ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆို ဆန္ဒပြကြခြင်း ဖြစ်သည်။ ရန်ကုန် မြို့တော်ခန်းမရှေ့ ဖြစ်ရပ်နှင့် ပတ်သက်၍ မကျေနပ် ချက်များ ထွက်ပေါ်လာပြီးနောက် တွင် ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် အလုပ်များကို ဘယ်လိုလူတွေက အစိုးရ အတွက် လုပ်ပေးနေသနည်း။ သူတို့က အစိုးရအာဏာ ပိုင်များနှင့် မည်သို့ ဆက်နွှယ်ပတ် သက်နေသနည်းဆိုသည်များကို ကျွန်တော် သိ ချင်လာသည်။
စက်ဆန်းရွာလေးက ရန်ကုန် မြို့ကြီးနှင့် ကပ်နေသော်လည်း ဖွံ့ ဖြိုးမှု နိမ့်ကျပြီး သီးခြားလိုဖြစ်နေသည်။ ကျွန်တော် ရွာထဲကို ဝင်သွား ချိန်တွင် စုတ်ပြဲနေသည့် အ ဝတ်အစားဝတ်ထားပြီး ပိန်လှီနေသည့် လူတစ်ယောက်သည် ရွာလမ်းမဟု ဆိုသော လေးပေ အ ကျယ်ခန့် ကွန်ကရစ်လမ်းအတိုင်း လျှောက်လာသည်။ လမ်းထောင့် တစ်နေရာတွင် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဗလ တောင့် တောင့် လူ တစ်စု ဖဲရိုက် နေပြီး နောက်တစ်အုပ်စုကတော့ အနား တွင် ကြက်တိုက်နေကြသည်။ အိမ်တစ်အိမ်ရှေ့တွင် အမျိုးသမီး နှစ်ေ ယာက် က ဆောင့်ကြောင့်ထိုင်ပြီး သန်းရှာနေကြသည်။ လူ စိမ်းဖြစ်သည့် ကျွန်တော့်ကို မသင်္ကာသူ တစ်ယောက်အဖြစ် လှမ်းကြည့်ကြ သည်။ သို့သော် လည်း ရွာရှိ အမျိုးသမီး တစ် ယောက်နှင့် စကား ပြောခွင့်ရခဲ့ပြီး သူ့ကို ဆန္ဒပြပွဲဖြိုခွဲပုံကို ရိုက်ထားသည့် ဓာတ် ပုံများ ကို ပြလိုက်ရာ သူကဓာတ်ပုံထဲမှ အမျိုးသမီး ၅ ဦး၏ အမည်ကို ချက်ချင်း ပြောပြ သည်။ ဆန္ဒပြပွဲ ဖြိုခွင်းရန် ရွာထဲ တွင် လူစုခဲ့သူတစ်ဦး၏ အမည်အပါအဝင် ၎င်းတို့၏ လိပ်စာကို ပါ အတိအကျပြောပြသည်။
ဆန္ဒပြမှု ဖြိုခွင်းစဉ် ပါဝင်သူများမှာ လူဆိုးလူမိုက် ထောင်ထွက်များဖြစ်သဖြင့် ၎င်းတို့ကို ရွာက ကြောက်ရကြောင်း၊ ၎င်းတို့ပုံများ အင်တာ နက်တွင် ပလူပျံထွက်ပေါ် လာသော်လည်း ထိုကိစ္စကို တိုးတိုးတိတ်တိတ်သာ ပြောရဲကြောင်း သူက ဆိုသည်။ ဆန္ဒပြမှုကို ဖြိုခွဲပုံများ မီဒီယာအသီးသီးတွင် ဖော်ပြကြရာ ထိုသတင်းစာ၊ ဂျာနယ်များရွာကို ရောက်လာသည့်အခါ လှေဆိပ်တွင်ပင် ၎င်းလူမိုက်များက ဆုတ်ဖြဲ ဖျက်ဆီးခဲ့ကြသည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။သားဖြစ်သူ အပါအဝင် ရွာလူမိုက်များကို ခေါ်ယူစုစည်းပြီး ဆန္ဒပြမှု ဖြိုခွင်းရာတွင် ပါဝင်ခဲ့သူဟု ဆိုကြသော အမျိုးသားတစ်ဦးဖွင့်ထားသော စက်ဆန်းရွာ မြစ် ကမ်းနံဘေးမှ သက်ငယ်မိုး အရက်ဆိုင်သို့ ကျွန်တော်ရော က် ရှိချိန်တွင် ညအမှောင် ကျရောက်နေပြီ ဖြစ်သည်။
ထိုညတွင် အရက်ဆိုင်တွင်ရှိသူ လူတစ်စုက လွန်ခဲ့သည့် ၅ ရက်က ဖြစ်ရပ်ကို စားမြုံ့ပြန်နေ ကြသည်။ မြန်မာဆန်ဆန်လည်က တုံးအင်္ကျီ ဝတ်ဆင်ထားသည့် အ သက်လေးဆယ်ကျော်အရွယ် ဆိုင် ရှင်က အခြားလူသုံးယောက်နှင့် ကျယ်လောင်ကျယ်လောင် စကား ပြောနေ သည်။ ဆိုင်ပိုင်ရှင်က ဆန္ဒပြသူတစ် ဦး၏ မျက်နှာကို သူမည်သို့ ရိုက် နှက်ခဲ့ကြောင်း၊ နောက်တစ်ယောက်၏ ပေါင်ကြားကို မည် သို့ ဆောင့်ကန်ခဲ့ကြောင်း ကြွားဝါပြော ဆိုနေသည်။ ကျွန်တော့်ကို ကုတ် အချိုရည်ဘူးလာချပေးနေသူ ဆိုင်၏ တစ်ဦးတည်းသော စားပွဲ ထိုးကို ဆိုင်ရှင်က လက်ညှိုးထိုးပြပြီး သူ့သားကလည်း ဆန္ဒပြသူ တစ်ယောက်၏ မျက်နှာကို မည်သို့ ရိုက်ခဲ့ကြောင်း ပြောနေသည်။ ”နောင် တစ်ယောက်ရဲ့ ခေါင်းက သွေးတွေ ထွက်လာတော့ မင်းတို့ မြင်ခဲ့လား။ အဲဒီကောင်ကို ငါ့သားဆော်ခဲ့တာ”ဟု ဆိုင်ရှင်က ပြောသည်။ သူတို့ကို တစ်ချက်လှည့် ကြည့်သွားသည့် လမ်းသွားလမ်းလာတစ်ဦးကို ”ဟေ့ ကောင် မင်းထောင်ထဲ ရောက်သွားချင်လို့လား” ဟုလည်း ၎င်းက အော်ပြောလိုက်သည်။
သူတို့ ဝိုင်းတွင် ထိုင်စကား ပြောနေသူတစ်ဦးက ဆန္ဒပြသူများသည် သူတို့လောက် သန်သန်မာမာမရှိကြကြောင်း ပြောသည်။ သူ ပြော တာမှန်သည်။ ဆင်းရဲနွမ်းပါး ပြီး ရွာတွင် အာဟာရပြည့်ဝစွာ စားသောက်ရပုံမပေါ်သော်လည်း အထမ်းသမားများ၊ သမ္ဗန်ခတ်သူများနှင့် တံငါ သည်များအဖြစ် လုပ်ကိုင်စားသောက်နေကြသည့် ၎င်းတို့သည် ခန္ဓာကိုယ် တောင့်တင်းကြံ့ ခိုင်ကြသည်။ ဆန္ဒပြသူများကို ဖြိုခွဲရာတွင် ပါဝင်ခဲ့သည့် အရက်ဆိုင်ရှင်၏ သား၊ ခါးပိုက်နှိုက်မှုဖြင့် ထောင်ကျ ဖူးသည်ဆိုသော အခြားလူငယ်တစ်ဦးတို့၏ ဓာတ်ပုံများ သည် ပြည်တွင်း သတင်းစာအများအပြားတွင် ပါလာပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ အကြားတွင်လည်း ပျံ့နှံ့သွားသည်။ ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြသူများအား ဖြိုခွဲမှုတွင် လက်ပတ်နီဝတ် အဆိုပါ လူရမ်း ကားများနှင့် ၎င်းတို့ကို အသုံးချခဲ့သည့် အတွက် လည်း ပြည် သူ များက ဒေါသထွက်ခဲ့ကြသည်။ ၎င်းတို့ကို လမ်းတွင်တွေ့ပါက မည်ကဲ့သို့ ပညာပေးလိုက်မည်ဖြစ်ကြောင်း မကျေမနပ်ဖြစ်နေ သည့် ဖေ့စ် ဘွတ်ခ် အသုံးပြုသူများက မှတ်ချက်ပေးရေးသားကြသည်။
စက်ဆန်းရွာတွင်တော့ အရက်ဆိုင်ပိုင်ရှင် သားအဖနှစ်ဦးက ဖြစ်ပြီးသည့် ကိစ္စမှာ သူတို့နှင့် မဆိုင်တော့သလိုပင်။ အဖေ ဖြစ်သူက ရွာ တွင် အုပ်ချုပ်ရေးမှူးဖြစ် နေခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရာရှိသည်။ ဆရာတော်ဦးဝိသာရသည် စက်ဆန်းရွာ၏ တစ်ခုတည်းသော ဘုန်းတော်ကြီးကျောင်းတွင် သီ တင်းသုံးနေထိုင်လာသည်မှာ ၂၆ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ ယခု လက်ပတ်နီဟု ခေါ်ဆိုနေသူ များ အား ရွာမှ လာရောက်ခေါ်ယူ သွားခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာ တော်က ဆွေးနွေးရန်ဆန္ဒမရှိသော်  လည်း ရွာသားများ စရိုက်ကြမ်း ရ ခြင်းမှာ ဆင်းရဲမှု၊ ပညာရေးနိမ့်ကျ မှု၊ ရန်ကုန်နှင့် သီးခြားစီဖြစ်နေမှု တို့ကြောင့်ဖြစ်ကြောင်း မိန့်ကြားသည်။ ၁၉၉ဝ ပြည့်နှစ်ဝန်းကျင် တစ်ရွာလုံး မီးအကြီးအကျယ်လောင်ပြီး နောက်ပိုင်းမှသာ လူသွားလမ်းများ အတည်တကျရှိလာခဲ့သည်။ လွန် ခဲ့သော နှစ်အနည်း ငယ်မှ စကာ ရွာတွင် လျှပ်စစ်မီး ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အနည်းငယ်ရှိလာခဲ့သည်။ သို့သော် လူနေမှုအခြေအနေ များစွာ တိုးတက်မ လာသေးေ ကြာင်း ဆရာတော်က ရှင်းပြသည်။
”မြစ်ကြီးခြားနေလို့ အခုလို မဖွံ့ဖြိုးမှုတွေ ဖြစ်ရတာလို့ပဲ ပြောချင်ပါတယ်။ တံတားတစ်စင်းလောက် ဆောက်လိုက်မယ်ဆိုရင် အရာရာ တိုးတက်ပြောင်းလဲသွား လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆရာတော်က ပြောသည်။ ရွာသားများ ငွေတိုးချသူတို့ထံမှ ငွေချေးထားကြပြီး အကြွေးနွံနစ် နေရပုံကို အဘွားအိုတစ်ဦးက ရွာ၏ မြစ်ကမ်းဘေး လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် ပြောပြသည်။ သူသည်ပင် လွန်ခဲ့ သည့် နှစ်က အိမ်နီးချင်းတစ်ဦးထံမှ ကျပ်သုံးသောင်း ချေးယူခဲ့ကြောင်း၊ အ ကြွေးရင်းနှင့် အတိုးတို့ ပြန်မဆပ် နိုင်တော့သောအခါ အိမ်ရောင်း ဆပ်ခဲ့ရကြောင်း ပြောသည်။ ထိုသို့ အဘွားအိုပြောနေစဉ်တွင် ပိန်လှီယိုင်ခွေနေသည့် အမျိုး သားတစ်ဦးဆိုင် တွင်း သို့ လျှောက် လာပြီး သွေးပေါင်အလွန်ကျကာ နေမကောင်း  ဖြစ်နေကြောင်း၊ ဆေးကုရန်လည်း ငွေမရှိကြောင်း ညည်းတွားပြ သည်။ရွာရှိ နာရေးကူညီမှုအသင်း ကို ဦးဆောင်နေသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သူတို့အသင်းတွင် ငွေကြေး အခက်အခဲရှိနေပြီး မီးသင်္ဂြိုဟ် မှုများကိုပင် မလုပ်နိုင်ဟု ခပ်ထေ့ထေ့ပြောလိုက်သည်။ ထိုသို့သောသူများကို ငှားရမ်းအသုံးပြု၍ရနေခြင်း၏ အဓိက အကြောင်းရင်းမှာ ၎င်းတို့၏ ဘဝ ဆင်းရဲမှု ဖြစ်သည်ဆိုပါက စက် ဆန်းရွာလေးသည် စွမ်းအားရှင်များ (သို့) လက်ပတ်နီများကို လွယ်လင့်တကူ စုဆောင်းရ ရှိနိုင်သည့် နေရာတစ်ခုအဖြစ် နှစ်များစွာအထိ ရှိနေနိုင်သေးသည်။
ဆွေဝင်း (Myanmar Now)
 http://popularmyanmar.com/afpopular/archives/9673

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။